Monday, February 29, 2016

မန္တလေးသတင်း

Zero Discrimination Day အခမ်းအနား နှင့် ကိုယ့်အားကိုယ်ကိုးအဖွဲ့များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာစီမံကိန်း အကြောင်း အခမ်းအနားကျင်းပ
**

မတ်လ ၁ ရက်၊ မန္တလေး
စက်ထွန်း

အေ့စ် HIV နှင့် ရှင်သန်နေထိုင်သူများအား ခွဲခြားဆက်ဆံခံရခြင်း လုံးဝ မရှိရေးအတွက် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးမြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ကျင်းပသည်။

HIV ဖြစ်နေတဲ့ သူတွေကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်နေခြင်းဟာ ခွဲခြားဆက်ဆံခြင်းကို လျော့ချစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး၊ ဒီအချက်ကို အသိပညာပေးခြင်း၊ ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများ၏ ဖော်ပြချက်တွေ ကွဲလွဲနေပါက ပူးပေါင်းအသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားဖို့ ဝိုင်းပြီး ကူညီကြရန် တိုင်းခုခံအားကျ၊ ကာလသားရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်ပြီး MPG ဒုဥက္ကဌ စိုင်းဟတ်ခေး က အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားရာတွင် ဘာသာရေး၊ ကျားမ၊ အသက်အရွယ်ပေါ် မူတည်တာ မဟုတ်ဘဲ အားလုံးဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်နိုင်ရေးကို ရည်ညွှန်းကြောင်း၊ လိပ်ပြာအမှတ်တံဆိပ်ကို Zero Discrimination စာသားနဲ့အတူ သုညအဆင့်ထိ ခွဲခြားဆက်ဆံခံခြင်း လျော့ချသွားရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် MPG အကြီးတန်း စီမံချက်အရာရှိ ဦးမင်းဆန်းထွန်းက ပြင်သစ်အစိုးရ၏ ရံပုံငွေ 5% Initiative Project အကြောင်း ရှင်းပြပြီး၊ HIV ဆိုင်ရာအဖွဲ့များ အားကောင်းလာစေရန် ပြုလုပ်ရမည့် စီမံချက်များဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

posted from Bloggeroid

၁၃၀၀ပြည့်အရေးတော်ပုံအာဇာန် ၁၇ဦး၇၇နစ်မြောက်


၁၃၀၀)ပြည့်အရေးတော်ပုံမန္တလေး အာဇာနည်(၁၇)ဦး(၇၇)နစ်မြောက်
အောက်မေ့ဖွယ်အခမ်းအနားကျင်ပ
==================================================
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် စစ်ကိုင်းမန္တလေးလမ်းမပေါ်ရှိ အာဇနည်
(၁၇)ဦးရဲ့ (၁၃၀၀)ပြည့်အရေးတော်ပုံ(၇၇)နစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား
ကို ကျောင်းသားကျောင်သူ နိုင်ငံရေးပါတီများနှင့်အဖွဲ့စည်းပေါင်စုံဖြစ်ကျင်ပ
ပြုလုပ်ခဲ့သည်။

"၁၃၀၀ပြည့်အရေးတော်ပုံ မန္တလေး အာဇာနည်၁၇ ဦး၇၇နစ်မြောက်အခမ်း
အနားကို မဟာမြတ်မုနိဘုရားကြီးတောင်ဘက် ဦးပွားဘုရားဝင်းအတွင်း
စုရပ်လုပ်ပြီး ရှေ့မှ ဆရာတော်သံဃံတော်တွေဦးဆောင်၍ ကျွန်တော်တို့
မန္တလေးဒေသခံနိုင်ငံရေးပါတီ တက်ကြွလှုပ်ရှားသူများ ကျောင်းသားဟောင်
တွေ မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေ ပရဟိတအဖွဲ့တို့စုပေါင်း
အင်အား ၂၀၀ ခန့် တို့က အာဇာနည်ကုန်အထိ ခြေလျှင်လမ်းပြီးအခမ်းအနားကျင်ပခဲ့တာဟု ပွဲဖြစ်မြောက်ရေးကော်မတီ
ဝင်ဦးငြိမ်းချမ်းကပြောသည်။

အဆိုပါ အခမ်းအနားကို နံနက် မတ်လ ၁ နေ့ နံနက် ၇ နာရီ အချိန်ကနေ
နေ့ခင်း ၁၁း၃၀ အထိ ကျင်ပခဲသည် တက်ရောက်လာသောအဖွဲ့အစည်း
၁၃ ဖွဲ့တို့က တစ်ဖွဲချင်စီ က အာဇာနည် ၁၇ ဦးကို လွှမ်းစုပန်ခွေများချကာ
အလေးပြုခြင်း အာဇာနည် ၁၇ ဦး၏ အကြောင်းများကိုဟောပြောကာ
ကျင်ပပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

posted from Bloggeroid

မြန်မာဆိုင်ကယ်

မန္တလေးတိုင်း သပိတ်ကျင်းမြို့

ငြိမ်းချမ်းအောင် စက်မှူ လက်မှူ

လုပ်ငန်း က ပြုလုပ်တက်ဆင်ထားပါတယ်

ရောင်းမည် ၇၅၀ ၀၀၀ ကျပ် ဟုသိရသည်

မှတ်ချက်###

Made in Myanmar
T B K N

အင်ဂျင် . . .တရုတ် 150 ကလပ်ဘီးပါ

တာယာ. . .နောက် 145 R. 12
ကားလေး တာယာ

ရှေ့တာယာ. . .CZI 2.50.17
ရှေ့နောက်, . . ဒစ် ဘရိတ် ဖြစ်ပါတယ်။
ဘောင်. . .သပိတ်ကျင်းတွင်ပြုလုပ်ထားသည်။
ဝယ်ယူချင်သူများ မေးနိုင်ပါတယ်
ဆိုင်ကယ်ကြည့်ချင်ရင် သပိတ်ကျင်းမြို့
လာကြည့်ပါ။

ပြည်တွင်း တွင်တက်ဆင်ပြုလုပ်ထားသည်
=============================

posted from Bloggeroid

သစ်

သစ်တွက်နည်း
*
.
မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
.
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
.
၃" x ၁" = ၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)
၎" x ၁" = ၄"(၁၀၀ချောင်း)
၅" x ၁" = ၅"(၄၀၀စား၅ (၈၀ချောင်း)
၆" x ၁" = ၆"(၆၆.၆ ချောင်း)
၃" x ၀.၅" = ၁.၅"(၂၆.၆၆ ချောင်း)
၎" x ၀.၅" = ၂"(၂၀၀ ချောင်း)
၎" x ၄" = ၁၆ လက္မ(၂၅ ချောင်း)
၅" x ၅" = ၂၅လက္မ(၁၆ ချောင်း)
.
ဥပမာ။ ။ တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
.
၄၀၀၀၀၀ / ၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)
.
၂" x ၁၀၀၀=၂၀၀၀၀ကျပ်(၂" x ၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။

online ကနေ တွက်ချင်တယ်ဆိုတဲ့သူတွေအတွက်.....

http://everydaycalculation.com/wood-cft.php

posted from Bloggeroid

သစ်ပင်ကြီးများကာကွယ်စေလို


မင်းလှခံတပ် ရေတိုက်စားမှုကို ကာကွယ်နိုင်သည့် လက်ပံပင်ကြီး သင်းသတ်မီးရှို့ခံရ

============================
============================

မကွေးတိုင်း၊ မင်းလှမြို့နယ်က သမိုင်းဝင်မင်းလှခံတပ်ဟာ မြစ်ရေတိုက်စားခံရတဲ့ အန္တရာယ် ကြုံနေရပါတယ်။

ရေတားနံရံတွေ တည်ဆောက်ထားပေမယ့် မလုံလောက်သေးတဲ့အခြေအနေမှာပဲ သဘာဝ အရံအတား တခုဖြစ်တဲ့ အရှေ့ဘက်မျက်နှာစာက သက်တမ်းရင့် လက်ပံပင်ကြီးဟာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဌာနတခုက လုပ်တယ်လို့ပဲ ပြောနိုင်ပါတယ်။ ဖေဖော်ဝါရီ လလယ်လောက်က သင်းသတ်တဲ့အပြင် မီးနဲ့ပါမြှုက်လိုက်တာပါ။ မြို့ခံတွေ၊ ရပ်မိရပ်ဖတွေမသိလိုက်ကြဘူး။ သိရတဲ့အခါတော့ မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူးလေ” လို့ မြို့ခံ ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။

ဒီအကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်၊ ဒီဗွီဘီနဲ့ သတင်းဌာန တချို့က ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အထက်မင်းလှမြို့ကို မကွေးတိုင်းဝန်ကြီးချုပ် လာမယ်လို့ သတင်းရတဲ့အချိန်မှာတော့ သင်းသတ်ထားတဲ့ နေရာကို ရွှံ့နဲ့ မံပြီး ထုံးသုတ်ထားတာတွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အပင်ကတော့ သေသွားပြီလေ။ ဘာမှမတတ်နိုင်တော့ဘူး။ ဒီအတွက် ဘာလုပ်ပေးမှာလဲပဲ သိချင်တယ်။ ရေတားနံရံတွေ လုပ်ဖို့လိုမှာပါ” လို့ ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။

လက်ရှိမှာောတ့ မင်းလှ ခံတပ်ကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ခရစ်နှစ် ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ မင်းလှခံတပ်ဟာ အခုဆိုရင် နှစ်ပေါင်း ၁၅၆ နှစ်ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ-ရဲထွန်းဇော်

===================

ပိုင်စိုး

DVB TV News

http://burmese.dvb.no/archives/137309

posted from Bloggeroid

Saturday, February 27, 2016

လွှတ်တော်သတင်း

အရေးကြီးအဆို လွှတ်တော်မှာ ဆွေးနွေးရေး အစိုးရအဖွဲ့ သုံးသပ်မည်



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.



လက်ရှိ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းနေတဲ့ အရေးကြီး အဆိုတွေ ကို ဖြေရှင်းဆွေးနွေး ရန် သင့်မသင့် သုံးသပ်ဖို့ လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရုံး က ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ကို ပေးပို့တဲ့စာမှာ အခုလို ဖေါ်ပြထားတာပါ။ အခုလိုလွှတ်တော်က ဆင့်ခေါ်တာကို အစိုးရ အဖွဲ့ဘက်က သွားရောက်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက် လို့ ပြည်သူ့လွှတ်တော်မှာ NLD လွှတ်တော်အမတ်တချို့ အရေးကြီး အဆို တင်သွင်းပြီး မေးခွန်းထုတ်လာတဲ့အပေါ်မှာ လာရောက်ဆွေးနွေးဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း သမ္မတရုံးက ဖေဖေါ်ဝါရီလ(၂၆)ရက် နေ့ရက်စွဲနဲ့ ပေးပို့လာတဲ့ အကြောင်းကြားစာ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အခုလို လွှတ်တော်မှာ ပြောကြားသွားပါတယ်။

" လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ။ ယခု ဆွေးနွေးနေတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန (၁၄) ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော် လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များ ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်းဆွေးနွေးနိုင်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် အချိန်လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်။"

အစောပိုင်းတုန်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန် အစိုးရကို ပထမအကြိမ် လွှတ်တော်သက်တမ်း က ရွေးချယ်တင်မြှောက်ခဲ့ တာဖြစ်တာကြောင့် အခုလက်ရှိလွှတ်တော်သက်တမ်းမှာ သူတို့အစိုးရအနေနဲ့ တာဝန်ခံဖို့မလိုတဲ့အတွက် တမင်သပ်သပ်အစိုးရကို ထိုးနှက်တဲ့ ကိစ္စရပ်တွေမျိုးကို လွှတ်တော်မှာ ဝန်ကြီးတွေအနေနဲ့ သွားရောက်ဖြေရှင်းဖို့မလိုဘူးဆိုပြီး ဒီလိုလဲ ထည့်သွင်း ပြောသွားခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ "

ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မတ်လကုန်ထိ သက်တမ်းကျန်နေသေးတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ လက်ရှိလွှတ်တော်ကခေါ်ရင် သွားရမှာဖြစ်ပြီး ဒါကိုငြင်းဆိုခဲ့ရင်တော့ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တချို့ကမြင်ပါတယ်။

လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ စွပ်စွဲပြစ်တင်တာတွေလုပ်လို့ရသလို လိုအပ်ရင် တောင် ဖြုတ်ပစ်လို့ရတဲ့ အနေအထားထိ ပြဌာန်းထားတာရှိတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

" အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတဆိုတာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ အဲ့တော့ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ ဝန်ကြီးတွေ ဆိုရင် ပြောစရာကို မလိုတော့ဘူး ။ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးအာဏာကို ပိုင်တဲ့ သမ္မတတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်ဆိုတော့ ဝန်ကြီးတွေအားလုံးလည်း တာဝန်ခံရမယ်။ ဦးရဲထွဋ်ပြောသလို ပထမ လွှတ်တော်ကို တာဝန်ခံရမယ်။ ဒုတိယလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတဲ့ စကား မပါဘူး။ အဓိပ္ပါယ်က ဥပဒေနဲ့အညီ ရှိနေတဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ခေါ်ရင် သွားရမယ် တကယ်လို့ မသွားနိုင်ရင်လည်း အကျိုးအကြောင်းနဲ့ ပြောပြရမယ်။ သို့သော် ပြည်ထောင်စုလွှတ်တော်က ခေါ်တာကို မလာနိုင်ဘူးလို့ ပြောရင်တော့ အကြောင်းပြချက်မရှိပဲ မလာနိုင်ဘူးလို့ပြောရင် သို့သော် ငါတို့မှာ လာဖို့ တာဝန်မရှိဘူးလို့ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။ "

ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ က NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကနေ ရွေးကောက်ပွဲအပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အလျင်စလိုငှားရမ်း၊ လွှဲပြောင်းရောင်းချတာ၊ ပုဂ္ဂလိကပိုင်လုပ်တာ၊ ကျူးကျော်တွေကို အတင်းဓမ္မဖယ်ရှားတာ စတာတွေကို အာဏာမလွှဲပြောင်းခင် အလျင်အမြန်ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြတဲ့ အရေးကြီးအဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။





posted from Bloggeroid

နိုင်ငံတကာသတင်း

မြောက်ကိုရီးယား အရေး လုံခြုံရေးကောင်စီ အရေးယူမှုသစ် ရဖို့ ကန် ကြိုးပမ်း



ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆)



မြောက်ကိုရီးယားနိုင်ငံ အပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေး ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြန်ဆုံး မဲခွဲ အတည်ပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက တွန်းအားပေးနေပါတယ်။ ဒီအရေးယူ ပိတ်ဆို့မှုက ကုန်တင်သင်္ဘောအားလုံးကို စစ်ဆေးခွင့်ရှိပြီး စစ်ရေးအတွက် အသုံးပြုနိုင်တဲ့ကုန်ပစ္စည်းအားလုံး တင်သွင်းမှုကို တားဆီးလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ဒီဆုံးဖြတ်ချက် ကို ကြာသာပတေးနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီ့ မတိုင်ခင်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံတို့ ခုနှစ်ပတ်ကြာ ဆွေးနွေးခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းရည်ကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အမေရိကန်စစ်တပ်က ကယ်လီဖိုနီးယားပြည်နယ် Vanden Berg လေတပ်အခြေစိုက်စခန်းကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညပိုင်းမှာ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပါတယ်။

တောင်ပစိဖိတ်သမုဒ္ဒရာထဲက Marshall ကျွန်းစုနားကို ပစ်မှတ်ထား ပစ်လွှတ်လိုက် တာဖြစ်ပါတယ်။ အဲဒီ ဒုံးကျည် မပစ်ခင်လေးမှာတင် ဒုတိယကာကွယ်ရေး ၀န်ကြီး Robert Work က သတင်းထောက်တွေကို ပြော သွားတာက ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ စစ်ဖက်ဆိုင်ရာ အသင့်ရှိနေမှုကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလကတည်းက စပြီးတော့ ဒုံးကျည်စမ်းသပ်မှု ၁၅ ခုမက လုပ်ခဲ့ပြီးဖြစ်ကြောင်း လည်း ၀န်ကြီး Work က ပြောပြီး လိုအပ်လာရင် နိုင်ငံတော် ကာကွယ်ရေးအတွက် နျူကလီယားလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ် လို့ ပြောသွားခဲ့ပါတယ်။





posted from Bloggeroid

နိုင်ငံတကာ

IS နှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်ဖို့ အိုဘားမား ညွှန်ကြား



သမ္မတ Obama ဟာ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ။



ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မနက်ဖြန်စနေနေ့မှာ စတင် အကောင်အထည်ဖော်ဖို့ ရှိနေချိန်မှာပဲ အမေရိကန်သမ္မတ Barack Obama က Syria နဲ့ Iraq နိုင်ငံတို့က ပဋိပက္ခတွေကို အဆုံးသတ်မှုက IS အစ္စလာမ်မစ် စစ်သွေးကြွ ကွန်ယက်ကို ချေမှုန်းနိုင်ဖို့အတွက် အဓိကကျတယ် လို့ ပြောကြား သွားပါတယ်။

Syria နဲ့ Iraq က အခြေအနေက ကမ္ဘာမှာ ဒီနှစ်ပိုင်းတွေအတွင်းကြုံရတဲ့ အရှုပ်ထွေးဆုံး အခြေအနေတခုဖြစ်တယ်၊ IS တွေက အရပ်သားတွေကို လူသားဒိုင်း လို အကာအကွယ်ယူပြီး မြို့ပြဒေသတွေမှာပါမကျန် ခိုင်ခိုင်မာမာ နေရာယူ ထားတယ်လို့ ပြောပါတယ်။ Syria က စစ်ပွဲက ဒေသတွင်း အင်အားကြီး နိုင်ငံတွေက စ - ပေးတဲ့ စစ်ပွဲဖြစ်ပြီး ဂိုဏ်းဂဏ ကွဲပြားမှုတွေ ပြင်းပြင်းထန်ထန် ရှိနေတာ ပြသတယ်လို့လည်း မစ္စတာ Obama က ပြောပါတယ်။

သမ္မတ Obama ဟာ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံပြီးနောက် အခုလို ပြောသွားတာ ဖြစ်ပါတယ်။ Syria နိုင်ငံထဲ ဝင်ရောက်တဲ့

နိုင်ငံခြားက တိုက်ခိုက်ရေးသမား အရေအတွက် ကတော့ အရင်ကလောက် မများတော့ဘဲ IS တွေ အတွက် လစ်လပ်သွားတဲ့နေရာတွေမှာ လူစားပြန်ထိုးဖို့ ပိုခက်လာတယ် ဆိုတာ တွေ့ရတယ်လို့လည်း သမ္မတ Obama က ထောက်ပြသွားပါတယ်။

Syria နိုင်ငံမှာ မကြာခင်စတင်တော့မယ့် အမေရိကန် Russia အဆိုပြု အပစ်အခတ် ရပ်စဲရေး ကို ရည်ညွှန်းပြောဆိုတာမှာတော့ အဲဒီ သဘောတူညီချက် မပြိုပျက်ဖို့ အမေရိကန်ပြည်ထောင်စုက အစွမ်းကုန်ကြိုးစား ကူညီဆောင်ရွက် မယ်လို့ ပြောပါတယ်။

Russia နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ Russia Arab ပူးပေါင်းဆောင်ရွက် မှု နှီးနှောဖလှယ်ပွဲကို သောကြာနေ့က တာဝန်ယူကျင်းပပေးခဲ့ပြီး ဒီတွေ့ဆုံမှုက Syria ပဋိပက္ခ အဆုံးသတ်ရေးအာရုံစိုက်ဆွေးနွေးကြမယ်လို့ ကတိပြုသွားပါတယ်။

posted from Bloggeroid

နိုင်ငံတကာသတင်း



Syria စစ် အပစ်ရပ်ပြီ



ဆီးရီးယားမြို့ Homs မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)



ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေးအတွက် အဖွဲ့ပေါင်း ၁၀၀ လောက်က စောင့်ကြည့် ကြမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြုလုပ်တဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဆီးရီးယားစံတော်ချိန် ညသန်းခေါင်မှာ စတင်ဖို့ စီစဉ်ထား ပါတယ်။

ဒီအပစ်အခတ်ရပ်စဲရေးကို အဖွဲ့ ၉၇ ဖွဲ့ကနေ စောင့်ကြည့်လေ့လာသွားမယ်လို့ ကတိပေးကြကြောင်း ဆီးရီးယား အတိုက်အခံတွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခု အပစ်အခတ်ရပ်စဲရေးအတွက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ အယ်လ် နူစရာ တပ်ဦး အကြမ်းဖက် အဖွဲ့တွေကိုတော့ ထည့်သွင်းမထားပါဘူး။ ယာယီ အပစ်အခတ် ရပ်စဲရေး မစတင်ခင် တနာရီတောင် မပြည့်တဲ့ အချိန်မှာပဲ နယူးရောက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီအပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တညီတညွတ်တည်း အတည်ပြုပေးခဲ့တာပါ။

ဆီးရီးယား ပြည်တွင်းစစ်မှာ ပါဝင်ဆင်နွဲနေတဲ့ အဖွဲ့အားလုံးက ဒီသဘောတူညီမှုနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို လိုက်နာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက သောကြာနေ့မှာ တညီတညွတ်ထဲ တောင်းဆိုလိုက်ကြတာပါ။ ဒါ့အပြင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ ပြန်လည် စတင်ကြဖို့လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က တိုက်တွန်းထားပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆီးရီးယားဆိုင်ရာ ကုလအထူးသံတမန် Staffan de Mistura က အပစ်အခတ်ရပ်စဲတဲ့ ကာလ ကြာရှည်အောင် ထိမ်းထားနိုင်ပြီ လူသားချင်းစာနာမှု အကူညီတွေ ဆက်ပေးနိုင်မယ် ဆိုရင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဂျနီဗာမှာ မတ်လ ၇ ရက်နေ့မှာ ပြန်လည် ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့ ပါတယ်။

အပစ်အခတ်စတင် ရပ်စဲလိုက်ပြီးတဲ့ နောက်မှာ ဆီးရီးယားက အစွန်းသိပ်မရောက်တဲ့ အတိုက်အခံတွေကို ရုရှားက တိုက်ခိုက်မှုတွေ မလုပ်ဖို့ ရုရှားဆီက အာမခံချက်တွေ ရထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mark Toner က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားအနေနဲ့ တိုက်ခိုက်မှု ရပ်ဆိုင်းတာနဲ့ ပါတ်သက်ပြီး အပြောမဟုတ်ပဲ အလုပ်နဲ့ သက်သေပြဖို့ လိုတယ် လို့လည်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှု မစခင်မှာတော့ ရုရှား စစ်လေယာဉ်တွေဟာ အကြမ်းဖက်အဖွဲ့တွေလို့ သူတို့ခေါ်တဲ့သူတွေအပေါ် သောကြာနေ့မှာ ဆက်တိုက်ဗုံးကြဲ ခဲ့တာပါ။ ရုရှားသမ္မတ Vladimir Putin ကလည်း ရုရှားလေယာဉ်တွေဟာ ဆီးရီးယားထဲမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ al-Nusra တပ်ဦး အကြမ်းဖက် အဖွဲ့တွေကို ဆက်ပြီး ဗုံးကြဲတိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း သောကြာနေ့မှာ သတင်းထောက်တွေ ကို ပြောပါတယ်။

posted from Bloggeroid

FIFAဥက္ကဋ္ဌသစ်ရွေးမည်



FIFA ဥက္ကဋ္ဌသစ် Gianni Infantino ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)


ငွေကြေးအရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရတဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ပိုမို ပွင့်လင်းမြင်သာမှု၊ အရည်အချင်းရှိပြီး၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့ကြီးဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်းရအောင် ပြန်လည်ကြိုးပမ်း သွားမယ်လို့ အသစ်ရွေးချယ်ခံခဲ့ရတဲ့ FIFA ဥက္ကဋ္ဌက ကတိပေးလိုက်ပါတယ်။

ခက်ခဲလွန်းတဲ့ ကာလတွေမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့ FIFA အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း FIFA ဥက္ကဋ္ဌသစ် Gianni Infantino ကပြောဆိုခဲ့ တာပါ။ ဘောလုံး ကစားနည်း ရေပန်း မစားသေး တဲ့ နေရာတွေ အပါအ၀င် - ကမ္ဘာပေါ်က နေရာတိုင်း မှာ ဘောလုံးအားကစားကို စိတ်ဝင်စားလာအောင် ကူညီဖို့ FIFA ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့် ထားကြောင်းလည်း မစ္စတာ Infantino က ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ မစ္စတာ Infantino အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွယ်ပြီး ဒါဇင်ပေါင်းများစွာသော တာဝန်ရှိသူတွေအပေါ် ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ အပါအ၀င် FIFA အဖွဲ့ကြီးရဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ကာတာနိုင်ငံတွေမှာ သီးခြားစီ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ခုကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးလိုက်တဲ့ ကိစ္စဟာလည်း စုံစမ်းစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။ မစ္စတာ Infantino ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌသစ် အဖြစ် ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး ကနေ သောကြာနေ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဓိက မဲအများစုရဖို့လိုအပ်တဲ့ ဒုတိယအကျော့ ရွေးချယ်ပွဲမှာ - အသက် ၄၅ နှစ်အရွယ် အီတလီနွယ်ဖွား ဆွစ်ဇာလန်နိုင်ငံသား Infantino က ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး၊ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ဥက္ကဌဖြစ်တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ အကျင့်ပျက်ခြစားမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဥက္ကဋ္ဌ Sepp Blatter ရဲ့ နေရာကို လွှဲပြောင်းယူရမယ့် မစ္စတာ Infantino က - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမည်းစက်ထင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွား မယ်လို့ ကတိပေးခဲ့တာပါ။

FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Gianni Infantino ကလည်း - သူဟာ အီတလီ၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ စပိန် ဘာသာစကား ၅ ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ ဆွစ်ဇာလန်နိုင်ငံ Fribourg တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုလို FIFA ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်မခံရရင် သူဟာ - ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၀ ပြည့် သြဂုတ်လမှာ စတင် လုပ်ကိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ (UEFA) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

posted from Bloggeroid

ဗိုလ်အောင်ကျော် ရာပြည့်



ဗိုလ်အောင်ကျော် ရာပြည့် မွေးရပ်မှာ ကျင်းပ



ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊



ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ မှာ ဒီကနေ့ စတင် ကျင်းပနေပါပြီ။ မြန်မာပြည်အ တွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါ ရီ ၂၇ရက်နေ့ မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မွေးနေ့ပွဲအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမှာ ဖေဖော်ဝါရီ ၂၆ရက်နဲ့ ၂၇ရက် ၂ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်အောင်ကျော် မွေးဖွားရာ ရုံးဇင်ကျေးရွာမှာ နှစ် ၁၀၀ပြည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ပြခန်းကို ဖွင့်လှစ်ခဲ့သလို ဗိုလ်အောင် ကျော်ရဲ့ ပုံတူကြေးရုပ်ကို မဲဇလီကုန်း ဗိုလ်အောင်ကျော် ခန်းမရှေ့မှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တသက်မှာ တခါတာ ကျင်းပခွင့်ရတာမို့ ပိတီဖြစ်သလို ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရာပြည့်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးဆန်းညွန့်ဦးက အခုလိုပြောပြပါတယ်။

"နောင်မျိုးဆက်သစ်တွေပေါ့ဗျာ ဘယ်လိုပဲ ကျွန်ပညာရေးစနစ်ကို စခဲ့ရင် ဘယ်လိုမှ ခေါင်းငုံ့မခံဘူး။ ဒီလို အသက်ကိုပေးပြီး တော်လှန် တယ်။ နောင်မျိုးဆက်သစ် ကလေးတွေ ဒီလို မဟုတ်မခံစိတ်ဓာတ်ကလေးတွေ ၊ သူ့ကျွန်မခံစိတ်ဓာတ်ကလေးတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို ငြိမ်မခံတတ်တဲ့ စိတ်ဓာတ်မျိုး ကိုယ့်နိုင်ငံအတွက် ဖြစ်အောင် အဲ့လိုလေးတွေဖြစ်အောင် မှတ်မှတ်ရရဖြစ်အောင် နောက်မျိုးဆက်သစ်တွေ အတုယူနိုင်အောင် ဒီပွဲကို ကျနော်တို့က အဓိကထားပြီး ကျင်းပပြုလုပ်တာပါခင်ဗျာ။"

ဒီအခမ်းအနားကို ဗိုလ်အောင်ကျော်ရဲ့ မြေးတော်စပ်သူ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် ၈၈မျိုးဆက်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေ တက်ရောက်ကြသလို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲတွေ အပြင် စာပေနဲ့ အနုပညာပြခန်းတွေကို လည်း ပြသထားပါတယ်။

နယ်ချဲ့ကိုလိုနီလက်ထက်မှာ မတရားမှုတွေကို တွန်းလှန်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ ရာပြည့်ပွဲဟာ နိုင်ငံရေး အရောင်အသွေး ကင်းကင်းနဲ့ ဗိုလ်အောင်ကျော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင် ခွင့်ရတဲ့ပွဲဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး အကူညီပေးနေတဲ့ ကိုဇော်ရမ်းက ပြောပါတယ်။

"ဒီပွဲမှာ ကျနော်တို့က နိုင်ငံရေးပါတီအရောင်အသွေးကင်းကင်းနဲ့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းက ညီငယ် ခွပ်ဒေါင်း မျိုးဆက်တွေ၊ နောက်တခါ အထက်မြန်မာပြည် ပင်မစစ်ကြောင်း က ကျောင်းသားတွေ နောက်တခါ ကျနော်တို့ ၇၄၊ ၇၅ ကျောင်းသားတွေ အကုန်လုံးပေါ့ ဒီကို ရောက်ရှိလာတယ်။ စာရေးဆရာတွေ ရောက်ရှိလာတယ်။ အကုန်လုံး ရောက်ရှိလာပြီး ဒီနှစ်တစ်ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား အနှစ်သာရ ရှိရှိနဲ့ ကျင်းပမှာဖြစ်တဲ့အတွက် တော်တော်လေး ကို ပြည့်ပြည့်စုံစုံ နိုင်ငံရေးအခင်းအကျင်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့အတွက် တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ "

ဗိုလ်အောင်ကျော်ရဲ့ တူ စာရေးဆရာ သန်းဝင်းနိုင်ကတော့ ဒီလို ရာပြည့်ပွဲမျိုးကို ဆွေမျိုးတွေ ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် ဒေသခံတွေ၊ လူငယ်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဝိုင်းဝန်းလုပ်ဆောင် ပေး ကြတဲ့အတွက် တိုင်းပြည်အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

" ကျနော်က သိပ်ဝမ်းသာပါတယ်။ ကျနော်တို့က လုပ်ရမှာလေ။ ကျနော်တို့ကလည်း မတတ်နိုင်ဘူး။ ကျောင်းသားဟောင်းတွေ၊ ဒေသခံလူငယ်တွေက ဝိုင်းလုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလုပ်ပေးတယ်ဆိုတော့ အရမ်းကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ကိုယ်တိုင် လည်း မလုပ်နိုင်ဘူးလေ။ ကျနော်တို့က ကိုယ်တိုင်အတွက်ရော တိုင်းပြည်အတွက်ရော ဂုဏ်ယူပါတယ်။"

နေမျိုးသီဟသူရ ဘွဲ့ရ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ နယ်ချဲ့အစိုးရက ၁၃၀၀ပြည့် အရေး တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့လို့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့က အတွင်းဝန်ရုံးကို ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ကြောင့် ဒဏ်ရာ ရခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဗိုလ်အောင်ကျော် ရာပြည့်

posted from Bloggeroid

လှေစီးပြေးတွေ လိုက်ကယ်မည်



ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS အခမ်းအနားဖွင့်လှစ်ပွဲ။ သတင်းဓာတ်ပုံ-ဇင်လတ်အောင်



မြေထဲပင်လယ်ထဲသောင်တင်နေတဲ့ လှေစီးပြေး ဒုက္ခသည် တသောင်း သုံးထောင်လောက် ကို ကယ်တင်နိုင်ခဲ့တဲ့ ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီ ကယ်ဆယ်ရေးဌာန MOAS က အခု အရှေ့တောင်အာရှ ရေပြင်တွေထဲက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တွေ ကို ကယ်ဆယ်ကူညီဖို့ စတင် လုပ်ဆောင်လိုက်ပြီလို့ ပြောပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုကို မုတ္တမပင်လယ်ထဲနဲ့ အနားတဝိုက်မှာ လုပ်ဆောင်မှာ ဖြစ်ပြီး သင်္ဘောတစီးနဲ့ တာဝေးသွားနိုင်တဲ့ ဒရုံးယာဉ် ၂ စီးနဲ့ ရွှေ့ပြောင်း အခြေချဖို့ ထွက်လာသူတွေဖြစ်စေ၊ ဒုက္ခသည်တွေ ဖြစ်စေ လိုက်ပါလာတဲ့ လှေတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ လူတွေ ပင်လယ်ထဲမှာ သေတာမျိုး မဖြစ်သင့်ဘူးလို့ MOAS ဒါရိုက်တာ Martin Xuereb က VOA ကို ပြောပါတယ်။

ဒီအဖွဲ့ရဲ့ ဒေသတွင်း ကနဦးလုပ်ဆောင်မှုဟာ သီတင်း ၄ ပါတ် လောက် အနည်းဆုံးကြာမြင့်မှာ ဖြစ်ပါတယ်။ မီတာ ၄၀ ရှည် အသက်ကယ် သင်္ဘော M.Y. Phoenix နဲ့ မတ်လ ၃ ရက်နေ့မှာ စတင်ပြီး ဒေသခံ ကမ်းရိုးတန်း အစောင့်တွေ ၊ ရေတပ်တွေ နဲ့ တခြား အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်ရာ မှာ ဒေသအာဏာပိုင်တွေနဲ့ အတူ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

ရှေ့သီတင်းပါတ်မှာ ထွက်ခွါမယ့် Phoenix သင်္ဘော ပေါ်မှာ Fortify Rights လူ့အခွင့်ရေး အဖွဲ့ကလည်းလိုက်ပါမှာ ဖြစ်ပြီး သူတို့က လမ်းညွှန်မှုတွေပေး မှာ ဖြစ်သလို ပုံမှန်မဟုတ် တဲ့ ရွှေ့ပြောင်းမှုတွေ ကို စောင့်ကြည့်ရာမှာလည်း အကူညီပေးမှာ ဖြစ်ပါတယ်။

ပင်လယ်ထဲက လှေစီးပြေးဒုက္ခသည်တွေရဲ့ အသက်ကို ကယ်ဆယ်ပေးနေ တာဟာ ပြဿနာရဲ့အဖြေမဟုတ်ဘဲ အဲဒါဟာ လူသားချင်းစာနာတဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တစ်ခုပါပဲလို့လည်း ရွှေ့ပြောင်းသူများ ကမ်းလွန် ကူညီကယ်ဆယ်ရေး ဌာန MOAS ရဲ့ ညွှန်ကြားရေးမှူးက ဗွီအိုအေ ကို ပြောပါတယ်။

posted from Bloggeroid

တစ်ကိုယ်တော်စက်ဘီးစီးမည်

အယ်လ်နီညိုအကြောင်း ပညာပေးရင်း မန္တလေးမှ မြစ်ကြီးနားသို့ တစ် ကိုယ်တော် စက်ဘီးစီးမည်
-------------------------

ရာစုနှစ်အတွင်း အပူဆုံးနှစ်ဟု သတ်မှတ်ထား
သည့် ယခုနှစ်သည် အယ်လ်နီ ညို၏ရိုက်ခတ်မှု ခံရမည့်နှစ်ဖြစ်သဖြင့် အယ်လ်နီညိုအကြောင်းနှင့်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများ
ကို ပညာပေးဆွေးနွေးရန်အတွက် မန္တလေးမြို့မှ
မြစ်ကြီးနားမြို့သို့ တစ်ကိုယ်တော်စက်ဘီးစီးမည်
ဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်မည့် ဦးဟိန်းရာဇာ
(ကဗျာဆရာ မောင်သုည)က ပြော ကြားသည်။

လမ်းတစ်လျှောက်ရှိ ရွှေဘို၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ကသာ၊ မိုးညှင်း စသည့်မြို့များတွင် ရပ်နားသွားမည်ဖြစ်ပြီး ယင်းမြို့ဒေသခံများနှင့် အယ်လ်နီညိုအတွက် မည်သို့ ပြင်ဆင်ထား
ကြသင့်သည်များကို ဆွေးနွေး သွားမည်ဖြစ်
ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ ရည်ရွယ်ချက်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးဖို့ရယ်၊ စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့အတွက်ရယ်ပါ ” ဟု ၎င်းက ဆိုသည်။

အဆိုပါလှုပ်ရှားမှုကို မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းခရီးစဉ်
အပြီးတွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်များထံ
သို့ ၎င်း၏ ကဗျာစာအုပ်ရောင်းချရငွေ ကျပ် ၁၅သိန်း
ခန့်ကို လှူဒါန်းသွား မည်ဖြစ်ကြောင်း ၎င်းကထပ်မံ
ပြောဆိုသည်။
(The Voice Eeekly)

posted from Bloggeroid

Colgate

Colgate ၏ မြန်မာကျေးလက်နေပြည်သူများအား ရည်ရွယ်လုပ်ဆောင်သည့် အသိပညာပေး အစီအစဉ် အောင်မြင်မှုရရှိ
ရန်ကုန်၊ မြန်မာ၊ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) – Colgate ၏ ထပ်မံအောင်မြင်မှုရရှိသည့်အစီအစဉ်တစ်ခု၏ ရလဒ် အနေဖြင့် ကောင်းမွန်သည့်သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးပါမှု အသိပညာသည် ၂၀၁၆ ခုနှစ်တွင်ပိုမိုမြင့်တက် လာပြီး ကျေးလက်နေပြည်သူများ၏ သွားနှင့်ခံတွင်းအသိပညာသည် လွန်ခဲ့သည့် ၅ နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ၏ ဒုဥက္ကဌ ဒေါက်တာ အောင်သန်းကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာအောင်သန်း ၏ ၂၀၀၈ ခုနှစ်မှစတင်ခဲ့သည် သူ၏ ပထမဦးဆုံး နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမားရေးကုသမှုခရီးစဉ် မှ ယနေ့အထိ အတွေ့အကြုံများအရ ကျေး လက်ဒေသများတွင်နေထိုင်သည့် ပြည်သူများသည် အနည်းဆုံးတစ်နေ့လျှင်နှစ်ကြိမ်သွားတိုက်ခြင်းကြောင့် ရရှိနိုင်မည့် သွားနှင့်ခံတွင်းကျန်းမာရေး ရလဒ်များကို ယခုအခါပိုမိုနားလည်သိရှိလာပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဒေါက်တာအောင်သန်းက သူ၏ ခရီးစဉ်များနှင့်ပတ်သက်၍ “ ၂၀၁၀ မတိုင်ခင်လောက်တုန်းကဆိုရင် ကျေးလက်ဒေသ မှာနေတဲ့ ပြည်သူတွေဟာ မီးသွေး၊ ဝါးတံ၊ နဲ့ သဲဆပ်ပြာတွေနဲ့ သွားတိုက်တာ ဒါမှဟုတ် ပွဲလမ်းသဘင်ရှိမှ သွားတိုက် လေ့ရှိပါတယ်။ လက်ရှိဆရာတို့ရဲ့ နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမားရေးကုသမှုခရီးစဉ် တွေမှာ သွားနဲ့ခံတွင်း စစ် ဆေးတာအပြင် ကုသမှုတွေလည်းပြုလုပ်ပေးပါတယ်။ နောက်ပြီး သုတေသနလုပ်ဖို့အတွက် စစ်တမ်းကောက်တာတွေ လည်းလုပ်ပါတယ်။ ဒီနှစ်မှာဆိုရင် လူဆယ်ယောက်မှာ ငါးယောက်က သင့်တင့်လျှောက်ပတ်တဲ့သွားနဲ့ခံတွင်းကျန်းမာ ရေးဗဟုသုတနဲ့ အဲ့ဒါရဲ့အကျိုးကျေးဇူးတွေကိုသိရှိနားလည်နေတာကိုတွေ့ရပါတယ်။ Colgate က ဆရာတို့ခရီးစဉ်တွေ မှာထောက်ပံ့ကူညီပေးသလို သွားနဲ့ခံတွင်းအခမဲ့စစ်ဆေးပေးတာတွေ၊ သွားနဲ့ခံတွင်းကျန်းမာရေးပညာပေးသင် ထောက်ကူပြုပစ္စည်းတွေ ထောက်ပံ့ပေးတာတွေလုပ်ဆောင်ပေးပါတယ်။ အခုလိုတိုးတက်လာတာဟာ ဆရာတို့ နှစ်ဖက်လုံးရဲ့ အားထုတ်ကြိုးပမ်းမှုရဲ့ရလဒ်လို့ယုံကြည်ပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းသည် ကျေးလက်ဒေသများသို့ နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမာရေး ကုသမှုခရီးစဉ် များကို အလှူရှင်များ၏အကူအညီဖြင့် စီစဉ်လေ့ရှိသည်။ အဆိုပါခရီးစဉ်များတွင် သွားနှင့်ခံတွင်းကျန်း မာရေး စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်းများကို အခမဲ့ပြုလုပ်ပေးပြီး အများဆုံး သွားနှင့်ခံတွင်းဆရာဝန် ၃၀ ခန့်ဖြင့် သွားရောက်လေ့ရှိသည်။ ဒေါက်တာအောင်သန်း ၏ အတွေ့အကြုံ များအရ သွားနှင့်ခံတွင်းနှင့်ပတ်သက်သည့် ပြဿနာများမှာ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဗဟုသုတနှင့် အလေ့အကျင့်များပေါ်တွင်သာမူတည်ပြီး ၎င်းတို့နေထိုင်ရာ အရပ်ဒေသပေါ်တွင်မူတည်မှုမရှိကြောင်းပြောကြားသည်။ သို့သော်လည်းအချို့သောနေရာများတွင် သွားနှင့်ခံတွင်း ဆိုင်ရာ ဗဟုသုတများရရှိရန် ခက်ခဲနေဆဲဖြစ်ပြီး အချို့မှာ ရောဂါအခြေအနေမဆိုးရွားသည့်အချိန်အထိ ဆေးခန်းသို့ သွာရောက် စစ်ဆေးပြသရန် ဝန်လေးနေကြဆဲဖြစ်သည်။

Colgate ၏ Senior Professional Relation Manager ဖြစ်သူ Dr.Sompong က အဆိုပါ ရလဒ်နှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းကို “ကောင်းမွန်တဲ့သွားနှင့်ခံတွင်းကျန်းမာရေးဟာ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ် သလို ပုံမှန်သွားနှင့်ခံတွင်းစစ်ဆေးခြင်းနှင့် တစ်နေ့နှစ်ကြိမ်သွားတိုက်ခြင်းသည် ရေရှည်အကျိုးရှိစေပြီး ကုန်ကျစရိတ်များ ပြားသည့်ကုသမှုများ၊ သွားနာခြင်းသွားကိုက်ခြင်းများ နှင့် သွားဖုံးရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ Colgate အနေနဲ့ ကျေးလက်နေပြည်သူတွေအတွက် အရေးပါတဲ့ ကျွန်တော်တို့ရဲ့ အသိပညာပေး အစီအစဉ်တွေကို မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းနဲ့ပူးပေါင်းပြီးဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Colgate ၏ စတုတ္ထအကြိမ်မြောက် သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ်ကို မန္တလေးမြို့တွင်အခမ်းအနားနှင့်တကွ စတင်ခဲ့သည်။ ယခုနှစ်အတွက် သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ် ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံးတွင် ပြုလုပ်လျက်ရှိပြီး အဆိုပါအစီအစဉ်သည် တိုးတက်များပြားလာသည့် မြန်မာနိုင်ငံရှိစားသုံးသူများ၊ ကလေး ငယ်များနှင့် မိသားစုများကို အခမဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ပညာပေးစာစောင်များအခမဲ့ဝေငှခြင်း နှင့် သွားနှင့်ခံတွင်း ကျန်းမာရေး အခမဲ့စစ်ဆေးခြင်းများကို ရန်ကုန်မြို့ရှိ ဆေးရုံနှင့် ဆေးခန်း ၁၆၈ ခု၊ မန္တလေးမြို့ရှိ ဆေးရုံနှင့် ဆေးခန်း ၁၀၅ ခုနှင့် အထက်မြန်မာပြည်ရှိ ဆေးရုံနှင့် ဆေးခန်း ၁၁၃ ခုအပါအဝင် တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်း ၄၁၄ ခုတို့တွင် ပြုလုပ်ပေးခြင်းဖြင့် သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးပါမှုကို အများပြည်သူများ ပိုမိုနား လည်သိရှိလာစေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

Colgate ၏ သွားနှင့် ခံတွင်းကျန်းမာရေးပညာပေးလသည် နှစ်စဉ်ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Colgate-Palmolive မှကမ္ဘာတစ်ဝန်းရှိ ဒေသတွင်း သွားနှင့်ခံတွင်းဆိုင်ရာအရာရှိများနှင့် ပူးပေါင်းကာ သွားနှင့်ခံတွင်းကျန်း မာရေး၏ အရေးပါမှုကို အများပြည်သူအားပညာပေးရန် အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းဖြစ်သည်။ Colgate ၏ သွားနှင့် ခံတွင်းကျန်းမာရေးလအကြောင်းနှင့် သွားနှင့်ခံတွင်းစစ်ဆေးခြင်းများကို ထပ်မံသိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၁ ၃၇၃၁၂၃ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Colgate-Palmolive Company အကြောင်း

Colgate Palmolive သည် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျှက်ရှိသည့် ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ မိသားစုကျန်းမာရေး နှင့် အိမ်မွေးတိရစ္ဆာန်အာဟာရဖွံ့ ဖြိုးရေးတို့တွင် အဓိကထားလုပ်ဆောက်လျှက်ရှိသည်။ Colgate Palmolive ၏ထုတ်ကုန်များကိုကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့်နယ်မြေပေါင်း၂၀၀ ကျော်တွင် နိုင်ငံတကာအသိမှတ်ပြု အမှတ်တံဆိပ်များဖြစ်သည့် Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom's of Maine, Sanex, Ajax, Axion, Soupline, Suavitel, Hill's Science Diet and Hill's Prescription Diet တို့ကိုရောင်းချလျှက်ရှိသည်။ Colgate-Palmolive ၏ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများထပ်မံသိရှိလိုပါက ကုမ္ပဏီ၏ Website www.colgatepalmolive.com . Colgate Bright Smiles, Bright Futures®နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်းကျန်းမာရေးအစီအစဉ်များအကြောင်းထပ်မံသိရှိလိုပါက www.colgatebsbf.com တွင်လေ့လာနိုင်ပါသည်။

မီဒီယာများဆက်သွယ်လိုပါက
ကျော်ဇင်ထွန်း
Zagar Communications (Colgate-Palmolive ကိုယ်စား)
E-mail kyaw@zagarcommuniications.com
ဖုန်း ၀၉ ၉၇၀ ၂၇၈ ၆၇၃

posted from Bloggeroid

Friday, February 26, 2016

ဘာသာပေါင်းစုံချစ်ကြည်အဖွဲ့က၃ဦးပုဒ်မ ၁၃/၁ထောင်ဒဏ်အမိန်ချ

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ကသုံးဦးအားမတရားအသင်းနဲ့ဆက်သွယ်ဟုဆိုကာအလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်အမိန့်ချ


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် လဝက အက် ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုခံထားရ သည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ် မပွင့်ဖြူလတ် နှင့် ကိုဇော်ဝင်းဘို တို့အား ဖေဖော်ဝါရီလ (၂၆) ရက်နေ့ က အလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်ချမှတ်လိုက်သည်။


"ကျွန်တော်တို့ကိုမတရားပုဒ်မဖြစ်သည့် ၁၃/၁ အမှု့ဒီနေ့အမိန်ချလိုက်တာ
ဖြစ်တယ် ရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်တာလဲ ၁၃/၁ ပုဒ်မပါဘဲ
သူတို့ကို ၈ ရက်ထဲ့နဲ့အမိန်ချသွားပါတယ်

ကျွန်တော်တို့ကို ၈ လကြပါပြီး
မှာ အမိန့်ချတ ကျွန်တော်တို့ကိုစတင်ဖမ်းစဉ်က ဘာပုဒ်မတပ်
ရမှန်ကိုမသိတာ အထက်အမိန်နဲ့ဖမ်းတာလိုဘဲသိရတယ် တရားရေးမဏ္ဍိုင်က မတရားမှု့တွေ လုပ်နေတာများနေပြီဟုကိုဇော်ဇော်လက်ကပြောသည်"။

"ကျွန်မတို့က ပရဟိတ အဖွဲ့ကလူတွေပါ အိန္တိယားနယ်စစ် ဟိုဘက်ကို
ကူးစဉ်က သွားလိုရလား လို့ မြန်မာနိုင်ငံလဝကကိုမေးပြီး ၂ နာရီခန့်
နယ်စပ်မှတင် ဓါက်ပုံအမှတ်တရ ရိုက်ကူခဲ့တာ ဘာရည်ရွယ်ချက်တွေမှာ
မပါကြပါဘူး အခုကိစ္စဟာ သက်သက်ဆောင့်မြင့်ကပ်ပုဒ်မတွေတပ်ပြီး
မတရားတရားစွဲခံနေရတာ ယနေ့အမိန်ချတာက ၁၃/၁အမိန်ချတာ ၁၇/၁
တပ်ထားသည့်ပုဒ်မနဲ့အမှု့ရှိသေတယ် ဟုမပွင့်ဖြူလက်ကပြောသည်"။

"ယနေ့အကြိမ် ၃၀ မြောက် ချမ်းအေးသာစံတရားရုံးထုတ်မှ မတရားပုဒ်မ
များဖြစ်သော ၁၇/၁ နဲ့ ၁၃/၁တို့ဖြင့် အရေးယူခံရသော
၎င်းတို့သည် ၂၀၁၅ ခုနှစ် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်အထိ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ သွားရောက်လည်ပတ်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည် ။ထို့အပြင် ကိုဇော်ဇော်လတ် နှင့် မပွင့်ဖြူလတ်တို့အား ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ ငြိမ်းချမ်းရေး ခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
စိုင်းထူးခန့် 

posted from Bloggeroid

တရားခွင်လှဲအိပ်ကာဆန္ဒပြ

အရှေ့ဒဂုံတရားရုံးတွင် ကိုနန်းလင်းကို ပုဒ်မ ၁၈ ဖြင့် တရားရုံးတွင် စစ်ဆေးသည်ကို ကိုနန်းလင်းမှ ပုဒ်မ ၁၈ကိုအယုံအကြည် မရှိကြောင်း တရားခွင်တွင်လည်း စစ်ဆေး မခံနိုင်ကြောင်း တရားရုံးကိုလည်း သပိတ်မှောက်ကြောင်း ပြောဆိုပြီး တရားခွင် လှဲအိပ်ကာ ဆန္ဒပြခဲ့သည်။

posted from Bloggeroid

အန္တရာယ်ကြားက မူးယစ်သားကောင်းလက်ချက်

‘‘ကုန်းပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်တယ်၊ ဗုံးတွေနဲ့ ပစ်တယ်’’

===================
ဘိန်းခင်းဖျက်သောအဖွဲ့မှ ဗုံးထိ၍ ဒဏ်ရာရရှိခဲ့သူတစ်ဦးနှင့် တွေ့ဆုံခြင်း
===================

အမည်နဲ့ နေရပ်လည်းပြောပြပါလား။

နာမည်က တူးအောင်။ နေတာက ဗန်းမော်မှာနေတာ။

ဒီနေ့မနက် ဖြစ်သွားတဲ့ ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဒီနေ့မနက်က ကျွန်တော်တို့ ရှေ့မှာတက်သွားတဲ့ လူအယောက် ၂၀၀ ကျော်ကို ၀ိုင်းထားတယ်လို့ကြားတယ်။ ဘယ်သူတွေ ၀ိုင်းထားတာလဲတော့မသိဘူး။ ၀ိုင်းထားတယ်လို့ပဲကြားတယ်။ အဲဒီဘက်မှာ လူအင်အားပြန်ဖြည့်ရအောင်လို့ ပြောလာတဲ့အ တွက်ကြောင့် သွားလိုက်တယ်။ လမ်းကြားရောက်တော့အဲဒီမှာသူတို့ ကျောက်ခဲတွေနဲ့ စပြီးစောင့်ပစ်တယ်။ အဲဒီလိုပစ်တော့ ကျွန်တော်တို့ခေါင်းဆောင်ရောက်လာပြီး လိုက်ဖမ်းလို့ပြောတော့ ကျွန်တော်တို့ လိုက်ဖမ်းတော့ သေနတ်နဲ့ပစ်၊ ဗုံးတွေနဲ့ပစ်လာတယ်။ ကျွန်တော်က ဗုံးထိသွားတယ်။ ကျွန်တော်က တော့ ကျောကုန်းမှာ ဗုံးမှန်သွားတာ။

ပစ်တဲ့လူတွေက ဘယ်လိုမျိုးပုံစံတွေလဲ။ မြင်လိုက်လား။

တရုတ်လူမျိုးတွေနဲ့တူတယ်။ သူတို့လူဦးရေ ၁၀၀လောက်တော့မရှိဘူး။ ၅၀လောက်တော့ရှိတယ်။

ဘာတွေနဲ့ ပစ်တာလဲ။

ကုန်းပေါ်ကနေ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးတွေနဲ့ ပစ်တယ်။

အပစ်ခံရတဲ့အချိန် ရဲတွေကော မရှိဘူးလား။

လုံခြုံရေးလိုက်ပေးတဲ့ ရဲတွေကတော့ အဲဒီအချိန်မှာ ဘယ် ရောက်သွားလဲမသိဘူး။ နောက်မှ ရောက်လာတယ်။ ထွက် ပြေးသွားတာလား၊ နောက်ဆုတ်သွားတာလားတော့ မသိဘူး။

ဖမ်းမိတဲ့သူတွေကော ရှိတယ်ဆို ဟုတ်လား။

ဆယ်ယောက်ကျော်တော့ ဖမ်းမိထားတယ်။

ဒါဆိုရင် လက်ရှိအခြေအနေက ဘယ်လိုလဲ။

အခြေအနေကတော့ ရှုပ်နေတုန်းပဲ။ အခုက ဟိုဘက်ကလည်း သေနတ်နဲ့ပစ်၊ ရဲတွေကလည်း သေနတ်တွေနဲ့ ပြန်ပစ်ပေးနေ တယ်။

ဒီလိုမျိုးပြဿနာဖြစ်တော့ ဘိန်းခင်းဖျက်တာတွေ ဘယ်လိုလုပ် မလဲ။

မပြီးမချင်းတော့ ဆက်ပြီးလုပ်သွားမှာပဲ။ အားလုံး ဒီလိုစိတ်ဆုံးဖြတ်ချက်ချပြီး လာခဲ့တဲ့သူတွေပဲ။ မူးယစ်ဆေးဝါးဆိုတာ ကျွန်တော်တို့လူမျိုးကို လူညွန့်တုံးအောင်လုပ်နေတာပဲ။ ကျွန်တော်တို့က လူငယ်တွေဟုတ်တယ်။ သူငယ်ချင်းတွေကလည်း မူးယစ် ဆေးဝါးသုံးစွဲတဲ့အတွက်ကြောင့်မို့လို့ ဒီဟာကိုပိုပြီးတိုက်ဖျက်ချင်တဲ့စိတ်ကြောင့် ပါဝင်တယ်။ ပြီးတော့ နောင်လာနောက်သားတွေအတွက် စဉ်းစားပြီးတော့ ပါဝင် တာဟုတ် တယ်။

ကျေးဇူးတင်ပါတယ်။

============

7Day News Journal

http://7daydaily.com/story/58948

posted from Bloggeroid

နောက်ဆုံးဟောပြောတာလား

ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်မည့် ပုဒ်မ ၅၉ (စ) ထောက်ခံပွဲ၌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် ဟောပြောမည်.....

===========================================

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)နှင့် ၅၉ (ခ) ထောက်ခံပွဲကို မြန်မာအမျိုးသားရေးကွန်ရက်မှ ဦးဆောင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း၅၉(စ)နှင့် ၅၉(ခ)ထောက်ခံပွဲတွင် မြန်မာ အမျိုးသားရေးကွန်ရက်မှ ဦးဝင်းကိုကိုလတ်၊ အမျိုး သားလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေ၊ မဘသမှ ဦးအေးပိုင်တို့က ဟောပြော သွား မည်ဖြစ်ကြောင်း ဦးဝင်းကိုကိုလတ်က ပြော သည်။

ထောက်ခံပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးဝင်းကိုကိုလတ်က ” ကျွန်တော်တို့ ၅၉(စ)ကို ထောက်ခံပွဲလုပ်တာ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတမဖြစ်စေချင်လို့ မဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင် အကြီးအကဲတစ်ယောက်ရဲ့ သားသမီးခင်ပွန်း စတဲ့ဆွေမျိုးတွေဟာ နိုင်ငံခြားသားတွေ ဖြစ်နေရင် ဒီနိုင်ငံဟာလည်း နိုင်ငံခြားသြဇာခံ ဖြစ်သွားပါလိမ့် မယ်။ အဲဒီလို ဖြစ်သွားရင် နိုင်ငံအတွက် ပုံရိပ်မကောင်းပါဘူး။ ပြီးတော့ နိုင်ငံခြားက မြန်မာနိုင်ငံရဲ့ ကိစ္စရပ်တွေအပေါ် ဝင်စွက်ဖက်တာတွေ ရှိလာနိုင်ပါတယ်”ဟုပြောသည်။

လက်ရှိတွင် ပြောဆိုနေကြသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားသမီးများသည် မြန်မာနိုင်ငံသားအဖြစ် ခံယူ လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် မိမိ တို့အနေဖြင့် လက်ခံကြောင်း ဦးဝင်းကိုကိုလတ်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ ဇနီး (သို့မဟုတ်) ခင်ပွန်း၊ သားသမီးများသည် အခြားနိုင်ငံသားများ မဖြစ်စေ ရဟုပါရှိသော ပုဒ်မ၅၉(စ)နှင့် နိုင်ငံတော် သမ္မတနှင့် ၄င်း၏မိဘနှစ်ပါးစလုံး မြန်မာနိုင်ငံသား ဖြစ်ရမည်ဟု ပါ ရှိသောပုဒ်မ ၅၉(ခ) နှစ်ခုလုံးအား ထောက်ခံ ကြောင်း၊ ယင်းပုဒ်မ နှစ်ခုအား လုံးဝ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ၄င်းကပြောသည်။

ဦးဝင်းကိုကိုလတ်က ”ကျွန်တော်တို့အနေနဲ့ ပုဒ်မ ၅၉ တစ်ခုလုံးကို ထောက်ခံပါတယ်။ အဓိက ကတော့ ‘ခ’ နဲ့ ‘စ’ကိုပါ။ ဒီ’ခ’ နဲ့ ‘စ’ကို လုံးဝမပြင်ဆင်သင့်ပါဘူး။ ကျန်တဲ့ ၅၉ ရဲ့ ပုဒ်မခွဲတွေဖြစ်တဲ့ သမ္မတအသက် ဘယ်လောက် ရှိရမယ်တို့၊ စစ်ရေး၊ နိုင်ငံရေး အမြင်ရှိရမယ် တို့ ဒါတွေကတော့ ခြွင်းချက် အနေနဲ့ ပြင်လို့ရပါတယ်”ဟု ၄င်းက ပြောသည်။

မဘသမှဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခကမူ ပုဒ်မ ၅၉ (စ)ကိုလက်မခံသဖြင့် အဆို ပါ၅၉ (စ) ထောက်ခံ ပွဲအား တက်ရောက်မည်မဟုတ်ကြောင်း မိန့်ကြား သည်။

”ဦးဇင်းက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ကို အကြွင်းမဲ့ ယုံကြည်သူတစ်ဦးဖြစ်တယ်။ အဲဒါ ကြောင့် ၅၉(စ)ကို လက်မခံပါဘူး။ အဲဒီထောက်ခံ ပွဲကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါဟာ ဦးဇင်းရဲ့ Personal သဘောထားပါ။ မဘသနဲ့ မဆိုင်ပါဘူး”ဟု ဦးပါမောက္ခက မိန့်ကြားသည်။

မြန်မာအမျိုးသားရေး ကွန်ရက်သည် ၂ဝ၁၄ ခုနှစ်ကလည်း ပုဒ်မ ၅၉(စ) ထောက်ခံပွဲကို ဗိုလ်စိန် မှန်ကွင်း၌ပြုလုပ်ခဲ့ပြီး အခြားဒေသများတွင်လည်း ပုဒ်မ ၅၉ နှင့် ပတ်သက်သော ဟောပြောပွဲများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#PopularNews

posted from Bloggeroid

ဘန်းနိုင်ငံလိုပြောခံရတာနည်းသေတယ်

မူးယစ်ဆေးဝါးရောင်းသူထံမှ ဌာနဆိုင်ရာများသို့ လိုင်းကြေး သိန်း ၅၈၀၀ ကျော်ပေးခဲ့ရသည့် စာရင်းစာအုပ် သိမ်းဆည်းရမိဟု ဖားကန့် လွှတ်တော် ကိုယ်စားလှယ်ပြော......

==================

ကချင်ပြည်နယ် ဖားကန့်ဒေသမှ မူးယစ်ဆေးဝါးရောင်းချနေသူဟု နာမည်ကြီးနေသူ ၏ နေအိမ်အား လူထုအခြေပြု မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေစဉ် wy ဆေးပြားသုံးသိန်းကျော် ဘိန်းဖြူများနှင့်အတူ ဌာနဆိုင်ရာများအား ၅၈ ရက်စာအတွက် ကျပ်သိန်းပေါင်း ၅၈၀၀ ကျော် ပေးခဲ့ကြောင်း အမည်စာရင်းအတိအကျ ရေးထားသည့် စာအုပ်ပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖားကန့်ဒေသ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ပြောသည်။

အဲဒီလူက တစ်ရက်ကို သိန်း ၃၀၀ ကျော်ဖိုး ရောင်းရတယ်လို့ပြောတယ် ဌာနဆိုင်ရာတွေ လိုင်းကြေးက တစ်ရက်ကို သိန်း ၁၀၀ ကျော်လောက်ပေး ရတဲ့သဘောဖြစ်တယ် ဟု ၄င်းက ဘိန်းတိုက်ဖျက်သူများအား အစိုးရက ကာကွယ်စောင့်ရှောက်ပေးရန် ကြိုဆိုထောက်ခံရန်နှင့် ထိရောက်သော ကူညီပံ့ပိုးမှုပေးရန် ခေါင်းစဉ်ဖြင့် အရေးကြီးအဆိုကို ဆွေးနွေးစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လတ်တလောကာလအတွင်း ကချင်ပြည်နယ်၌ ဧက ထောင်နှင့်ချီသည့် ဘိန်းခင်းများကို ဒေသခံများ စုပေါင်းထားသည့် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီးရန် ကြိုးပမ်းနေပြီး ဘိန်းခင်းတိုက်ဖျက်သူများအား တိုက်ခိုက်မှုများလည်း ပေါ်ပေါက်နေပါသည်။

The Ladies News

posted from Bloggeroid

မန္တလေးသင်္ကြန် ရိုရာဝတ်စုံဖြစ်ရေကစာရမည်

မန္တလေးသင်္ကြန်အတွက် အထူးကြေညာချက်
လာမည့်မန်းသင်္ကြန်အား ရိုးရာယဉ်ကျေးမှူနှင့်အညီ ကျင်းပနိုင်ရန် တိုင်းဒေသကြီးလွှတ်တော်တာဝန်ရှိသူများနှင့် စာပေအနုပညာတတ်သိပညာရှင်များ ဆွေးနွေးနေကြပြီဖြစ်သည်။ ကျွန်တော်တို့ လူငယ်များအနေဖြင့်လည်း အစဉ်အလာကြီးမားခဲ့သည့် မန်းသင်္ကြန်အား ရိုးရာယဉ်ကျေးမှူနှင့်အညီ ဆက်လက်ထိန်းသိမ်းလိုပါသည်။ ထို့ကြောင့် လာမည့် မန်းသင်္ကြန်တွင် ကျုံးတောင်ဘက်၌ အုန်းလက်မဏ္ဍပ်ထိုးကာ အမျိုးသားအမျိုးသမီးများ မြန်မာ့ရိုးရာဝတ်စုံများ သပြေခက် ငွေဖလားများ အမွှေးနံ့သာများဖြင့် ရေပက်ကစားရန် စီစဉ်သွားမည်ဖြစ်ပါသည်။ ရိုးရာသင်္ကြန်ကို ထိန်းသိမ်းလိုသူ မန်းသူမန်းသားများအား ဖိတ်ခေါ်အပ်ပါသည်။

posted from Bloggeroid

ကိုယ်ပိုင်သံစဉ်အလင်းနဲ့တွေ့ဆုံခြင်း

ပရဟိတလုပ်ငန်းတွေကိုလုပ်ရင်းနဲ့ဂီတလောကထဲ့ရောက်လာသည့်
ကိုယ်ပိုင်သံစဉ်သီချင်းသီဆိုသူအလင်းနဲ့တွေဆုံခြင်း
==================================================
ရွှေရောင်အလင်းတန်း ပန်းတိုင်ဆီ တေးစီးရီးကိုတစ်ကိုယ်တော်ကိုယ်ပိုင်
သံစဉ်သီဆိုသူ အဆိုတော် အလင်းနဲ့တွေဆုံးခြင်း
မေး။ ကိုအလင်းအနေနဲ့ ဂီတလောကထဲ့စတင်ဝင်ရောက်ခဲပုံလေး....?
ဖြေ။ "ကျွန်တော် ဂီတကို ချစ်မြတ်နိုးတာကတော့ ငယ်စဥ့်က ရပ်ကွက်ထဲ့
က ပရဟိတလုပ်ငန်းတွေ လိုက်ပါကူလုပ်ရင် သီချင်းတွေဆိုဖြစ်တာကနေ
ကိုယ်ဝါသနာပါသော သီချင်းတွေ ရေးတယ်ဆိုတယ် လုပ်လာတာကြလာ
တော့ ကိုယ်ဘဝဖြက်သန်းခဲ့ရတာတွေကိုသီချင်းအဖြစ်နဲ့ယနေ့ထွက်ရှိသည့်
"ရွှေရောင်အလင်းတန်းပန်းတိုင်ဆီ "ဆိုသေခွေလေးဖြစ်လာတာပါ
မေး။ရွှေရောင်အလင်းတန်းပန်းတိုင်ဆီ တေးစီရီမှာ ဘယ်လိုသီချင်းတွေ
ကို ကိုယ်ပိုင်သံစဉ်အဖြစ်နဲ့ ရေးပြီးသီဆိုဖြစ်သလဲ....?
ဖြေ။ အဓိကတော့ ဝါသနာကိုအရင်းခံပြီး ကချင်ပြည့်နယ် မြစ်ကြီးနားဒေသ
က ဖားကန့် (ကျောက်စိမ်း)တူးဖေါ်နေသူတွေ လမ်းမှားမရောက်အောင်
ဟိုအရင်က လူမှုဘဝပုံရိပ်နှင့်အခြားလူမှု့ဘဝများကို ကိုယ်ဖြက်သန်းလာ
သည့်အတွေ့အကြုံနဲ့ ကိုယ်ပိုင်သံစဉ်တေးစာသားများကိုပေါင်းစပ်သီဆိုဖြစ်
တာ
မေး။ ရွှေရောင်အလင်းတန်းပန်းတိုင်ဆီ တေးစီရီဖြစ်မြောက်ဖို့အတွက်
အချိန်ဘယ်ကြခဲ့သလဲ....?
ဖြေ။ "ရေးတာတွေ ဆိုတာတွေကတော့ကြပြီဗျာ ဒီတေးစီးရီဖြစ်မြောက်ဖို့
အတွက်ကတော့ ရန်ကုန်မှာ ၄ လလောက်ကြခဲပါတယ် ဂီတလောကမှာ
ကိုယ်တိုင်ဖြက်သန်းခဲကြာလာတော့သူငယ်ချင်းတွေဝိုင်ကူလုပ်ပေးကြတာ
များလိုအခတ်အခဲတော့မတွေ့ရပါဘူး"
မေး။ ရွှေရောင်အလင်းတန်းပန်းတိုင်ဆီ တေးစီရီထဲ့က ကိုအလင်းအကြိုက်
ဆုံး တေးသီချင်းလေးရှိရင်ပြောပေးပါလား..?
ဖြေ။ "ကျွန်တော်အကြိုက်ဆုံးသီချင်ကတော့ ကျွန်တော်ကိုယ်တိုင်ဖားကန့်
သွားနေစဉ်က ဖြက်သန်းခဲရသည့်ခံစားချက်အပြည်နဲ့သီချင်းကတော့
"မှော်နယ်မြေ(ဖားကန့်)ဆိုသောတေးသီချင်းလေးကိုအကြိုက်ဆုံးပါ
မေး။ကိုအလင်း တေးစီရီမှာ သီချင်းဘယ်နပုဒ်ပါလဲ ဘယ်ဝိုင်းနဲတီးခတ်တာ
လဲ သီချင်းခေါင်စဥ့်လေးတွေပြောပြပါလား...?
သီချင်းကတော့ (၁၀)ပုဒ်ပါ တီးခတ်ပေးတာက လေးစီကလပ် ဂီတမှူး
ကိုနိုင်ဇော် အရမ်းသဘေားကောင်းတယ် သူတို့တစ်ဖွဲ့လုံးကူညီပေးတယ်
သီချင်း ၁၀ ပုဒ်ကတော့ ၁။မှောနယ်မြေ(ဖားကန့်) ၂။တေးစီရီခေါင်စဉ်ဖြစ်
သည့် ရွှေရောင်အလင်းတန်းပန်းတိုင်ဆီ ၃။ ချစ်သူချင်း ၄။ပန်းသီးလေး
၅။တို့က GoLFer ၆။ညမင်းသား ၇။ဒိုင်ယာရီဟောင်းလေးတစ်ပုဒ် ၈။
ဘဝဆက်ဆက်ဝေးစေ ၉။အလွမ်းငှက်များ ၁၀။ဇွဲ =အစရှိသည့်သီချင်း
များဖြစ်ပါတယ်
မေး။ ကိုအလင်းအနေနဲ့ ဒီတေးသီချင်းခွေအပေါ်အားရကျေနပ်မှုရှိပါသလား ....?
ရှိပါတယ် အခုလဲရောင်ရပါတယ် နောက်တေးစီးရီအတွက်လဲ သီချင်းတွေ
ရေးပြီးသားဖြစ်ပါတယ် ပရိသတ်တွေကိုလဲ ဆက်၍အားပေးကြပါအုံး
ကျွန်တော်ဘဝအတွေ့အကြုံတွေနဲ့ ရင်းပြီးသီဆိုထားတာပါဟုပြောလိုပါတယ်
အားလုံးဘဝအမောတွေပြေပြီး ဂီတကို ခံစားနိုင်ကြပါစေလိုဆုတောင်းလိုက်ပါတယ်။

posted from Bloggeroid

မင်္ဂလာမန္တလေးတစ်နစ်ပြည့်နှင့်ငုရွှေဝါကွန်ဒိုဖွင့်ပွဲ

မင်္ဂလာမန္တလေး(၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ငုရွှေဝါကွန်ဒိုမီနီယံကို
ဖွင့်လှစ်ပွဲကျင်ပခဲ့သည်
==================================================

မန္တလေး ဖေဖေါ်ဝါရီ ၂၆
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ
မင်္ဂလာမန္တလေးအိမ်ရာအတွင်းရှိ ငုရွှေဝါကွန်ဒိုမီနီယံ ဖွင့်လှစ်ခြင်းအခမ်း
အနာနှင့်မင်္ဂလာမန္တလေး(၁)နှစ်ပြည့်အထိမ်းအမှတ်ပွဲကိုဖေဖေါ်ဝါရီလ
၁၆ ရက်နေ့ညနေ ၆ နာရီအချိန်ကစတင်၍ကိင်ပခဲသည်။

"မင်္ဂလာမန္တလေးဧရိယာအတွင်းမှာဘဲ ဒီငုရွှေဝါ ကွန်ဒိုကို မြေဧက ၁.၅၀
အတွင်းမှာတည်ဆောက်ထားတာဖြစ်ပါတယ် အခန်းတွေက ၃ အိမ်ခန်း
ဧည့်ခန်း အစရှိသည့်နိုင်ငံတကာအဆင့်မှီဖြစ်အောင်ဆောင်ရွက်ထားကာ
အခန်းတွေကို ကြိုတင်ရောင်ထားပြီးသားဖြစ်ပါတယ် ယနေ့ မင်္ဂလာမန္တလေး တစ်နစ်ပြည့်နဲ့ ငုရွှေဝါကွန်ဒိုမီနီယံဖွင့်ပွဲကတော့ဒီနေ့ဘဲ
ပြုလုပ်ဖြစ်တာ အားလုံးကလူတွေနေ နေကြပါပြီ တစ်ချို့ကတော့ ဝယ်ထား
ပြီး ငှါးထားတာတွေရှိပါတယ် နိုင်ငံခြားသားတွေ မန္တလေးကိုအလုပ်နဲ့လာ
နေသူတွေက ငှါးထားတာတွေရှိတယ်ဟုနယူစတားကုမ္ပံဏီကကိုဇင်မင်း
ဆွေကပြောသည်"။

"မင်္ဂလာမန္တလေးဧရိယာအတွင်းရှိငုရွှေဝါကွန်ဒိုမီနီယံဟာ သန့်ရှင်းသက်ရပ်
စွာတည်ဆောက်ထားပြီး ကွန်ဒိုမီနီယံ (A/B)ကြားတွင် ရေကူးကန်ပါရှိခြင်း
ကလေးကစားကွင်းနှင့်ကျန်းမာရေးလေးကျင့်ခန်း ခန်းမဆောင်ပါရှိပြီး
နိုင်ငံတကာအဆင့်မှီ လုံခြုံရေးများထားရှိပေးကာ ၂၄ နာရီ လျှပ်စစ်မီးရရှိခြင်
းမန္တလေးရာသီဥတုပူပြင်းဒဏ်များကိုအတက်နိုင်ဆုံးကာကွယ်ပေးထားခြင်း
မီးဘေးအတွက် လုံခြုံရေးစနစ်များပါရှိပြီး အခန်းပေါင်း ၅၆ခန်းပါဝင်တယ်
ဟု၎င်း၏ပြောသည်"။

အဆိုပါ အဆင့်မြင့်ငုရွှေဝါကွန်ဒိုမီနီယံ အခန်းတွေကို သန့်ရှင်းရေး လုံခြုံရေ
းဘက်စုံဝန်ဆောင်မှု့စရိတ်အဖြင့် ၂၀၁၆ ဖေဖေါ်ဝါရီလကနေစတင်၍တစ်
ခန်းလျှင် ၉၉ ဒေါ်လာကောက်ခံပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးအ
ဖွဲ့နှင့်နယူစတားကုမ္ပံဏီတို့ကမင်္ဂလာမန္တလေးအိမ်ရာစီမံကိန်းကိုအကောင်
အထည်ဖေါ်တည်ခဲသလို နယူစတားကုမ္ပံဏီအနေနှင့် မင်္ဂလာမူဆယ်အိမ်
ရာစီမံကိန်တို့ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။



posted from Bloggeroid

နိုင်ငံတကာ


မွန်ဘိုင်း နေရာတချို့ Selfie မရိုက်ရ

26.02.2016 06:54



အိန္ဒိယ မွန်ဘိုင်း ပွဲတော်တခုအတွင်းမှာ ဆယ်လ်ဖီ ရိုက်နေကြသူများ။



အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အခြာကျတဲ့ မြို့ကြီးဖြစ်တဲ့ မွန်ဘိုင်းမြို့မှာ Selfies လို့ခေါ်တဲ့ ကိုယ့်ပုံကိုယ် အပျော်တမ်း ဓာတ်ပုံရိုက် ရင်း သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ အတွက် မွန်ဘိုင်းမြို့တဝိုက်က ၁၆ နေရာကို Selfie ဓာတ်ပုံ မရိုက်ရ နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။

AP သတင်းဌာန အဆိုအရ ၂၀၁၄ ခုနှစ်ကစလို့ ကမ္ဘာပေါ်မှာ Selfie ဓာတ်ပုံရိုက်ရင်း ကမ္ဘာတဝှမ်း သေဆုံးသူ ၄၉ ယောက် ရှိခဲ့တဲ့ထဲက ၁၉ ယောက်ဟာ အိန္ဒိယမှာ ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။ သေဆုံးမှု ၂ ခုမှာ - ၁ ယာက်ကတော့ အိန္ဒိယနိုင်ငံ အလယ်ပိုင်း Nashik မြို့က ရေကာတာတခုအနီးမှာ ဒီလဆန်းပိုင်းတုန်းက Selfie ဓာတ်ပုံ ရိုက်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တာပါ။ သူ့ကိုကယ်ဖို့ ကြိုးစားတဲ့ အတန်းဖော်ဟာလည်း ရေနစ်သေဆုံးသွားပါတယ်။

ဇန်န၀ါရီလထဲမှာတုန်းကလည်း မွန်ဘိုင်းမြို့က ခရီးသွားတွေ မကြာခဏ အလည်အပတ် သွားကြတဲ့ Bandstand ခံတပ် အနီးက သမုဒ္ဒရာထဲ ပြုတ်ကျ ရာက ရေနစ်သေဆုံးခဲ့တာပါ။ နောက်ထပ် ဖြစ်ရပ်တခုကတော့ တမီးလ်နာဒူးက Kolli Hills တောင်မှာ အင်ဂျင်နီယာ ကျောင်းသားတယောက်ဟာ ဓာတ်ပုံရိုက်နေ တုန်း အောက်က ကျောက်တုံးပဲ့ပြီး လိမ့်ကျရာက ခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရပါတယ်။

posted from Bloggeroid

ဒီအင်္ကျီဝယ်မယ်

နှစ်ပေါင်းငါးထောင်ကျော်က ကိုယ်တိုင်းနဲ့ ချုပ်တဲ့ အင်္ကျီ အီဂျစ်မှာတွေ့။

ထပ်တွန့်တွေပါတဲ့ ချည်ထည်အင်္ကျီတစကိုရှေးဟောင်းသုတေသီတွေက ၁၉၁၃ ခုနှစ်က တွေ့ခဲ့ပါတယ်။ ကိုင်ရိုနဲ့ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ အဖောက်ခံ ထားရတဲ့ ရှေးဟောင်း အီဂျစ်ဂူင်္သချိုင်းတခုထဲက အစုလိုက်အပြုံလိုက် စွန့်ပစ်ထားတဲ့ အစတွေကြားမှာ ဒီအထည်စကိုတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။


အဲဒီကတဆင့် လန်ဒန်မှာရှိတဲ့ ဗစ်တိုးရီးယားနဲ့ အယ်လ်ဘတ် ပြခန်းမှာ ဒီအတိုင်း ထားခဲ့ပြီး ၁၉၇၇ ခုနှစ်ကျမှ သုတေသီတွေက ရှင်းလင်းရင်း ဒီအဝတ်အကြောင်း သိရှိလာတာဖြစ်ပါတယ်။ ဒီအဝတ်ဟာ လည်ပင်းနဲ့လက်ပဲ ကျန်နေတဲ့ အင်္ကျီအပိုင်းအစဖြစ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ဖက်ရှင်ကတော့ နှစ်ပေါင်းကြာမြင့်လှပြီဖြစ်ပြီး တွေ့ခဲ့သမျှ လူကိုယ်နဲ့တိုင်းပြီး ညှပ်ချုပ်ထားတဲ့ နမူနာထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီပြတိုက် တာဝန်ရှိသူဖြစ်တဲ့ ရိုဇာလင်းဟောလ်က ဒီအင်္ကျီဟာ သက်ရှိထင်ရှားရှိစဉ်က အမှန်တကယ် ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဖြစ်တယ်လို့ ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ချုပ်ရိုးက အပြင်ရောက်နေပြီး ခေါင်းပေါ်က ဆွဲချွတ်ထားခဲ့တာဖြစ်ကြောင်း နဲ့ တံတောင်ဆစ်နဲ့ ဂျိုင်းနေရာတွေမှာ ပြဲနေတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအင်္ကျီဟာ ရှေးအကျဆုံး လို့ ပြောနိုင်တာကတော့ အခု ရက်သတ္တပတ်အတွင်းမှာမှ ရေဒီယို ကာဗွန်နည်းနဲ့ စစ်ဆေးကြည့်တဲ့အခါ လွန်ခဲ့သော နှစ်ပေါင်း ၅ ထောင်နဲ့ ၅၄၀၀ အကြား ခေတ်က ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒီသုတေသန ကို ဖေဖော်ဝါရီလထုတ် ရှေးဟောင်း သုတေသန ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အရင်တုန်းက တွေ့ထားတဲ့ ရှေးအကျဆုံးအဝတ်က လွန်ခဲ့တဲ့ နှစ် ၁ ထောင်က အဝတ်အထည်ဖြစ်ပါတယ်။

posted from Bloggeroid

ဆင်းရဲဆုံးမြန်မာ

[

အာရှအဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းမှာ မြန်မာ ဒုတိယလိုက်

25.02.2016 07:50





အာရှတိုက်ရဲ့ အဆင်းရဲဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံတွေနဲ့ လူတွေရဲ့ စာရင်းတွေကို နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ Asian Ranking အင်တာနက် စာမျက်နှာကနေ ၂၀၁၅ ခုနှစ် အာရှတိုက်ရဲ့ အဆင်းရဲဆုံး ၁၅ နိုင်ငံစာရင်းကို ထုတ်ပြန်လိုက်ရာမှာ - မြန်မာနိုင်ငံက နံပါတ် ၂ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံအလိုက် လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေအပေါ် အခြေခံပြီး တွက်ထားတဲ့ ဒီစာရင်းအရ မြန်မာနိုင်ငံမှာ လူတဦးချင်းဆီရဲ့ တနှစ်စာဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာ ရှိတယ်လို့ ဖော်ပြထားတာပါ။

လယ်ယာစိုက်ပျိုးရေးနဲ့ နိုင်ငံခြားကုန်တင်ပို့မှုအပေါ် အဓိက အားထားနေရတဲ့ မြန်မာနိုင်ငံအတွက် အခုလို အာရှရဲ့ ဒုတိယအဆင်းရဲဆုံး နိုင်ငံ ဖြစ်လာရခြင်းမှာ - အစိုးရတာဝန်ရှိသူတွေရဲ့ စီးပွားရေး ဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေက အကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ Asian Ranking က ထောက်ပြထားပါတယ်။

အနိမ့်ဆုံးကတော့ အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇၇ ဒေါ်လာ ရှိတာဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ - မြန်မာနိုင်ငံရဲ့အထက် နံပါတ် ၃ နေရာမှာရှိနေပြီး၊ လူတဦးချင်းရဲ့ တနှစ်စာဝင်ငွေက အမေရိကန် ဒေါ်လာ ၂၀၈၃ ဒေါ်လာ ရှိပါတယ်။ အမြင့်ဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ လူတဦးချင်းရဲ့ တနှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၅၂၁၄ ဒေါ်လာရှိပေမဲ့ စီးပွားရေးဖွံ့ဖြိုးတည်ငြိမ်မှုက နိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို တဖြေးဖြေးချင်း လျော့နည်းလာစေတယ်လို့ ဆိုထားပါတယ်။ သူ့နောက်မှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့က ကပ်လျက် ရှိနေတာပါ။ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ လာအိုက နံပါတ် ၉ နေရာမှာရှိနေပြီး၊ ဗီယက်နမ် ကတော့ - နံပါတ် ၁၁ မှာ ရှိနေတာကို ပြသထားပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန်အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်လာနေတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၅ နှစ်အတွင်း တနှစ်ကို ၈ ရာခိုင်နှုန်းဝန်းကျင် စီးပွားရေးတိုးတက်လာနိုင်ဖွယ် ရှိတယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သုံးသပ်ခဲ့တာပါ။ ဒီလို တိုးတက်ဖို့အတွက် လက်ရှိ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာ ဖြစ်တာကြောင့် ကဏ္ဍတခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် Asain Ranking က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ အာရှမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာပါဝင်သလို၊ အာရှက သက်တမ်းအရင့်ဆုံး တက္ကသိုလ် ၂၀ စာရင်းမှာလည်း ရန်ကုန်တက္ကသိုလ် ပါဝင်ပြီး၊ အာရှရဲ့ အလှူဒါန အရက်ရောဆုံး ၁၀ နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။



]

posted from Bloggeroid

ရွှေတြိဂံ



မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ ရွှေတြိဂံဒေသ ပြ မြေပုံ။



အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးချိတ်ဆက်မှု စတင်လာချိန် မှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ ရွှေတြိဂံဒေသကနေ မူးယစ်ဆေးကုန်ကူးမှုတွေလဲ ဆက်လက်မြင့်မားနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။

UNODC လို့ အတိုကောက်ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံးအနေနဲ့ အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်ရာမှာ ဘိန်းနဲ့ Methamphetamines စိတ်ကြွဆေးပြားထုတ်လုပ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ဒီအရှေ့တောင် အာရှဒေသထဲကို ဆက်လက်တိုးပွားလာနေတယ်၊ ဒီဒေသတွင်းမှာ စီးပွားရေးချိတ်ဆက်မှု ဆက်ဖြစ်လာတနဲ့အမျှ ဒီပြဿနာက ပိုဆိုးလာဖို့ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

ဒီ ကုလသမဂ္ဂ မူးယစ်နဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ သုတေသီတွေက နယ်စပ်တွေ ပိုဖွင့်လာတာ၊ ကုန်သွယ်မှုပမာဏတွေ တိုးမြှင့်လာတာနဲ့အမျှ ဒီမူးယစ်ဆေးစီးဆင်းမှု ပိုမြန်လာဖို့ အခွင့်အလမ်းပိုရသွားတယ်၊ ဘာကြောင့်လဲဆိုတော့ တရားမဝင် ကုန်ကူးမှုတွေဟာ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းတွေကို လိုက်ပြီး အသုံးချနေလို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအပါအဝင် အရှေ.တောင်အာရှက ဒီ ဝေးလံခေါင်ဖျားနယ်စပ်ဒေသတွေဟာ ဗဟိုအစိုးရ အာဏာ သက်ရောက်မှု အကန့်အသတ်ဖြစ်နေပြီး၊ နယ်စပ်တွေဟာလဲ တိတိကျကျ သတ်မှတ်ထားတာမရှိတဲ့အတွက် ခုလို မူးယစ်ဆေးဝါးအပြင် အခြားနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်လာတာ ဆယ်စုနှစ်တွေ ချီလာခဲ့ပြီ၊ ဒီအထဲမှာ လူကုန်ကူးမှုနဲ့ တောတွင်းတရိစ္ဆာန်ကုန်ကူးမှုလဲပါတယ်လို့ ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ အစီရင်ခံစာထဲမှာပဲ ဒီတရားမဝင် ကုန်ကူးမှုတွေရဲ့ နှစ်စဉ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၀၀ ဘီလီလျံ ရှိတယ်၊ ဒီပမာဏဟာ အရှေ့တောင်အာရှနိုင်ငံများစွာရဲ့ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်ကုန်ပမဏ GDP ထက်တောင် များနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံထဲမှာ ရာဇဝတ်မှုနှိမ်နင်းရေး ဥပဒေသက်ဝင်မှု အားကောင်းလာချိန်မှာ တရုတ်နိုင်ငံက ရာဇဝတ်သားတွေဟာ ဥပဒေစိုးမိုးမှု အားမကောင်းတဲ့ အရှေ.တောင်အာရှနိုင်ငံတွေထဲ ပိုဝင်လာနေတာမို့ ASEAN အရှေ.တောင်အာရှနိုင်ငံများအဖွဲ့အနေနဲ့ စီးပွားရေးချိတ်ဆက်မှုအပြင် အားနဲနေတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လိုနေတယ်လို့ ဒီအစီရင်ခံစာက ထောက်ပြထားပါတယ်။

posted from Bloggeroid

မြန်မာစီးပွားရေးခန့်မုန်းချက်



Myanmar International Terminals Thilawa (MITT) deep sea port in Yangon


မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်းမှာ တနှစ်မှာ ပုံမှန်ဈေးနှုန်းတွေအရ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ် လိုက်ပါတယ်။

ဒီလိုတိုးတက်ဖို့အတွက် လက်ရှိမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောက်တက်လာမယ့် အစိုးရသစ် လက်ထပ်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာဖြစ်တာကြောင့် ကဏ္ဍ တခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်ပြောဆိုလိုက်ပါ တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသေးကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

လက်ရှိအစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် ကဏ္ဍအလိုက် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဒီကနေ့မှာ ကမ္ဘာ့ဘဏ်က ကဏ္ဍအလိုက် ပညာရှင်တွေ ကထောက်ပြ ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာပေမယ့် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံပမာဏနည်းနေသေးကြောင်း၊ အရှေ့ တောင်အာရှနိုင်ငံတိုင်းလိုနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထိရောက်မယ့် ကာကွယ်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒများမရှိ သေးကြောင်း ကမ္ဘာ့ဘဏ်က စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ ချားစ်စနိုက်ဒါက ပြောပါတယ်။ နောင်လာမယ့် အစိုးရလက်ထပ် ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို သူက ခုလိုပြောပါတယ်။

“ကုန်သွယ်မှုပိုင်းမှာ မျှတတဲ့ပတ်ဝန်းကျင်ကောင်းတွေရှိဖို့လိုအပ်နေတယ်။ ဒီအစိုးရလက်ထပ်မှာ ပြုပြင်ဖို့လို အပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကိုလာမယ့် အစိုးရလက်ထပ် မှာ ပြင်ဆင်လာ နိုင်မယ်ထင်တယ်။ ရေရှည်ရင်း နှီးမှုမှာ ယုံကြည်စိတ်ချနိုင်ဖို့ မူဝါဒရေးရာပိုင်း တွေပြင်ဆင်ဖို့ လိုအပ်နေတယ်။ အစိုးရဝန်ဆောင်မှုပိုင်းတွေလည်း အဆင့်မြင့်ဖို့လိုအပ်တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မနေ့ကဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေက ဒီဆွေးနွေးမှုဟာ အထူးအရေးပါတဲ့ဆွေးနွေးမှုတခုဖြစ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ တိုင်း ပြည်ကို အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကခုလိုပြောပါတယ်။

“မနေ့ကတွေ့ဆုံမှုမှာ ကမ္ဘာဘဏ်ရဲ့မူဝါဒပိုင်းတွေကို ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်အမတ်တွေနဲ့ပါ ဆွေးနွေးခဲ့တယ်။ အစိုးရသစ်လက်ထပ်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးနိုင်ဖို့ ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်။ တိုးတက်လုပ်ဆောင်မယ့် ကမ္ဘာဘဏ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။”

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းနိုင်ဖို့ လုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေကြောင်း၊ လူမှုရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အရင်ကထက် ဘဏ္ဍာငွေသုံးစွဲမှု အရင်ကထပ်တိုးတက်သုံးစွဲမှုတွေရှိလာပေမယ့် အခြားနိုင်ငံတွေနဲ့ယှဉ်ပါက နည်းပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က လှုမှုရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နှင်းနှင်းပိုင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံတွင်း ငွေကြေးဆိုင်ရာ လည်ပတ်စီးဆင်းနိုင်မှုအပိုင်းမှာ လွန်စွာအားနည်းနေကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့လိုအပ်နေပေမယ့်တောင့်တင်းခိုင်မာတဲ့ ဥပဒေတွေရှိဖို့လိုအပ်နေကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နန်းဌေးဌေးက လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ခုလိုထောက်ပြခဲ့ပါတယ်။

“ဖွံ့ဖြိုးရေးကဏ္ဍမှာ ခိုင်မာတောင့်တင်းသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်အုပ်ချုပ်မှု မှုဘောင်များကို ရေးဆွဲရန် လိုအပ်ပါတယ်။ ခေတ်မှီတဲ့ ငွေရေးကြေးရေး ကဏ္ဍ အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလိုအပ်တာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံပိုင် ဘဏ်များကို ပြုပြင်ပြောင်းလဲခြင်းကနေတဆင့် ငွေကြေးကဏ္ဍဖွဲ့စည်းပုံပြောင်းလဲမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တောင့်တင်းခိုင်မာသော ဥပဒေနဲ့ ကြီးကြပ် စစ်ဆေးမှု မူဘောင်တရပ်ကနေတဆင့် ကျမတို့ရဲ့ micro finance insurance အဲဒါတွေကို ကြီးကြပ်အုပ်ချုပ်ဖို့အတွက် government financial institution တွေဖြစ်တဲ့ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုံ့ဆော်ပေးရန် ကြိုးပမ်းဆောင်ရွက် ပေးရန်လိုအပ်တာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မျှတပြီးလူတိုင်းပေးဆောင်နိုင်မယ့် အခွန်စနစ်ကိုထူထောင်ဖို့ လိုအပ်နေတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခွန်ငွေကောက်ခံ မှုမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ် နေသေးကြောင်း၊ အစိုးရမူဝါဒရေးရာပိုင်းမှာ ပွင့်လင်းမှုလိုအပ်ချက်တွေရှိနေသလို တိကျခိုင်မာတဲ့ အစိုးရ ကပေးနိုင်မယ့် ပြည်သူ့ဝန်ဆောင်မှုတန်ဖိုးတခုကို တိကျစွာသတ် မှတ်ပြီး ပေးဆောင်ဖို့ လိုအပ်နေသေးကြောင်း၊ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်လည်ပေးဆောင် ရမယ့် ဝန်ဆောင်မှုအပိုင်း အားနည်းနေတာကြောင့် နောင်လာမယ့် အစိုးရလက် ထပ်မှာ ဒါတွေကို မဖြစ်မနေပြုပြင်ပြောင်းလဲ မှသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲရေးပူးပေါင်းပါဝင်မှု အဖွဲ့ခေါင်းဆောင် ရှာဘိမိုဟိက ပြောဆိုလိုက်ပါ တယ်။

ကမ္ဘာ့ဘဏ်ကနေ ပညာရေး၊ ကျန်းမာရေးစတဲ့လူမှု ၀န်ဆောင်မှုများ ရရှိနိုင်ရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်စေရေးနဲ့ယှဉ်ပြိုင်မှုရှိရေး၊ လူတိုင်း လက်လှမ်းမီတဲ့ ဘဏ္ဍာရေး စနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ စွမ်းရည် မြှင့်တင်ရေး စတဲ့ ကဏ္ဍ ၆ ခုအတွက် ပြုပြင်ပြောင်းလဲရမယ့် အချက် တွေကို ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ဒါတွေကို နောက်တက်လာမယ့် အစိုးရကိုလည်းချပြသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

posted from Bloggeroid

ဘိန်းဆန့်ကျင်


posted from Bloggeroid

Colgateမြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များ

မီဒီယာညီအကိုမောင်နှမများခင်ဗျာ


Colgate နှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ပူးပေါင်းလုပ်ဆောင်မှု၏ ရလဒ်တစ်ခုအဖြစ် ကောင်းမွန်သည့်သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးပါမှု အသိပညာသည် ၂၀၁၆ ခုနှစ်တွင်ပိုမိုမြင့်တက် လာပြီး ကျေးလက်နေပြည်သူများ၏ သွားနှင့်ခံတွင်းအသိပညာသည် လွန်ခဲ့သည့် ၅

နှစ်နှင့် နှိုင်းယှဉ်လျှင်  ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း  သတင်းထုတ်ပြန်ချက်ကို မီဒီယာညီအကိုမောင်နှမများ၏ သတင်းမီဒီယာများတွင် ရေးသားဖော်ပြနိုင်ပါရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပေးပို့အပ်ပါသည်။ အသေးစိတ်ထုတ်ပြန်ချက်ကို ပူးတွဲပါဖိုင်တွင်ကြည့်ရှုနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ကျွန်တော် ကိုကျော်ဇင်ထွန်း ဖုန်း ၀၉ ၉၇၀ ၂၇၈ ၆၇၃ (သို့)kyaw@zagarcommunications.comသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ခင်မင်ရင်းနှီးစွာဖြင့်

ကိုကျော်ဇင်ထွန်း

Zagar Communications


posted from Bloggeroid

ပြည်သူလွတ်တော်အတည်ပြု

ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသော အရေးကြီးအဆို ပြည်သူ့လွှတ်တော် အတည်ပြု.....

====================

စီးပွားရေး လုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ နိုင်ငံပိုင် စီမံကိန်းများကို နေရာတကျ စီမံခြင်းမပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှုစသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ရာ အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ပါဝင်ဆွးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲပေးသူ များသဖြင့် အဆိုကို အတည်ပြုခဲ့ပါသည်။

အဆိုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့အား လာရောက်ဖြေရှင်းရန် အကြောင်း ကြားခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ပေ။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာန များအား အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက အကြောင်းပြန်ကြားခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၁ မဲ၊ ကန့်ကွက်မဲ ၁၃၈ မဲ နှင့် ကြားနေ ၇ မဲ ဖြစ်သဖြင့် လွှတ်တော်မှ အတည်ပြု လိုက်ခြင်း ဖြစ်သည်။

credit: Thet Aung (ပုလဲ)

posted from Bloggeroid

အမှိုက်ပုံသစ်

ပြည်သူတွေစည်းကမ်းတကျ အမှိုက်စွန့်ပစ်တတ်စေဖို့ နဲ့ ပုံမှန်သုံးမရတော့တဲ့ ပစ္စည်းကနေ အမှိုက်ပုံး လုပ်လို့ရတယ်ဆိုတာကို ဗဟုသုတသိစေဖို့ ဆိုပြီး မန္တလေးမြို့ အထက ၂၆ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက သူကိုယ်တိုင် သူ့တပည့် ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ ဖန်တီးထားတဲ့ စွဲဆောင်မှုရှိတဲ့ အမှိုက်ပုံးတွေကို မန္တလေးရွှေနန်းတော်ကြီးနဲ့ ကျုံးတောင်ဘက်ခြမ်းက ကျုံးအလှဆင်ရေပန်းအနီးမှာ ခင်းကျင်းပြသ အသုံးပြုကြဖို့ ထားရှိပေးထားပါတယ်။

ဒီလိုနေရာချထား ပေးနိုင်ဖို့အတွက်ကိုတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်း စီစဉ်လိုက်တာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ကျုံးပတ်ပတ်လည်၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင် အစရှိတဲ့နေရာတွေမှာ ထားရှိပေးသွားဖို့ ကြိုးပမ်းနေပါတယ်လို့ ပေါ်ပြူနယူးစ်နဲ့တွေ့ဆုံစဉ် ၄င်းကပြောပါတယ်။

ဒေသအစိုးရ အဖွဲ့အစည်းတစ်ရပ်နဲ့ ပူးပေါင်းစီစဉ်ထားတာဖြစ်တဲ့အတွက် ဒီအမှိုက်ပုံးတွေဟာ ပြည်သူပိုင်ဖြစ်သွားပြီး ပြည်သူပိုင်ဖြစ်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးမှုပြုကြမယ်ဆိုရင်တော့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆/၁ နဲ့ ဖမ်းဆီးတရားစွဲဆို ခံရနိုင်ပါတယ်။

#PopularNews

posted from Bloggeroid

Thursday, February 25, 2016

ကချင်ပြည်သူတွေရဲအသံ

ကချင်ပြည်နယ် ၁၄၄ထုတ်ပြန်ပေးရန်ပြည်သူတွေ

တောင်းဆိုလျှက်ရှိ

posted from Bloggeroid

လိုင်စင်မဲတူမီးသေနတ်ဖမ်းမီ

ပဲခူးတိုင်ဒေသကြီး သာယာဝတီမြို့နယ် လှည်းလမ်းကျေးရွာအုတ်စု၊ဝဲအဝီယာကျေးရွာအနီးရှိ (ဒေသအခေါ်)ငါးဘတ်အိုင်တဲကုန်းတွင် ၂၄.၂.၂၀၁၆ရက်နေ့ ညနေ ၇း၃၀အချိန်းခန့်တွင် သာယာဝတီမြို့မရဲစခန်းအပိုင် သုံးဆယ်ဆည်အတွင် သုံးဆယ်ဆည်ရဲကင်းမှ လိုင်စင်မဲတူမီးသေနတ်များ တွေရှိသည်ဟုသတင်းပေးတိုင်တန်းချက်အရ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲဝင်များသည် ငါးဘတ်အိုင်တဲကုန်းတွင်နေထိုင်သူ

သန်ဇော်(ခ)ကရင် (29)နှစ်(ဘ)ဦးတင်လှ နေအိမ်တွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်တဲဘေးအတွင်မှ ကိုယ်ထည်နှင့် ပြောင်းအရှည် ၅ပေခန့် တူမီးသေနတ်တစ်လက်နှင့် ကိုယ်ထည်နှင့် ပြောင်းအရှည် ၄ပေ ၈လက်မခန့် တူမီးသေနတ်တစ်လက်တို့အား လိုင်စင်မဲ့သေနတ်များအဖြစ် စစ်ဆေးတွေရှိသဖြင့် သာယာဝတီမြို့မရဲစခန်းမှ (ပ)၅၅/၂၀၁၆ဖြင့်အမှုဖွင်ပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီ အမှုအား ဒုရဲအုပ်ဝင်းဌေးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲတာဝန်ရှိသူတစ်ဦးမှ DVBသို့ပြောပါတယ်
သတင်းပေးပို့သူ ဝဏ္ဏထွန်း

posted from Bloggeroid

စစ်ကိုင်းမီးလောင်မှု့

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဆင်တဲ ကျေးရွာတွင် 25.2.2016 ရက်နေ့မှာ် မီးလောင်မှု ဖြစ်ပွါး
မီးလောင်မှုဖြစ်စဉ်မှာ ဦးချစ်ဆန်းနေအိမ်း

မှ မီးဖိုဆောင် ထမင်း ဟင်းချက်ပြုတ်ရာမှ ပေါ့ဆမှုမှတဆင့်စတင်မီးလောင်မှု ဖြစ်ပွါးခဲ့သည်ဟု သိရသည်
အဆိုပါမီးလောင်မှုတွင် နှစ်ထပ်အိမ်သွပ်မိုး ၄ လုံ်း နှင့် ထန်းရွက်မိုးအိမ် ၄ လုံး စုစုပေါင်း နေအိမ် ၈ လုံး လောင်ကျွမ်းသွားခဲ့သည်
မီးလောင်မှု စတင်ဖြစ်ပွါးချိန်မှာ် နေ့လည် ၁၂ နာရီ ခန့်မှ စတင်လောင်ကျွမ်းပြီး နေ့လည် ၁:၄၅ နာရီ ခန့်တွင် မီးငြိမ်းသွားသည်ဟု သိရသည်
၎င်းမီးလောင်မှုတွင် ယင်းမာပင်မြို့မှ မီးသတ်ကား ၂ စီး ပုထိုးသာမှ မီးသတ်ကား ၁ စီး နှင့် ရွှေဆံပင် ရေသယ်ကား များဖြင့် ငြိမ်းသတ်ခဲ့ရသည်

ဌေးလှိုင်(09400408094)်

posted from Bloggeroid

မန္တလေးစက်မူဇုန်အလုပ်သမားများဆန္ဒပြ

အလုပ်ရှင် အလုပ်သမား ညှိနိုင်းမှု့ခြားတင်မာမှု့တွေရှိနေဖြင့်ဆန္ဒဖော်ထုတ်
ဖြစ်တာဟုဆို

==================================================
မန္တလေး ဖေဖေါ်ဝါရီ ၂၄
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မူမြို့သစ် ၆၂ လမ်းပေါ်ရှိ(PAPY)
မုန့်တိုက် စက်ရုံးအလုပ်သမားများ အလုပ်ရှင်အလုပ်သမာညှိနိုင်းမူ့ခြား
တင်မာမှု့တွေကြောင့် အလုပ်သမားများ ဆန္ဒပြတောင်းဆိုကြသည်ဟု
အလုပ်သမားများကပြောသည်။

"ဒီနေ့ကျွန်မတို့ဆန္ဒဖော်ထုတ်ဖြစ်တာက မရည်ရွယ်ဘဲ ဆန္ဒပြဖြစ်တာ
အဲဓိက ပြသာနာက အလုပ်ရှင်အလုပ်သမား နစ်ဦးသဘေားတူ စာချုပ်
တွေ ပထမအကြိမ် ချုပ်ထားပါလျှက်နဲ့ ကျွန်မတို့အလုပ်သမားတွေကို
အလုပ်မဆင်းခိုင်ဘဲ တံကားပိတ်ထားပြီး ကျွန်မအလုပ်သမားတွေကို
အလုပ်ကထုတ်ခြင်လို လုပ်နေလို တာ အလုပ်ရှင်ကတော့ဒီနေ့လာပြော
သွားပါတယ် ကျွန်မတို့ကို အလုပ်မဆင်းခိုင်လဲ လခပေးထားတာဘဲလို
ပြောပါတယ် စက်ရုံအတွင်းမှာလဲအလုပ်သမားတွေ လူစုလူဝေးဖြစ်မနေ
ရဘူးလို ကြော်ငြာဘုတ်မှာကပ်ထားပါတယ် ဒါတွေကိုမကျေနပ်လိုဒီနေ့
ဆန္ဒပြဖြစ်တာဟုအလုပ်သမားခေါင်ဆောင်တစ်ဦးဖြစ်သူမသန္ဒာကပြော
သည်"။

"POPY မုန့်စက်ရုံနှစ်ရုံမှ အလုပ်သမားများသည် တောင်းဆိုချက် ၁၂ ခုကိုတောင်းဆို ဆန္ဒဖော်ထုတ်လျက်ရှိရာ ၎င်းတို့တောင်းဆိုသည့်
မုန့်စက်ရုံမှ အလုပ်သမားများသည် ယနေ့နံနက် ၉ နာရီခွဲခန့်က စတင်ကာ စက်ရုံများရှေ့တွင် အင်းအား ၁၀၀ကျော်ခန့်ဖြင့် သပိတ်မှောက် လျက်ရှိပြီး အလုပ်ရုံတွင်း ဖိနှိပ်မှုများကို စက်ရုံပိုင်ရှင်များဘက်က ပြေလည်အောင် ညှိနှိုင်းပေးရန် တောင်းဆိုမှု့တွေ ပြုလုပ်ခဲ့ရာ နေခင်း ၂ နာရီခန်မှ အလုပ်
ရှင်ဘက်မှာဆက်၍ဆန္ဒမဖော်ထုတ်ရန် လာရောက်တားမြစ်ခဲသည်ဟု၎င်း
ကပြောသည်"

“ကျွန်မတို့က ဒီမှာရှိတဲ့အလုပ်သမားတွေအားလုံးရဲ့ဆန္ဒတွေကို ဖော်ထုတ်နေတာဖြစ်ပါတယ်၊ ဒီမှာတောင်းဆိုထားတာ ၁၂ ချက်ရှိပါတယ်၊ ဒီ ၁၂ ချက်ဟာ အလုပ်သမားအားလုံး ရသင့်တဲ့ အခွင့် အရေးတွေပါ၊ ဒီအခွင့် အရေးတွေ ဆုံးရှုံးနေလို့ တောင်းဆိုနေရခြင်းဖြစ်ပါတယ်၊ ဒီတောင်ဆိုချက်တွေကို စက်ရုံပိုင်ရှင်တွေဘက်က ညှိနှိုင်းဆွေးနွေးပြီး လိုက်လျောပးတဲ့ အထိ ဆန္ဒပြနေမှာပါ”ဟု POPY မုန့်စက်ရုံ -၁ မှ အလုပ်သမား ကိုယ်စားလှယ် မအိမ့်သက်ဖြူက ဆိုသည်။

အလုပ်သမားများအနေဖြင့် အလုပ်သမားများ၏ အခွင့် အရေးများရရှိခြင်းမရှိဘဲ ဆုံးရှုံးနေကြောင်း၊ ၎င်းတို့အနေဖြင့် အလုပ်သမားများရပိုင်ခွင့်များဖြစ်သည့် အလုပ်နားရက်များ၊ အချိန်ပိုကြေးများ၊ ဥပဒေအရသတ်မှတ်ပေးထားသော လုပ်အားခများ၊ အလုပ်လုပ်ချိန်များကို ဥပဒေများနှင့်အညီ ရရှိလိုကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ကို အားလပ်ရက် တစ်လလုံးမှ လပြည့်နေ့တစ်ရက်ပဲပေးခဲ့တယ်၊ နောက်ပိုင်းစက်ရုံ-၂ က ဆန္ဒပြလိုက်တော့ အားလပ်ရက်ကို ၄ ရက်ဆိုပြီးသတ်မှတ်ပေးတယ်၊ ဒါပေမယ့် တကယ်ပေးတာက လပြည့်လကွယ်နှစ်ရက်ပဲ တကယ်ပေးပြီးတော့ ကျန်တဲ့ ဥပုဒ်နေ့တွေမှာ အလုပ်သမားတွေ အလှည့်ကျ အလုပ်ဆင်းပေးရတယ်၊ အလုပ်ဆင်းရတဲ့ အလုပ်သမားတွေကိုလည်း အချိန်ပိုကြေးမပေးဘူး”ဟု ယင်းစက်ရုံတွင် နှစ်နှစ်ခန့် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

အလုပ်သမားများအနေဖြင့် ထမင်းစားချိန်ပင် နားရခြင်းမရှိဘဲ စက်ရုံအတွင်းမှ စက်များမရပ်နားစေဘဲ အလှည့်ကျ လုပ်ကိုင်ကာ ထမင်းကို တစ်လှည့်စီ စားကားလုပ်နေရကြောင်း၊ ကျန်းမာရေးအရ အလုပ်နားလိုသည့် အလုပ်သမားများမှာလည်း ခွင့်ရက်မရဘဲ အလုပ်လုပ်ကြရကြောင်း၊ တစ်နှစ်လုံးတွင် ခွင့်ရက် ၅ ရက်ပြည့်ပါက အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော ကိစ္စများကို အလုပ်သမားများက ဆန့်ကျင်နေကြကြောင်း၊ အခြားသောအားလပ်ရက်များအားလုံးတွင် နားရက်လိုချင်ကြောင်းနှင့် အလုပ်လုပ်ချိန်သည်လည်း တစ်ရက် ၈ နာရီမကဘဲ ပိုမိုလုပ်ကိုင်နေကြရကြောင်း အလုပ်သမားခေါင်းဆောင် ဦးတင့်ရှိန်စိုးက ပြောကြားသည်။

“ကျွန်မတို့ဘက်က ဘာမှ ပြောစရာမရှိပါဘူး၊ အလုပ်သမားတွေကို EC စာချုပ်ချုပ်ဖို့ပြောတယ်၊ သူတို့က မချုပ်တာပါ၊အဲဒီစာချုပ်မှာ ပါဝ်ငသင့်တဲ့ ပါဝင်ရမယ့် အချက်တွေ သူတို့ကိုတောင်းထားတယ်၊ သူတို့ရဲ့တောင်းဆိုချက်တွေက ကျွန်မတို့ဆီကို တရားဝင်တတ်လာတာ ဘာမှ မရှိတဲ့အတွက် မချုပ်နိုင်ဘူးဖြစ်နေတယ်၊ စာချုကပ်မချုပ်ရသေးတဲ့အတွက် ဒီလိုကိစ္စတွေဖြစ်နေရတာပါ”ဟု POPY စက်ရုံ ၁ မှ ကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်က ဆိုသည်။

အလုပ်သမားများပြောကြားထားသည့် အချက်အချို့သည် မဟုတ်မှန်ကြောင်း၊ အလုပ်သမားများက အလုပ်၏ ပြောင်းလဲမှုများကို သိရှိနားလည်မှု မရှိသည့် ပြောကြားကြခြင်းသာဖြစ်ကြောင်း၊ အလုပ်ချိန်ကိုလည်း အလုပ်သမားများပြောသည့် နံနက် ၆ နာရီခွဲမှ စတင်ဆင်းရပြီး ညနေတွင်လည်း အလုပ်ပြီးမှ သာနားရသည်ဆိုသည်မျာ မဟုတ်မှန်ဘဲ နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခွဲထိသာ စေခိုင်းခြင်းဖြစ်ကြောင်း၊ အလုပ်သမားများသည် ဥပဒေပါအချက်အလက်များကို အလုပ်သမားသမဂများမှ ရှင်းလင်းပြောကြားသည်များကို နားလည်မှုလွဲစွာတောင်းဆိုနေကြဖြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းစက်ရုံအလုပ်သမားများအနေဖြင့် ပြီးခဲ့သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဆန္ဒပြတောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ကြပြီး၊ အလုပ်ရှင်များနှင့် အလုပ်သမားများ ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြေလည်မှုရခဲ့သော်လည်း၊ အလုပ်ရှင်ဘက်မှ သဘောတူညီချက်များကို လိုက်လျောခြင်မရှိခဲ့ဘဲ အလုပ်သမားများ အခွင့်အရေးများကို ဆက်လက်ဆုံးရှုံးခဲ့ရကြောင်း၊ အလုပ်နားရက်များကို အခြားအလုပ်ရုံစက်ရုံများနည်းတူ တနင်္ဂနွေရက်များတွင်သာ ရလိုပြီး၊ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် အလုပ်နားရက်များတွင်လည်း အလုပ်နားခွင့်ရလိုကြောင်း အလုပ်သမား
အခွင့်အရေးအပြည့်အဝရရှိစေရေးအတွက် အလုပ်ရှင်အလုပ်သမားပြသာ
နာအဓိကဖြေရှင်များကြားမယ်ဟုအလုပ်သမားများ၏ပြောပြချက်အရသိရ
သည်။



posted from Bloggeroid

နိုင်ငံတကာ



အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ နိုင်ငံခြားရေးဝန်ကြီး John Kerry က အင်္ဂါနေ့က တင်သွင်း လိုက်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးငွေစာရင်းဟာ ၂၀၁၆ ခုနှစ်အတွက် တင်သွင်းခဲ့တဲ့ ဒေါ်လာ ၅၀ ဘီလီယံလောက် ပျမ်းမျှရှိတယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

အခုတင်သွင်းတဲ့ ရသုံးခန့်မှန်းငွေစာရင်းမှာ နိုင်ငံခြားရေးဌာနအနေနဲ့ ကမ္ဘာတ၀ှမ်း ဘယ်လိုကဏ္ဍတွေမှာ သုံးစွဲနေတယ် ဆိုတာတွေကို ၀န်ကြီးကယ်ရီက ထည့်သွင်း ပြောကြားရာမှာ မြန်မာနိုင်ငံ အပါအ၀င် အာရှတိုက်ရှိ နိုင်ငံတွေမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လုပ်ဆောင်ချက်တွေကို ကြားနာစစ်ဆေးပွဲမှာ အခုလို ရှင်းလင်း တင်ပြခဲ့ပါတယ်။

“အာရှတိုက်အတွင်းမှာ မဟာမိတ်တွေနဲ့ လက်တွဲပြီး မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုတွေကို တွန်းလှန် တိုက်ထုတ်နေသလို အာဖဂန်နဲ့ ပါကစ္စတန် နိုင်ငံတို့ရဲ့ အစွန်းရောက် အကြမ်းဖက်မှု တိုက်ခိုက်ရေး အစီအစဉ်တွေမှာလည်း ပူးပေါင်း ပါဝင်နေပါတယ်။ နောက် အိန္ဒိယနိုင်ငံနဲ့ မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတို့ရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကို ကူညီ ဆောင်ရွက်ပေးနေပါတယ်။ တောင်တရုတ်ပြင်လယ်ပြင်အတွင်း ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အားပေးအားမြှောက်ပြုပေးနေပေမဲ့ အဲဒီ ဒေသတွင်းမှာ စစ်ရေးတည်ဆောက်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အဲဒီ ရည်မှန်းချက်ကို အထောက်အကူမပြုဘဲ ဖြစ်နေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ၀န်ကြီးကယ်ရီက အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေး ဦးစားပေး လုပ်ငန်းတွေထဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ် ဆက်လက် ပေါ်ထွန်းလာရေးနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေနဲ့ ရိုဟင်ဂျာ လူနဲစုတွေအပေါ် ရည်ရွယ်ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးတို့ အတွက်လည်း အမေရိကန် ပြည်ထောင်စုက ကြိုးစား ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ အသုံးစားရိတ် တောင်းခံချက်မှာ ၀န်ကြီးကယ်ရီက ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂၀၁၇ ခုနှစ်အတွက် တင်သွင်းတဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းဟာ အမေရိကန်အစိုးရ ဘတ်ဂျက်တခုလုံးရဲ့ ၁% သာ ဖြစ်တယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြေင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀ အခြေအနေတွေ တိုးတက် ကောင်းမွန်စေရေးတို့အတွက် အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ်ကစလို့ ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် - မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းစာမှုဆိုင်ရာ အကူအညီတွေ၊ IOM နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ကူညီကယ်ဆယ်ရေးအဖွဲ့က တောင်းဆိုလာတဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်၊ ဆိုင်ကလုန်း ကိုမန်ဘေးဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီပေးရေးနဲ့ တခြား လိုအပ်ချက်တွေအတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ဒေါ်လာ ၆၂ သန်းကျော် အကူအညီပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တချိန်ထဲမှာပဲ ထိုင်း-မြန်မာနယ်စပ်အပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်တွေကိုလည်း အရေးပေါ် အကူအညီတွေ အမေရိကန်ပြည်ထောင်စုက ဆက်လက် ပေးနေတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

posted from Bloggeroid

စစ်ဘေးဒုက္ခသည်



ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်မျ

မြန်မာနိုင်ငံ မြောက်ပိုင်းနေရာအချို့မှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားအထိအခိုက်တွေနဲ့ ဒုက္ခသည်ထောင်ဂဏန်းလောက် ထွက်ပြေးနေကြ ရတဲ့အခြေအနေ အပေါ်မှာ အီးယူ ဥရောပသမဂ္ဂအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း အီးယူ ဥရောပသမဂ္ဂ ရန်ကုန်ရုံးက ထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေကြောင့် လူမှုအသိုက်အ၀န်းအတွင်းက အမျိုးသမီးနဲ့ကလေးငယ်တွေလို အကာအကွယ်လိုအပ်သူတွေရဲ့ အသက်အန္တရယ်တွေ စိုးရိမ်စရာရှိပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေလိုအပ်တဲ့ ယုံကြည်မှုတွေကိုလည်း ထိခိုက်စေတယ်လို့ အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

အားလုံးပါဝင်ပြီး အရှည်တည်တံမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေအားလုံး ချက်ခြင်းရပ်ဆိုင်းထားနိုင်ဖို့ ပဋိပက္ခမှာပါဝင်တဲ့ ဘက်အားလုံးက အခြေအနေတွေကို ထိမ်းထိမ်း သိမ်းသိမ်း ကိုင်တွယ်ကြဖို့နဲ့၊ တွေ့ဆုံဆွေးနွေး ကြဖို့ အီးယူ ဥရောပသမဂ္ဂအနေနဲ့ တိုက်တွန်းတယ်လို့ အီးယူဥရောပသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေးတာဝန်ခံ Valerie ZIRL က ဗွီအိုအေကို ပြောသွားတာပါ။

ဒါ့အပြင် ပဋိပက္ခတွေဖြစ်ရာ နယ်မြေအတွင်းက အရပ်သားတွေရဲ လိုအပ်ချက်တွေကို ဖြည့်ဆည့်းနိုင်ဖို့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက်လည်း ၀ိုင်းဝန်းအဖြေရှာညှိုနှိုင်းဆောင်ရွက်ကြဖို့ အီးယူက တိုက်တွန်းပါတယ်။ အခုနှစ်ဆန်းပိုင်းက စလို့ ရှမ်းပြည်နယ်အတွင်းမှာ TNLA ပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ SSA တောင်ပိုင်း တပ်ဖွဲ့အကြား နယ်မြေအငြင်းပွားပြီး အပြန်အလှန်တိုက်ပွဲတွေဖြစ်တာကြောင့် ဒုက္ခသည် သုံးထောင်ကျော် နေရပ်တိမ်းရှောင်နေကြရသလို၊ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အခြားရှမ်းပြည် ဒေသအချို့မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။

TNLA နဲ့ SSA တောင်ပိုင်းအကြား ပဋိပက္ခအပေါ်မှာ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေက ကြားဝင်ညှိုနှိုင်းဖို့ကြိုးစားနေချိန်မှာပဲ၊ TNLA နဲ့ မြန်မာစစ်တပ်တို့ တပ်ပွဲတွေလည်း ဆက်ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ ရန်ကုန်အမေရိကန်သံရုံးကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရှမ်းပြည်တိုက်ပွဲအခြေအနေအပေါ် အရေးကြီးအဆို တင်သွင်းခဲ့ပြီး၊ တိုက်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုခဲ့ပါတယ်။

posted from Bloggeroid