အင်းကုန်းကျေးရွာ ငါးဖမ်းရေလုပ်သားများကိုယ်တိုင်လုပ်စားခွင့်ရရှိရေး
NLDအစိုးရသစ်ကိုတောင်းဆိုတင်သွင်း
==================================================
မန္တလေး အမရပူရမြို့နယ် တောင်အင်း မြောက်အင်းကိုအမှီပြု၍လုပ်စား
နေကြသောအင်းကုန်းကျေးရွာက ငါးဖမ်းရေလုပ်များက NLDအစိုးသစ်
ကို ကိုယ်ပိုင်လုပ်စားခွင့်တောင်းဆိုတင်သွင်းခဲသည်။
"ကျွန်တော်တို့ အင်းကုန်းကျေးရွာ တစ်ရွာလုံးက ဒီတောင်အင်းမြောက်အင်း
ကြီးကို ၁၉၈၈ ခုနစိအထိ ကျေးရွာပိုင်အဖြစ် နတ်ရေကန်ကျေးရွာအုပ်စု
သမဝါယမ လက်ထက်က ငါးဖမ်းရေလုပ်သားအသင်းဖြစ်လုပ်ကိုင်စားလာ
ကြတာ အဲဒီနောက် စစ်အစိုးရလက်ထက်ရောက်တော့ အင်းကိုလေလံပြစ်
ကာပုဂ္ဂလိက လက်ထဲ့ရောက်သွားတော့ ဒေသခံ ငါးဖမ်းသမားတွေကို
ငါးခွဲဖြစ်လုပ်စားတယ် နောက်သုံးပုံတစ်ပုံ ခွဲယူတယ် အခုဆိုငွေတိုင်ဖြစ်
လုပ်ရတယ် အင်းက ငါးတွေမရှိတော့ဘူး မြစ်ရေဝင်သည့် အချိန်လေးဘဲ
လုပ်စားရတယ် အဆို စက်မူ့မြို့သစ်ပေါ်လာတော့ ရေဆိုးတွေဝင်လာတော့
ငါးမျိုးစေ့တွေ မရှိတော့ဘူး အခုရေဆိုးတွေအင်းအတွင်းမစွန်ပြစ်တောလို့
ငါးမျိုးစေ့တွေပြန်ရောက်လာပါပြီး ရှေးယခင်ကလို ဒေသခံတွေလုပ်စားဖို့
အတွက် NLD အစိုးရသစ်ကိုတောင်းဆိုပါတယ်ဟု ရပ်ကွက်လူကြီးဖြစ်သူ
ဦးသံချောင်းကပြော"သည်။
"ဒီတောင်အင်းမြောက်အင်းက မြစ်ရေဝင်သည့်အချိန် မြစ်ငါးတွေကိုဖမ်းရ
သည့်အင်းဖြစ်ပါတယ် ဧရာဝတီ ဒုဋ္ဌဝတီ နစ်မြစ်လုံးက ရေဝင်မြေပါ
အင်းကုန်းကျေးရွာပိုင် အင်းဖြစ်ပါတယ် တစ်ရွာလုပ်အလုပ်က တငါလုပ်ငန်း ငါးဖမ်းရေလုပ်သားတွေကြည့်ပါ ရေကြီးသည့်အခါဆိုတစ်
ရွာလုံးမြုပ့်တယ် တိုင်းဒေသကြီးအစိုးရရော့ ပြည်သူလွှတ်တော်ကိုပါNLD
အစိုးသစ်လက်ထက် လေလံမပြစ်ဘဲ ဒေသခံတွေကိုယ်ပိုင်လုပ်စားခွင့်
NLD အမတ်တွေကနေယနေ့ တင်သွင်းခိုင်းထားတယ်ဟု၎င်းကပြောသည်
"။
"အဘွားတို့ အင်းကုန်းရွာက ရွာငယ်လေး ညောင်ပင်စောက်အုပ်စုခွဲရွာက
လေး ဆိုတော့ကျေးရွာဖွံဖြိုးမူတွေ ဘယ်အစိုးရလက်ထက်ကမှ လုပ်မပေး
ခဲဘူး တစ်ခြားရွာတွေ မီးလင်းနေတာ အဘွားတို့ရွာလေးမပါဘူး ကျောင်း
မရှိဘူး ဘုရားမရှိဘူး အခုမှာဒီဓမ္မာရုံးလေးကို အလှူရှင် တစ်ယောက်က
လှူလို ဘုရားဖူးရတာ တခြားရွာတွေ ကလေးတွေအရုပ်ပူစာရင် အင်းကုန်း
ဘုရားပွဲကြ ဝယ်ပေးမယ်လို ချော့ကြတယ်အထိဘဲ မြစိမ်းရောင်းစီမံချက်
ဆိုလားမသိဘူး ငါးလုပ်ငန်းနဲ့ ရွာသားတွေပြသာနာတက်တော့ လာရှင်း
တဲလူကြီးက သိန်း ၃၀၀ ချေငွေရအောင်လုပ်ပေးမယ်ဆိုပြီ ယနေ့ထိပေါ်
မလာဘူး ဟုအသက် ၆၀ ကျော် အဘွားဒေါ်တင်ဋ္ဌေးကပြောသည်"။
"ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ကိုအင်းကုန်းရွာဒေသခံတွေရဲ့  တောင်းဆိုချက်တွေကိုတင်သွင်းပေးသွားမှာပါ ဒီရွာကလူတွေက တောင်
အင်းမြောက်အင်းရဲ့ရေဆိုးဒဏ်တွေ နစ်ပေါင်း ၂၀ ကျော်ခံရပြီး ကျန်းမာရေး
ကိုတစ်ရွာလုံးခံခဲ့ရသောရွာ အိမ်ခြေက ၄၀ ဘဲရှိတာလူဦးရေ ၁၇၀ ရှိတယ်
ကျောင်းမရှိဘူး ကျန်းမာရေးဆေးခန်းမရှိဘူး ဘုန်းကြီးကျောင်းလဲမရှိဘူး
နာမှု့ကူညီရေးလဲမရှိဘူး တစ်ခြားရွာတွေကိုအကူအညီတောင်းနေရသော
ရွာလေးပါရေကြီးခါဆို သွားဖို့အလွန်ခတ်ခဲတယ် တောင်အင်းမြောက်အင်း
ဟာ သူတို့ရွာပိုင်အင်းဖြစ်ပါတယ် တိုင်းဒေသကြီးကိုတင်သွင်းပေးသွားမှာ
ဟု အဖွဲ့ချုပ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေကပြော
သည်။
အဆိုပါအင်းကုန်းကျေးရွာ ဒေသခံတွေ၏တောင်အင်းမြောက်အင်းအတွင်း
ကိုယ်ပိုင် ငါးဖမ်းလုပ်စားပိုင်ခွင့် အစိုးရသစ်ဖြစ်သည့်NLDကိုတောင်းဆို
တင်သွင်းခြင်းကို အမရပူရမြို့နယ် အဖွဲ့ချုပ်မှာတဆင့် လွှတ်တော်အသီးသီး
ကိုတင်သွင်းပေးသွားမည်ဟုသိရသည်
အခုဆို ထိုင်ငံနိုင်ငံရေသန့်ပညာရှင်များ၏အကူအညီဖြစ် တိုင်းဒေသကြီး
အစိုးရအဖွဲ့တို့ပူးပေါင်းဆောင်ရွက်လို့  ရေသန့်စက်ရုံးတည်ဆောက်ခြင်း
ရေဆိုးများ သီးသန့် ပိုက်လိုင်များဖြစ် ရေလွဲများပြုလုပ်ထားသဖြင့် ကျေးရွာ
နေပြည်သူများစိတ်ချမ်းသာစွာနေထိုင်လျှက်ရှိသည်ကိုတွေ့ရသည်။

posted from Bloggeroid
No comments:
Post a Comment