Saturday, January 9, 2016

မြစ်ကြီးနာ မန္တလေး ကုန်တင်ရထား တွဲချော့တိမ်မှောက်

ကြီးနား မှ မန္တလေးသို့ ထွက်ခွာလာသော ကုန်ရထား တွဲချော်တိမ်းမှောက် 
==============================
ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ရထားဟာ နဘားနဲ့ အင်းတော် အကြားရှိ မိုင်တိုင်အမှတ် ၅၈၇- ၁၉/၂၀ ကြားမှာ ၉.၁.၂၀၁၆ ရက်နေ့ ၁၂း၄၅ နာရီအချိန်က တွဲချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ကုန်ရထား ၄ တွဲ တွဲချော် တိမ်းမှောက်သွားတာနဲ့ ပတ်သက်လို့ မီးရထားမောင်းနှင်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိသော်လည်း မီးရထား သံလမ်းပိုင်း ပျက်စီးသွားမှု အခြေအနေအရ နောက်ရက် ညနေပိုင်းလောက်တွင် ပုံမှန် သွားလာနိုင်ရန် စီစဉ်နေကြောင်း အင်းတော် ဘူတာရုံပိုင်းကြီး ဦးတိုးတိုး က ပြောပါတယ်။

သတင်းဓါတ်ပုံ
ရဲလင်းအောင်

No comments:

Post a Comment