Thursday, March 10, 2016

၁၃/၁ လဝက အက်ဥပဒေမန္တလေး

မန္တလေးတွင်လဝကအက်ဥပဒေဖြစ်အဖမ်းခံရသောဦးဂမ္ဘီရကိုစွဲချက်တင်
အမိန်လိုက်ရအပြစ်မရှိကြောင်းထွက်ဆိုခဲ့သဖြင့်မတ်လ ၁၈ နေ့တွင်လိုပြ
သက်တွေနှင် ချစ်ကြည်ရေးတံတားကတာဝန်ရှိသူတွေ ပြန်စစ်ဆေးမည်
==================================================
မန္တလေး မတ် ၁၀
မန္တလေး မဟာအောင်မြေ "လဝက" က ၂၀၀၇ ရွှေဝါရောင်သံဃတော်
များ ကုန်ဈေးနှံန်းကျဆင်းရေးအတွက်လမ်းပေါ်တက်ဦးဆောင်သူဆရာတော်
ဦးဂမ္ဘီရခေါ် ဦးညီညီလွင်ကို လဝကအက်ဥပဒေဖြစ် တရားစွဲဆိုထားရာ
မတ်လ ၁၀ ရက်နေ့က ရုံးချိန် ၆ ချိန်မြောက် စွဲချက်တင်အမိန်ချခဲရာ အပြစ်
မရှိကြောင်းထွက်ဆိုခဲ့သဖြင့် မတ်လ ၁၈ နေတွင် လိုပြသက်သေနှင့်ချစ်
ကြည်ရေတံတားက တာဝန်ရှိသူတွေပြန်လှည်စစ်ဆေးမည်ဟုတရားရုံးက
နေသိရသည်။

"ကျွန်တော်ကိုယနေ့ တရားသူကြီးက စွဲချက်တင်အမိန်ချပါတယ် ဒီအမှု့နဲ့
ပတ်သက်လို့အပြစ်ရှိပါလားလို့မေးတယ် ကျွန်တော်အပြစ်မရှိပါဘူးလို့
တရားခွင်တွင်ထွက်ဆိုခဲ့ပါတယ် ကျွန်တော်ဟာ တရားဝင် ဗီဇာနဲ့ဝင်လာ
တာ ထိုင်နိုင်ငံဆေးကုသခွင့် ပန်ရောင်ကပ်လဲပါတယ် နယ်စပ်ကလည်
ခွင့်ပြုကြောင်းယူလာပြီမှာ မြန်မာနိုင်ငံကိုဝင်လာတာ မန္တလေးရောက်တော့
မှ မဟာအောင်မြေ "လဝက" သက်သေအထောက်အထားမရှိ တရားစွဲဆို
ခံရတာ အခုမြင်သည်အတိုင်ဘဲ အာမခံလျှောက်ထားသော်လည်မရ
အချုပ်အနောင်ဖြစ် တရားရင်ဆိုင်နေရတာ ဟုဦးဂမ္ဘီရကပြောသည်။

"ဒီအမှု့က ပြောရရင်တော့ အမြင်ကပ်ပုဒ်မလိုဆိုလိုရတယ် "လဝက အက်
ဥပဒေ ၁၃/၁က နယ်စပ် စစ်ဆေးရေးဂိတ်တွေ စော်ကားသလိုဖြစ်နေတယ်
နယ်စစ်ကနေ မန္တလေးရောက်လာမှာ တရားဝင် ဝင်ရောက်လာတာမဟုတ်
ဘူးဆိုကာ သက်သေအထောက်အထားမပြည့်စုံဘဲ လေနဲ့တရားစွဲခံရလို
လေနဲ့ အခုမဟာအောင်မြေတရားရုံးကိုဖြေရှင်းနေရသလိုဖြစ်နေတယ်
ဦးဂမ္ဘီရအတွက်တော့ လူအခွင့်အရေးအရမတရားခံရတာဖြစ်နေတယ်
တရားဥပဒေမှာ အမှန်တရားတွေရှိစေချင်ပါတယ်အမှန်အတိုင်ဘဲဖြစ်စေ
လိုကြောင်းတရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်ကပြောသည်။

ဦးဂမ္ဘီရ (ခ) ဦးညီညီလွင် သည် ရွှေဝါရောင်သံဃာ့အရေး အခင်းတွင် ဖမ်းစီးခံရပြီး ထောင်ထဲတွင် အမျိုးမျိုး နှိတ်ဆက်မှုတို့ကြောင့် စိတ်တွင် ဒဏ်ရာရခဲ့ကာ ကလေးထောင်တွင် ငှက်ဖျားပိုးခေါင်းထဲဝင်ဖူးသည့်အတွက် ခေါင်းနှစ်ခါခွဲထားရသူဖြစ်သည် ။

ဦးဂမ္ဘီရ (ခ) ဦးညီညီလွင် အား ဇန်နဝါရီလ (၁၉) ရက် ည (၉) နာရီအချိန်က တည်းခိုရာ Power ဟိုတယ်တွင် လာရောက်ဖမ်းစီးခြင်း ဖြစ်ပြီး ပ - ၅၇/၂၀၁၆ တရားမဝင် နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး က တရားလိုပြုလုပ်၍ လဝက အက် ပုဒ်မ ၁၃ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်သည် ။

posted from Bloggeroid

No comments:

Post a Comment