Myanmar Idod သီချင်းအဆိုပြိုင်ပွဲ Top 6 မှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ မန္တလေးသား ဇော်မင်းဦး၏ အိမ်အပြန်ခရီးအား မန္တလေးမြို့သူ၊ မြို့သားများက ပျော်ရွှင်စွာဖြင့် ကြိုဆိုခဲ့ကြမှုနှင့်အတူ ယနေ့ခေတ် မန္တလေးသင်္ကြန်မှာ အောင်မြင်မှုများစွာ ဖြင့် အစည်ကားဆုံးမဏ္ဍပ်တစ်ခုဖြစ်သော Alpine မဏ္ဍပ်တွင် ရှိနေမည်ဟု အွန်လိုင်းစာမျက်နှာထက်တွင် ပျံနှံနေလျက်ရှိရာ လာမည့် သင်္ကြန်ကာလတွင် Alpine မဏ္ဍပ်၌ ဇော်မင်းဦး ပါဝင်မည်မဟုတ်ဟု မန္တလေး Alpine မဏ္ဍပ်တာဝန်ခံ ကိုသောင်း ထိုက်ဆွေက ပြောကြားသည်။
“ကျွန်တော်တို့ မဏ္ဍပ်မှာ Myanmar Idod က ဇော်မင်းဦး ပါဝင်မယ်ဆိုပြီး အွန်လိုင်းမှာ ပျံနှံနေတာ အမှန်ပါပဲ၊ ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီဆိုဖျော်ဖြေပေးဖို့ ရုံးချုပ်ကနေ ဆက်သွယ်တယ်လို့တော့ သိရပါတယ်၊ အဲဒီလိုဆက်သွယ်ရာ မှာ Myanmar Idod မှာ ရွေးချယ်ခံရစဉ်ကတည်းက အရွေးချယ်ခံရသူတွေဟာ Sky Net မဏ္ဍပ်မှာ ဖျော်ဖြေပေးရမယ်ဆို ပြီး စာချုပ်ချုပ်ဆိုခံထားရတယ်လို့ ကိုဇော်မင်းဦးကပြောတယ်လို့တော့ သိရပါတယ်၊ ကိုဇော်မင်းဦးကို ခေါ်ယူနိုင်ဖို့အတွက် ညှိနှိုင်းနေတယ်လို့တော့ သိရပါတယ်၊ လက်ရှိအချိန်အထိတော့ ကိုဇော်မင်းဦး ကျွန်တော်တို့မဏ္ဍပ်မှာ ပါဝင်မယ်ဆိုတာ မသေချာ သေးပါဘူး”ဟု မန္တလေး Alpine မဏ္ဍပ်တာဝန်ခံ ကိုသောင်းထိုက်ဆွေက ပြောကြားသည်။
“ကျွန်တော်တို့ကို အပိုတွေလုပ်တယ်လို့ပဲ ပြောပြော၊ ရူးတယ်လို့ပဲဆိုဆို၊ ပြောချင်ရာပြောဗျာ၊ ဒီနေ့ကတော့ မန်းသူ၊ မန်း သားတွေရဲ့ စည်းလုံးခြင်းနဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့ စိတ်ဓာတ်ကို တစ်နိုင်ငံလုံး မြင်တွေ့ခွင့်ရသွားတယ်လို့ပဲ ပြောချင် ပါတယ်၊ မန်းသူ၊ မန်းသားတွေက ဂီတကိုလဲရူးသွပ်တယ်၊ မတရားဘူးထင်ရင် လက်ပိုက်ကြည့်မနေပဲ အိတ်စိုက်ပြီး ကူညီတတ်ကြပါတယ်၊ မန်းသူမန်းသားတွေရဲ့စည်းလုံးခြင်းကို ပြသလိုက်တဲ့ ပုံရိပ်များအဖြစ် သမိုင်းဝင်သွားပါပြီ၊ အဲ့ဒါ မန္တလေးလို့ခေါ်ပါတယ်”ဟု ကိုဇော်မင်းဦးအား ကြိုဆိုခဲ့သည့် မန္တလေးမြို့ခံ ကိုမှိုင်းမောင်က ပြောသည်။
Myanmar Idod သီချင်းအဆိုပြိုင်ပွဲ Top 6 မှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ မန္တလေးသား ဇော်မင်းဦး၏ အိမ်အပြန်ခရီးစဉ်တွင် ချမ်းမြသု ခ နာမှုကူညီရေးအသင်း ဖျော်ဖြေရေးကားဖြင့် မန္တလေးမြို့တွင်းသို့ လှည့်၍ ဇော်မင်းဦးကိုယ်တိုင် သီချင်းများဖြင့် ဖျော်ဖြေ ပေးခဲ့သည်။
“ကျွန်တော့်ကို အခုလို မန္တလေးကပရိသတ်တွေ အားလုံးက ၀မ်းသားအားရ ကြိုဆိုကြတဲ့အတွက် ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး၊ ပြိုင်ပွဲကနေ အရှုံးနဲ့ ထွက်ခွာခဲ့ရပေမယ့် အခုလို ပရိသတ် ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာ သိရတဲ့ အတွက်လည်း ကျွန်တော် ဂီတအလုပ်တွေကို ဆက်လုပ်ဖို့ အင်အားအပြည့်ဖြစ်သွားပါပြီ၊ သင်္ကြန်ပြီးတာနဲ့ ကျွန်တော် သီချင်းခွေ ထွက်ရှိနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဖျော်ဖြေရေးစင်မြင့်ကားအထက်မှ ကိုဇော်မင်းဦးက ပြောကြားခဲ့ သည်။
ယခုနှစ် မန္တလေးသင်္ကြန် Alpine မဏ္ဍပ်တွင် ကိုဇော်မင်းဦး ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မသိရသေးသော်လည်း The Tree Music Band နှင့်အတူ လင်းလင်း၊ ဟန်ထွန်း၊ ဖိုးကာ၊ ဟဲလေး၊ ခန့်စည်သူ၊ အစိုင်း၊ နန္ဒစိုင်း၊ ဆန်းထွဋ်၊ ဖြူဖြူ ကျော်သိန်း၊ နီနီခင်ဇော်၊ ချမ်းချမ်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်၊ စိုင်းဆမ်၊ သက်မွန်မြင့်၊ နန်းခင်ဇေယျာ၊ မြင့်မြတ် တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၁၇၃

posted from Bloggeroid
No comments:
Post a Comment