
အင်းတော်မြို့နယ်အင်းတော်-ဗန်းမောက်ကားလမ်းဘေး အင်းရွာမောင်းတံဂိတ်တွင်ဘိန်းဖြူများဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်အင်းတော်-ဗန်းမောက်ကားလမ်းဘေး အင်းရွာမောင်း
တံဂိတ်တွင်ဖေဖော်ဝါရီ၁၃ ရက်နေ့တွင်ဆိုင်ကယ်စီးလာသူနှစ်ဦးထံမှဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မှုးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်မှာ ဖေဖော်ဝါရီ၁၃ ရက်နေ့နံနက်၁၁ နာရီခွဲအချိန်အင်းတော်မြို့မရဲစခန်းမှ
နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်သူရအောင်နှင့်နယ်ထိန်းဒုတပ်ကြပ်ဟန်းလင်းအောင်၊နယ်ထိန်းရဲတပ်သားဝင်းကိုတို့
အဖွဲ့သည်အင်းတော်-ဗန်းမောက်ကားလမ်းဘေး အင်းရွာမောင်း တံဂိတ်တွင်သတင်းအရ သက်သေများနှင့်အတူ
စောင့်ဆိုင်းနေစဉ်ဗန်းမောက်မှအင်းတော်ဘက်သို့အောင်မြင့်ထွေးမောင်းနှင်ပြီး နောက်မှမဝေဝေ(ခ)မခင်မြင့်ဝေ
လိုက်ပါလာသော ဆိုင်ကယ်အားတားဆီးစစ်ဆေးရာ အောင်မြင့်ထွေး ဝတ်ဆင်ထားသော ပုဆိုးကပုံစအတွင်းမှဘိန်း
ဖြူုများထည့်ထားသည့်(၀ ဒသမ ၅)ဂရမ်ခန့်ပါ အဖုံးပိတ်လျက်ပင်နယ်ဆလင်ပုလင်း(၁)လုံးအား၎င်း၊ မဝေဝေ(ခ)
မခင်မြင့်ဝေ၏ ရင်ဘတ်ကြားမှဘန်းဖြူု (ဝ ဒသမ ၉) ဂရမ်ခန့်ပါ အဖုံးပိတ်လျက်ပလပ်စတစ်ဗူး(၁)ဗူး စုစုပေါင်း
ဘိန်းဖြူအလေးချိန်(၁ ဒသမ ၄)ဂရမ်ခန့်ကာလတန်ဘိုး( ၁ သိန်း ၄ သောင်း)အား၎င်း တွေ့ရှိရသဖြင့်အင်းတော်မြို့
မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်သူရအောင်မှတရားလိုပြုလုပ်တိုင်းထားသော အမှုဖြစ်ကြောင်းသိရသည်။
ထို့ကြောင့်မှုးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူအောင်မြင့်ထွေး(၃၅)ဘဦးချစ်လှိုင် တောင်သူအောင်းကုန်း
ရွာ အင်းတော်မြို့နယ်နေသူနှင့်မဝေဝေ(ခ)မခင်မြင့်ဝေ(၃၀)ဘဦးကျားမောင်တောင်သူအောင်းကုန်းရွာ
အင်းတော်မြို့နယ်နေသူတို့အား အင်းတော်မြို့မရဲစခန်းမှ မယ(ပ)၉/၂၀၁၆ မှုးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ
အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ပေးပို့ ကိုကိုလင်း(အင်းတော်)
09798609516

posted from Bloggeroid
No comments:
Post a Comment