် တိုင်းဒေသကြီးအစီုးရမှမြို့သာ စက်မူဇုံစီမံကိန်း ဆောက်လုပ်ရာမှ တောင်သူများတာဆီးခဲ့ခြင်းအား ဖမ်းဆီးခံခဲ့ရသောတောင်အောက်ကျေးရွာမှကိုဝင်းဦးအားဇန်နဝါရီ ၁၉ ရက်နေ့က မြင်ခြံခရိုင် ငါဇွန်မြို့နယ် တရားရုံး တွင် စတင်ရုံး ထုတ်ခဲ့ပြီ
၂၆ နေ့က ဒုတိယအကြိမ်ဖြစ်ပြီး ယနေ့ ဖေဖေါ်ဝါရီလ ၈ နေ့တွင်တတိယ
အကြိမ်မြောက်ရုံးထုတ်ခဲ့သည်ကိုတွေ့ရသည်။
ဇန်နဝါရီလ၁၁ရက်နေ့ညနေ၅နာရီကျော်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ ဖမ်းဝရမ်းဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေတွင် ပထမ ဆုံးအကြီမ် ရုံးထုတ်ခြင်းဖြစ်ကြောင်းတတိအကြိမ်း
ယနေ့ရုံးထုတ်ဖြစ်ကြောင်း ကိုဝင်းဦးကပြောသည်။
" ကျွန်တော် မန်းလေးကနေ အပြန် လမ်းမှာ သံဗိုလ်ကျေးရွာ နဲ့ ကုမ္ပဏိ အခြေတင်ဖြစ်နေတော့ ဖုန်းနဲ့ ဓါတ်ပုံ ဝင်ရိုက်ပြီးရွာကို ပြန်လာခဲ့တာ လက် ရှိဖမ်းဆီးမူက လုံးဝတရားမျှတမူ မရှိပါဘူး သူတို့လုပ်တဲ့ စက်ယန္တရား ရှေ့မှာ တားတာဆီးတာ လုံးဝမရှိပါ ဘူး အဲ့တွက်ကြောင့် တရားမျှတမူ မရှိဘူး လို့ပြောတာပါ " ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါဖမ်းဆီးခံရသူမှာ ၂၀၁၅ ခုနှစ် ဇူလှိုင်လ ထဲက သံဗိုလ်ကျေးရွှာမှတောင်သူများနှင့် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီတို့ အချင်းများရာတွင် ၎င်းအနေဖြင့် ဝင်ရောက် ဓာတ်ပုံရိုက်ခဲ့မှု ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း ၎င်းကဆိုပြီး ၆လ နီးပါးအကြာတွင် ၎င်းအား ပြစ်မှု ပုဒ်မ ၇ ခုဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြို့သာစီမံကိန်း ဆောက်လုပ်ရာတွင် စီမံကိန်းဧရိယာအတွင် ရွာပေါင်း ၁၄ ရွာပါရှိပြီး လျော်ကြေးငွေအား ရွာ ၉မှ ရယူပြီး ကျန် ၅ ရွာဖြစ်သော သံဗိုလ် လက်ပံကျင်း တောင်အောက် ရွာစိုက် လင်းဝက်တော စသည်ကျေး ရွာများမှာလျော်ကျေးရယူခြင်းမရှိ ကြောင်း ဒေသခံ တောင်သူတစ်ဦးက ရှင်းပြသည်။
" လျှော်ကြေးပေးတဲ့ အပေါ်မှာ ဥပဒေ နဲ့အညီဆောင်ရွက်ပေး ထား တာလေးတွေရှိပါတယ် မြေအမျိုး စားပေါ်မူတည်ပြီး လျော်ကြေး သတ် မှတ်တာပေါ့ တဖက်မှ တောင်သူ ကိုလည်းမနစ်နာအောင် တနိုင်ငံလုံး အတိုင်းတာနဲ့ ချင့်ချိန်ပြီးပေးရတာပါ မယူရသေးတဲ့တောင်သူတွေ အနေနဲ့ လည်း ကျွန်တော်ဆီမှာလာပြီး တင် တောင်လို့ရပါတယ် ကျွန်တော်က အ ထက်ကို လက်မှတ်ထိုးပြီးတင်ပြပေး မှာပါ အခုချိန်ထိ တော့ လာထုတ်တဲ့ သူတစ်ဦးနှစ်ဦးပဲ ရှိသေးတယ် " ဟု ငါးဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦး အောင်နိုင်ဦးက ပြောသည်။
ငါဇွန်မြို့နယ်တောင်အောက်ကျေးရွာနေကိုဝင်းဦးအားတရားလိုပြသက် သေ စစ်ဆေး ရန်အတွက်ဖေဖော်ဝါရီ လ ၂၆ရက်နေ့တွင်ထပ်မံရုံချိန်ခဲပြီး
ယနေ့ ဖေဖေါ်ဝါရီလ ၈ နေ့တွင် တတိယအကြိမ်းတရားထုတ်စစ်ဆေးသည်ကိုတွေ့ရသည်။

posted from Bloggeroid
No comments:
Post a Comment