Thursday, March 3, 2016

ထောပတ်သီးဝယ်မယ်ဆို


ထောပတ်သီး ၀ယ်မယ်ဆို ဘယ်လို ရွေးကြမလဲ

===================
===================

ထောပတ်သီး တစ်လုံးကို ၀ယ်တော့မယ်ဆိုရင် မှည့် /မမှည့် စမ်းသပ်ကြည့်လို့ရပါတယ်။ ထောပတ်သီးဟာ စားဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထား ဆိုရင် တစ်နည်းအားဖြင့် မှည့်နေတဲ့ အနေအထားဆိုရင် အညှာလေးအတိုင်း ထိပ်ပိုင်းကို ဖြည်းဖြည်းလေး ဖျစ်ကြည့်ပါ။ ဒီနည်းက လွယ်ကူပါတယ်။ နည်းနည်းလေး ပျော့နေမယ်ဆိုရင် စားဖို့ အသင့်ပါပဲ။ နောက်တစ်နည်းကတော့ အညှာလေးကို ဆွဲထုတ်ကြည့်ရမှာပါ။ (ဈေးသည်က လက်ခံမှ စမ်းနော် :D) အညှာလေးကို ဆွဲထုတ်လိုက်လို့ ထိပ်ဝဟာ စိမ်းနေမယ် ဒါမှမဟုတ် နီနေမယ်ဆိုရင် ကောင်းပါတယ်။ တကယ်လို့ အညိုရောင်ဖြစ်နေမယ် ဆိုရင်တော့ ဒီအသီးက မကောင်းပါဘူး။ အမှည့်လွန်နေတဲ့ အသီးဖြစ်လို့ အထဲမှာ မဲနေပါလိမ့်မယ်။ (ပုံမှာ ကြည့်ပါ)

တကယ်လို့ မမှည့်သေးတဲ့ အစိမ်းတွေကို ၀ယ်ခဲ့မိတယ်ဆိုရင်လည်း စိတ်မပူပါနဲ့။ မှန်မှန်မှည့်အောင် သတင်းစာ စက္ကူ ဒါမှမဟုတ် တခြား စက္ကူ(ဘာအမျိုးအစားဆို)နဲ့ အသီးကို ထုပ်လိုက်ပါ။ ပြီးရင် အခန်းတွင်း အပူချိန်မှာ ထားပါ(ရေခဲသေတ္တာထဲ မထည့်ပါနဲ့)။ တစ်ရက် နှစ်ရက်ဆို မှည့်ပါပြီ။ ဒီထက်ပို မှန်မှန် မှည့်ချင်တယ်ဆိုရင်တော့ အဲ့ဒီ ထုပ်ထားတဲ့ အထဲကို ပန်းသီး ဒါမှမဟုတ် ငှက်ပျောသီး ထည့်ထားပေးပါ။ ပိုပြီး အမှည့်လွယ်စေပါတယ်။ တချို့ကတော့ salad လိုမျိုး စားမယ် ဟင်းချက်စားမယ်လို့ ရည်ရွယ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းမယ်ဆိုရင်တော့ ၃ရက်ထက် ပိုမသိမ်းသင့်ပါဘူး။ အောက်မှာ ပုံလေးနဲ့ စာကို တွဲပြီး ဖော်ပြပေးထားပါတယ်။ ထောပတ်သီးရဲ့ စားဖို့ အနေအထားကို ခန့်မှန်းလို့ ရအောင်ပါ။

၁။ စိမ်းနေပါသေးတယ်။ ၅ ရက်လောက် စောင့်ပါ။

၂။ အစိမ်းရင့်ရောင် ဖြစ်လာပါပြီ။ ၃ရက်အတွင်း စားနိုင်ပါတယ်။

၃။ အညိုဘက်ကို သမ်းလာပါပြီ။ ၂၄နာရီအတွင်း စားလို့ရပါပြီ။

၎။ မှည့်စ ပြုပါပြီ စက်နဲ့ဖျော်သောက်မယ်ဆိုရင် ရပါပြီ salad လုပ်စားမယ်ဆိုရင် အနေတော်ပါပဲ။

၅။ လုံးဝကို မှည့်ပါပြီ။ ကြိုက်သလို သုံးနိုင်ပါပြီ။

နည်းလမ်းလေးတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အားလုံး ကျန်းမာပြီး နုပျိုကြပါစေ။

Source: kitchenkathukutty

============

My Food Myanmar

posted from Bloggeroid

No comments:

Post a Comment