Friday, March 4, 2016

စာခိုးချသည် နာရီ

စာခိုးချနိုင်သည့် စမတ်နာရီများ အွန်လိုင်းတွင်ရောင်းချနေ

===================
===================

ကျောင်းစာမေးပွဲခန်းတွေမှာ စာခိုးချလို့ရတဲ့ ဒစ်ဂျစ်တယ်နာရီတွေ ဈေးကွက်အတွင်း ပျံ့နှံ့နေတဲ့အတွက် ကျောင်းဆရာတွေဘက်က စိုးရိမ်ပူပန်လျှက်ရှိနေပါတယ်။ စာခိုးချဖို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ဒစ်ဂျစ်တယ်စမတ်နာရီတွေကို အွန်လိုင်းမှာ ဈေးပေါပေါနဲ့ ဝယ်ယူလို့ ရနေပါတာဖြစ်ပါတယ်။

နာရီဒီဇိုင်းပုံစံက Apple နဲ့ Samsung ကုမ္ပဏီတွေက ထုတ်လုပ်တဲ စမတ်နာရီပုံစံမျိုးတွေဖြစ်ပါတယ်။ နာရီရဲ့ မျက်နှာပြင်မှာ ဓာတ်ပုံနဲ့ စာသားတွေ ပေါ်လာအောင် စမတ်ဖုန်းလိုပဲ နာရီထဲကို မှတ်ဉာဏ်ထည့်သွင်းပေးထားရမှာ ဖြစ်ပါတယ်။ စာသင်ခန်းစောင်တဲ့ ဆရာ အနားရောက်လာရင် သာမန်နာရီတစ်လုံးလို မျက်နှာပြင်ကို ချက်ခြင်းပြောင်းပစ်နို်င်တဲ့ အရေးပေါ် ခလုတ်လည်း ပါရှိပါတယ်။

နာရီထဲက မှတ်ဉာဏ်ပမာဏ 4GB ကနေ 8GB အထိ ထည့်သွင်းထားနိုင်မှာ ဖြစ်လို့ ဓာတ်ပုံနဲ့ စာသားဖိုင်တွေ လုံလုံလောက်လောက်ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စာမေးပွဲမှာ စာခိုးချနိုင်တဲ့ စမတ်နာရီမျိုးကို အမေရိကန် ၆၁ ဒေါ်လာလောက်နဲ့ Amazon အွန်လိုင်းစတိုးမှာ အလွယ်တကူ ဝယ်ယူနိုင်လျှက်ရှိပါတယ်။

ဥရောပက ကျောင်းသားတွေကြားမှာတော့ စာခိုးချတဲ့စမတ်နာရီဆိုပြီး လူသိများနေပါတယ်။ အချို့နာရီတွေ ဆိုရင်မျက်နှာပြင်ကတဆင့် ဗီဒီယိုဖိုင်တောင် ကြည့်လို့ရပါသေးတယ်။

Source & Photos : BBC

============

Duwun

posted from Bloggeroid

1 comment: