Sunday, March 6, 2016

ယာဉ်တိမ်မှောက်

အင်းတော်မြို့နယ်နတ်ရေတွင်းရွာနှင့်မဲဇာရွာကြား မဲဇာချောင်းကူးတံတားပေါ်တွင်စိုးမိုးအောင်
(ချားရဟတ်)အဖွဲ့မှ ပစ္စည်းများ တင်ဆောင်လာသော ကားတိမ်မှောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်နတ်ရေတွင်းရွာနှင့်မဲဇာရွာကြား မဲဇာချောင်းကူး
တံတားပေါ်တွင်စိုးမိုးအောင်(ချားရဟတ်)အဖွဲ့မှ ပစ္စည်းများ တင်ဆောင်လာသော ကားတိမ်မှောက်မှု မတ်လ ၆
ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှသိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ မတ်လ ၆ ရက်နံနက်၉ နာရီအချိန်ရဲအုပ်စိုးလှိုင်သည်မဲဇာရဲကင်းစခန်းမှူးတာ
ဝန်ဆောင်ရွက်နေစဉ်နတ်ရေတွင်းရွာနှင့်မဲဇာရွာကြား မဲဇာချောင်းကူး တံတားပေါ်တွင်ယာဉ်တစ်စီးတိမ်းမှောက်နေ
ကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ဝန်းသို၊နန်းခမ်း၊မဲဇာကားလမ်းအတိုင်း
ယာဉ်မောင်း တင်ဌေးမောင်းနှင်သည့်ယာဉ်အမှတ်MDY 2B/4592 UD Nissan Condor ခြောက်ဘီးအဖြူရောင်ယာဉ်
သည်စိုးမိုးအောင်(ချားရဟတ်)အဖွဲ့မှပစ္စည်းများတင်ဆောင်မောင်းနှင်လာစဉ်နတ်ရေတွင်း၊မဲဇာယာရီကားကူးတံ
တားအား ဖြတ်သန်းမောင်နှင်စဉ်တံတားအလယ်အရောက်တွင်တံတားကျိုးကျပြီး ယာဉ်မှာယာဘက်အခြမ်းသို့
တစောင်း လဲကျကာ မဲဇာချောင်းအတွင်းသို့ ပြုတ်ကျသွားပြီး လူတစ်ဦးတစ်ယောက်မှထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ
ယာဉ်အား မဆင်မခြင်မောင်းနှင်သူတင်ဌေးအား အရေးယူပေးပါရန်မဲဇာရဲကင်းစခန်းမှူး ရဲအုပ်စိုးလှိုင်မှတရားလိုပြု
လုပ်တိုင်ကြားထားသောအမှုဖြစ်ကြောင်းသိရသည်။
ထို့ကြောင့်ယာဉ်အား မဆင်မခြင်မောင်းနှင်သူတင်ဌေး(၅၇)ဘဦးလှဆိုင်း ယာဉ်မောင်း ဥပုသ်တော်ရပ်
အောင်မြေသာဇံမြို့နယ်မန္တလေးမြို့နေသူအား အင်းတော်မြို့မရဲစခန်းမှယာဉ်(ပ)၁၂/၂၀၁၆ ပြစ်မှုပုဒ်မ ၂၇၉ အရေး
ယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ပေးပို့ ကိုကိုလင်း(အင်းတော်)
09798609516

posted from Bloggeroid

No comments:

Post a Comment