ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူကိုယ်စား မဲပေးခဲ့သော အမျိုးသမီးအား မုံရွာမြို့နယ်တရားရုံးမှ စွဲချက်တင်
------------------------------------------------------------
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲပေးစဉ်အချိန်က မုံရွာမြို့နယ် ဂျပိုင်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို မဲ ၂ ကြိမ်ပေးခဲ့တယ်လို့ စွတ်စွဲကာ ပြည်ခိုင်ဖြိုးပါတီမှ တရားစွဲဆိုရာမှာ မုံရွာမြို့နယ်တရားရုံးက ၂၀၁၆ မတ်လ ၈ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့က အထွေထွေရွေးပွဲမှာ စွတ်စွဲခံရသူ ဒေါ်တင်မိဟာ အသက် (၈၂)နှစ်အရွယ် ဖခင်ဖြစ်သူနှင့်အတူ ကျေးရွာမဲရုံတွင် သွားရောက်မဲပေးရာမှာ ဖခင်ဖြစ်သူက မဲပေးရန်တန်းစီနေတုံးမှာ မူးလဲသွားခဲ့သဖြင့် ဖခင်ဖြစ်သူအမည်ဖြင့် ကိုယ်စား မဲပေးခွင့်ကို မဲရုံမှ တာဝန်ရှိသူများထံသို့ ခွင့်တောင်းခဲ့ရာမှာ ကိုယ်စားမဲထည့်ဖို့ ခွင့်ပြုချက်ရသဖြင့် ဖခင်ဖြစ်သူကိုယ်စားမဲထည့်ရာမှ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးရုံးက ဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ စွတ်စွဲခံရသူ အမျိုးသမီးက ဆိုပါတယ်။
အဆိုပါစွတ်စွဲခံရသူအမျိုးသမီးဟာ ဖခင်ကိုယ်စား လွှတ်တော် ၃ ရပ်အတွက် မဲ ၃ မဲထည့်ခဲ့သဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၉ (ဆ) တမျိုးတည်းဖြင့် အမှု ၃ မှုခွဲကာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ရွေးကောက်ပွဲပြီးစအချိန်ကတည်းက တရားစွဲဆိုရာမှာ ယခု မတ်လ ၈ ရက်နေ့ထိ တရားလိုပြသက်သေ ၁၆ ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်း ၁၃ ချိန်းရှိသွားပြီလို့ စွတ်စွဲခံရသူ အမျိုးသမီးရဲ့ ရှေ့နေက ပြောကြားပါတယ်။
တရားလိုပြသက်သေတွေထဲမှာ ရပ်ကျေးမဲရုံမှုးများ ။ မဲရုံ စာရေးများအပါဝင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်များ ပါဝင်တယ်လို့လဲသိရပါတယ်။
ထိုသို့ စစ်ဆေးအပြီးမှာတော့ မုံရွာမြို့နယ် တရားရုံးမှ တရားသူကြီး ဒေါ်ဆွေဆွေအေးက စွတ်စွဲခံရသူ ဒေါ်တင်မိကို စွဲချက်တင်ခဲ့ပြီး နောက်ရုံးချိန်းကိုတော့ မတ်လ ၁၄ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။
မုံရွာတရားရုံးထဲ video ရိုက်ခွင့်မရှိလို့ ဓါတ်ပုံပဲရိုက်ယူနိုင်ခဲ့ပါတယ်။
ရန်နိုင်စိုး
phone-09400466087

posted from Bloggeroid
No comments:
Post a Comment