
ဂုတ်တွင်းလမ်းအတွင်း ကားများအသုတ်လိုက်ခွဲ၍ လွှတ်ပေးနေရ ။
~~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လ ( ၃ ) ရက်။
ဂုတ်တွင်းတွင် မတ်လ ၂ ရက်နေ့ညပိုင်း ၁၁ နာရီအချိန်ခန့်က ၁၂ ဘီးကားတစ်စီးကို တွဲကားတစ်စီးကျော်တက်ရာမှလမ်းပြန်လည်ပိတ်ဆို့ဆို့သွားခဲ့သော်လည်း မတ်လ ၃ ရက် ယနေ့နံနက်ပိုင်းတွင် လမ်းပြန်လည်ပွင့်သွားပြီဖြစ်ပြီး ကားများကိုအသုတ်လိုက်ခွဲလွှတ်ပေးနေရကြောင်း ယာဉ်ထိန်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဂုတ်တွင်းလမ်းမှာကျဉ်းမြောင်းသောကြောင့် ကားများပိတ်မိမှုထပ်မံမဖြစ်ပွားစေရန် ကျောက်မဲမြို့တိုးဂိတ်မှ ကားများဖြတ်တောက်ထားပေးရကြောင်း ၎င်းနေရာတွင်ကားအစီးရေ ၁၅၀ ကျော်ရှိနေပြီဖြစ်ကြောင်း ၎င်းနေရာတွင်တာဝန်ကျရဲတစ်ဦးကပြောသည်။ ဂုတ်တွင်းရောက်နေသောကားသမားတစ်ဦးက
" ကျွန်တော့်ကားကမန္တလေးဘက်ကနေ မနေ့ညကထဲကရောက်နေတာ အခုတော့ထွက်လို့ရလို့ထွက်လာနေပါပြီ ကားတွေကိုအတက်အဆင်းအသုတ်လိုက်လွှတ်ပေးနေတာပါ ကားသမားတွေစည်းကမ်းရှိရှိကိုယ့်အလှည့်ရောက်မှကိုယ့်ကားထွက်ကြမယ်ဆိုရင် အဆင်ပြေသွားမှာပါ ဒီလိုမှမဟုတ်ဘဲ အတင်းကျော်တက်ပြီး စည်းကမ်းမရှိမောင်းကြမယ်ဆိုရင် လမ်းတွေပြန်ပိတ်သွားနိုင်ပါတယ် "
ဟုပြောသည်။
မင်္ဂလာထွန်း ( ကျောက်မဲ )

posted from Bloggeroid
No comments:
Post a Comment