Saturday, March 5, 2016

ရှေ့နေများဒေါ်စုပြော


မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းတရားဝင်ဖွင့်လှစ်ခြင်းအခမ်း
အနားတွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြော
==================================================
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကြီးတရားဝင်ဖွဲ့စည်းခြင်းနှင့်
ဗဟိုအလုပ်အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကိုနေပြည်တော်(Kem pinski HOtel)ဧရာတီခန်းမ၌ ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဒေါ်အောင်ဆန်းစုကြမိန့်ခွန်းပြော
ကြားချက်။

"ကျွန်မတို့ ဒီနေ့  ဒီမှာတွေ့ဆုံနိုင်တဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။
ကျွန်မတို့ ဦးကျော်ဇေယျပြောသွားတဲ့အတိုင်းပဲ ဒီလိုအသင်းမျိုးဟာ ဖြစ်
မြောက်ပါ့မလားဆိုတာ အင်မတန်မှပဲစိုးရိမ်ခဲ့ရတယ်။ ရှေ့နေများပီပီ ငြင်း
ကြခုံကြပြောဆိုကြတာတော့ မထူးဆန်းပါဘူး ။ ဒါပေမယ့်ဒီလိုငြင်းကြခုန်
ကြပြီးတဲ့အခါကြတော့ အားလုံးကနေပြီးတော့ ကျွန်မတို့နိုင်ငံအတွက်
အင်မတန်လိုအပ်နေတဲ့ အသင်းတစ်ခုဖြစ်မြောက်ရေးအတွက် သဘောတူ
ပြီးဆောင်ရွက်တာဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်းမှကောင်းတဲ့
လက္ခဏာဖြစ်ပါတယ်။ ကျွန်မတရားဥပဒေစိုးမိုးရေးကိုအင်မတန်မှ လိုလား
တယ်ဆိုတာာ တရားဥပဒေစိုးမိုးရေးရှိမှ ဒီနိုင်ငံက နိုင်ငံသူ နိုင်ငံသားတွေ
ဟာစိတ်လုံခြုံမှုရှိနိုင်မှာ အမှန်ပါ။ နိုင်ငံသူ နိုင်ငံသားတွေစိတ်လုံခြုံမှုရှိမှသာ
လျှင်နိုင်ငံရဲ့သိက္ခကို ကျွန်မတို့ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံ
သားများစိတ်လုံခြုံမှု့မရှိတဲ့ နိုင်ငံဆိုတာဟာအင်မတနါမှ သိက္ခမဲ့တဲ့နိုင်ငံလို့
ကျွန်မတို့ဆိုရပါမယ်။ ဒီတော့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုလိုရှိရင်
ကျွန်မတို့ဟာ တောင့်တင်းခိုင်မာတဲ့ဥပဒေနှင့်ပတ်သက်တဲ့ အဆောက်အ
အုံလိုပါတယ်။ ဒီလိုဥပဒေနဲ့ပတ်သက်တဲ့အဆောက်အအုံဆိုတာဟာ ကျွန်
မတို့လွှတ်တော်တစ်ခုနဲ့တင်မပြီးပါဘူး။
ကျွန်မတို့တရားပြေငြိမ်းတရားရုံးတွေနဲ့လည်းမပြီးပါဘူး ။အင်မတန်မှမှန်မှန်
ကန်ကန်တည်တည်ငြိမ်ငြိမ်နဲ့လုပ်ရည်ကိုင်ရည်ပြည်စုံတဲ့ ကျွန်မတို့ဥပဒေ
ပညာရှင်အများကြီးလိုပါတယ်။ ကျွန်မတို့ရှေ့နေကြီးတွေ အားလုံးသိတဲ့
အတိုင်းပဲ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဥပဒေပညာကို အလေးမထားခဲ့တာ
တန်ဖိုးမထားခဲ့တာ တော်တော်ကြာပါပြီ။ဥပဒေကျောင်းသားတွေ ဥပဒေ
ပညာသင်ယူနေတဲ့ကျောင်းသားတွေဆိုလိုရှိရင် လူတွေက အထင်မကြီး
ကြပါဘူး ။ဒါဟာ အရင်တစ်ချိန်တစ်ခါတုန်းက ကျွန်မတို့လွတ်လပ်ရေးရစဉ်
အခါတုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ အများကြီးကွာခြားသွားတာဖြစ်ပါ
တယ်။ အဲ့ဒီအခြေအနေတုန်ကဆိုလိုရှိရင် ကျွန်မတို့ ဥပဒေပညာရှင်ကို
အင်မတန်မှလေးစားတယ် တန်ဖိုးထားတယ်။ ကျွန်မတို့ရဲ့တရားသူကြီး
တွေဆိုလိုရှိရင် ကျွန်မတို့တို့အင်မတန်မှလေးစားလွန်းလို့၁၉၄၇ခုနစ်ကဖွဲ့စည်းပုံဥပဒေအရ
ဆိုင်ရင် အကြောင်းကြောင့်မို့လို့နိုင်ငံတော်သမ္မတကနေပြီးတော့ဆက်ပြီး
တော့ တာဝန်ထမ်းဆောင်နိုင်လို့ရှိရင် တရားသူကြီးချုပ်ကနေပြီးတော့
ဒီတာဝန်ကိုယာယီထမ်းဆောင်ရမယ်ဆိုပြီးတော့တောင် ကျွန်မတို့သတ်
မှတ်ခဲ့တာဟာ ဘယ်လောက် ကျွန်မတို့နိုင်ငံဟာ ဒီဥပဒေအဆောက်အအုံ
ထဲ့မှာပါတဲ့ ကျွန်မတို့ရဲ့ တရားသူကြီးတွေကို ကျွန်မတို့အားကိုးတယ်။
ယုံကြည်တယ်ဆိုတာကို ပြတာပဲဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ
အများကြီးပြောင်းသွားပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပြောင်းသွားပါပြီ။ အခုကျွန်မတို့ဟာ ပြန်ပြီးတော့ပြောင်းဖို့အတွက် ပြန်ပြီး
တော့ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေကိုဖြစ်ဖို့အတွက် လုပ်နိုင်ဖို့
အခွင့်အရေး အများကြီးရခဲ့ပါပြီ။ ဒီအခွင့်အရေးရဖို့အတွက် IBAအသင်း
ကြီးကနေပြီးတော့ ကျွန်မတို့ရဲ့ ဥပဒေပညာရှင်တွေကို အများကြီးကူညီခဲ့
ပါတယ်။ အခုအရေးကြီးတာကတော့ ကျွန်မတို့ဥပဒေပညာရှင်တွေဟာ
ကိုယ့်ဟာကိုယ်ကို ရပ်တည်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။ဘာဖြစ်လို့လဲ
ဆိုတော့ IBAကအမြဲတစေ ကျွန်မတို့ကိုဆက်ပြီးတော့ကူညီနိုင်မှာလည်း
မဟုတ်ပါဘူး။ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့ကူညီချင်တဲ့စိတ်ကျွန်မတို့နိုင်ငံ
နဲ့သင့်တော်တဲ့တရားဥပဒေပညာရှင်များ ကျွန်မတို့နိုင်ငံနဲ့သင့်တော်တဲ့
ဥပဒေနှင့်ပတ်သက်တဲ့ အဆောက်အအုံများ အခင်းအကျင်းများတည်ဆောက်ဖို့ဆိုတာတော့ ကျွန်မတို့နိုင်ငံသူနိုင်ငံသား
တွေရဲ့တာဝန်ပါပဲ။အဲ့ဒီတာဝန်ကိုတော့ရဲရဲဝံ့ဝံ့ညီညီညွတ်ညွတ်နဲ့ထမ်းဆော
င်စေချင်ပါတယ်။ ကျွန်မတို့အားလုံးညီညီညွတ်ညွတ်နဲ့လုပ်မှအောင်မြင်နိုင်
မှာပါ။ ဟိုစောစောက ဦးကျော်ဇေယျကပြောသွားပါတယ်။ ရန်ဖြစ်လိုရှိရင်
ဝင်ဝင်ပြီးတော့ IBAက ဖျန်ဖြေပေးမယ်ပေါ့်။ IBAကမရှိတဲ့အခါလိုရှိရင်
ဒီလိုဖြစ်ရင်ဘယ်သူကလာပြီးပြန်ဖြေပေးမှာလည်း။ ကိုယ့်ဟာကိုယ်ကို ညီ
ညွတ်အောင်လုပ်ရမယ်။ ကိုယ်ရဲ့အချင်းချင်းကြားမှာအငြင်းအခုံတွေဖြစ်ပွား
လို့ရှိရင် ဒါတွေအဆင်ပြေသွားအောင် ကိုယ့်ဟာကိုပဲလုပ်ရမယ်။
ဒါဟာကျွန်မတို့နိုငိငံတစ်နိုင်ငံလုံးရဲ့ပြသာနာဟာ ကျွန်မတို့အားလုံးတူတူ
ညီညီညွတ်ညွတ်အေးအေးချမ်းချမ်းနဲ့နေနိုင်ရေးပဲဖြစ်တယ်။
ဒါကျွန်မတို့နိုင်ငံအတွက် လိုအပိချက်ဖြစိပါတယ်။ငြိမ်းချမ်းရေးဆိုတာကမ္ဘာ
ပေါ်မှာအခြေခံပါတယ်။ ကျွန်မတို့မတူတဲ့ သဘောထားတွေတူအောင်လို့
ညှိနိုင်းဖို့အတွက်အေးအေးချမ်းချမ်းနဲ့ညှိနိုင်းဖို့အတွက် လက်မပါဘဲနဲရှေ့နေ
တွေက လက်တော့မပါဘူးလို့ထင်ပါတယ်နော်.....?
ရယ်ရယ်မောမောဖြင့်ပြောသည်) ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံ တည်
ငြိမ်ဖို့အတွက် အေးချမ်းဖို့အတွက်တိုးတက်ဖို့အတွက် အားလုံးကနေပြီး
တော့တက်နိုင်သမျှကြိုးစားရမှာပါ။ အဲ့ဒီတော့ ကျွန်မတို့ရဲ့ ဥပဒေပညာရှင်
ကြီးများကိုစံနမူနာအဖြစ်နဲ့ ရပ်တည်ပေးစေချင်ပါတယ်။ ရှေ့နေတွေတောင်မှတည့်အောင်နေနိုင်တယ်။ တစ်ခြားသူတွေကတည့်
အောင်မနေနိုင်ရမှာလဲဆိုပြီးတော့ အဲ့လိပြည်သူတွေကမြင်စေချင်တယ်။

ရှေ့နေများရဲ့အလုပ်ကိုကငြင်းရခုံရတာ။ကိုယ်အလုပ်ကငြင်းရတာခုံရတာ
ဆိုပေမယ့်ဒီအလုပ်ရဲ့ဦးတည်ချက်က တရားဥပဒေစိုးမိုးရေးပဲဖြစ်ရမယ်။
တရားဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့နိုင်ငံတည်ငြိမ်ဖို့အတွက် ကျွန်မတို့
နိုင်ငံလုံခြုံဖို့အတွက် ကျွန်မတို့နိုင်ငံလွတ်လပ်ဖို့အတွက်အဲဒီအတွက်ငြင်းတာခုံတာပဲဖြစ်ရမယ်။
အဲတော့ ကျွန်မတိုါအခြ ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးအင်မတန်မှလိုအပ်နေတယ်
။ ငြိမ်းချမ်းရေးညီလာခံလည်း ကျွန်မတို့လုပ်တော့မယ် ဆိုလို့ရှိရင် ဒီငြိမ်းချမ်
းရေးညီလာခံထဲမှာလည်းဒီအတိုင်းပဲငြင်းတယ် ခုံတယ်ဆိုတာဟာကွဲဖို့
ပြဲဖို့အတွက်မဟုတ်ဘူး။ ငြင်းခြင်းခုံခြင်းအားဖြင့်လကျွန်မတို့အားလုံးအတွ
က် အကောင်းဆုံးအဖြေတစ်ခုကို ရှာဖို့အတွက် ဒီကိုကျွန်မတို့ဦးတည်ရမှာပါ။
ကျွန်မတို့ ဒီနေ့မှာ ဒီအခါမှာ ဒီအသင်းကြီးဟာပေါ်ပေါက်နိုင်တယ်ဆိုတာ
ကောင်းတဲ့နိမိတ်လို့ ကျွန်မဒီလိုပဲယူဆပါတယ်။ (၂)နစ်လောက်ကို ကြိုး
စားလိုကိရတယ် ဒီကြိုးစားတဲ့ အခါမှာတစ်ချို့အချိန်တွေအခါတွေမှာလည်း
နည်းနညိးတစ်ချို့ကတော့မျှော်လင့်ချက်တောင်မရှိတော့ဘူးထင်ခဲ့တာတွေ
ရှိပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့လည်းဆန္ဒကရှိတဲ့အခါကျတော့
ကျွန်မတို့ဖြစ်ပေါ်လာပါတယ်။ ဆန္ဒလည်းရှိတယ်။ ဝီရိယလည်းရှိတယ်။
စိတ်ဓာတ်လည်းရှိတယ်။ ပညာလည်းရှိတာပေါ့နော်။ ကျွန်မအထပ်တလဲ
လဲပြောနေတဲ့ အောင်မြင်ခြင်းတရား(၄)ပါးပေါ့။ဒီအောင်မြင်ခြင်းတရား
၎ ပါးအတွက် ကျွန်မအနေနဲ့ အင်မတန်မှဝမ်းသာပါတယ်။ အင်မတန်မှ
ဂုဏ်ယူပါတယ် ။ဒီအသင်းကြီးဟာ ကျွန်မတို့နိုင်ငံတိုးတက်ရေးအတွက်
အေးချမ်းရေးအတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ပါစေလို့
ကျွန်မအနေနဲ့ ဆုမွန်ကောင်းတောင်းပါတယ်ဟုဒေါ်အောင်ဆန်းစုကြည့်က
ပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment