
ရေဦးမြို့တွင် လမ်းပြင်ရာမှ အလုပ်သမားတစ်ဦး မှန်လုံကားဖြင့် ၀င်တိုက်မိ၍ သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ အောင်ချမ်းသာရပ်ကွက် ကျောက်လမ်းတွင် မတ်လ(၆)ရက် နံနက် (၇)နာရီအချိန်က လမ်းပြင်နေသော အလုပ်သမားတစ်ဦးအား မှန်လုံယဉ်တစ်စင်းမှ ၀င်ရောက်တိုက်၍ အလုပ်သမားမှာ ထိုနေရာမှာပင်သေဆုံးသွားကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ အဆိုပါမှန်လုံကားဟာ ကားကူရှင်ဆိုင်သို့အသွားမှာ အသက် (၁၇)သာရှိသေးတဲ့ ကားစပယ်ယာမှ ကားကိုဝင်ရောက်မောင်းနှင်ရာမှ လမ်းပြင်ရန်အတွက် ကျောက်စီနေသူ အသက်(၆၀)နှစ်ရှိ အလုပ်သမားတစ်ဦးကို ကားဖြင့် ၀င်ကြိတ်မိခဲ့တာဖြစ်ပြီး လမ်းဘေးရှိ သတိပေးဆိုင်းဘုတ်များကိုလဲ ၀င်ရောက်တိုက်မိခဲ့တာလဲ ဖြစ်ပါတယ်။
ကားကို တက်ရောက်မောင်းနှင်ခဲ့သူလူငယ်မှာ ရေဦးမြို့ပေါ်မှာနေထိုင်သူ မောင်မင်းထိုက်ဆိုသူဖြစ်ပြီး ကားကြိတ်မိ၍ သေဆုံးသွားသူကတော့ ရွှေဘိုမြို့နယ် လုံးထော်ရွာမှ ဦးမာခင်ဖြစ်ကြောင်း သိရပါတယ်။
ထို့ကြောင့် မှန်လုံကားမောင်းနှင်သူ အဆိုပါစပယ်ယာလူငယ်အား ယဉ်မဆင်မခြင်မောင်းနှင်းမှုဖြင့် ရေဦးမြို့မရဲစခန်းမှ ယာဉ်(ပ) ၇/၁၆ ပုဒ် ၃၀၄(က)ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်းသိရပါတယ်။
ရန်နိုင်စိုး
Phone-09400466087

posted from Bloggeroid
No comments:
Post a Comment