
ရွှေစာရံဘုရားပွဲက တိမ်ကောလာနေတဲ့ မိရိုးဖလာ အရုပ်တွေ
ဓာတ်ပုံ - ဇော်ဇော်/ဧရာဝတီ
အညာမြေမှ တပေါင်းလပြည့်ပွဲတော် တခုဖြစ်တဲ့ ရွှေစာရံဘုရားပွဲတော်မှသာ မြင်တွေ့ရသည့် ထန်းရွက်ပုတီး၊ ၀ါးသေနတ် နှင့် ထန်းရွက်ငါးတို့ကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အနောက်ဖက်မှာရှိတဲ့ ညောင်ပင်ဝန်းကျေးရွာမှ လာရောက်ပြုလုပ်ရောင်းချကြပါတယ်။ အရင်အချိန်ကာလများက လာရောက်ရောင်းချကြတဲ့ ဈေးသည်များစွာရှိပေမယ့် ယခုအချိန်တွင် အနည်းငယ်သာ တွေ့ရပါတော့တယ်။ ပွဲတော်အချိန်အမှီ မိသားစုလိုက်တက်လာကြပြီး ဘုရားဝင်းအတွင်းနေထိုင်ကြကာ ဈေးရောင်းဖို့အတွက် ပြင်ဆင်ကြလုပ်ကိုင်ကြပြီး ဘုရားပွဲတော်ပြီးချိန်မှ ရွာပြန်ကာ မူလလုပ်ငန်းဖြစ်တဲ့ လယ်အလုပ်ကို ပြန်လည်လုပ်ကိုင်ကြတယ်။ ယခင်အချိန်များက များစွာရောင်းချရသော်လည်း ဒီဘက်ခေတ် အပျိုလေးတွေက ထန်းရွက်ပုတီးကို သိပ်စိတ်ဝင်စားမှုမရှိတော့ဘဲ တရုတ်ကလာတဲ့ ရယ်ဒီမိတ်ပုတီးတွေသာ ၀ယ်ယူမှုများတဲ့အတွက် ကလေးငယ်တွေကသာ ဝယ်တယ်လို့ သိရပါတယ်။ ထိုနည်းအတူ ၀ါးသေနတ်တွေလဲ ၀ယ်ယူသူနည်းပါလာသည့်အတွက် လျော့ပြီးလုပ်ထားရတယ်လို့ သိရပါတယ်။မိရိုးဖလာလုပ်ငန်းဖြစ်သည့်အတွက်သာ တနှစ်တခါ ၀မ်းစာရှာတဲ့အနေနဲ့သာ လာရောက်လုပ်ကိုင် နေကြရတယ်လို့ ဆိုပါတယ်။

posted from Bloggeroid
No comments:
Post a Comment