နွား မြင်းပြိုင်ပွဲများဖြင့် ပုထိုးတော်ကြီးဘုရားပွဲအားကျင်းပမည်
မန္တလေးမြို့ အာမရပူရမြို့နယ်ရှိ သမိုင်းဝင်ကြီးလေးကြီး ဘုရားဖြစ်သော ပုထိုးတော်ကြီးဘုရားတွင် ယခုနှစ်ဘုရားပွဲတော်အဖြစ် ရိုးရာ နွားပြိုင်ပွဲ မြင်းပြိုင်ပွဲများကို ၃ ကြိမ်မြောက်အဖြစ်ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဌ ဦးသန်းလွင် ကပြောသည်။
ဗုဒ္ဓပူစနိယပွဲတော်အား ဧပြီလ ၁ ရက်နေ့မှစတင်ကာ ၁၀ ရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နွား မြင်းပြိုင်ပွဲများအား တောင်သမန်အင်းအတွင်းကျင်းပြုလုပ်သွားမည်ဖြစ်သည်။
ဒီနှစ်မှာ တေဇာတန်းဆိုပြီးတော့ သွားမပေါက်သေးတဲ့နွားလေးတွေပေါ့ အဲဒါတွေကိုလည်း ထည့်သွင်းကျင်းပပေးပါဆိုလို့ နွားပေါက်စပြိုင်ပွဲလေးပါထည့်သွင်းကျင်းပပါမယ်။ ဧပြီတစ်ရက်နေ့ဆိုပေမဲ့ မတ်လ ၃၀ ရက်နေ့ကို ဆွမ်းတော်ကြီးတင်ပွဲလုပ်ပြီး တစ်ရက်နေ့မှာ သံဃာအပါး ၅၀၀ ကိုဆွမ်းလောင်းလှူပွဲကျင်းပပြုလုပ်သွားမှာပါ ဟု၎င်းကဆက်လက်ပြောသည်။
ဧပြီလ ၁ရက်နေ့မှ ၃ ရက်နေ့အထိနွားပြိုင်ပွဲအား ဒုန်းအကြီးတန်း အငယ်တန်း ခြေအကြီးတန်း ခြေအငယ်တန်း တေဇာတန်းဟု ၍ ၅ တန်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြင်းပြိုင်ပွဲအား ဒုန်းအကြီးတန်း အငယ်တန်း ခြေအကြီးတန်း အငယ်တန်းဟု၍ ၄ တန်းယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုပွဲဆုကြေးများအနေဖြင့် နွားပြိုင်ပွဲအတန်းတစ်ခုခြင်းစီအား ပထမဆု ၃ သိန်း ဒုတိယဆု ၂ သိန်း နှင့် တတိယဆု ၁ သိန်း ချီမြင့်ကာ မြင်းပြိုင်ပွဲ အတန်းတစ်ခုခြင်းစီတွင် ပထမဆု ၂ သိန်း ဒုတိယဆု ၁ သိန်း တတိယဆု ၅ သောင်းတို့ဖြင့် ဆုချီးမြင့်သွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင်လည်း ဇာတ်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများ ပါဝင်အုံးမည်ဖြစ်ကြောင်းသိရသည်။
ပုထိုးတော်ကြီးဘုရားမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြေငလျှင်ကြောင့် ထီးတော်နှင့် စိန်ဖူးတော် မြေခပြက်စီးရာတွင် ၂၀၁၄ ခုနှစ် မတ်လက ပြန်လှယ်တင်လှူခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် လေပြင်မုန်းတိုင်းကြောင်း စိန်ဖူးတော် ထီးတော်နှင့် ငှက်မျက်နားတော်တို့ပါ ထပ်မံပြတ်စီးခဲ့ရာတွင် ယခုလက်ရှိအချိန်ထိ ပြန်လှယ်တင်လှူနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

posted from Bloggeroid
No comments:
Post a Comment