မင်္ဂလာဈေး မီးလောင်မှု အကြောင်းအရင်းမသိရသေး
မန္တလေးမြို့ရှိ မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သတ်၍ မီးလောင်ရသည့်အကြောင်းအရင်း မသိရသေးကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဋ္ဌာန က သိရသည် ။
ယင်းမီးလောင်မှုသည် မတ်လ ၂၂ ရက်နေ့ ညနေ ၅နာရီခွဲ မှ ည ၁၁ နာရီထိ မီးလောင်ခဲ့ရာ မီးလောင်မှုကြောင့် အဆောက်အအုံဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး နှင့် ပစ္စည်းဆုံးရှုံးမှုခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း (၁၀၅၄၆) ဆုံးရှုံးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်ထားသည် ။
``လက်ရှိအများပြည်သူကလည်း မီးလောင်ရတဲ့အကြောင်း အရင်းကို စိတ်ဝင်စားနေကြတယ် ။ မီးလောင်ရတဲ့ အကြောင်းအရင်းက ခုထိတော့ မသိရသေးဘူး ။ လူအများကတော့ အမျိုးမျိုးထင်ကြေးပေးနေကြတယ် ။ ကျွန်တော်တို့တွေ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတုန်း ပါ ။´´ ဟု မန္တလေး ခရိုင်မီးသတ်တပ်ဖွဲ့ မှ ဦးစီးမှူး ဦးသန်းနိုင် က ပြောသည် ။
မင်္ဂလာဈေးတွင် အခန်းပေါင်း ၅၅၀ ရှိသည့်အနက် အရောင်းပြခန်း ၄ ခန်း အတည်ဆိုင်ခန်း ၂၉၈ ခန်း စုစုပေါင်း ၁၃၂ ခန်း နှင့် ပျံကျဆိုင် ၄၃ ဆိုင် ပျက်စီးဆုံးရှုံးခဲ့ရသည် ။
``မီးနဲ့ ပတ်သတ်ရင် မန္တလေးမြို့က ဈေးတွေမှာ လုံခြုံရေး အားနည်းတာတွေတွေ့ရတယ် ။ ကြိုတင်ကာကွယ်မှု နည်းနေတာလည်းတွေ့ရတယ် ။ ဒါတွေက အားနည်းချက်တွေ ဖြစ်နေတယ် ။ ´´ ဟု ဦးသန်းနိုင် က ဆက်လက်ပြောသည် ။
ယင်းမင်္ဂလာဈေးနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ထားသည် ။

posted from Bloggeroid
No comments:
Post a Comment