နိုင်ငံတကာသုံး အဆင့်မြင့်မီးပွိုင့်များဖြစ်သည့် Real Time Traffic Light မီးပွိုင့် (၁၁)ပွိုင့်ဧပြီလဆန်းတွင် စတင် အသုံးပြုသွားမည်
မန္တလေးခရိုင်အတွင်း နေ့စဉ် ယာဉ်ကြောကြပ်ခြင်းမရှိစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေး၊ ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းစေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ၇၈လမ်းမကြီးတစ်လျှေက်တွင် တပ်ဆင်မည့် နိုင်ငံတကာသုံး အဆင့်မြင့်မီးပွိုင့်များဖြစ

်သည့် Real Time Traffic Light မီးပွိုင့် (၁၁)ပွိုင့် တပ်ဆင်နေမှု များ ရာနှုန်းပြည့်နီးပါး ပြီးစီနေပြီဖြစ်သဖြင့် ဧပြီလဆန်းတွင်စတင်အသုံးပြုသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Real Time Traffic Light စနစ်သုံး မီးပွိုင့်များကို ယာဉ်ကြောကျပ်တည်းမှုအများဆုံးဖြစ်သည့် ၇၈လမ်းမကြီးတစ်လျှောက် ၂၆လမ်းဆုံ၊ ၃၂လမ်းဆုံ၊ ၃၅လမ်းဆုံ၊ ၃၆လမ်းဆုံ၊ ၃၇ လမ်းဆုံ၊ ၃၈လမ်းဆုံ၊ ၄၂လမ်းဆုံ၊ သိပ္ပံလမ်းဆုံ၊ စစ် ကိုင်းလမ်းဆုံနှင့် ၃၅လမ်းxလမ်း၈၀ လမ်းဆုံ၊ ၂၆လမ်းxလမ်း၈၀ တို့တွင် တပ်ဆင်ထားပြီး ၎င်းမီးပွိုင့်များကို မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရုံးဝင်းအတွင်း ခြောက်ထပ်ဆောင်ရုံးသစ် ပဉ္စမထပ်တွင်ရှိသည့် ဗဟိုထိန်းချုပ်ခန်း (Control Room)မှ ထိန်းချုပ်ပေးသွားမည်ဟု သိရသည်။
“ဒီစနစ်က သြစတြေးလျနိုင်ငံမှာ အသုံးပြုနေတဲ့ SCATS (Sydney Coordinate Adaptive Traffic System)စနစ်ဖြစ်တယ်၊ ဒီစနစ်ကို လက်ရှိအချိန်မှာ သြစတြေးလျ၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ မြို့ကြီးတွေအပါအ၀င် နိုင်ငံပေါင်း ၂၇နိုင်ငံမှာ အသုံးပြုနေတဲ့စနစ်လည်း ဖြစ်ပါတယ်၊ လက်ရှိသုံးနေတဲ့ မီးပွိုင့်တွေလို မိနစ်တွေနဲ့ မဟုတ်ဘဲ ထိန်းချုပ်ခန်းကနေ ယာဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေ ကို အဖွင့်အပိတ်လုပ်ပေးလိုက်ရုံပါပဲ"ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့်ကုန်ရုံဌာန၊ ဌာနမှူးဦးအုန်းကျော်က ပြောသည်။
အဆိုပါမီးပွိုင့်များသည် ကိန်းသေအချိန် (Setting Time)စနစ်မဟုတ်ဘဲ ယာဉ်ကြောတွင် မော်တော်ယာဉ် ရှိ၊မရှိကို ကတ္တရာလမ်းအတွင်း ဖောက်ထွင်းတပ်ဆင်ထားသည့် Inductive Loop Sensor များမှ အာရုံခံကာ ယာဉ်ကြော ရှင်းသည့်ဘက်တွင် အချိန်လျော့ပေးခြင်း၊ ယာဉ်ကြောကျပ်သည့်ဘက်တွင် အချိန်ပိုပေးခြင်းတို့အား အလိုအလျောက် ဆောင်ရွက်ပေးသွားနိုင်မည့်စနစ်ဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် Dream Light Technology Co,Ltd တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ ကျပ်သိန်းပေါင်း ၂၇,၀၀၀ခန့် ကုန်ကျသည်ဟု သိရသည်။
“Real Time Traffic Light စနစ်သုံး မီးပွိုင့်တွေမှာ CCTV ကင်မရာတွေပါ တပ်ဆင်ထားတယ်။ CCTV ကင်မရာတွေ အားလုံးကို ဗဟိုထိန်းချုပ်ခန်းကနေ မီးပွိုင့်တွေရဲ့ ယာဉ်ကြောအခြေအနေကို စောင့်ကြည့်သွားမှာဖြစ်သလို CCTV ကင်မရာတွေကနေ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဗဟိုထိန်းချုပ်ခန်းမှာ တစ်လတိတိ မှတ်တမ်းတင် သိမ်းဆည်း ထားမယ်၊ လျှပ်စစ်မီးပြတ်တောက်သွားရင်လဲ ချက်ခြင်းအသုံးပြုနိုင်မယ့် UPS စနစ်များပါဝင်တာကြောင့် ၂၄နာရီ တစ်ဆက် တည်းအသုံးပြုနိုင်မယ်၊ ဒါကြောင့် မီးနီဖြတ်ခြင်း၊ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်းနဲ့ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေကို လည်း တိကျစွာဖော်ထုတ်အရေးယူသွားနိုင်မှာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက် အအုံနှင့်ကုန်ရုံဌာန၊ ဌာနမှူးဦးအုန်းကျော်က ပြောသည်။
Real Time Traffic Light စနစ်သုံး မီးပွိုင့်များတည်ဆောက်ခြင်းကို လုပ်ငန်းစဉ် ၈ခုဖြင့် လုပ်ဆောင်နေလျက်ရှိပြီး ယခုအခါ မြေအောက်ဆက်ကြောင်း သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ၉၂ရာခိုင်နှုန်း၊ ထိန်းချုပ်ခန်းတည်ဆောက် ခြင်နှင့် ဆက်စပ်လုပ်ငန်းများမှာ ၈၅ရာခိုင်နှုန်း၊လမ်းလယ်ခြား သံဇကာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ၆၀ရာခိုင် နှုန်း၊ လမ်းညွှန်အမှတ်အသားရေးဆွဲခြင်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ၆၅ရာခိုင်နှုန်း၊ လမ်းကြောရှုပ်ထွေးမှု ထိန်းချုပ်မှုတပ် ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများမှာ ၆၀ရာခိုင်နှုန်း၊အာရုံခံကိရိယာတပ်ဆင်ခြင်းလုပ်ငန်းမှာ ၅၅ရာခိုင်နှုန်း၊ ယာဉ်ထိန်းနား နေဆောင်နှင့် ဆက်စပ်လုပ်ငန်းများမှာ ၉၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း ယာဉ်ကြောအကျပ်ဆုံးဖြစ်သည့် ၇၈လမ်းမကြီးတစ်လျှောက်တွင် SCATS စနစ်သုံးမီးပွိုင့်များ တပ်ဆင်ပေး ခြင်းနှင့်အတူ လိုအပ်သည့်နေရာများတွင် လူကူမျဉ်းကြား မီးပွိုင့်တပ်ဆင်ခြင်း၊ လမ်းညွှန်အမှတ်အသားများတပ်ဆင်ခြင်း၊ ဆေးမျဉ်းများရေးဆွဲခြင်း၊ အကာအရံများကာရံခြင်း၊ ယာဉ်ကြောများပိုမိုဖော်ထုတ်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး နှစ်စဉ် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ Electronic Police(E-Police)စနစ်ကို ထပ်မံတိုးချဲ့ခြင်း၊ ၂၆လမ်းမကြီး တစ်လျှောက်၊ ၃၅လမ်းမကြီးတစ်လျှောက်၊ သိပ္ပံလမ်းမကြီးတစ်လျှောက်၊ ၈၄လမ်းမကြီးတစ်လျှောက်၊ ၆၂လမ်းမကြီးတစ်လျှောက်နှင့် မြို့တွင်းအဓိကလမ်းမကြီးများတွင် SCATS စနစ်သုံးမီးပွိုင့်များ ဆက်လက်တပ်ဆင်ပေးသွားမည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရသည်။

posted from Bloggeroid
No comments:
Post a Comment