Sunday, January 31, 2016

လွတ်တော်အတွက် အသင့်ရှိ

ဒုတိယအကြိမ် လွှတ်တော်အတွက် NLD အသင့်ရှိ

01.02.2016 04:27

ထက်အောင်



NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။၂၈ ဇန်န၀ါရီ ၂၀၁၆ (သတင်းဓါတ်ပုံ-NLD Chairperson)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ စတင်ဦးဆောင်တော့မယ့် ဒုတိယအကြိမ်မြှောက် လွှတ်တော်အစည်းအဝေးအတွက် NLD ကိုယ်စားလှယ်တွေ အဆင်သင့်ဖြစ်နေပြီလို့ NLD တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စတင်ပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို အတည်ပြုမှာ ဖြစ်သလို ဖေဖ၀ါရီလ ၃ ရက်နေ့မှာလည်း အမျိုးသား လွှတ်တော်ကို စတင်မှာဖြစ်တယ်လို့ NLD တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အပြည့်အစုံကိုတော့ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။



စစ်အုပ်ချုပ်ရေး စနစ်ကနေ အသွင်ပြောင်းပြီး အရပ်သားအစိုးရတစ်ပိုင်း ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ အများစု နေရာယူခဲ့ကြတဲ့၅ နှစ်တာ လွှတ်တော် အစည်းအဝေးတွေ ပြီးတဲ့နောက် ဒုတိယ အကြိမ်မြှောက် လွှတ်တော်အသစ်ကိုတော့ ပြည်သူတွေ ရွေးချယ် တင်မြှောက်ခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ်တွေက ဦးဆောင် တော့မှာဖြစ်ပါတယ်။

ဒီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အခုလို ပြောဆို လိုက်ပါတယ်။

“အဆင်သင့်ဖြစ်နေပါပြီ။ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်းရောက်နေပြီ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ၂၅၅ ယောက်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် က ၁၃၅ ယောက်၊ ပေါင်း ၃၉၀ ။ အားလုံး ဒီ ၀န်းထဲမှာရှိကြတယ်။ တော်တော်ထူးခြားတယ် အရင် ၂၀၁၂ တုန်းကတော့ ကျနော်တို့နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ၊ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်ရေးက သူတို့ ဝန်းနဲ့ သူတို့ ရှိတာကို ။ နောက်လာမယ့် လွှတ်တော်ကို ထိထိရောက်ရောက်နဲ့ သပ်သပ်ရပ်ရပ်နဲ့ တိုင်းသူပြည်သားအများမျှော်လင့်သလို သိက္ခာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့အတွက် ကျနော်တို့က ကြိုပြီးတော့မှာ သူတို့ကို ပံ့ပိုးပေးနေတာ။ အဆင်သင့်ဖြစ်နေပါပြီ။ ”

ဒါ့အပြင် NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုလည်း အဂတိလိုက်စားမှုမရှိအောင် ဒေါ်အောင်ဆန်းစုကြည်က တင်းတင်းကြပ်ကြပ် သတိပေးထားတယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။

“သမိုင်းဝင် အပြောင်းအလဲ၊ ဒါ ပေါ့ပေါ့တန်တန်မထားကြဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်တဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ရအောင်လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုနဲ့ ပံ့ပိုးမှုက အဓိက အခရာပဲ၊ ဘာပဲလုပ်လုပ် နှလုံးသွင်းပြီးတော့ လုပ်ကြဖို့။ ဒါပေမယ့် သတိပေးတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူပေါ့ Corruption ကို လုံးဝလက်မခံဘူး။ အဂတိတရားကို လုံးဝလက်မခံဘူး။ လက်မခံတဲ့အကြောင်းက ကျနော်တို့က ပြောင်းလဲချိန်တန်ပြီဆိုပြီး ကြွေးကြော်သံနဲ့ ပြည်သူလူထုက ထောက်ခံတာ။ အရင်က အစိုးရလိုပဲ လာဘ်စားပြီးတော့ ချမ်းသာလာလို့ရှိရင် ဘာမှ အဓိပ္ပါယ် လည်းမရှိဘူး။ ကြိုးစားရတာလည်း မနှပ်ဘူး။ ဒါကြောင့်မို့လို့ အကုန်လုံးကို သတိပေးတယ် ။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က သတိပေးတယ်။”

ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် သဘာပတိကို ရွေးချယ်သွားမှာဖြစ်သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ တို့ကိုလည်း အတည်ပြုရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ကျမှ စတင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၇၈ အရ ပြည်သူ့လွှတ်တော်ရဲ့ ပထမအစည်းအဝေးစတင်နေ့ကစလို့ ၁၅ ရက်အတွင်းမှာ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရမှာ ဖြစ်တာကြောင့် လွှတ်တော် ၂ ရပ် ကိုယ်စားလှယ်တွေ တတ်ရောက်ကြမယ့် ပြည်ထောင်စုလွှတ်တော်ကိုလည်း ဒီရက်ပိုင်းအတွင်းမှာ ခေါ်ယူသွားမယ်လို့ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ဗွီအိုအေ ကို ပြောပါတယ်။

“ဥပဒေအရ ကတော့ ပြည်သူ့လွှတ်တော်ခေါ်ပြီးရင် ကျနော်တို့မှာ အချိန်တပတ် ရပါတယ်။ အဲဒီ အချိန်တပတ်မှာ အမျိုးသားလွှတ်တော်ခေါ်ရပါတယ်။ အမျိုးသားလွှတ်တော်ခေါ်ပြီးလို့ နောက်တပတ်မှာ ပြည်ထောင်စုလွှတ်တော်ကိုခေါ်ရပါတယ်။ အဲတော့ ကျတော်တို့ကတော့ ကျနော်တို့ရဲ့ process အတိုင်းပဲပေါ့နော်၊ အချိန် Gap ရယ် ၊ ကျနော်တို့လုပ်မယ့် process တွေရယ်၊ အားလုံးကို အဆင်ပြေချောမွေ့ဖို့အတွက်၊ပထမဆုံး၂ ရက်ကတော့ ပြည်သူ့လွှတ်တော်ကိုခေါ်ပါတယ်။ တတိယနေ့မှာ အမျိုးသားလွှတ်တော်ကို ခေါ်ပါတယ်။ အဲဒါပြီးလို့ရှိရင် သင့်တင့်တဲ့နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ပါမယ်။ ၂၀၁၁ တုန်းကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် တပြိုင်တည်းခေါ်ပါတယ်။ ကျနော်တို့ကျတော့ ကျနော်တို့ အချိန်ရပါတယ်။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော်ခေါ်ပြီး ၂ ပတ်အချိန်ရပါတယ်။ ဒါပေမယ့် ကျနော်တို့ သင့်တင့်တဲ့အချိန်ရောက်ရင်ခေါ်မှာပါ။ ဒီအတွင်းမှာ within the period အတွင်းမှာပဲ၊ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ခေါ်မှာပါ။ ကျနော်တို့မှာ timetable ရှိပါတယ်။”

ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေကနေ ရွေးချယ်မယ့် ဒုတိယ သမ္မတ ၃ ယောက်ထဲကနေ နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်မှာ မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ NLD လွတ်တော်ကိုယ်စားလှယ်တွေ အများစု နေရာရထားတဲ့ လွှတ်တော် ၂ ရပ်က ဘယ်သူ့တွေကို ဒုသမတ ရွေးကောက်တင်ပြသွားမလဲဆိုတာနဲ့ နို်င်ငံရဲ့သမ္မတ ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ပြည်တွင်းကော နို်င်ငံတကာ အသိုင်းအ၀ိုင်းကပါ စောင့်ကြည့်နေကြပါတယ်။ ပြည်သူအများစုကတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စလုံးက အတားအဆီးဖြစ်နေပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က အခုလို ပြောဆိုပါတယ်။

“အခုအချိန်မှာတော့ ဂျာနယ်တွေ ဘာတွေရေးနေတာကတော့ အများကြီးပေါ့ဗျာ။ ကျနော်တို့လည်း ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူနဲ့ဘောင်နဲ့ စည်းကမ်းနဲ့အရ အကောင်းဆုံးတော့လုပ်မှာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ချင်ပါတယ်။”

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ရှေးရှု့ခဲ့သလို ပြီးခဲ့တဲ့ လွှတ်တော်တွင်း အစည်းအဝေးတွေမှာလည်း ပုဒ်မ ၅၉ စနဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့်လို့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒီတစ်ခေါက် မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ ဒီ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆက်ကြိုးစားသွားမယ်လို့ NLD ကပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ(၃)ရက် မှာ အမျိုးသားလွှတ်တော်စတင်ပြီး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို နောက်သီတင်းပတ်အတွင်းမှသာ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်တွေကိုလည်း ဖေဖော်ဝါရီ(၈) ရက်နေ့မှာ ခေါ်ယူသွားမှာဖြစ်ပါတယ်။

posted from Bloggeroid

ညောင်နီကျေးရွာအားကယ်တင်မယ်သူပေါ်


ပြင်ဦးလွင်မြို့၊ ညောင်နီကျေးရွာမြောက်ခြံနှင့်ဗိုလ်ချုပ်ရွာအစပ်ရှိ ကျူးဟုဆိုကာ ဖယ်ရှားခံရသော အိမ်ထောင်စု ဒုက္ခသည်များအား စာရေးဆရာလမင်းမောင်မောင်မှ ညောင်နီကျေးရွာရှိ၎င်းပိုင်သောစာပေကျေးရွာရိပ်မွန်နှင့် မနီးမဝေးတွင် မြေ၀ိုင်းကွက်များလှူဒါန်းရန်စီစဉ်။

ယခုတလော ဖေ့ဘုတ်သတင်းစာမျက်နှာအတော်များများမှာ ပြင်ဦးလွင်မြို့ ၊ညောင်နီကျေးရွာ မြောက်ခြံနှင့်ဗိုလ်ချုပ်ရွာအစပ်ရှိ ကျူးကျော် နေထိုင်သူများကို အင်အားသုံးဖယ်ရှားတဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို တက်လာ နေပါတယ်။
ဖြစ်တာက ညောင်နီကျေးရွာ မြောက်ခြံနှင့် ဗိုလ်ချုပ်ရွာရဲ့ အစပ်မှာဖြစ်တာပါ။ 
ဒီသတင်းကို ပေးလာခဲ့တာကတော့ ပြင်ဦးလွင်၊ ညောင်နီကျေးရွာ မြောက်ခြံမှာ နေထိုင်ပြီး ညောင်နီကျေးရွာရဲ့တောင်ဘက်မှာ စာပေကျေးရွာရိပ်မွန်နဲ့ စာပေသက်ကြီးစောင့်ရှောက်ရေးဂေဟာ တည်ထောင်ဖို့ ကြိုးစားနေတဲ့ ဆရာ လမင်းမောင်မောင်ပဲဖြစ်ပါတယ်။
ဆရာလမင်းမောင်မောင်ဟာ ညောင်နီကျေးရွာ မြောက်ခြံမှာ နေထိုင်ကာ ညောင်နီကျေးရွာတောင်ဘက်တွင် စာပေကျေးရွာရိပ်မွန်ကို တည်ထောင်နေတာ ဖြစ်တဲ့အတွက် ဆရာ့ဆီကို မိတ်ဆွေစာရေးဆရာများ၊ ရုပ်ရှင်ဂီတနဲ့ အနုပညာရှင်များ၊ သတင်းမီဒီယာသမားများရဲ့ ဖုန်းကွန်တက်အများအပြားရဲ့ လှမ်းမေးမြန်းမှုကို ခံရတာကြောင့် အခုလို စာပေကျေးရွာရိပ်မွန်တည်ရှိရာ ညောင်နီကျေးရွာရဲ့ တောင်ဘက်မှာ ဖြစ်တာမဟုတ်ပဲ ညောင်နီကျေးရွာ မြောက်ခြံရဲ့အစပ်မှာဖြစ်တာ ဖြစ်ကြောင်း။
ကျွန်တော် ပေါ်ထွန်း(ကျောက်မီး) ဆီကို ဖုန်းဆက်ပြောပြပါတယ်။
တဆက်တည်း ဆရာလမင်းမောင်မောင်က ဖယ်ရှားခံရတဲ့ မိသားစုများအတွက် သူပိုင်တဲ့ ညောင်နီကျေးရွာတောင်ဘက်ရှိ စာပေကျေးရွာရိပ်မွန်နှင့် မနီးမဝေးမြေများထဲမှ တစ်ဧကခန့်ကို မြေ၀ိုင်းများစနစ်တကျအကွက်ရိုက်ပြီး လှူဒါန်းပေးသွားမှာ ဖြစ်တဲ့ အကြောင်းကို ယခုလို ပြောပါတယ်။ 
“တပ်နယ်က ဖယ်ရှားခံရတဲ့ ဒုက္ခသည် မိသားစုများကို ကျွန်တော့ရဲ့စာပေကျေးရွာရိပ်မွန်နဲ့ မနီးမဝေးက ကျွန်တော်ပိုင်တဲ့ မြေတစ်ဧကလောက်မှာ အနည်းဆုံး ပေ ၂၀ ၊ပေ ၄၀ တစ်ကွက်စီလှူဖို့ စီစဉ်နေပါတယ်ခင်ဗျ။ 
သို့ပေမယ့် အလှူခံသူများဟာ စည်းကမ်းချက်အချို့ကိုတော့လိုက်နာရပါလိမ့်မယ်။
ကျွန်တော်လှူတဲ့မြေနေရာကို ရောင်းချခွင့်မရှိပါဘူး။ ၄င်းမြေပေါ်မှာ မရောင်းချပဲ သားစဉ်မြေးဆက် နေလိုက နေနိုင်ပါတယ်။ မနေလိုတဲ့အခါ ကျွန်တော်လမင်းမောင်မောင်ထံကို ပြန်လည်အပ်နှံ့ပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် လက်လွဲခြင်း၊ ရောင်းချခြင်း မပြုပါဘူး ဆိုတဲ့အကြောင်းကို ရပ်ကျေးအဖွဲ့အစည်း၊ မြေယာကော်မတီများရဲ့ရှေ့ မှာဝန်ခံကတိစာချုပ် ချုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ လက်လွဲခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ခဲ့လျှင်လည်း ၄င်းလက်လွဲခြင်း ၊ ရောင်းချခြင်းများဟာ အကျုံးဝင်မည်မဟုတ်ပဲ လက်လွဲယူသူ၊ ၀ယ်ယူသူများသာ ဆုံးရှုံးနစ်နာခြင်းဖြစ်မှာ ဖြစ်ပါတယ်။”
ဆရာလမင်းမောင်မောင်က အခုလို ဆက်ပြောပါတယ်။
“မြေကိုပဲလှူမှာဖြစ်ပါတယ်။ အဆောက်အဦး၊ ရေ စတာတွေကတော့ မိမိတို့ဘာသာ ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အခုလိုလှူဖို့ စီစဉ်တာကလည်း မြင်ရ ကြားရတာတွေကို စိတ်ဆင်းရဲဖြစ် ကရုဏာသက်ဖြစ်ရလွန်းလို့ လှူဒါန်းပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်ခင်ဗျာ” လို့ ဆရာလမင်းမောင်မောင်က ပြောကြားသွားပါတယ်။
ဒါကြောင့် 
ပြင်ဦးလွင်မြို့ ၊ ညောင်နီကျေးရွာ မြောက်ခြံနှင့် ဗိုလ်ချုပ်ရွာအစပ်မှ ကျူးဟုဆိုကာ ဖယ်ရှားခံရတဲ့ ဒုက္ခသည်များအား
ဆရာလမင်းမောင်မောင်မှ ညောင်နီကျေးရွာ၏ တောင်ဘက် သူပိုင်တဲ့ စာပေကျေးရွာရိပ်မွန်နှင့် မနီးမ၀းမှာ မြေ၀ိုင်းကွက်များ လှူဒါန်းပေးဖို့ အတွက် ရပ်ကျေးအဖွဲ့အစည်း၊ မြေယာကော်မတီများနှင့် တိုင်ပင်စီစဉ် နေကြောင်း ဆရာ လမင်းမောင်မောင်ရဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မိမိနိုင်သလောက် လှူဒါန်းပေးတဲ့ အလှူအတွက် ဆရာလမင်းမောင်မောင်အား ချီးကျူးဂုဏ်ပြု သာဓုခေါ်လိုက်ရပါတယ်ခင်ဗျာ…။

သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေဟု ဆန္ဒပြုလျှက်

ပေါ်ထွန်း(ကျောက်မီး)


posted from Bloggeroid

ငြမ်းချမ်းရေးညီလာခံ ထောက်ခံပွဲကျင်ပ

ကျောက်မဲမြို့တွင် ၃၀-၁-၂၀၁၆ ရက်နေ့ နံနက် ၈း ၃၀ အချိန်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြိုဆိုထောက်ခံပွဲအခမ်းအနားကို ကျောက်မဲခရိုင်အားကစားကွင်းမှစတင်၍ချီတက်ခဲ့ကြရာ လူထုအင်အားခန့်မှန်း ၁၅၀၀ ကျော်ဖြင့် မြို့တွင်းလှည့်လည်၍ ထောက်ခံကြိုဆိုခဲ့ကြပြီးနောက် မြို့တော်ခန်းမတွင် ပြည်ထောင်စုင်ြမ်းချမ်းရေးညီလာခံကြိုဆိုထောက်ခံပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့သည်။



posted from Bloggeroid

ပိုင်ရှင်မဲ မူးယစ်ဆေးများဖမ်းမီ



ကျောက်မဲဘူတာရုံတွင် ဘိန်းဖြူနှင့်စိတ်ကြွရူးသွပ်ဆေးပြား ခန့်မှန်းတန်ဘိုး သိန်း ၁၀၀၀ ကျော်ဘိုး ပိုင်ရှင်မဲ့သိမ်းဆည်းရမိ ။
~~~~~~~~~~~~~~~~~~~~
ကျောက်မဲမြို့ ဘူတာရုံတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁း၄၀ အချိန်က လာရှိုးမှမန္တလေးသို့မောင်းနှင်လာသော အမှတ် ၁၃၂ အစုန်ရထားပေါ်တွင် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားအမြောက်အများသိမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖြစ်ပွားပုံမှ ရထားတပ်ဖွဲ့ တပ်ခွဲ ၅ တပ်စု ၂ ကျောက်မဲမြို့မှတပ်စုမှူး ဒုရဲအုပ်အောင်ဘိုဘိုဦးနှင့်အတူ ကျောက်မဲမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းမင်း ခရိုင်မှု/ကူ အဖွဲ့တို့မှ ဘူတာရပ်ဝန်းလုံခြုံရေးဆောင်ရွက်နေစဉ် လားရှိုးမှမန္တလေးသို့မောင်းနှင်လာသော အမှတ်၁၃၂အစုန်ရထားဆိုက်ရောက်လာစဉ် ရထားလုံခြုံအေဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ဝင်းကျော်ခိုင် တွဲထိန်းဇင်ရဲထွန်း တွဲတာဝန်ကျ ရဲတပ်သားလှိုင်ကျော်မိုးတို့နှင့်အတူ တွဲအမှတ် BDTEZ-12550 ရိုးရိုးတန်းတွဲ ( ၂ ) ပေါ်သို့တက်ရောက်စစ်ဆေးရာ ခရီးသည်မပါ ထိုင်ခုံနံပါတ် ၄၇ ၄၈ ၄၉ ၅၀ ထိုင်ခုံအောက်တွင် KQ တံဆိပ်ပါ တရုတ်စောင်အထုတ် ၂ ထုတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် သက်သေများဖြစ်သော၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးတင့် နယ်မြေမှူးဦးသိန်းတန် ကျောက်မဲရုံပိုင်ကြီး ဦးစိုးလင်းတို့နှင့်အတူ ရထားရဲတပ်ဖွဲ့စုရုံး၌ ဖွင့်ဖေါက်စစ်ဆေးရာ တိပ်အဝါရောင်များဖြင်ပါတ်ထားသော မသင်္ကာဖွယ်ရာအထုတ် ၂ ထုတ်တွေ့ရှိရသဖြင့် ထပ်မံဖွင့်ဖေါက်စစ်ဆေးရာ အထုတ်အတွင်း ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့်များထည့်ထားသော ဆပ်ပြာခွက် ၈၈ ခွက် ( စုစုပေါင်းအလေးချိန် ၈၈၀ ဂရမ်ခန့် )နှင့် မှိုင်းခံစက္ကူဖြင့်ထုတ်လျှက် အပြာရောင်ကပ်ခွာအိတ်ငယ်တစ်အိတ်စီအတွင်းထည့်ထားသော စိတ်ကြွဆေးပြားဟုယူဆရသည့် ပန်းရောင် 88/1 စာတန်းပါ ၂၀၀ ပြားစီထည့်ထားသော အထုတ်ငယ် ၁၀ ထုတ်စီပါ အထုတ်ကြီး ၁၂ ထုတ် စုစုပေါင်းဆေးပြား ၂၄၀၀၀ နှင့် မှိုင်းခံစက္ကူဖြင့်ထုပ်လျှက် အပြာရောင်ကပ်ခွာအိတ်အတွင်း WY စာတန်းပါ ၂၀၀ပြားစီထည့်ထားသော အထုတ်ငယ် ၁၀ ထုတ်စီပါ အထုတ်ကြီး ၁၀ ထုတ် စုစုပေါင်းဆေးပြား ၂၀၀၀၀ တို့အားပိုင်ရှင်မဲ့တွေ့ရှိသဖြင့် ဒုရဲအုပ်အောင်ဘိုဘိုဝင်းမှသက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။ သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးများအား ရောင်းချရန်အလို့ငှာ သယ်ဆောင်လာသူအပေါ် စုံစမ်းအရေးယူနိုင်ရန် ကျောက်မဲရဲစခန်းမှ မယ( ပ ) ၄/၂၀၁၆ | မူး/စိတ်ပုဒ်မ ၁၉ ( က )အရ အမှုဖွင့်လှစ်ထားရှိပြီး ရဲအုပ်ကျော်ဇင်လတ်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
မင်္ဂလာထွန်း ( ကျောက်မဲ )

posted from Bloggeroid

မန္တလေး ကျူးများအငှားအိမ်ရာ လက်မခံ

မန္တလေး မရမ်းခြံ ဆိပ်ကန်းရှိ ကျူနေအိမ်များ အဌားအိမ်ယာအားလက်မခံ

ဟုဆို

==================================================

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် နဲ့ အောင်မြေသာစံမြို့နှစ်မြို့အတွင်းရှိ

ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူ ကျူးနေအိပ် ပေါင်း ၂၀၀၀ကျော်အား

အငှားအိမ်ရာ ချထားပေးမှု့နှင့်ပါက်သက်၍ဒေသခံတွေလက်မခံနိုင်သည်

ဟုပြောသည်။


"ဧရာဝတီမြစ်ကမ်းဘေးကျူးကျော်နေထိုင်ကြသူတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အငှားအိမ်ရာစနစ်နဲ့ ငှားရမ်းနေထိုင်ခွင့်ပေးသွားဖို့စီစဉ်ထားပေမယ့်လည်း ကျွန်တော်တို့တစ်

တွေအားလုံးလက်မခံနိုင်ပါဘူး ဘာကြောင့် လက်မခံတာလဲ ဆိုရင်

ဒီဆိပ်ကမ်းမှာ မှီခိုးစားသောက်နေသော မိသားစုတွေဟာ ၁၉၉၅ ခုနှစ်က

မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က မြို့ပတ်လမ်းဖောက်

သည့်စီမံကိန်းအတွင်း ဖျက်သိမ်းခံရသူများဖြစ်ပါတယ် ဒီနားတစ်လျှောက်

ကျွဲစွန်း  ဥသျှစ်ကုန်း  အရာတော် မရမ်းခြံ  သစ်တောကွက်သစ် ထင်းဝင်း

(၆)ရပ်ကွက်များက မိသားစုများဖြစ်ပါတယ် ရပ်ကွက်တွေဖျက်သိမ်းပြီး

အားလုံးကို ယခုတည်ရှိနေသော ရတနာပုံမြို့သစ်နေရာ ကို ပေ ၄၀ပက်

လည် ပေ ၄၀ ဆယ် ပေ၆၀ ဆယ်မြေကွက်တွေ အစားထိုးပေးခဲပါတယ်

အဲဒီအချိန်က ရတနာပုံမြို့သစ်က လမ်းပန်းဆက်သွယ်ရေး လိုင်းကားနဲ့

လုံခြုံရေး  ကျန်းမာရေး ဆေးရုံ ဆေးခန်းမရှိတာကြောင့် အလုပ်ရှိရာဒီ

နေရာကို ကျူးကျော်တဲများဆောက်ကာ နေထိုင်လာခဲကြတာဟု အဆိုပါ

နေရာတွင်နေသူ မေတ္တာရှေ့ထားလှုပ်ရှားကြသူများအဖွဲ့ကမှဦးစောလင်း

ကပြောသည်။


စားဝတ်နေရေးအတွက် အလုပ်ရှိရှိရာ နေရာကို ကျူးကျော်တဲဘဝတွေနဲ့

မိသားစုပြသာနာကိုဖြေရှင်းနေထိုင်သူတွေပါ အဒီလိုနေလို ၂၀၁၃ခုနှစ်

၁၀ လပိုင်း ၃ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက

ဆိပ်ကမ်း နေသူတွေအားလုံးကို ဖျက်သိမ်းပေးရန်အကြောင်းကြားစာလာ

ပို့ခဲ့ပါတယ်။

အဲဒီလိုပို့ပြီနောက်ပိုင်း ပြည်တောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပညာရေးဝန်ကြီး

ဦးတင်နိုင်သိန်းတို့က ပြည်သူများ၏အခတ်အခဲများကို တွေ့ဆုံဖြေရှင်းပေး

လိုသဖြင့်ဆိုကာ (၉.၁.၂၀၁၄)က ၆၆လမ်း ၂၃လမ်းနှင့် ၂၄ လမ်းရှိ အရင်

တ.ယ.က ရုံးဟောင်းနေရာကို ခေါ်ပြီး တွေ့ဆုံစဉ်က  ပြည်သူတွေရဲ အခက်

အခဲများကို တင်ပြအကူအညီတောင်းခံခဲ့ပါတယ် ။


ကျူးနေအိမ်တွေအားလုံးနဲ့ အလုပ်ဖြစ်နီးသော ၁၂ လမ်းနဲ့ လမ်း ၂၀ ကြား

ရှိ တန်ဖိုးနည်းတိုက်ခန်းအား အရစ်ကျစနစ်ဖြင့်ရောင်းချပေးရန်တင်ပြခဲ့

သော်လည်း  ယခု ဆောက်လုပ်ထားသော တိုက်ခန်းတွေက အလုပ်နှင့်

အလှမ်းဝေးခြင်း ကျောင်းသားအရွယ် ပညာသင်ကြားနေသော ကျောင်း

များနှင့်ဝေးကွာခြင်း  မိသားစုဘဝတွေအတွက် လုံခြုံမှု့မရှိခြင်း တိုက်ခန်း

တွေက အကျယ်အဝန်က ၁၉.၆ပေနဲ့ ၉.၆ပေသာရှိခြင်း မိသားစုနေထိုင်

ရန်လုံးဝ မလုံလောက်ခြင်း အဆောက်အဦးခိုင်ခံ့မှုအတွက် အာမခံမရှိခြင်း

တိုက်ခန်းများက အငှားစနစ်ဖြစ်ပြီး ဈေးနှုံန်း မတရားမြင့်မားနေခြင်းကြောင့်

အခုဒီလူတွေအားလုံး အငှားအိမ်ရာ ငှားရမ်းနေထိုင်ရန် ဆန္ဒမရှိကြောင်း

ဒေသခံ ကျူးတဲနေသူများကပြောသည်။


အခြေခံလူတန်းစားဖြစ်သော မြန်မာလူမျိုးအလုပ်သမား ဆိပ်ကမ်းအလုပ်

သမား ကျူးတဲ့နေသူများက မိမိတို့နေထိုင် စားသောက်လုပ်ကိုင်နေထိုင်

သော နေရာနစ်နီးသော နေရာမှာသာ အသွားအလာအဆင်ပြေခြင်း

ကြောင့် နော်ဝေဘုရင်လာစဉ်တောင် ကျူးရှင်းလင်းရေးလုပ်တာတွေ

စီမံချက်တွေ လူကြီးတွေလာလို လာရောက်ဖျက်ဆီတာတွေခံကာနေထိုင်

နေကြတာတွေကို ဘယ်နေရာပို့ပို့ပြန်ရောက်လာနိုင်ပါတယ် သူတို့ဒီမှာ

ရှိတာ ဘာပြသာနာမရှိဘူး အလုပ်သမားတွေဆိုတော့ သူဟာသူအဆင်

ပြေပါတယ် သူတို့ဒီမှမရှိရင် ဆိပ်ကမ်းအလုပ်သမားရှားပါးသွားနိုင်ပါတယ်

ဟု ဆိပ်ကမ်းစီးပွားရေးလုပ်ငန်းရှင်းများကပြောသည်။




posted from Bloggeroid

မန္တလေး ကျူးများ အငှားအိမ်ရာ မပြောင်းရွေ့မနေနိုင်ဟုဆို

မန္တလေး မရမ်းခြံ ဆိပ်ကန်းရှိ ကျူနေအိမ်များ အဌားအိမ်ယာအားလက်မခံ

ဟုဆို

==================================================

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် နဲ့ အောင်မြေသာစံမြို့နှစ်မြို့အတွင်းရှိ

ဧရာဝတီမြစ်ကမ်းဘေးနေထိုင်သူ ကျူးနေအိပ် ပေါင်း ၂၀၀၀ကျော်အား

အငှားအိမ်ရာ ချထားပေးမှု့နှင့်ပါက်သက်၍ဒေသခံတွေလက်မခံနိုင်သည်

ဟုပြောသည်။


"ဧရာဝတီမြစ်ကမ်းဘေးကျူးကျော်နေထိုင်ကြသူတွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အငှားအိမ်ရာစနစ်နဲ့ ငှားရမ်းနေထိုင်ခွင့်ပေးသွားဖို့စီစဉ်ထားပေမယ့်လည်း ကျွန်တော်တို့တစ်

တွေအားလုံးလက်မခံနိုင်ပါဘူး ဘာကြောင့် လက်မခံတာလဲ ဆိုရင်

ဒီဆိပ်ကမ်းမှာ မှီခိုးစားသောက်နေသော မိသားစုတွေဟာ ၁၉၉၅ ခုနှစ်က

မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က မြို့ပတ်လမ်းဖောက်

သည့်စီမံကိန်းအတွင်း ဖျက်သိမ်းခံရသူများဖြစ်ပါတယ် ဒီနားတစ်လျှောက်

ကျွဲစွန်း  ဥသျှစ်ကုန်း  အရာတော် မရမ်းခြံ  သစ်တောကွက်သစ် ထင်းဝင်း

(၆)ရပ်ကွက်များက မိသားစုများဖြစ်ပါတယ် ရပ်ကွက်တွေဖျက်သိမ်းပြီး

အားလုံးကို ယခုတည်ရှိနေသော ရတနာပုံမြို့သစ်နေရာ ကို ပေ ၄၀ပက်

လည် ပေ ၄၀ ဆယ် ပေ၆၀ ဆယ်မြေကွက်တွေ အစားထိုးပေးခဲပါတယ်

အဲဒီအချိန်က ရတနာပုံမြို့သစ်က လမ်းပန်းဆက်သွယ်ရေး လိုင်းကားနဲ့

လုံခြုံရေး  ကျန်းမာရေး ဆေးရုံ ဆေးခန်းမရှိတာကြောင့် အလုပ်ရှိရာဒီ

နေရာကို ကျူးကျော်တဲများဆောက်ကာ နေထိုင်လာခဲကြတာဟု အဆိုပါ

နေရာတွင်နေသူ မေတ္တာရှေ့ထားလှုပ်ရှားကြသူများအဖွဲ့ကမှဦးစောလင်း

ကပြောသည်။


စားဝတ်နေရေးအတွက် အလုပ်ရှိရှိရာ နေရာကို ကျူးကျော်တဲဘဝတွေနဲ့

မိသားစုပြသာနာကိုဖြေရှင်းနေထိုင်သူတွေပါ အဒီလိုနေလို ၂၀၁၃ခုနှစ်

၁၀ လပိုင်း ၃ ရက်နေ့က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက

ဆိပ်ကမ်း နေသူတွေအားလုံးကို ဖျက်သိမ်းပေးရန်အကြောင်းကြားစာလာ

ပို့ခဲ့ပါတယ်။

အဲဒီလိုပို့ပြီနောက်ပိုင်း ပြည်တောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ပညာရေးဝန်ကြီး

ဦးတင်နိုင်သိန်းတို့က ပြည်သူများ၏အခတ်အခဲများကို တွေ့ဆုံဖြေရှင်းပေး

လိုသဖြင့်ဆိုကာ (၉.၁.၂၀၁၄)က ၆၆လမ်း ၂၃လမ်းနှင့် ၂၄ လမ်းရှိ အရင်

တ.ယ.က ရုံးဟောင်းနေရာကို ခေါ်ပြီး တွေ့ဆုံစဉ်က  ပြည်သူတွေရဲ အခက်

အခဲများကို တင်ပြအကူအညီတောင်းခံခဲ့ပါတယ် ။


ကျူးနေအိမ်တွေအားလုံးနဲ့ အလုပ်ဖြစ်နီးသော ၁၂ လမ်းနဲ့ လမ်း ၂၀ ကြား

ရှိ တန်ဖိုးနည်းတိုက်ခန်းအား အရစ်ကျစနစ်ဖြင့်ရောင်းချပေးရန်တင်ပြခဲ့

သော်လည်း  ယခု ဆောက်လုပ်ထားသော တိုက်ခန်းတွေက အလုပ်နှင့်

အလှမ်းဝေးခြင်း ကျောင်းသားအရွယ် ပညာသင်ကြားနေသော ကျောင်း

များနှင့်ဝေးကွာခြင်း  မိသားစုဘဝတွေအတွက် လုံခြုံမှု့မရှိခြင်း တိုက်ခန်း

တွေက အကျယ်အဝန်က ၁၉.၆ပေနဲ့ ၉.၆ပေသာရှိခြင်း မိသားစုနေထိုင်

ရန်လုံးဝ မလုံလောက်ခြင်း အဆောက်အဦးခိုင်ခံ့မှုအတွက် အာမခံမရှိခြင်း

တိုက်ခန်းများက အငှားစနစ်ဖြစ်ပြီး ဈေးနှုံန်း မတရားမြင့်မားနေခြင်းကြောင့်

အခုဒီလူတွေအားလုံး အငှားအိမ်ရာ ငှားရမ်းနေထိုင်ရန် ဆန္ဒမရှိကြောင်း

ဒေသခံ ကျူးတဲနေသူများကပြောသည်။


အခြေခံလူတန်းစားဖြစ်သော မြန်မာလူမျိုးအလုပ်သမား ဆိပ်ကမ်းအလုပ်

သမား ကျူးတဲ့နေသူများက မိမိတို့နေထိုင် စားသောက်လုပ်ကိုင်နေထိုင်

သော နေရာနစ်နီးသော နေရာမှာသာ အသွားအလာအဆင်ပြေခြင်း

ကြောင့် နော်ဝေဘုရင်လာစဉ်တောင် ကျူးရှင်းလင်းရေးလုပ်တာတွေ

စီမံချက်တွေ လူကြီးတွေလာလို လာရောက်ဖျက်ဆီတာတွေခံကာနေထိုင်

နေကြတာတွေကို ဘယ်နေရာပို့ပို့ပြန်ရောက်လာနိုင်ပါတယ် သူတို့ဒီမှာ

ရှိတာ ဘာပြသာနာမရှိဘူး အလုပ်သမားတွေဆိုတော့ သူဟာသူအဆင်

ပြေပါတယ် သူတို့ဒီမှမရှိရင် ဆိပ်ကမ်းအလုပ်သမားရှားပါးသွားနိုင်ပါတယ်

ဟု ဆိပ်ကမ်းစီးပွားရေးလုပ်ငန်းရှင်းများကပြောသည်။

posted from Bloggeroid

ရန်ကုန်ကျူးတဲများရှင်း



ကျူးကျော်နေထိုင်တယ်လို့ ဆိုသူတွေ ဖယ်ရှားခံနေရတဲ့ အခြေအနေ

30.01.2016 22:30



ကျူးကျော်နေရာဆိုသည်ကို ဖျက်ဆီးနေသည့် စက်ယန္တရားတခု။



ရန်ကုန်မြို့မှာ ကျူးကျော်နေထိုင်တယ်လို့ဆိုတဲ့ နေရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက အင်အားသုံးပြီး ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။

နှစ်ပေါင်းများစွာ နေခဲ့ကြပြီးကာမှ ကျူးကျော်နေထိုင်တယ်ဆိုပြီး အခုလို ဖယ်ရှားရှင်းလင်းတာဟာ မှန်ကန်တဲ့လုပ်ရပ်လား၊ ဒီလိုကိစ္စမျိုးအတွက် အကောင်းဆုံးဖြေရှင်းနည်းက ဘာဖြစ်နိုင်တယ်ဆိုတာကို ဆွေးနွေးထားပါတယ်။

posted from Bloggeroid

Saturday, January 30, 2016

နိုင်ငံတကာသတင်း



သမ္မတ အိုဘားမား ဗလီကို သွားလည်မည်

31.01.2016 05:44



အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ဟာ သူ့သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မူဆလင်ဗလီတခုကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

မယ်ရီလန်းပြည်နယ် ဘော်တီမိုးမြို့က အစ္စလာမ်ဘာသာဝင်တွေဆီ သမ္မတရဲ့ အခုလို သွားရောက်လည်ပတ်မှုဟာ - မူဆလင် အမေရိကန်တွေ တိုင်းပြည်ကို ပံ့ပိုးကူညီမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ အရေးပါမှုကို ထပ်လောင်း အတည်ပြုဖို့ ဖြစ်တဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ပြောဆိုခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ဒေသခံလူမှုအသိုင်းအ၀ိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ အမေရိကန်ရဲ့ စံတန်ဖိုးတွေနဲ့အညီ ပြုမူနေထိုင်မှုရဲ့ အရေးပါမှုတွေကို ထပ်လောင်းပြောဆိုပြီး၊ အမေရိကန် နိုင်ငံသားတွေ အချင်းချင်းကြား ကြိုဆိုဖို့၊ အမေရိကန် ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်မှု ဓလေ့ထုံးစံကို အကာအကွယ်ပေးထားတဲ့ လူမျိုးရေးအစွန်းရောက်မှုကို လက်မခံကြောင်း ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လူမျိုးရေးအစွန်းရောက် မူဆလင်တွေနဲ့ ဆက်နွယ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်နဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန် ဘာနာဒီးနိုးမြို့က အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်ပိုင်း - အမေရိကန် မူဆလင်တွေအနေနဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးမှာ ကူညီကြဖို့လည်း သမ္မတ အိုဘားမား က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

posted from Bloggeroid

ဒီရောဂါ မြန်မာတွေရှိနေ



Zika ကာကွယ်ရေး အာရှအစိုးရတွေ သတိပေး

31.01.2016 06:15



ဇီကာဗိုင်းရပ်စ်ပိုးဟာ လက်တင်အမေရိကားမှာ အလျှင်အမြန် ပျံ့နှံ့နေပြီး၊ အာရှဒေသ အစိုးရတွေကလည်း ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ တိုက်တွန်းချက်တွေ ထုတ်ပြန်နေပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးဟာ မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်ထိခိုက်တာ၊ ယာယီတုံ့ဆိုင်းမှုဖြစ်စေတဲ့ ရောဂါလို မွေးရာပါ ချို့ယွင်းချက်တွေဟာ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်မှု ရှိနိုင်တတယ်လို့လည်း ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

အာရှနိုင်ငံ တော်တော်များများက ကျန်းမာရေးတာဝန်ရှိသူတွေကတော့ အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်အမေရိက ဒေသတွေကို အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ခရီးသွားလာမှုတွေ ရှောင်ရှားကြဖို့ အကြံပြုထားပါတယ်။

ဒီဒေသတွေကနေ လာရောက်သူတွေ ဒါမှမဟုတ် ပြန်လာသူတွေကိုလည်း ဖျားနာမှု ယားယံမှုတွေလို လက္ခဏာတွေ တွေ့ရင် ကျန်းမာရေးဌာနတွေကို ချက်ခြင်း အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။ ဆရာဝန်တွေအနေနဲ့လည်း မသင်္ကာစရာ လူနာတွေကို တွေ့ရင် ချက်ခြင်း အသိပေးဖို့ ညွှန်ကြားထားပါတယ်။

တချိန်တည်းမှာပဲ - ကိုလံဘီယာ အမျိုးသား ကျန်းမာရေးဌာနကတော့ - သူ့နိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင် ၂,၁၁၆ ယောက် အပါအ၀င် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ပေါင်း ၂ သောင်းရှိနေပြီလို့ ပြောဆိုထားပါတယ်။

posted from Bloggeroid

နိုင်ငံတကာသတင်း



31.01.2016 06:2

လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အရ လုပ်ဆောင်ခြင်းလို့ဆိုတဲ့ အစီအစဉ်အရ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ တောင်တရုတ်ပင်လယ်ထဲကို အမေရိကန်ရေတပ်သင်္ဘောတစင်း စနေနေ့က ဖြတ်သွားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ကြီးမားတဲ့ လုပ်ရပ်မှား ဖြစ်တယ်လို့ တရုတ်တို့က ပြောကြားလိုက်ပါတယ်။

USS Curtis Wilbur ပဲ့ထိန်းတပ် ဒုံးကျည်တင် ဖျက်သင်္ဘော အဲဒီလို ဖြတ်မောင်းသွားတာဟာ အရေးပါတဲ့ နိုင်ငံတကာ ရေကြောင်းလိုင်းတွေမှာ လွတ်လပ်စွာ သွားခွင့်ရှိတယ်ဆိုတာကို ပြသဖို့အတွက် ရည်ရွယ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ Jeff Davis က ပြောပါတယ်။

တရုတ်နိုင်ငံ အပါအ၀င် ဗီယက်နမ်နဲ့ ထိုင်ဝမ် တို့ကပါ ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့ Paracel ကျွန်းစုတွေထဲက Triton ကျွန်းအနီး ရေမိုင် ၁၂ မိုင်အကွာလောက်ကနေ အမေရိကန်စစ်သင်္ဘော ခုတ်မောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အမေရိကန်စစ်သင်္ဘော ခုတ်မောင်းသွားလိုက်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရကလည်း ဘေဂျင်းမြို့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ အောက်တိုဘာလကစလို့ အမေရိကန်စစ်သင်္ဘော ဒုတိယအကြိမ်မြောက် ခုတ်မောင်းသွားခြင်းလည်း ဖြစ်ပါတယ်။

အဲဒီလို ဖြတ်သန်းသွားလာမှုအပေါ် တရုတ်နိုင်ငံအနေနဲ့ ကန့်ကွက်ကြောင်း၊ အမေရိကန်ဘက်က ရန်စတဲ့သေဘာနဲ့ ပြုလုပ်တဲ့ အရာမှန်သမျှအပေါ် တရုတ်စစ်တပ်အနေနဲ့ လုပ်သင့်တာ အားလုံးကို လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Yang Yujun က ပြောပါတယ်။

posted from Bloggeroid

NLDအစိုးရကိုဘာတွေပြောချင်လဲဗျာ



30.01.2016 20:47

ပထမအကြိမ် လွှတ်တော်သက်တမ်း နောက်ဆုံး အစည်းအဝေး သတင်းမှတ်တမ်းပုံများ


နအဖစစ်အစိုးရကဖန်တီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်ငါးနှစ်သက်တမ်းဟာ ဇန်န၀ါရီလ (၂၈)ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ အခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ ဒုတိယအကြိမ်လွှတ်တမ်းသက်တမ်းကိုစတင်တော့မှာပါ။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က ၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ ပါတီကြီး အနေနဲ့ လွှတ်တော်နေရာအများစုကိုရရှိထားတာကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေပါပြီ။ မကြာခင်ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ် အပေါ် ပြည်သူအများက ဘယ်လိုမျှော်လင့်ထားကြပါသလဲ။ AFPနဲ့ Reuters သတင်းတွေကို အခြေခံပြီးမအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ အလိုအလျောက်နေရာယူထားတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် လွှတ်တော်နေရာပေါင်း ၈၀%နီးပါး အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခုဆိုရင် နေပြည်တော်ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိနေကြပါပြီ။ အခုလိုလွှတ်တော်သက်တမ်း လက်ပြောင်းလက်လွှဲ ကိစ္စ ချောမွေ့အောင်ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ယူခဲ့ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကလည်း ဇန်န၀ါရီလ (၂၈)ရက်နဲ့ ၂၉ ရက်နေ့တွေကကျင်းပခဲ့တဲ့ လွှတ်တော်နှတ်ဆက်ပွဲ အခမ်းအနားတွေမှာ ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ၀ိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း အခုလိုတိုက်တွန်းသွားပါတယ်။

”ကျွန်မတို့ နိုင်ငံရေးမှာ ဒီမိုကရေစီ စနစ် ထွန်းကားအမြစ်တွယ်ရုံမကပဲ၊ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ချမ်းသာ ကြွယ်ဝပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးမှာ ဆက်လက်ပြီးတော့ ရှင်သန်သွားနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။”

NLD က နေရာအများစုကိုရထားတဲ့ အခုလွှတ်တော်သက်တမ်းအသစ်မှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့လွှတ်တော်ကို ထိန်းချုပ်မယ့်လက္ခဏာတွေ့ရပြီး ဒါကိုလည်း စစ်တပ်ကအသိအမှတ်ပြုပုံ ရှိတယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကမြင်ပါတယ်။

”ဒီအများစုကြီးကို သူကထိန်းကျောင်းမှာပါ။ ခင်ဗျားလည်းသိပါတယ်။ အစိုးရ၊ ဥပဒေပြုလွှတ်တော်တွေ ဒါတွေကို သူက ထိန်းချုပ်ပဲ့ကိုင်ရမယ့် အင်မတန်အရေးပါတဲ့နေရာပါ။ စစ်တပ်ကလည်း ဒါကို အသိအမှတ်ပြုထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူဟာ အစိုးရသစ်ရဲ့သမ္မတအထက်မှာ ရှိနေမှာဖြစ်ပြီးအဲဒီအတွက်လည်း စီစဉ်ထားပြီးပြီလို့ ရွေးကောက်ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒါကြောင့် လာမယ့်အစိုးရသစ်ဖွဲ့စည်းချိန် သမ္မတနေရာမှာ ဘယ်သူကိုထားမလဲဆိုတာ အများက စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒီသမ္မတနေရာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲယူလိမ့်မယ်လို့မြင်ကြောင်း ဒေါက်တာခင်ဇော်ဝင်းကဆိုပါတယ်။

”သူဘယ်သူ့ကိုရွေးမလဲဆိုတာက သိပ်ကို အရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာဟန်ပြဖြစ်ပြီး အားလုံးသိတိုင်းအတိုင်း သူက တယောက်ယောက် ကို ရွေးချယ်ပြီးနောက် အဲဒီနေရာမှာ အချိန်ကာလ တခုထား ထားမှာပါ။ ဒီနောက် အားလုံးဆောင်ရွက်ပြီးချိန်ကျရင် စီစဉ်ထားတဲ့အတိုင်း သူကအဲဒီနေရာကိုယူမယ်လို့ ကျနော်ထင်ပါတယ်။”

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားမယ် ဆိုပေမယ့်လည်း အခု တနင်္လာနေ့မှာ စတင်မယ့် လွှတ်တော်သက်တမ်းအသစ်မှာ အများပြည်သူမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအများစုရှိနေတာကြောင့် ပြည်သူအများကတော့ အပြောင်းအလဲတွေဖြစ်ဖို့ မျှော်လင့်ချက်တွေရှိနေကြပါတယ်။

”တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးမှ တည်ငြိမ်မှ ကျွန်တော်တို့ တိုင်းပြည် အေးချမ်းသာယာမှာလေ။ တရားဥပဒေ စိုးမိုးမှု မရှိတရင် တိုင်းပြည် အေးချမ်းသာယာမှာ မဟုတ်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကို အဓိက ပိုပြီးတော့ သဘောကျပါတယ်။ အဲဒါမှ ကျန်တဲ့ဟာအားလုံးက အဆင်ပြေမယ်လို့ ယုံကြည်တယ်။”

ဒါကတော့ ရန်ကုန်မြို့မှာ ၀က်သားထုတ်ထိုးရောင်းတဲ့ ကိုနိုင်ကြီးက ပြောသွားတာပါ။

အခုလို NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ အရင်ကတည်းက မျှော်လင့်ခဲ့ကြောင်း လူငယ် သွားဆရာဝန် ကိုကျော်ထက် ကလည်း ပြောပါတယ်။

”ကျွန်တော်တို့လည်း အရင်ကတည်းက မျှော်လင့်တယ်ပေါ့။ ဒီ NLD အစိုးရတက်လာဖို့ကို ပေါ့။ အခု တက်လာတော့ ကျေနပ်တယ်။ ကျေနပ်တယ်ပေါ့။ အားရတယ်ပေါ့။ ဒီလိုဖြစ်စေချင်တာက ကြာပြီ။”

အစိုးရသစ်အနေနဲ့ ပညာရေးပိုင်းကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မြင်သူကတော့ စီးပွားရေး တက္ကသိုလ် ကျောင်းသူ မအေးမြတ်မွန်ဖြစ်ပါတယ်။

”ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာလို့ရှိရင် ပညာရေးပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ြ့မင်တယ်။ ပြီးတော့ ပိုပြီးတော့လည်း ကောင်းလာလိမ့်မယ်လို့ မြင်တယ်။”

ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာစတင်မယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အသစ်ရွေးချယ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅%လည်း ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာတော့ NLD ဦးဆောင်မယ့် အစိုးရသစ်ကို လက်ရှိအစိုးရက အာဏာလွှဲပြောင်းပေးမှာဖြစ်ပါတယ်။

posted from Bloggeroid

ထိုင်းနိုင်ငံတွင် ၁၀ နှစ်နေထိုင်သုများ ကားဝယ်ခွင်ရ



31.01.2016 06:50

ထိုင်းနိုင်ငံအတွင်းမှာ အချိန်ကြာမြင့်စွာ နေထိုင်နေကြတဲ့ မြန်မာပြည်သားတွေအနေနဲ့ ယာဉ်ဝယ်ခွင့်နဲ့ ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတရပ်ဟာ အခုရက်ပိုင်းအတွင်းမှာပဲ စတင် အသက်ဝင်ခဲ့ပါပြီ။

ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသားတွေလိုပဲ အစိုးရဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နဲ့ ကျောင်းတွေမှာ အခမဲ့ပညာသင်ကြားခွင့်တွေ ရရှိကြမှာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ဘယ်လိုအချက်အလက်တွေက အကျုံးဝင်သလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ ဆက်သွယ်စုံစမ်းထားချက်တွေကို မခွာညိုက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ချမှတ်ခဲ့တဲ့ ဥပဒေအရ ထိုင်းနိုင်ငံမှာအနေကြာပြီး ၁၀ နှစ်ခံကဒ်လို့ လူသိများတဲ့ တရားဝင်နေထိုင်ခွင့် အထောက်အထား ၁၀ နှစ် သက်တမ်းပေးထားတဲ့ကဒ် ကိုင်ဆောင်ထားသူတွေနဲ့ နိုင်ငံကူးလက်မှတ်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူတွေဟာ ယာဉ်ပစ္စည်းတွေနဲ့ ယာဉ်ဝယ်ယူခွင့်အပြင် ယာဉ်မောင်း လိုင်စင်လည်း ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း စတင် အသက်ဝင်လာပြီဖြစ်တဲ့ ဒီဥပဒေနဲ့ ပတ်သက်လို့ ထိုင်းလုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပြပါတယ်။

“ပတ်စ်ပို့သမားတွေက သူဌေးနော် စာ အလုပ်လုပ်ခွင့်ပါမစ်ပါ ပါရမယ်။ သူဌေးအိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် အဲ့လိုပေါ့ ဖြေတဲ့အခါကျရင်ပေါ့ အဲ့လိုနော်။ တကယ်လို့ အရောင်းအ၀ယ်လည်း သူဌေးဥစ္စာလည်း ပါရမယ်။ ပတ်စ်ပို့သမားတွေပေါ့နော်။ ၁၀ နှစ်ခံကဒ် ကိုင်ဆောင်ထားသူတွေကတော့ သူဌေးမလိုဘူး။ အလုပ်လုပ်ခွင့် ပါမစ်လည်း မလိုဘူး။ ပန်းရောင်ကဒ်လည်း လုပ်ပေးတယ်။ လုပ်ပေးတဲ့သူက သူဌေး အိမ်ထောင်စုစာရင်းရော၊ ဘာရော အကုန်ပါရမယ်။ သူက တခြားနယ်ကျော်ပြီးတော့ သွားလုပ်လို့မရဘူး။ ကိုယ်နေတဲ့နေရာပဲ လုပ်ရတယ်။ အရောင်းအ၀ယ်လုပ်ရတယ်။”

၁၀ နှစ်ခံကဒ်မှာ ထိုင်းနိုင်ငံအတွင်း အနေကြာပေမယ့် အထောက်အထားပြနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထုတ်ပေးတဲ့ကဒ်ကိုတော့ နှစ်မျိုးခွဲထားပါတယ်။ ကဒ် နှစ်မျိုးစလုံးမှာ မဂဏန်း ၁၃ လုံးပါပြီး- သုည - နဲ့စပြီး ဂဏန်း ၆ လုံးမြောက်နဲ့ ၇ လုံးမြောက်မှာ ၈ နဲ့ ၉ ပါတဲ့ ကဒ်တွေသာ အခုထုတ်ပြန်တဲ့ ဥပဒေနဲ့ အကျုံး ဝင်မှာဖြစ်ပြီး ၈ နဲ့ ၉ ဂဏန်းမပါတဲ့ကဒ် ကိုင်ဆောင်သူတွေက ဒီဥပဒေပါ အခွင့်အရေး ရမှာ မဟုတ်ပါဘူး။

“သုည အရှေ့ပေါ့နော် နောက်ပြီးရင် ၈၊ ၉ ဖြစ်ရမယ်။ အဲ့လိုလူတွေက ရတယ်။ အရှေ့မှာလည်း သုည၊ အနောက်မှာလည်း သုည ဆိုရင် အဲ့လိုကတော့ မရဘူး။ အားလုံး သုညဖြစ်တဲ့သူတွေက မရဘူးပေါ့။”

ဂဏန်း ၈ နဲ့ ၉ ပါတဲ့အဓိပ္ပာယ်က သူတို့နေထိုင်ရာ ထိုင်းနိုင်ငံအတွင်းက ကျေးရွာတွေမှာ သန်းခေါင်စာရင်း ရရှိထားသူတွေဖြစ်ပြီး ရှေ့က သုည နဲ့စပြီး ဂဏန်း ၆ လုံး မြောက်နဲ့ ၇ လုံးမြောက်မှာ သုည - တွေပဲ ပါနေရင်တော့ အဲဒီကဒ် ကိုင်ဆောင်သူတွေဟာ နေထိုင်ရာ အတည် တကျ မရှိသေးသူတွေလို့ သတ်မှတ်ပါတယ်။

သန်းခေါင်စာရင်းရထားတဲ့ အလယ်မှာ ၈ နဲ့ ၉ ပါတဲ့ ဆယ်နှစ်ခံ ကဒ် ကိုင်ဆိုင်သူတွေဟာ ထိုင်းနိုင်ငံသားတွေနည်းတူ သက်ဆိုင်ရာ အစိုးရ ဆေးရုံ တွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ ကလေးတွေ အခမဲ့ပညာသင်ကြားခွင့်တွေကိုလည်း တပါတည်း ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံအနှံ့ ခရီးသွားခွင့်လည်း ရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တစ်နှစ်တစ်ကြိမ်သက်တမ်းတိုးရတဲ့ ဘတ် - လို့ခေါ်တဲ့ နေထိုင်ခွင့်ကဒ် ကိုင်ဆောင်ထားသူတွေအတွက်တော့ အလုပ်လုပ်ခွင့် ကဒ် ရှိရင်တောင် တမြို့ထဲ မှာ ဒီဘက်ရပ်ကွက်ကနေ ဟိုဘက်ရပ်ကွက်ကို ကူးသန်းခွင့်သလို အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့်လည်း မရှိကြပါဘူး။

ထိုင်းနိုင်ငံက တရားဝင်ထုတ်ပေးတဲ့ ဆယ်နှစ်ခံလက်မှတ်ကိုင်ဆောင်ထားနိုင်တဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာဉ်ဝယ်ယူခွင့်နဲ့ လိုင်စင်လုပ်ခွင့်ဆိုတာကလည်း ဒါဟာ ပထမဆုံးရတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က ယာဉ်မောင်းလိုင်စင်လုပ်ခွင့်ဥပဒေ ပြဌာန်းပေးခဲ့တာရှိခဲ့ပြီး အခုထုတ်ပြန်တဲ့ ဥပဒေသစ်အရ ဥပဒေဟောင်းကို ဖျက်သိမ်း လိုက်တဲ့အတွက်လည်း အရင်ဥပဒေအရ ထုတ်ပေးထားတဲ့ လိုင်စင်ဟောင်းကိုင်ဆောင်သူတွေလည်း လိုင်စင်သစ်ပြန်လုပ်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေအတည်မပြုခင်အချိန်အထိ ဒီလက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ယာဉ်မောင်းခွင့်မရှိတဲ့အတွက် မကြာခဏ ဖမ်းဆီးခံရတာ ဒဏ်ငွေ ပေးဆောင်ရတာတွေ ရှိနေခဲ့တာပါ။ ယာဉ်မောင်းသူတွေလိုက်နာရမယ့်စည်းကမ်း အတော်များများ ထပ်တိုးလာတဲ့အတွက် ယာဉ် မောင်းခွင့် လိုင်စင်ဖြေဆိုရာမှာလည်း အရင်က ထက် ပိုခက်ခဲလာမှာဖြစ်ပါတယ်။ ယာဉ်မောင်းခွင့်လိုင်စင် စာမေးပွဲကို အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာအနက် နှစ်သက်ရာ ဘာသာနဲ့ ဖြေဆို နိုင်ကြပါတယ်။ မြန်မာနိုင်ငံသား အများစုက ဒီဥပဒေဟာ အခွင့်အလမ်းကောင်းတရပ်အဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။

posted from Bloggeroid

မူးယစ်ဆေးဝါးဖမ်းမိ

ကျောက်ဖြူတွင် မူးယစ်ဆေးဝါးဖမ်းမိ
၂၇ဇန်န၀ါရီ၂၀၁၆၊ကျောက်ဖြူ
ကျောက်ဖြူတွင် WY စာတန်းပါ မူးယစ်ဆေးပြားများကို ဇန်န၀ါရီလ(၂၇)ရက်နေ့ နံနက်(၅း၀၀)နာရီခန့်က ဖမ်းဆီးမိခဲ့ကြောင်းကျောက်ဖြူရဲစခန်းမှသိရသည်။
ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိုက်ရပ်ကွက်၊ ဆားပြင်ကွင်းဆင်းလမ်းနေ ဦးစံခင်မောင် ၏နေအိမ်သို့ ကျောက်ဖြူမြို့နယ် ရဲတပ

်ဖွဲ့မှူး ရဲမှူး ဦးကျော်ဌေး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအ၀င် ၀င်ရောက်ရှာဖွေရာ WYစာတန်းပါဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဦးစံခင်မောင်၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ WY စာတန်းပါဆေးပြား ၁၃၄ပြားနှင့် ရောပြီး ငွေကျပ် (၇၃၀၀၀၀)ကိုဖမ်းဆီးရမိကြောင်း သိရသည်။
သတင်းအရ ဦးစံခင်မောင် နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့ရာမှာ သူကခုနှစ်လက်မလောက်ရှည်တဲ့ ဓားမြောင်နဲ့ ရဲတပ်ဖွဲ့ကို ခုခံခဲ့ကြောင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားကြောင်း ကျောက်ဖြူရဲစခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။
” ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ဖြစ်သွားပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေမှာ နဖူးတွေအနည်းငယ် ပွန်းသွားတာတော့ရှိပါတယ်။ ဒဏ်ရာတော့ မကြီးမားပါ“ဟု တပ်ကြပ် ကိုထွန်းလင်း ပြောပါသည်။
ကျောက်ဖြူရဲစခန်း မူးယစ် ပ အမှတ် ၁/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉က/၂၀က/၂၁ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

posted from Bloggeroid

မိန်ကလေးငယ်များ တစ်ယောက်ဆိုသတိပြုရန်

လက်ပံတန်းမြို့နယ်တွင် သူငယ်တန်းကျောင်းသူလေးတစ်ဦး ချောင်းအတွင်းရေချိုးဆင်းရာမှ အဓမ္မပြုကျင့်ခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ကျွန်းကလေးချောင်း(အရပ်အခေါ်) တွင် ရေချိုးဆင်းရာမှ အဓမ္မပြုကျင့်ခံရကြောင်း သိရှိရသည်။ 
ဖြစ်စဉ်မှာ (၂၉/၁/၂၀၁၆) ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် ၎င်းတို့နေထိုင်ရာအိမ်အနောက်ဘက်ရှိ ကျွန်းကလေးချောင်းတွင် ညီအမနှစ်ဦး ရေချိုးသွားရာမှ အမဖြစ်သူမှာ အိမ်သို့ပြန်သွားခဲ့ကြောင်း ညီမဖြစ်သူရေချိုးပြန်ရောက်လာစဉ် ညီမဖြစ်သူ၏ အင်္ဂါစပ်တွင် သွေးများထွက်နေသည်ကို တွေ့ရှိပြီး အိမ်နီးနားချင်းများအား အကူအညီတောင်းရာမှ အိမ်နီးနားချင်းများဖြစ်သော ဒေါ်စုမာနှင့် မစန္ဒာဝင်းတို့ရောက်ရှိလာပြီး မေးမြန်းရာမှ တစ်ရပ်ကွက်တည်းနေသူ အသက်(၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှ ချောင်းရေစပ်တွင် အဓမ္မပြုကျင့်ခဲ့ကြောင်း အသက် (၆) နှစ်ရှိသူ သူငယ်တန်းကျောင်းသူလေးမှ ပြန်ပြောပြသဖြင့် ၎င်း၏မိခင်ဖြစ်သူအားခေါ်ယူပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုင်ကြားခဲ့ကြောင်း မိခင်ဖြစ်သူထံမှ သိရှိရသည်။ 
"သမီးဖြစ်တာကို ဖုန်းဆက်လှမ်းပြောမှ ကျွန်မသိရတာ။ ကျွန်မက ကျွန်မ အမ နေမကောင်းလို့ သူ့အိမ်မှာသွားပြီးကူလုပ်ပေးနေရတာပါ။ သူ့အဖေကလည်း ဆိုက်ကားထွက်နေတော့ အိမ်မှာ ကလေးတွေပဲ ကျန်ခဲ့တာ။ ကျွန်မဘာပြောရမှန်းကို မသိတော့ပါဘူး။" ဟုကလေး၏မိခင်ဖြစ်သူမှပြောသည်။ 
ဖြစ်စဉ်အား လက်ပံတန်းမြို့နယ် မြို့မရဲစခန်းမှ (ပ) ၃၀/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး ဒုရဲမှုစန်းမြင့်(မြို့မရဲစခန်းမှု)မှ အမှုစစ်အဖြစ်ဆောင်ရွက်ကာ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုအား ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး အဓမ္မပြုကျင့်ခံရသူ ကလေးငယ်မှ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူလျက်ရှိကြောင်း လက်ပံတန်းမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


posted from Bloggeroid

မူယစ်ဆေးဝါးများဖမ်းမိ

အင်းတော်မြို့နယ်မဲဇာကျေးရွာတွင်ဘိန်းဖြူဆပ်ပြာခွက်(၆)ခွက်ကာလတန်ဘိုး ၅၁ သိန်းကျော်ခန့်ရှိ
မှုးယစ်ဆေးဝါးများဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်မဲဇာကျေးရွာတွင်ဘိန်းဖြူဆပ်ပြာခွက်(၆)ခွက်
ကာလတန်ဘိုး ၅၁ သိန်းကျော်ခန့်ရှိ မှုးယစ်ဆေးဝါးများကို ဇန်နဝါရီ၃၀ ရက်ည ၁၀ နာရီခွဲအချိန်ဖမ်းဆီးရမိခဲ့ကြောင်း
အင်းတော်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
မှုးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်မှာ“ဇန်နဝါရီ၃၀ ရက်ည ၁၀ နာရီခွဲအချိန်အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်
သောင်းစိန်ထွန်းနှင့်နယ်ထိန်းအဖွဲ့သည်မဲဇာရဲကင်းစခန်းမှူးရဲအုပ်စိုးလှိုင်နှင့်အဖွဲ့၊ကသာခရိုင်မှု/နှိမ်မှရဲတပ်သားမြင့်နိုင်တို့ပါဝင်သော
ပူးပေါင်းအဖွဲ့သည်သက်သေများနှင့်အတူအင်းတော်မြို့နယ်မဲဇာကျေးရွာနေ ဝမ်းကို၏နေအိမ်တွင်အမျိုးသား(၂)ဦး
မှုးယစ်ဆေးဝါးလက်ရောက်ရောင်းချနေကြောင်းသတင်းအရ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မှုးယစ်ဆေးဝါးရှာဖွေ
ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၇/၂၀၁၆)ဖြင့်ဝမ်းကို၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဝမ်းကို၏နေအိမ်တွင်အိမ်ရှင်ဝမ်းကို
နှင့်အတူထိုအိမ်သို့မှုးယစ်ဆေးဝါးလာရောင်းသည်ဟု ကြိုတင်သတင်းရရှိသော ဦးဝင်းမောင်နှင့်နိုင်ဝင်းဆိုသူတို့အား
တွေ့ရှိí ရှာဖွေရာ ဝမ်းကိုနေအိမ်အောက်ထပ်ကျွန်းသစ်သေတ္တာအသေးတွင်း ကြွပ်ကြွပ်အိတ်အဖြူဖြင့်ထုတ်
ထားသော ဘိန်းဖြူ တစ်ခွက်လျှင်(၈ ဒသမ ၆၆)ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက်(၆)ခွက်စုစုပေါင်းအလေးချိန်(၅၁
ဒသမ ၉၆)ဂရမ်ကာလတန်ဘိုး (၅၁ သိန်း ၉ သောင်း ၆ ထောင်)ကျပ်အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့်ဝမ်းကို
၊နိုင်ဝင်း၊ဦးဝင်းမောင်တို့အား အရေးယူပေးပါရန်အင်းတော်မြို့မရဲစခန်းမှ ရဲအုပ်သောင်းစိန်ထွန်းမှတရားလိုပြုလုပ်
တိုင်ကြားထားသောအမှုဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်မှုးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူဝမ်းကို(၄၂)ဘဦးခင်မောင်ဇော်ကျဘမ်း မဲဇာကျေးရွာ
အင်းတော်မြို့နယ်၊နိုင်ဝင်း(၄၇)ဘဦးအောင်သန်း ကျဘမ်း အမှတ်(၁၉)ရပ်ကွက်တမူးမြို့နေသူနှင့်ဦးဝင်းမောင်
(၂၄)ဘဦးထွန်းချေမောင်ကျဘမ်း တောင်တန်းရွာ ပုဏားကျွန်းမြို့နယ်ရခိုင်ပြည်နယ်နေသူတို့အား အင်းတော်
မြို့မရဲစခန်းမှ မယ(ပ)၈/၂၀၁၆ မှုးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

posted from Bloggeroid

ပြင်ဦးလွင် ညောင်နီ ဒုက္ခည်စခန်း

ဒုက္ခသည်စခန်းကိုဖျက်သိမ်းပေးပါက ဆောင်အထည်၅၀လှူပေးမည်ဟု
မြို့နယ်အုပ်ချုပ်မှူးကပြောသည်ဟုဆို
=================================================

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ညောင်နီမြောက်ရွာရပ်ကွက်ကြီး (၁၄)
အတွင်းမှနေထိုင်သူ အိခြံမြေ ၂၈ လုံး လူဦးရေ ၁၂၀တို့မှ အမှတ်
(၉၅၈)အင်ဂျင်နီယာ GE တပ်မှ ဇန်နဝါရီလ ၂၆ နေ့မှ ခြံဝင်များခတ်ကာ
သိမ်းယူးသွားသဖြင့် ၂၈ နေ့တွင် ဒုက္ခသည် စခန်းဖွင့်ကာနေထိုင်နေတာ
မြို့နယ်ထွေ အုပ်မှ ဒုက္ခသည်စခန်းဖျက်ပေးပါက ဆောင် အထည် ၅၀ လှူ
ဠါန်းပေးမယ် ဒုက္ခသည်စခန်းဖျက်ပေးပါဟု ဒေသခံတွေအာပြောသွာသည်
ဟုဒုက္ခသည်များ၏ပြောပြချက်အရသိရသည်။

ကျွန်မတို့အိမ်တွေကို တပ်ပိုင်မြေဟုသောဆိုင်ဘုတ်များတပ်ကာ ခြံဝင်
တွေခတ်သွားသဖြင့် တောင်သူဦးပေါ့ပိုင် ခြံဝင်အတွင်းအား နေစရာမရှိ
သူ လူဦးရေ ၁၀၀ ကျော် မိုကာတဲထိုးနေထိုင်ကာ ဒုက္ခသည်စခန်းဖွင့်ထား
တာကို ပြင်ဦးလွင် မြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး က ဒုက္ခသည်စခန်း
ဖျက်ပေးဆောင်အထည် ၅၀ လှူဋ္ဌါန်းပေးမယ် ဘုန်းကြီးကျောင်း
သွားနေကြဟုပြောပါတယ် ဒါမဖြင့်သင့်ပါဘူး ဒီမှက ကလေး လူကြီး
လင်မယားတွေပါတယ် ဘုန်ကြီးကျောင်းဆိုတာ ကျွန်မတို့ဗုဒ္ဓဘာသာတွေ
အတွက်အထွဋ်အမြတ်ထားသည့်နေရာ ကျွန်မတို့ဒုက္ခသည်တွေသွားနေ
လိုဘယ်လိုမှမဖြစ်နိုင်ဘူးဟုဒေသခံ မဆောင်သဇင်ကပြောသည်။

အဘတို့အခုဒုက္ခသည်တွေ အားလုံးအိမ်တွေပေါ်က ပစ္စည်းတွေဘာတစ်
ခုမှ သွားမယူကြပါဘူး လာယူကြပါလို တပ်က လူကြီးတွေကပြောပါတယ်
မနေ့က ထွေအုပ်လည်လာတယ် အကူအညီတော့မပေးပါဘူး ဒုက္ခသည်
စခန်းဖျက်ပေးရင် သူပိုက်နဲ့ ဆောင်အထည် ၅၀ လှူမယ်လိုပြောတယ်
အခုဒုက္ခသည်စခန်းကို မန္တလေးမြို့က အဖွဲ့စည်းတွေ လာလှူတယ် လူငယ်
တွေ လာကြတယ် လိုအပ်ချက်တွေတော့ ရှိတာပေါ့ ကိုယ်တိုင်လာရောက်
လှူမယ်ဆို တစ် နေ့ တစ်သိန်းခန့်လောက်တော့ကုန်တယ် ထမင်း သုံးနပ်
ကျေးပါတယ် ဆန်တစ်နေ့ တစ်တင်ကျော်လောက်ကုန်တယ် ဟင်က
ဖြစ်သလို အသားနဲ အာလူးရောကြေးတယ် ဟုဒေသခံအဘ ဦးအောင်သိန်းကပြောသည်။

အဆိုပါရွာ ဝင်လမ်းများပိတ်ထားသဖြင့် ကလေးလေးများကျောင်းသွားရ
တာအခတ်အခဲတော့ရှိပါတယ် ကျောင်းနေအရွယ် ကလေး ၂၃ယောက်
၅ နှစ်အောက်ကလေး ၂၄ ယောက် လူကြီး ကျား/မ ၇၃ ယောက်ရှိပြီး
စုစုပေါင်း ၁၂၀ ဒုက္ခသည်တွေပါ ဝိုင်ကူလုပ်အားပေးသူတွေနဲ့ဆို ၁၅၀ခန့်
ရှိတယ် လာရောက်လှူဋ္ဌါန်းမယ်ဆို နီးဘုရာကနေလဲဝင်လိုရတယ်
ကံတော်ကြီးဘက်ကလဲလာလို့ရပါတယ် ပြင်ဦးလွင် ညောင်နီးမြောက်ရွာ
ဒုက္ခည်စခန်း သွားမယ်လိုဘယ်သူမေးမေးရပါတယ်ဟု၎င်းတို့ကပြောသည်။



posted from Bloggeroid

မီးဘေသင်သူများ မန်စည်ပင်ဆန်အိပ်လှူ

စိန်ပန်းမီးဘေးသင့်ပြည်သူများအား မန်းစည်ပင်မှ ဆန်အိတ်၂၄အိတ်ထောက်ပံ့
မန္တလေး ဇန်နဝါရီ ၂၉
စိုးကြီး
မန္တလေးမြို့၊စိန်ပန်း၊ တောင်ငံပြာရည်ရပ် မီးလောင်မှုဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် အိမ်ထောင်စု ၂၄စု၊လူဦးရေ(၉၇)ဦးအား မန်းစည်ပင်မှ တတင်းခွဲဝင်ဆန်အိတ် ၂၄အိတ် ထောက်ပံ့လှုဒါန်းခဲ့သည်။
မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊၄၁×၄၂-လမ်းကြားကမ်းနားလမ်း(အောက်)၊သံလျှက်မှော်အနောက်ရပ်ကွက်၊အကွက် (၃၇၉) တောင်/ငံပြာရည်စုရပ်တွင် ယခုလ၂၈-ရက်၊ညနေ ၃နာရီ၄၅-မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ၁၈-လုံးလောင် ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၄စုနှင့် လူဦးရေ၉၇ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်နေ ဒေါ်ဌေးရီ့
သွပ်မိုးထရံကာနှစ်ထပ်-မြေစိုက်အိမ်ရှိ မီးဖိုမီးအနီးတွင် စက်သုံးဆီဖလှယ်ရာမှ
စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နှစ်ထပ်အိမ် ၁၃-လုံးနှင့် တစ်ထပ်အိမ်၅-လုံး၊စုစုပေါင်းအိမ်ခြေ ၁၈-လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာမှု ဖြစ်ပွားရာ နေရာသို့ မန္တလေးမြို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၀ ၊အရံမီးသတ်တပ်ဖွဲ့ဝင်၁၅၀ဦးတို့နှင့် အတူမီးသတ်ယာဉ် ၇၆-စီး ဖြင့်ငြိမ်း သတ်ခဲ့ရာ ညနေ ၄-နာရီ ၃၅-မိနစ်တွင်
မီးငြိမ်းသွားပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ကျပ်၆၈-သိန်းဖြစ်ကာ မီးပေါ့ဆသူအား ပုဒ်မ ၂၈၅ ဖြင့် အမှတ်၇-ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
မန္တလေးမြို့တွင် ဇန်န၀ါရီ ၂၆ ရက်၊နံနက် ၁၀-နာရီခွဲခန့်ကလည်းတံခွန်တိုင် ယန္တရားရပ်ကွက်တွင်မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဇန်နဝါရီလအတွင်း၌ မီးလောင်မှု ၂-ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
ယခုမီးဘေးသင့်ပြည်သူများအား အုဌ်ကျောင်းဓမ္မာရုံတွင် ယာယီစခန်းဖွင့်လှစ်ကာ နေထိုင်နေရပြီး ကလေးငယ်များမှာ အအေးဒဏ်ခံစားနေရကြောင်း မီးဘေးသင့်ပြည်သူများကပြောသည်။

posted from Bloggeroid

မန္တလေးသတင်း

မန်းစည်ပင်ကြီးမှုးသည့် သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံပြအကောင်းဆုအား အထက၂၆ နှစ်နှစ်ဆက်တိုက်ပထမဆုရရှိ
မန္တလေး ဇန်နဝါရီ ၂၆
စိုးကြီး
မန္တလေးမြို့တော်၊စည်ပင်သာယာရေးကော်မတီက ကြီးမှုးကျင်းပသည့် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံပြအကောင်းဆုံးဆုအား မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အထက ၂၆ကျောင်းမှ နှစ်နှစ်ဆက်တိုက် ပထမဆုရရှိခဲ့ကြောင်းသိရသည်။
ယခုလ ၂၆ရက်က မန္တလေးမြို့၊ပညာရေးကောလိပ်တွင်ကျင်းပသည့် အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ၂၀၁၅ခုနှစ်အတွက် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကောင်းဆုံးကျောင်းများကို ရွေးချယ်ခဲ့ရာ ပထမဆု အထက(၂၆)၊ဒုတိယဆု အထက(၄)နှင့် တတိယဆုတို့ကို အထက ၃၀တို့က အသီးသီးရရှိခဲ့ခြင်းဖြစ်ပြီး ကမ္ဘာမြေကိုကာကွယ်ဖို့ ပတ်ဝန်းကျင်ကိုထိန်းသိမ်းစို့ခေါင်းစဉ်ဖြင့် ကျင်းပသော စာစီစာကုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်သည့် မန္တလေးမြို့ရှိ အခြေခံပညာအထက်တန်း၊အလယ်တန်းကျောင်းများမှ ဆုရ ကျောင်းသား၊ကျောင်းသူ ၃၆ဦးအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူများနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြသည်။

မန္တလေးမြို့တွင်ရှိသော ကျောင်းများသို့သွားရောက်ကာ ကျောင်းသူကျောင်းသားများအား အမှိုက်စွန့်ပစ်မှုနှင့်ပက်သက်ပြီးအသိပညာပေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ကျောင်းသားတစ်ဦးချင်းဆီ၏ အမှိုက်စွန့်ပစ်မှုစနစ်ကျလာပါက တကျောင်းလုံးရှိ အမှိုက်စွန့်ပစ်မှုကောင်းမွန်လာမည်ဖြစ်ပြီးထိုမှတဆင့် အိမ်တွင်းအမှိုက်စွန့်ပစ်မှုများပါ တိုးတက်လာမည်ဖြစ်ကာ ပတ်ဝန်းကျင်သာယာသန့်ရှင်းလာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပေးခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်၊စည်ပင်သာယာရေးကော်မတီဝင်(၉)ဒေါက်တာသွင်ကျော်ကျော်က ပြောသည်။
အထက ၂၆သို့ ကျောင်းအုပ်ကြီးရာထူးဖြင့်ရောက်ရှိလာကတည်းက ကျောင်းသားများသဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတက်စေရန်၊သစ်ပင်ပန်းမန်များစိုက်ပျိုးမှုကို ဝါသနာပါလာစေရန်၊စွန့်ပစ်အမှိုက်များကို စနစ်တကျစွန့်ပစ်တက်စေရန် အချိန်ပေးလုပ်ဆောင်ပေးခဲ့ပြီးယခုကဲ့သို့ နှစ်နှစ်ဆက်တိုက် ဆုရရှိမှုကြောင့် ဝမ်းသာဂုဏ်ယူပါကြောင်း အထက ၂၆ကျောင်းအုပ်ဆရာကြီးဒေါက်တာသန်းထိုက်စိုးက ပြောသည်။

posted from Bloggeroid

ကမ္ဘာဖလားအတွက်မြန်မာလက်ရွေးစင်အသင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

=========================
=========================

လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်နှင့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတို့အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်းလိုက်သည့် ကစားသမားစာရင်းတွင် ဒဏ်ရာရရှိနေသူများနှင့် လက်ရှိပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ ထို့ပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရပြီး ကလပ်အသင်းနှင့်ပင် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့် ငြိမ်းချမ်းအောင်ကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ အပတ်စဉ် တစ်ပတ်လျှင် တစ်ရက်လေ့ကျင့်မည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း

ဂိုး – ပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ရှမ်းယူနိုက်တက်)။

နောက် – ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ သိန်းဇော် (ရန်ကုန်)၊ ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် (ရှမ်းယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ရဲဝင်းအောင် (ရတနာပုံ)။

လယ် – လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ သက်နိုင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ ငြိမ်းချမ်းအောင် (ရန်ကုန်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ သီဟဇော် (ဧရာဝတီ)၊ နေလင်းထွန်း (ရှမ်းယူနိုက်တက်)။

ရှေ့ – အောင်သူ (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ ဆောင်လန်မန် (ချင်းယူနိုက်တက်)။


posted from Bloggeroid

အက္ခရာ ၈ လုံးမသင်ဘူးလားမြန်မာစာ

မြန်မာစာ အက္ခရာ ၈ -လုံးမသင်ဘူးလား ဆိုတဲ့ ကိစ္စ ။

ဇန်န၀ါရီ ၃၀ ။
မြန်မာစာပေမှာဗျည်း ၃၃ လုံး ရှိရာမှာ အရေးခက်တဲ့ ၈ လုံးကို မသင်သေး ဘူးဆိုတာနဲ့ပတ်သက်လို့ မန္တလေး မှာ KG+သင်ရိုးညွှန်းတန်း ပို့ချသင်ကြား တဲ့ သင်တန်း ဖွင့်ပွဲမှာ မေးမြန်းစုံစမ်းခဲ့ပါတယ်။

သူငယ်တန်းလို့အလွယ်သုံးလိုက်တာက အက္ခရာ ၈- လုံးပြဿ နာကြီး မားစေတယ်လို့ ယူဆမိတယ်။မူကြို လို့ မသုံးဘဲ (KG+သူငယ်တန်း)တဲ့။

လက်ရှိသူငယ်တန်း-ကျောင်းမထားခင် ပြင်ပမှာ မူကြိုထားခြင်းဖြင့် ကလေးကို ''ကျောင်း''ဆိုတာနဲ့စတင်ထိတွေ့စေကြတယ်။ကျောင်းပျော်ေ အာင် ထားကြသလို စာတတ်တာစောအောင် ထားကြတယ်။

အက္ခရာ-၈ လုံးကို မသင်ဘူးဆိုတာက မူကြို ကျောင်း ထားသလိုပဲ လို့ပြောရ မယ့် KG(KG+သူငယ်တန်း)ပါ။အကြိုသူငယ်တန်းပေါ့။ရှေးတုန်းကလို သူငယ်တန်းလေး/ သူငယ်တန်းကြီးပုံစံ ဖြစ်လာပြီး လက်ရှိထက် ပညာ သင်နှစ်က တစ်နှစ်ပို သွားမယ်။

အရေးထက် အသံ(အဖတ်)ကို အဓိကသင်ကြား မှာဖြစ်လို့ ထို ၈-လုံးကို လပိုင်းလောက် ဖြုတ်ထားပြီး ''ကျောင်း''ဆိုတာပျော်စရာဖြစ်အောင် သင်ရိုးရေး ဆွဲထားပါသတဲ့။KG+ သူငယ်တန်းနှစ်နောက်ဆုံး လက်ကျန် ၃ လမှာ ချန်ခဲ့တာတွေသင်ကြားမယ်လို့ ဆိုပါတယ်။

ခုလိုဆိုရင်တော့ ပုံမှန်သင်ကြားမှုအတိုင်းသူငယ်တန်းစာသင်နှစ်မှာဗျည်း ၃၃-လုံး အရေး/အဖတ် အပြည့်အစုံဖြစ်သွားပါ လိမ့်မယ်။

အဲတော့ လာမယ့် ၂၀၁၆-၁၇ ပညာရေးစနစ်အရ ၅-နှစ်မှာ ကျောက်းအပ် လက်ခံပြီး (KG+သူငယ်တန်း)က စမယ်။ဒဿ မတန်းထိဆိုတော့ ကျောင်း စာသင်နှစ်က (၁၂) နှစ်ဖြစ်မှာပါ။ပုံမှန်သွားရင်(၁၇)နှစ်မှာ ဒဿ မ တန်းဖြေဆိုပြီး၁၈ နှစ်မှအခြေခံပညာရေးက လွတ်မြောက်ပါလိမ့်မယ်။ ။

သင်တန်းဖွင့်ပွဲ။အမှတ် ၄(အထက်တန်းကျောင်း)၂၉ ဇန်နဝါရီ ၂၀၁၆ ။

posted from Bloggeroid

ကမ္ဘာဖလားအတွက်မြန်မာလက်ရွေးစင်အသင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်

=========================
=========================

လာမည့် မတ်လအတွင်း ယှဉ်ပြိုင်ရမည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်နှင့် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတို့အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်းလိုက်သည့် ကစားသမားစာရင်းတွင် ဒဏ်ရာရရှိနေသူများနှင့် လက်ရှိပြည်တွင်းလိဂ်ပြိုင်ပွဲများတွင် ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေသည့် ကစားသမားများ ပါဝင်လာခဲ့သည်။ ထို့ပြင် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူနေရပြီး ကလပ်အသင်းနှင့်ပင် ပူးပေါင်းလေ့ကျင့်နိုင်ခြင်း မရှိသေးသည့် ငြိမ်းချမ်းအောင်ကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၃ ရက်မှ စတင်ကာ အပတ်စဉ် တစ်ပတ်လျှင် တစ်ရက်လေ့ကျင့်မည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် စခန်းဝင်လေ့ကျင့်မည်ဖြစ်သည်။

ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း

ဂိုး – ပြည့်ဖြိုးအောင် (Southern)၊ ကျော်ဇင်ဖြိုး (မကွေး)၊ မျိုးမင်းလတ် (ရှမ်းယူနိုက်တက်)။

နောက် – ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ သိန်းဇော် (ရန်ကုန်)၊ ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် (ရှမ်းယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ရဲဝင်းအောင် (ရတနာပုံ)။

လယ် – လှိုင်းဘိုဘို၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ သက်နိုင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကျော်မင်းဦး၊ ကြည်လင်း၊ ငြိမ်းချမ်းအောင် (ရန်ကုန်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ သီဟဇော် (ဧရာဝတီ)၊ နေလင်းထွန်း (ရှမ်းယူနိုက်တက်)။

ရှေ့ – အောင်သူ (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)၊ ဆောင်လန်မန် (ချင်းယူနိုက်တက်)။


posted from Bloggeroid

တေးသံရှင်တင်ဇာမော် ရဲ့ကိုယ်မွေးနေ့

တေးသံရှင်"တင်ဇာမော်"ရဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပမယ့် Live Show ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ "ကိုယ့်မွေးနေ့" ဆိုတဲ့ တေးသီချင်းကို Single အဖြစ် Legacy Music ရဲ့ Myanmar Music Store တစ်ခုတည်းက ယနေ့ဖြန့်ချိလိုက်ပါပြီ၊သီချင်းရဲ့ကုဒ်နံပါတ်က buy S09365 ဖြစ်ပြီးSMSနံပါတ် 8204 (သို့) 18899 ကိုbuy S09365 ဆိုပြီးပို့လိုက်တာနဲ့သီချင်းရဲ့ download link လေး ပြန်ရောက်လာပါလိမ့်မယ်၊ buy နဲ့ song codeကြားမှာ space ခြားဖို့တော့မမေ့ပါနဲ့၊ နမူနာသီချင်းကို အောက်တွင်နားဆင်ပါ။

posted from Bloggeroid

မန္တလေးတွင် EU ဥရောပ အဖွဲ့မှဆွေးနွးပွဲကျင်ပ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မန္တလေးဒေသခံများနှင့်
ဆွေးနွေးပွဲ မန္တလေးစွမ်းဟိုတယ်တွင်ကျင်ပ
==================================================
မန္တလေးမြို့ ချမ်းအေးငာစံမြို့နယ် ၂၆လမ်း ပေါ်ရှိ မန္တလေးစွမ်းဟိုတယ်
အပေါ်ထက်တွင် မြို့ခံ နယ်ခံ အရပ်ဘက်လူအဖွဲ့ဝင်များနှင့်EUဥရောပ
အဖွဲ့တို့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ ပြုပြင်ပြောင်းလဲရေးဆိုင်ရာဆွေးနွေးပွဲကို
ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ နေ့  နှစ်ရက်ဆက်တိုက်ကျင်ပခဲသည်။

EU ဥရောပအဖွဲ့စည်းမှ Ms Bettina Ambach နှင့် MrLeon de Riedmatten
တို့မှ သင်တန်းမှူး အဖြစ်တာဝန်ယူကာ Ms Karin Decknbech မှ မီဒီယာ
နှင့် လူထုအခြေပြုအဖွဲ့အစည်းများဆိုင်ရာ ကဏ္ဍခေါင်းဆောင် လည်ကောင်း
ဦးနေမျိုးနိုင် အကြီးတန်းအကြံပေး မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းများကဏ္ဍပါဝင်၍ စကားပြန်ဖြစ် ဦးသိန်းတိုးဝင်း ဒေါ်စုစံလွင်
တို့မှာ ပါဝင်၍ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ အင်အား ၂၅ တက်ရောက်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှု့ဟာ ရုပ်ပိုင်းများသာ ပြောင်းသွားပြီ စိတ်ပိုင်းဆိုင်ရာများပြောင်းလဲမှု့တွေလုံးဝ
မရှိကြောင်း ဆွေးနွေပြောကြားခဲသည်ကိုတွေ့ရသည်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ EU ကသင်တန်းပေးပြီး ၂ နှစ်တာအတွင်းမှာ
ဘာတွေပြောင်းလဲဆိုသော အရာကို ဆွေးနွေးရရင် ယနေ့အချိန်ထိ ဘာ
တစ်ခုမှ တိုးတက်ပြောင်းလဲလာတာမရှိဘူးလိုပြောလိုရပါတယ် EUသင်
တန်းပို့ချပြီးမှ လက်ပံထောင်းမီးလောင်ဗုံခွဲတာတွေ မန္တလေးက ထွက်လာ
သော ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမှအကြမ်းဖက်ဖြိုခွင်တာ
တွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ LGO CSO တွေကို မတရားပုဒ်မတက်
တရားစွဲ မှု့တွေ သတင်းမီဒီယာများအပေါ်သတင်း ထိမ်ချန်တာတွေ သတင်
းမေးရင်မဖြေတာတွေ ပဋိပက္ခဖြစ်စဉ်တွေမှ အကြမ်းဖက်သူတွေက ရဲကို
မကြောက်ဘဲ အနားကပ် ဆဲဆိုသွားတာတွေ နဲ့ ပါဝင်ပက်သက်သူတွေကို
မဖေါ်ထုတ်နိုင်တာတွေအများကြီးရှိတယ်ဟုမန္တလေးအခြေစိုက်သတင်းသ
မားတစ်ဦးကဆွေးနွေးခဲ့သည်။

သင်တန်းမှပိုချချိန်ကတော့ ကျွန်မတို့ LGO အဖွဲ့စည်းတွေကို မန္တလေးတိုင်း
ရဲမင်းကြီး ဖုန်းနံမှတ်တွေ ပေးသွားပါတယ် ကျွန်မတို့ ပဋိပက္ခဖြစ်စဉ်တွေမှ
အကူအညီတောင်းခံသည့်အခါ ကျွန်မတို့ ဖုန်းတွေ လုံးဝ မကိုင်ပါဘူး
အရပ်ဘက် အဖွဲ့အစည်းတွေကို လုံးဝအကူအညီမပေးခဲပါဘူး မြန်မာနိုင်ငံ
ရဲတပ်ဖွဲဆိုသော ဆိုင်ဘုတ်ကို ကျွန်မတို့ပြည်သူတွေမကြိုက်ပါဘူး

ပြည်သူရဲဘဲ အမည်နဲ့ပြောင်းလဲစေလိုပါတယ် အခုရဲတပ်ဖွဲဟာ ဒုစရိုက်
သမားတွေ အလောင်စားသမား ခိုးစိုးလုယက်သမားတွေ မနိမ်နှင်းဘဲ
အရပ်ဘက်အဖွဲ့အစည်းတွေ ဘာတွေလုပ်တယ် ကျောင်းသားတွေဘာ
တွေလုပ်တယ်ဆိုတာတွေကို သတင်းပေးတွေမွေးပြီး လိုက်ခိုင်တာတွေ
ပြီးရင်မတရားပုဒိမတွေတပ်ကာဖမ်းစီးအရေးယူတာတွေဘဲလုပ်ပြီး
ရုပ်ပိုင်းဆိုင်ရာတွေသာပြောင်းလဲသွားသော်လည်းစိတ်ပိုင်းဆိုင်ရာတွေ
မပြောင်းလဲဘဲ ယနေတိုင်တည်ရှိနေပါတယ်ဟု LGOအဖွဲ့မှတာဝန်ရှိသူ
တစ်ဦးကဆွေးနွေးခဲ့ပါတယ်။

အဆိုပါ သတင်းမီဒီယာများနှင့် အရပ်ဘက်အဖွဲ့စည်းများတင်ပြမှု့ ဒီလိုပြ
သာနာတွေကိုဘယ်လိုဖြေရှင်းမလဲ ကျွန်မတို့အဖွဲ့ရယ် သတင်းမီဒီယာ
တွေနဲ့ LGO/CSO အဖွဲ့ တစ်ပက်တစ်ကြိမ်တွေ့ဆုံးဆွေးနွေးမှု့တွေလုပ်ပို့
အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံအတွင်းမှလဲ မိမိတို့အဖွဲ့အနေနဲ ပုသိမ်
မှသာဆွေးနွေးညှိနိုင်းမှု့အောင်မြင်ကြောင်း ရဲမှူးကြီး အောင်နိုင်သူမှ
EU အဖွဲ့နှင့် အရပ်ဘက် သတင်းမီဒီယာကဏ္ဍတွေမှာအောင်မြင့်စွာ
ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ် အခုဖြစ်နေတာက မန္တလေးနဲ့ရန်ကုန်က
အခြေအနေတွေ ဆွေးနွေးတိုင် မြန်မာနိုက်ငံရဲတပ်ဖွဲနှင့်အဆင်မပြေမှု့
တွေကို မိမိတို့အဖွဲ့အားအခုလိုဆွေးနွေးပွဲတွေမှာပွင့်လင်းမြင်သာစွာ
ဆွေးနွေးသည်အတွက်အထူးကျေးဇူးတင်ရှိကြောင်းသတင်းတာမှူး
ှ Ms Bettina Ambach ဆွေးနွေးပြောကြားခဲပါသည်။

အရင်နှစ်တွေက ပြုလုပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုငြင်ပြောင်းလဲရေး
ဆိုင်ရာပွဲတွေဆို မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာရှိသူ
အရာရှိများ သင်တန်းသားအဖြစ် ရဲတပ်သား ဒုရဲအုပ်များပါဝင်ခဲသော်လည်
ဒီနှစ်ပြုလုပ်သည် အလုပ်ရုံဆွေးနွေးပွဲ EU ကလုပ်သည်သင်တန်းမှ
ရဲတပ်ဖွဲ့ဝင်တွေတစ်ဦးမှမပါဝင်ကြောင်းမနှစ်သင်တန်းတက်သူအရပ်ဘက်
အဖွဲ့စည်းများ၏ပြောပြချက်အရသည်ရသည်။



posted from Bloggeroid

လွတ်တော်သတင်း



30.01.2016 01:35


ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ အခမ်းအနား

ခုဆိုရင် အရင် စစ်အစိုးရက ဖန်တီးပေးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော်တွေ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဇန်န၀ါရီ(၂၈) နဲ့ (၂၉ )ရက်နေ့ မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ နှုတ်ဆက်ပွဲတွေ ကျင်းပကြပါတယ်။ အားလုံးလိုလိုသော အမတ်တွေက သူတို့ လွှတ်တော်ကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်ပြီး လွှတ်တော် မှတ်တမ်းထဲ ၀င်အောင် ပြောဆိုကြပါတယ်။ အဓိက ပြောကြ ဆိုကြတာက နှစ်ပေါင်း ၂၀ ကျော်အတွင်း လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပြီး သူတို့တွေက အသက်သွင်းခဲ့တယ် ဆိုတာမျိုး၊ လွှတ်တော်တွင်းမှာ ပါတီစွဲ လူမျိုးစွဲ မထားပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ခဲ့ကြတယ် ဆိုတာမျိုး၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုပြီး ပြည်သူတွေ အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာမျိုး၊ ဘယ်လောက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဒုက္ခခံပြီး လုပ်ခဲ့ကိုင်ခဲ့ကြတယ် ဆိုတာမျိုးတွေပါ။ ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေဟာ ဘယ်လို လွှတ်တော်တွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေကို ပြန်ကြည့်ရင် တကယ့် လွှတ်တော်တွေအလား ပီပီပြင်ပြင် အသက်ဝင်အောင် လုပ်ခဲ့တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၁၄ ခုသော လွှတ်တော်တွေအားလုံး တစ်ခုမှ ပြည်ထောင်စု အဆင့် လွှတ်တော်လို အသက် မ၀င်ခဲ့လို့ ဖြစ်ပါတယ်။ လွှတ်တော် သက်တန်းကာလ အတွင်း ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းတာတွေကိုတော့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တကယ့် ပြည်သူလူထု အကျိုးအတွက် ဖြစ်ရဲ့လား၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ဖယ်ရှားပေးထားတဲ့ ဥပဒေတွေ ဖြစ်ရဲ့လား ဆိုတာကတော့ ဆွေးနွေးစရာ အများကြီး ရှိနေပါတယ်။



နမူနာအားဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ဆိုရင် ဒီမိုကရေစီလည်း မကျ၊ ရှုတ်လည်း ရှုတ်ထွေး အခြေအနေမျိုး ဖြစ်အောင် ပြဌာန်းထားတာ တွေ့ရမယ် ဖြစ်ပါတယ်။ အဲလို ရှုတ်ထွေးတဲ့ ဥပဒေကြောင့်ပဲ အရင် အာဏာရှင် ခေတ်က အတိုင်း ပြည်သူလူထုကို ဆန့်ကျင်သူတွေ၊ ကိုယ်ကျိုးသမားတွေ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွေကို ဆက်ပြီး ရယူထားနိုင်သေးတာ တွေ့ရပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်းစွာ စုရုံး စီတန်း ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေကို အကြောင်းပြုပြီးတော့ပဲ ကျောင်းသားနဲ့ လူပေါင်းများစွာ ဖမ်းဆီး၊ တရားရုံး တင်ပို့ခံရ၊ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မျိုးစောင့် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိစေမယ့် ဥပဒေတွေလို့ သတ်မှတ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါတွေက နမူနာ သဘောလောက်ပါ။ လက်ရှိ လွှတ်တော်ဟာ အဲလို ဥပဒေ အများကြီး ပြဌာန်းခဲ့ပါတယ်။

နောက်တစ်ချက် လွှတ်တော်ဟာ သမ္မတ နဲ့ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတယ်၊ ထိန်းညှိတယ် ဆိုတဲ့ ကိစ္စပါ။ တကယ့်တကယ်ကျတော့ အဲဒီကိစ္စတွေထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ၊ ဂိုဏ်းဂဏ တိုက်ပွဲ ပြသနာတွေ အများကြီး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရ ခေတ်လွန်ကို ပြန်ကြည့်ရင် လွှတ်တော်ထဲကို အမတ်ဖြစ်ပြီး ရောက်သွားသူတွေထဲမှာ အရင် အခွင့်ထူးရခဲ့တဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီတွေ ပါသွားကြပါတယ်။ လွှတ်တော်ကို သူတို့ ကြီးစိုး လွှမ်းမိုးထားပါတယ်။

တစ်ဖက်မှာ အစိုးရ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် ဘက်မှာလည်း သူတို့ အုပ်စုနဲ့ သူတို့ ရှိကြပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ၀န်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ၀န်ကြီးဟောင်းတွေနဲ့ ခရိုနီ အုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေ မပေးတော့ပါဘူး။ ပုံစံ အသစ်၊ လူအသစ်တွေနဲ့ လုပ်ပါတယ်။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအ၀ိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။ နောက်ပိုင်း အစိုးရဘက်က လုပ်ရပ်တွေ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ရပ်တွေကို စေ့စေ့စပ်စပ် ကြည့်ရှု ဝေဖန်ပါတော့တယ်။ ဒါဟာ အစိုးရနဲ့ လွှတ်တော် ပုံမှန် Check and Balance လုပ်တာမျိုး မဟုတ်ပါဘူး။ ဥပမာအားဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံခြား ဘဏ်တွေကို ၀င်ရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ ကိစ္စတွေမှာဆိုရင် လွှတ်တော် ဘက်က အသည်းအသန် ကန့်ကွက်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က မအောင်မမြင် ဇာတ်မျောဖြစ်အောင် လုပ်လိုက်တဲ့ ပြသနာကြီးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြည်သူတွေ လက်ထဲ ပြန်ရောက်ရေး ကိစ္စပါ။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်က လယ်သိမ်းယာသိမ်း ပြသနာဟာ အတော့်ကို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ သိမ်းသူတွေကလည်း မျိုးစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ စစ်ဗိုလ် နဲ့ ခရိုနီသူဌေး စုံနေအောင် ပါပါတယ်။ လယ်သိမ်းယာသိမ်း လုပ်ခဲ့တဲ့သူတွေ အများကြီးကလည်း လွှတ်တော်ထဲ အမတ်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ နောက်ဆုံး အဲဒီ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးတဲ့ လွှတ်တော်ဘက်ကလည်း ပြသနာကို ရှင်းလင်းတဲ့အထိ မကိုင်တွယ်ပဲ ဇာတ်မျောအဖြစ် လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။

လွှတ်တော်ရဲ့ အရေးအကြီးဆုံးသော ပြသနာ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့တာပါ။ ရွေးကောက်ခံ နဲ့ တပ်တော်သားတွေ ညှိနှိုင်းပြီး ဖွဲ့စည်းပုံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား ပြင်ဖို့ ကြိုးစားရမှာကို ဖွဲ့စည်းပုံပြင်ရေးကော်မတီ ထဲကနေ တပ်မတော်သားတွေကိုရော အခြားပါတီဝင်တွေကိုပါ ထုတ်ပယ်၊ သူရဦးရွှေမန်း သဘောကျတာကိုပဲ ပြင်ဖို့ ပြည်ခိုင်ဖြိုးပါတီက လုပ်ခဲ့တာပါ။ နောက်ဆုံး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဘာတစ်ခုမှ အရာမထင်ခဲ့ပါဘူး။

လွှတ်တော် နောက်ဆုံးနေ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရော သူရဦးရွှေမန်းပါ စကားပြောကြပါတယ်။ သမ္မတ ဦးသိန်းစိန်က “ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်နာကျင်မှုများကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့တယ်”ဆိုပြီး ပြောခဲ့သလို သူရဦးရွှေမန်းကလည်း “ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီးရပါတယ်။ ဒီလိုပဲ ကျွန်တော်နဲ့ နီးစပ်သူတွေလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီး ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏ တိုက်ပွဲကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ကုန်လွန်ခဲ့တဲ့ လွှတ်တော် သက်တန်းဟာ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ဆိုတာထက် ကိုယ်ကျိုးစီးပွားနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ပိုပြီး လွှမ်းမိုးခဲ့တဲ့ လွှတ်တော်လို့ သတ်မှတ်ရင် ပို နီးစပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

posted from Bloggeroid

Friday, January 29, 2016

Zika ဗိုင်းရပ်စ်ပိုးပြန်နှံ့



29.01.2016 20:49



Zika ဗိုင်းရပ်စ်ပိုး ပြန့်နှံ့။


Zika ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတရပ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တနင်္လာနေ့မှာလုပ်ဖို့ စီစဉ် ထားပါတယ်။ ခြင်ကနေတဆင့်ဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးဟာ စိုးရိမ်စရာကောင်းလောက်တဲ့နှုန်းနဲ့ ပြန့်နှံ့နေတယ်လို့ WHO ညွှန်ကြားရေး မှူးက ပြောလိုက်ပြီးတဲ့နောက် အခုလို အရေးပေါ် အစည်းအဝေးလုပ်ဖို့ စီစဉ်ထားတာပါ။

အမေရိကတိုက်က လူသန်းပေါင်းများစွာ ဒီရောဂါပိုးသင့်ထားနိုင်ခြေရှိတယ်လို့ WHO က သတိပေးထားပါတယ်။ Zika ဗိုင်းရပ်စ်ပိုး ပြန့်နှံ့တာ နှေးကွေးသွားစေဖို့နဲ့ တားဆီးဖို့ သမားရိုးကျရော၊ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကိုပါ သုံးပြီးတော့ လုပ်ဆောင် နေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ပါလာတဲ့ ချို့ယွင်းချက်တွေဟာ ဒီရောဂါပိုးနဲ့ ဆက်စပ်နေပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးဖြစ်စေနိုင်တဲ့ နေရာအရင်းအမြစ်တွေကို မှိုင်းတိုက်တဲ့ ကားတွေနဲ့ နှိမ်နင်းနေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေကို ပညာပေး လှုံ့ဆော်တဲ့လုပ်ငန်းတွေကိုလည်း လုပ်နေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကြောင့် တချို့ မွေးကင်းစ ကလေးငယ်တွေရဲ့ ဦးခေါင်းအရွယ်အစား သေးငယ်နေသလို ဦးနှောက်အရွယ်အစားဟာလည်း ပုံမှန်ထက်သေးငယ်သွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

El Salvador တာဝန်ရှိသူတွေကတော့ Zika ဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်ခြေရှိတဲ့ ပိုးလောက်လန်း တွေကို ငါးတွေက စားပစ်အောင်လုပ်ပြီးတော့ ရှင်းနေပါတယ်။ El Salvador နိုင်ငံမှာ Zika ဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင်လုပ်တဲ့ နည်းလမ်းကို တခြားနိုင်ငံတွေမှာ လိုက်လုပ်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Zika ဗိုင်းရပ်စ်ပိုး ပြန့်နေတဲ့ ဘရာဇီးလ်လိုနိုင်ငံမျိုးတွေကို ခရီးမသွားကြဖို့ အမေရိကန် ရောဂါပိုးထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာန CDC က ကိုယ်ဝန်ဆောင်မိခင်တွေကို သတိပေးထားပါတယ်။

posted from Bloggeroid

ဂျာပန်ဗဟိုဘဏ် ၀.၁ိနုန်းအတိုး



30.01.2016 04:40



ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို အနှုတ် သုည ဒဿမ ၁% သတ်မှတ်ဖို့ ကို မျှော်လင့်မထားဘဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘဏ် အပ်ငွေတွေပေါ် အတိုးနှုန်းကို အရင်က သုည ဒဿမ ၁% နဲ့ နည်းနည်းလေးပဲ ပေးထားတဲ့ ဗဟိုဘဏ်မှာ - လက်ရှိ ငွေအပ်ထားတဲ့ ဘဏ်လုပ်ငန်း တွေအပေါ် သက်ရောက်မှု ရှိစေမှာပါ ဖြစ်ပါတယ်။

ရေနံဈေးနှုန်း နောက်ထပ်ကျဆင်းမယ့် အလားအလာ၊ တရုတ် အပါအ၀င် ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေမှာ မရေမရာ အခြေအနေ၊ စီးပွားရေးဆိုင်ရာ ယုံကြည်မှု နဲ့ လူတွေရဲ့ ကျဆင်းနေတဲ့ စိတ်အခံ ပျောက်သွားအောင် လုပ်ဖို့ နှောင့်နှေးသွားစေနိုင်တဲ့ ကမ္ဘာလုံး ဆိုင်ရာဈေးကွက် မတည်မငြိမ်ဖြစ်နေတာ စတဲ့ အန္တရာယ်တွေရှိနေတယ်လို့ ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဟရုဟိကို့ ကုရိုဒါ (Haruhiko Kuroda) က တိုကျိုမြို့တော်မှာ သတင်းထောက်တွေ ကိုပြောပါတယ်။

လိုအပ်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း ထပ်ပြီး လျှော့ချမယ်လို့ ဗဟိုဘဏ်အဖွဲ့ဝင်တွေ ၅ မဲ ၄ မဲနဲ့ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

အခုလို ဂျပန်ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း သတ်မှတ်မယ်လို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက် အာရှဒေသ အစုရှယ်ယာဈေးတွေ သောကြာနေ့က သိသိသာသာ တက်သွားပါတယ်။ ဂျပန်ဗဟိုဘဏ် ရဲ့ အခုကြေညာချက်ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ငွေထုတ်ချေးတာတွေ အရှိန်အဟုန် နဲ့ ဖြစ်လာမယ့်သဘော ရှိပါတယ်။

တိုကျိုမြို့ Nikkei အစုရှယ်ယာအညွှန်းကိန်းဟာ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေပြီးတဲ့နောက် ၂.၈% အတက်နဲ့ ဈေးပိတ်နိုင်ခဲ့သလို၊ ဟောင်ကောင် Hang Seng အစုရှယ်ယာအညွှန်းကိန်းဟာလည်း ၂.၅% အတက်ပြခဲ့ပြီး၊ ရှန်ဟဲ စုပေါင်းအညွှန်းကိန်းဟာလည်း ၃.၁% အတက်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ဆစ်ဒနီ၊ စင်္ကာပူ၊ မနီလာနဲ့ တိုင်ပေ ဈေးကွက်တွေမှာလည်း ၂% စီလောက် အတက်နဲ့ ဈေးပိတ်ပါတယ်။ ဥရောပဈေးကွက်မှာလည်း သောကြာနေ့ မနက်ပိုင်းက အာရှဈေးကွက် အတိုင်းပဲ အတက်ပြနေခဲ့ပါတယ်။

posted from Bloggeroid

နိုင်ငံတကာ

30.01.2016 05:50


ဆော်ဒီက ဗလီ ကို ဗုံးခွဲ တိုက်ခိုက်မှုတခု မြင်ကွင်း (

အီရန်နိုင်ငံကို ခရီးသွားလာမှုအတွက် အမေရိကန် အစိုးရ နိုင်ငံခြားရေးဌာန က သောကြာနေ့မှာပဲ သတိပေးချက် ထုတ်ပြန်လိုက် ပါတယ်။

အထူးသဖြင့် အီရန်နွယ်ဖွါး အမေရိကန် နိုင်ငံသားတွေကို သတိပေးထားတာပါ။ ဒါဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ ကတည်းက အကျုံးဝင်တဲ့ သတိပေးချက်နေရာမှာ အစားထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးသဖြင့် အမေရိကန်နဲ့ အီရန် ၂ နိုင်ငံစလုံးအတွက် နိုင်ငံသားခံယူထားသူတွေ အနေနဲ့ အီရန်မှာ အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိတာကို ထပ်မံ သတိပေးထားတာပါ။

အီရန်နဲ့ အမေရိကန်တို့ကြား သံတမန် ဆက်သွယ်ရေး မရှိတဲ့အတွက် အရေးပေါ် တစုံတရာ ဖြစ်ခဲ့ရင် အမေရိကန်က သူ့နိုင်ငံသားတွေကို အကူညီပေးဖို့ အကန့်အသတ်တွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာတော့ အရှေ့ပိုင်းက ရှီယာပလီဝတ်ကျောင်း တခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေတုန်း သေနတ်သမား တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနဲဆုံး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။

Al-Ahsa မြို့က Mahasen အရပ်မှာ ရှိတဲ့ Imam Reza ဗလီမှာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ တာပါ။ ဝင်ရောက်တိုက်ခိုက်သူ တဦးက သူ့ရဲ့ ဖေါက်ခွဲရေး ပစ္စည်းတွေကို ဖေါက်ခွဲနေ တုန်း တခြားလူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် လို့ ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ကိုအစိုးရ သတင်းမှာ ဖေါ်ပြထားပါတယ်။ တိုက်ခိုက်သူတယောက် အသေခံဗုံး ဖေါက်ခွဲဖို့ လုပ်နေတာကိုတော့ ဟန့်တားနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ် ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။ Mahasen ဟာ ကမ္ဘာ့အကြီးဆုံး ရေနံစက်ရုံဖြစ်တဲ့ အစိုးရပိုင် ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီက ရှီယာ အလုပ်သမား အများအပြား နေထိုင်တဲ့ နေရာဖြစ်ပါတယ်။

ဆူနီဘုရင် အုပ်ချုပ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ရှီယာလူဦးရေက တနိုင်ငံလုံးရဲ့ ၁၀ ရာခိုင်နှုံးကနေ ၁၅ ရာခိုင်နှုံးလောက် ရှိနေတာပါ။ ရှီယာ လူနည်းစုတွေဟာ အရင်ကလည်း အိုင်အက်စ် အစွန်းရောက်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ခံခဲ့ရပါတယ်။

posted from Bloggeroid

ခြင်ကလာသည်ရောဂါပိုး



30.01.2016 06:01




အမေရိကတိုက်မှာ ပြန့်နှံ့နေတဲ့ ခြင်ကတဆင့် ပေါက်ပွါးတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ လူပေါင်း သန်းနဲ့ချီအကူးစက်ခံနေရပြီး ဒီနှစ် နှောင်းပိုင်း ဘရာဇီးလ် နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ် ပွဲအချိန်ရောက်ရင်တော့ အိုလံပစ်ပွဲတော်ကို လာရောက်သူ အများအပြားရှိနေမှာမို့ သူတို့ နေရပ်ပြန်ချိန်မှာ ကမ္ဘာအနှံ့ ဒီရောဂါပိုး ကူးစက်ပြန့်ပွါးမှုတွေ ဖြစ်လာနိုင်တာပါ။

လူအများစု အတွက်တော့ ဇီကာ ဗိုင်းရပ်စ် ပိုးဟာ ပြဿနာ သိပ်မရှိပဲ အဖျားတက်တဲ့ လက္ခဏာမျိုးလောက်ပဲ ရှိပေမယ့် သူက မွေးဖွားလာမယ့် ကလေးငယ်တွေမှာ ဆိုးဝါးတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ပေါ်ပေါက်နိုင်တယ်လို့ ရောဂါထိမ်းချုပ် ကာကွယ်ရေး ဗဟိုဌာနက ဒေါက်တာ Beth Bell ကပြောပါတယ်။



ဘရာဇီးလ် နိုင်ငံက ရောဂါရှင် ၄ ထောင်လောက်မှာ ဇီကာဗိုင်းရပ်စ်ပိုးနဲ့ ဆက်နွယ်ပြီး ရောဂါဖြစ်ပွါးနေတာ တွေ့ရသလို သူတို့မှာ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ သာမန်မဟုတ်ပဲ ဦးခေါင်းနဲ့ ဦးနှောက် သိပ်သေးနေ တာတွေ့ရတယ်လို့ ဆိုပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဇီကာ ဗိုင်းရပ်စ်ပိုးဟာ အမေရိကတိုက် တလွှားမှာ လျှင်လျှင်မြန်မြန် ပျံ့နှံ့နေပြီး အခုဆိုရင် လူပေါင်း ၄ သန်းလောက်မှာ ကူးစက်နေနိုင်တယ်လို့ ဆိုပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ လက်တင် အမေရိကနဲ့ ကရေဘီယံ တလျှောက် အမြန် က ပျံ့နှံ့နေတာပါ။ ဒေသတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ဒီရောဂါပိုး ပျံ့နှံ့နေပြီး အဆင့် အမြင့်ဆုံး သတိပေးချက်လည်း ထုတ်ပြန်ထားတယ်လို့ WHO အကြီးအကဲ Margaret Chan ကပြောပါတယ်။

ဘရာဇီးလ် နိုင်ငံမှာ မနှစ်က ပထမဆုံး ဒီရောဂါဖြစ်ပွါးသူတွေ့ခဲ့ရပြီးတဲ့နောက်ပိုင်း အဲဒီအချိန်ကစလို့ ဒေသတွင်း နိုင်ငံ အများအပြားကို အမြန် ပျံ့နှံ့ သွားတာပါ။ ဒါပေမယ့်လည်း ဒီရောဂါပိုးအတွက် ဘယ်သူကမှ အစပိုင်းမှာ စိုးရိမ်မှု မရှိကြဘူးလို့ ဆိုပါတယ်။

posted from Bloggeroid

EU ပေးအပ်ချီးမြှင့်




29.01.2016 22:19



ကိုထက်ခေါင်လင်းကို EU ဥရောပသမဂ္ဂ မှ ပေးအပ် ချီးမြှင့်တဲ့ "EU Lorenzo Natali Prize" မီဒီယာဆု ရရှိမှု အတွက် ဂုဏ်ပြု။ ( Photo Credit to- European Union Delegation to Myanmar)



EU ဥရောပသမဂ္ဂက ဂုဏ်ပြုချီးမြင့်တဲ့ ၂၀၁၅ ခုနှစ်အတွက် Lorenzo Natali ဆုတဆုကို မြန်မာနိုင်ငံက သတင်းထောက်တဦး ပထမဆုံးအကြိမ် ရရှိသွားပါတယ်။ ရန်ကုန်မြို့မှာ ပြည့်တန်ဆာအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ မိန်းကလေးငယ် တယောက်ရဲ့ အကြောင်းကို အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အသက် ၁၈ နှစ်အောက် ကလေးပြည့်တန်ဆာတွေအကြောင်းကို Myanmar Now အကြီးတန်း သတင်းထောက် ကိုထက်ခေါင်လင်းက သတင်းဆောင်းပါးရေးသားခဲ့ပြီး အခုလို Lorenzo Natali နိုင်ငံတကာဆုကို ရရှိလိုက်တာပါ။

ဒီဆောင်းပါးကို Myanmar Now အင်တာနက်အော်လိုင်း သတင်းမှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က Poverty drives Myanmar girls into underage sex work ဆင်းရဲမွဲတေမှုကြောင့် အသက်မပြည့်တဲ့ မြန်မာ မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်ငန်းထဲရောက်ရတယ် ဆိုပြီး ရေးသားခဲ့တာပါ။



သတင်းသမားတွေနဲ့တွေ့ဆုံ

ဒီကနေ့ ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးမှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံခဲ့တဲ့ ကိုထက်ခေါင်လင်းက မြန်မာနိုင်ငံက သတင်းထောက်တွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းခဲ့သလို၊ နောက်တတ်လာမယ့် အစိုးရလက်ထက်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေရတဲ့ သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး များများ ဖန်တီးပေးသင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

ဥရောပသမဂ္ဂက ချီးမြင့်တဲ့ Lorenzo Natali ဆုဟာ အာဖရိက၊ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်း၊ အာရှပစိဖိတ်ဒေသတွေ အပါအ၀င် ဥရောပနဲ့ လက်တင် အမေရိကား နိုင်ငံတွေမှာရှိတဲ့ သတင်းထောက်တွေရဲ့ သတင်းဆောင်းပါးတွေထဲကနေ ဒေသတခုချင်းအတွက် ပရောဖက်ရှင်နယ်ဆုနဲ့ အပျော်တမ်းဆု ၂ ဆုစီ ပေးအပ် ချီးမြှင့်တာပါ။

ဒီအထဲမှာ ကိုထက်ခေါင်လင်းကတော့ အာရှနဲ့ ပစိဖိတ်ဒေသအတွက် ပရောဖက်ရှင်နယ် ဆုကို မြန်မာသတင်းထောက် တယောက်အနေနဲ့ ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ်။ Lorenzo Natali ဆုရသူတွေကို ဒီလ အစောပိုင်းက ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ကို ဖိတ်ခေါ် ချီးမြှင့်ခဲ့ပြီး၊ ဆုကြေးငွေကတော့ ယူရို ငါးထောင်စီဖြစ်ပါတယ်။

posted from Bloggeroid

အလုပ်သမားပြသာနာ မန္တလေး

မန္တလေးစက်မှုဇုံ ပန်းခြံလမ်း
တွတ်ပီကွေ့အနောက်ဖက်
"မြန်မာမေကောင်း"သစ်အချောထည်စက်ရုံ
အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန်
လျှောက်ထားဆဲ အလုပ်သမလေးများ ၅၀ ဦးခန့်ကို
HR မန်နေဂျာမှ စက်ရုံပိတ်မယ်ဆိုပြီးတော့
စက်ရုံမှနေထိုင်ခွင့်ပေးထားသော အဆောင်မှ
၂၉.၁.၂၀၁၆ နေ့ နောက်ဆုံးထွက်ခွာခိုင်းသဖြင့်
ယနေ့ ၃၀.၁.၂၀၁၆ နံနက် ၈း၀၀ မှစတင်၍
၎င်းအလုပ်သမလေးများအားလုံးသည်

စက်ရုံရှေ့၌ပင် စက်ရုံ၏လုပ်ရပ်အားလက်မခံကြောင်း
သက်ဆိုင်ရာဥပဒေနှင့်အညီ အကာအကွယ်ရရှိနိုင်ရန်
တောင်းဆိုနေကြသည်။

အလုပ်သမားအဖွဲ့အစည်းနှင့်ပတ်သက်၍
နှောက်ယှက်သူအား ဥပဒေအရ ထောင်ဒဏ် ၁ နှစ်အထိ
အရေးယူနိုင်ကြောင်း
၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေ
ပုဒ်မ ၅၁ တွင်ပြဌာန်းထားသည်။

posted from Bloggeroid

နိုင်ငံတကာ သတင်း



28.01.2016 22:37



ဆွီဒင်ကို ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဆွီဒင်ရဲလုံခြုံရေးများ စောင့်ကျပ်နေစဉ်။

ဆွီဒင်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း စံချိန်တင်ရောက်ရှိလာတဲ့ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ကြိုးစားနေသူတွေထဲက လူဦးရေ ၈၀,၀၀၀လောက်ကို ဌာနေရင်းတွေ ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြန်ပို့မယ်ဆိုတဲ့ အရေအတွက်က ဆီးရီးယား၊ အီရတ်နဲ့ အာဖဂနစ္စတန် စစ်ပွဲတွေကနေ ထွက်ပြေးလာကြပြီး ဆွီဒင်နိုင်ငံတွင်းကို ၀င်ရောက်ခဲ့ကြတဲ့ လူပေါင်း ၁၆၃, ၀၀၀ ထဲက ထက်ဝက် နီးပါး ရှိပါတယ်။ နိုင်ငံသား ခိုလှုံခွင့် လျှောက်ထားမှုတွေ ပယ်ချခံထားရတာကြောင့် စစ်ပြေး ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီး Anders Ygeman က ဆွီဒင် သတင်းစာ တစောင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လျှောက်ထားမှု ပယ်ချခံရသူတွေ အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံတွင်းကနေ ထွက်ခွာသွားနိုင်ပြီး ဒါမှမဟုတ်ရင်တော့ အတင်းအကျပ် ပြန်ပို့မယ်ခံရမှာ ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ကာလရှည် တည်ရှိခဲ့တဲ့ နယ်စပ်တွေ ဖွင့်လှစ်ထားရေး မူဝါဒကြောင့် စစ်ပြေး ဒုက္ခသည်တွေ အများဆုံး ၀င်ရောက်တဲ့ နိုင်ငံ တခု ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒုက္ခသည် အများအပြား ၀င်ရောက်လာတာကြောင့် နယ်စပ်တွေကို ထိန်းချုပ်ပြီး နောက်ထပ် ရောက်ရှိလာသူတွေကို မှတ်ပုံတင် စစ်ဆေးဖို့ ဆွီဒင် အစိုးရဘက်က မဖြစ်မနေ လုပ်ဆောင်လာရတာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ ဂရိ နိုင်ငံ Samos ကျွန်း အနီးမှာ ပင်လယ်ပြင် မှာ ရွှေ့ပြောင်း ၀င်ရောက်သူတွေရဲ့ လှေတစင်း နစ်မြုပ်တာကို ဒီကနေ့ ကယ်ဆယ်ခဲ့ရ တာမှာတော့ ကလေးငယ် အများစု အပါအ၀င် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ လူ ၁၀ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြော ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့က Kos ကျွန်း အလွန် ပင်လယ်ပြင်မှာလည်း လှေတစင်း နစ်မြုပ်ခဲ့ပြီး ကလေးငယ် ၂ ဦး အပါအ၀င် သေဆုံးသူ ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိခဲ့ပါတယ်။

posted from Bloggeroid

သုံးရလွယ်ကူစေသည့် Link များ

ပင်မအကြောင်းအရာသို့ကျော်ကြည့်ရန်ပင်မအညွန်းစာမျက်နှာသို့ကျော်ကြည့်ရန်ရှာဖွေရန်နေရာသို့ကျော်ရန်



နိုင်ငံတကာ

အမေရိကန် တိုက်တွင်း Zika ဗိုင်းရပ်စ် ပျံ့နှံ့မှု WHO သတိပေး

28.01.2016 22:45

ဗွီအိုအေ (မြန်မာပိုင်း)



ခြင်ကနေတဆင့် ကူးစက်တဲ့ Zika ဗိုင်းရပ်စ် ရောဂါပိုး

မျှဝေပါ

သန္ဓေသားကို ထိခိုက်စေပြီး ဉာဏ်ရည်မမှီ ကိုယ်ခန္ဓာ ချို့ယွင်းချက်တွေ နဲ့ မွေးဖွားလာစေတဲ့ Ziki ဗိုင်းရပ်စ် ရောဂါပိုးဟာ အမေရိကတိုက်မှာ ပျံ့နှံနေပြီး လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ခြင်ကနေတဆင့်ကူးစက်တဲ့ ဒီရောဂါပိုးဟာ အစောပိုင်းမှာ လူသားတွေအပေါ် သိတ်အန္တရာယ် မရှိလှပေမယ့် နောက်ပိုင်းမှာ အများပြည်သူကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာပါတယ်။

၁၉၄၇ ခုနှစ်က ယူဂန်ဒါမှာ Zika ဗိုင်းရပ်စ်ကို တွေ့ရှိတာဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံသွားတာလို့ WHO ညွှန်ကြားရေးမှုးချုပ် Margaret Chan က ပြောပါတယ်။ ဒီလိုရောဂါပိုး ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ ရောဂါပိုးကူးဆက်ခံရသူ ကိုယ်ဝန်ဆောင် မိခင် ထောင်နဲ့ချီရဲ့ သန္ဓေသားတွေမှာ ဦးနှောက်နဲ့ဖွံ့ဖြိုးမှု ဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပွါးလာတာပါ။ အမေရိကားမှာ ဒီ Zika ဗိုင်းရပ်စ်ဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာပြီလို့ Geneva မှာ လုပ်တဲ့ WHO အရေးပေါ်အစည်းအဝေးမှာ WHO အကြီးအကဲ Chan က ပြောပါတယ်။

ဗွီအိုအေ၏ လူမှုကွန်ယက်များ

သတင်းအစီအစဉ်အင်္ဂလိပ်စာလေ့လာဖို့ရုပ်သံအစီအစဉ်နှင့်

ဗွီဒီယိုသတင်းများရေဒီယိုဆက်သွယ်ရန်ဗွီအိုအေအကြောင်းဗွီအိုအေဆိုက်တ်အပြည့်သို့သွားရန်

posted from Bloggeroid

နိုင်ငံတကာသတင်း



28.01.2016 22:45



ခြင်ကနေတဆင့် ကူးစက်တဲ့ Zika ဗိုင်းရပ်စ် ရောဂါပိုး


သန္ဓေသားကို ထိခိုက်စေပြီး ဉာဏ်ရည်မမှီ ကိုယ်ခန္ဓာ ချို့ယွင်းချက်တွေ နဲ့ မွေးဖွားလာစေတဲ့ Ziki ဗိုင်းရပ်စ် ရောဂါပိုးဟာ အမေရိကတိုက်မှာ ပျံ့နှံနေပြီး လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။ ခြင်ကနေတဆင့်ကူးစက်တဲ့ ဒီရောဂါပိုးဟာ အစောပိုင်းမှာ လူသားတွေအပေါ် သိတ်အန္တရာယ် မရှိလှပေမယ့် နောက်ပိုင်းမှာ အများပြည်သူကျန်းမာရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် လျင်လျင်မြန်မြန် ကြီးထွားလာပါတယ်။

၁၉၄၇ ခုနှစ်က ယူဂန်ဒါမှာ Zika ဗိုင်းရပ်စ်ကို တွေ့ရှိတာဖြစ်ပြီး တကမ္ဘာလုံးကို ပျံ့နှံသွားတာလို့ WHO ညွှန်ကြားရေးမှုးချုပ် Margaret Chan က ပြောပါတယ်။ ဒီလိုရောဂါပိုး ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာ ရောဂါပိုးကူးဆက်ခံရသူ ကိုယ်ဝန်ဆောင် မိခင် ထောင်နဲ့ချီရဲ့ သန္ဓေသားတွေမှာ ဦးနှောက်နဲ့ဖွံ့ဖြိုးမှု ဆိုင်ရာရောဂါတွေ ဆက်စပ်ဖြစ်ပွါးလာတာပါ။ အမေရိကားမှာ ဒီ Zika ဗိုင်းရပ်စ်ဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့လာပြီလို့ Geneva မှာ လုပ်တဲ့ WHO အရေးပေါ်အစည်းအဝေးမှာ WHO အကြီးအကဲ Chan က ပြောပါတယ်။

posted from Bloggeroid

ကျွန်တော်ထံသတင်းများပေးပို့နိုင်ပါတယ်

မင်္ဂလာပါ ကျွန်တော်ရဲလင်းအောင် အများပြည်သူ
များအတွက် အကောင်းဆုံးနဲ့အမြန်ဆုံး သတင်း
အသစ်တွေကို အွန်လိုင်ကနေ အခမဲ့ ဖတ်နိုင်ရန်
အတွက် နေ့စဉ် တင်ပေးထားပါတယ်ခင်ဗျာ

ကျွန်တော်ထံသတင်းပေးပို့လိုပါက Videtဖုန်း
၀၉၄၃၁၀၀၈၅၀ ဆက်သွယ်ရန် ၀၉၄၄၀၃၀၃၅၄၆

Facebook yelinaung
Email- yeelinaung2013@gmail.com
www. newsyli.blogspot.comသို့လဲသတင်းဝင်
၍ဖတ်ရှုံနိုင်ပါကြောင်း အားလုံးကိုလေးစားစွာဖြင့်
ရဲလင်းအောင်

posted from Bloggeroid