Thursday, March 3, 2016

သတိထားရန်

ရှားပါးပျူရှေးဟောင်းပစ္စည်းဟုဆိုကာ ကျပ်သိန်း ၂၇၀ ကျော်ဖြင့် လိမ်လည်ရောင်းချမှုဖြစ်ပွား
---- ------ ------ ------ ----
မကွေးတိုင်းဒေသကြီးမကွေးမြို့နယ် အမှတ် (၂) ရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော ရှားပါးပျူရှေးဟောင်းပစ္စည်း များကို ငွေ ကျပ် ၂၇၇ သိန်းဖြင့် မကွေးမြို့နေသူ တဦးထံတွင် လိမ်လည်ရောင်းချခဲ့သောကြောင့် လာရောက် ရောင်းချသူများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ အမှုဖွင့်ထားသော်လည်း တရားခံများမှာ ထွက်ပြေးတိမ်း ရှောင်နေသောကြောင့် အတုအစစ်ခွဲခြားပြီးပါက တနိုင်ငံလုံးရှိ ရဲစခန်းများသို့ ဖမ်းဝရမ်းထုတ်သွားရန်ရှိကြောင်း ယာယီစခန်းမှူးဖြစ်သူ ရဲအုပ်ဝင်းဇော်လွင်က မတ် ၁ ရက်တွင် ပြောကြားသည်။

အဆိုပါအမှုမှာ ပျူရှေးဟောင်း ရှားပါးလက်ရာများဟု ယူဆရသော တိရစ္ဆာန်အရုပ်ငယ်များကို ပျူခေတ်သုံး ပယင်းကျောက်ဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ ထိုအရုပ်ငယ်အရွယ်စုံနှင့် ပုတီးစေ့များကို မကွေးမြို့ခံတဦးထံသို့ မိတ္ထီလာမှ ဇနီးမောင်နှံနှစ်ဦးက မကွေးဒေသခံ အမျိုးသမီးတဦးနှင့်ပူးပေါင်းပြီး ရောင်းချခဲ့ရာ ၀ယ်ယူသူ မကွေးမြို့ခံက မသင်္ကာသဖြင့် အမှတ် (၂) ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပြသည်။

ထို ပစ္စည်းများကို မကွေးအမှတ်(၂) ရဲစခန်းက အတုအစစ်အတည်ပြု နိုင်ရန် မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ထံသို့ ပေးပို့ထားပြီး အတည်ပြုချက် မရှိသေးသောကြောင့် ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် ထပ်မံအရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
''ဒီပစ္စည်းတွေကို အတုအစစ်ခွဲခြားဖို့ ရဲတပ်ဖွဲ့က ချိတ်ပိတ်ပေးပို့လာတဲ့အတိုင်း နေပြည်တော်က ညွှန်ကြားရေး မှူးချုပ်ထံပေးပို့ထားပါတယ်။ ပျူရှေးဟောင်းပစ္စည်းဟုတ်မဟုတ်ကို တာဝန်ရှိတဲ့ ပညာရှင်အဖွဲ့တွေစစ်ဆေးပြီး ပြန်ပို့လာမှ ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူနိုင်မှာဖြစ်ပါတယ်'' ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင်က ပြောသည်။

ယင်းအမှုတွင် ပါဝင်ပတ်သက်ခဲ့သော မကွေးမြို့နယ်မှ အမျိုးသမီးကို ဖမ်းဆီးအရေးယူထားပြီး ထိုအမျိုးသမီး၏

ထွက်ဆိုချက်အရ မိတ္ထီလာမြို့နေသူသတိခခခခခခခ ဇနီးမောင်နှံနှစ်ဦးကို မကွေးရဲတပ်ဖွဲ့မှ သုံးကြိမ်တိုင် သွားရောက်ဖမ်းဆီးရာတွင် ရှောင်တိမ်းနေသည့်အတွက် လိုအပ်ပါက တရားရုံးတင်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဝရမ်းထုတ် သွားရန်ရှိကြောင်း သိရသည်။

စောကျော်ဝင်း

posted from Bloggeroid

No comments:

Post a Comment