Thursday, March 3, 2016

၅ လောင်းပြိုင်လူသတ်မူ့ ၈ နစ်ပြည့်သော်လည်အမူ့မပေါ်

ငါးလောင်းပြိုင် လူသတ်မှု ၈ နှစ်ပြည့်သည်အထိ တရားခံ မမိသေး

==========================
==========================

ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာတွင် လွန်ခဲ့သည့် ၂၀၀၈ ခုနစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ ယနေ့ မတ်လ ၃ ရက်နေ့ဆိုလျှုင် ၈ နှစ်ပြည့်မြောက်ပြီဖြစ်ပြီး ယခုအချိန်အထိ တရားခံမှာ ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။

“အမှုကတော့ စီအိုင်ဒီက ကိုင်နေတယ်။ မမိသေးတာလည်း အမှန်ပါပဲ” ဟု အမည်မဖော်လိုသူ ရဲအရာရှိတဦးက သည်လေးဒီးစ် နယူးစ်သို့ ပြောသည်။

ယင်းအမှုမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ဖြစ်ပွားခဲ့သည့် လူသတ်မှုများအနက် လူထုအကြား စိတ်ပါဝင်စားမှု မြင့်မားခဲ့သည့် အမှုတစ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့အနေဖြင့်လည်း လုပ်ကိုင်ရခက်ခဲ့ပုံ ပေါ်ခဲ့သည်ဟု အငြိမ်းစားရဲဝန်ထမ်းတစ်ဦးကလည်း ဆိုသည်။

“အဲဒီအမှုမှာ သို့လော သို့လော ဖြစ်စရာကိစ္စတွေ များတယ်။ အဲဒီခေတ်ကာလက သဲလွန်စကလည်း လုံလောက်စွာ မရတဲ့အပြင် ကျွန်တော့်စိတ်ထင်ပေါ့လေ တခြား အခက်ခဲတွေလည်း အမှုကိုင်တွယ်ရတဲ့ ရဲတွေမှာ ရှိခဲ့ပုံပေါ်တယ်” ဟု အဆိုပါ အငြိမ်းစားရဲဝန်ထမ်းက ခန့်မှန်းပြောဆိုသည်။

စီအိုင်ဒီမှ ရဲမှူး တစ်ဦးကမူ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်ခင် အဆိုပါ လူသတ်မှုနှင့် ပတ်သက်သည့် တရားခံကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း မက်ဆင်ဂျာနေ့စဉ်သတင်းစာကို ယခင်က ပြောဆိုခဲ့ဖူးသည်။

================

The Ladies News

.

posted from Bloggeroid

No comments:

Post a Comment