Wednesday, March 16, 2016

အခြာနည်ဖြင့်လေလံ

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ၂၀၁၆ -၂၀၁၇ဘဏ္ဍာရေးနှစ်အတွက် ကျန်ရှိသောအခွင့်အရေးလိုင်စင်များအား အခြားနည်းဖြင့် အိတ်ဖွင့်လေလံတင်ရောင်းချ

မန္တလေး မတ် ၁၆

မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ၂၀၁၆၂၀၁၇ဘဏ္ဍာရေးနှစ်အတွက်ကျန်ရှိသောအခွင့်အရေးလိုင်စင်များ အခြားနည်းဖြင့် အိတ်ဖွင့်လေလံတင်ရောင်းချ ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့တော်ခန်းမ(၁)တွင်ကျင်းပရာလေလံကော်မတီဥက္ကဌ၊မန္တလေမြို့တော်စည်ပင်သာယာရေးကော်မတီကော်မတီဝင်(၈)ဦးဟန်စိုး၊ကော်မတီဝင်(၂)ဦးရွှေဝင်းနှင့်လေလံကော်မတီဝင်များ၊လေလံလုပ်ငန်း ရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ လေလံကော်မတီဥက္ကဌ ဦးဟန်စိုး က လေလံလုပ်ငန်းရှင်များ အား မြို့တော်စည်ပင်သာယာရေးကော်မတီမှပြည်သူလူထုအတွက် ဝန်ဆာင်မှုပေးနိုင်ရေးကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ယခုလို အခွင့်ရေးလိုင်စင်များအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်ကိုအိတ်ဖွင့်လေလံတင်ရောင်းချ ရာမှာ ကျန်ရှိနေတဲ့ လုပ်ငန်းများကို အခြားနည်းဖြင့်အိတ်ဖွင့်လေလံရောင်းချသွားမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေနဲ့ လေလံစည်းကမ်းချက်များပါ အတိုင်းလိုက်နာပေးစေလိုကြောင်းမှာကြားသည်။ လေလံအောင်လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရရှိသောလုပ်ငန်းအလိုက် သန့်စင်ခန်းများ သန့်ရှင်းရေး။ရေလုံလောက်စွာထားရှိရေး ။စက်ဘီး။ဆိုင်ကယ်။ကား အပ်နှံခ များကို သက်မှတ်ဧရိယာအတွင်း၌သာ တိတိကျကျကောက်ခံရေး ယာဉ်ကြောပိတ်ဆို့မရှိအောင် စနစ်တကျရပ်နားဖို့ ကြပ်မတ်ဆောင်ရွက်ရန် ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ယာဉ်အမျိုးအစားအလိုက် ယာဉ်အပ်နှံမှုလက်ခံရာတွင် အပ်နှံခနှုန်းထားများပါဝင်သော အခွန်ဌာနမှသတ်မှတ် ပြေစာပုံစံဖြင့်သာ ကောက်ခံရမည်။


ထိုနောက် လေလံစည်းကမ်းချက်များကို ဖက်ကြားရှင်းလင်းခြင်းနှင့် မရှင်းလင်းသည်များကိုမေးမြန်းဖြေကြားကြပြီး ရေချိုးရုံ/အိမ်သာကောက်ခံခွင့် (၁၀) နေရာ စက်ဘီးဆိုင်ကယ်ကား အပ်နှံခကောက်ခံခွင့်(၁၁) နေရာ ၊ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့် ( ၈)နေရာ ၊ယာဉ်ရပ်နားကန့်သန်နယ်မြေအတွင်းရပ်နားခကောက်ခံခွင့်( ၂ )နေရာ ၊ ဆိပ်ကမ်းအခွန်ကောက်လုပ်ငန်း(ယာဉ်ရပ်နားနှင့်လမ်းဘေးဈေးကောက်(၁)နေရာနှင့်(၆)မြို့နယ်လမ်းဘေးပျံကျဈေးသည်များဈေးကောက်ခံခွင့်(၂)နေရာနှင့်ဂိုထောင်ဌားရမ်းလုပ်ကိုင်ခွင့်(၃)နေရာတို့ဖြစ်ပြီးစုစုပေါင်းအရပ်ရပ် ဆိုင်ရာအခွင့်အရေးလိုင်စင်အရေအတွက် (၃၇)ခု အား အခြားနည်းဖြင့်အိတ်ဖွင့်လေလံရောင်းချခဲ့ကြောင်းသိရသည်။

မန္တလေးနေ့စဉ် (၁၀ )





--

shwemannphoto

posted from Bloggeroid

No comments:

Post a Comment