Monday, March 21, 2016

သူတို့သတင်း



သင်္ကြန်အခါရက်များမတိုင်မီ မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လူစီးတွဲဆိုင်း(၂)ဆိုင်း တိုးချဲ့ ပြေးဆွဲမည် 

4 days ago FNews, Transportation 58 Views

မင်းခန့်(မြစ်မခ)

၂၀၁၆ခုနှစ် သင်္ကြန်အခါရက်များမတိုင်ခင် ခရီးသွားလာရေး အဆင်ပြေစေရန် မန္တလေး-ရန်ကုန် ရထားခရီးစဉ်များတွင် လူစီးတွဲဆိုင်း(၂)ဆိုင်းထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၃)မန္တလေးတိုင်းမှ သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီနှစ်သင်္ကြန်ကာလ မတိုင်ခင် အတွင်းမှာ မန္တလေး-ရန်ကုန် ရထားခရီးစဉ်တွေကို ထပ်မံတိုးချဲ့ပြေးဆွဲသွားဖို့ အစီအစဉ်ရှိပါတယ်။ စာမေးပွဲဖြေပြီးလို့ နယ်ပြန်မယ့် သူတွေ၊ ရုံးဝန်ထမ်းမိသားစုတွေ အတွက် အဆင်ပြေအောင် အခုလိုဆောင် ရွက်ထားတာပါ။”ဟု မြန်မာ့မီးရထား အမှတ်(၃) မန္တလေးတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်ကာလများတွင် မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား ရထား တွဲဆိုင်း ရှစ်ဆိုင်းဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်ပြီး ယခုအခါ တွဲဆိုင်းနှစ်ဆိုင်းထပ်တိုးကာ စုစုပေါင်း တွဲဆိုင်း ဆယ်ဆိုင်းဖြင့် ဧပြီ ၆ ရက်မှ သင်္ကြန်မကျခင်အချိန်အထိ ပြေးဆွဲသွားမည် ဖြစ်သည်။

ခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦးလျှင် ရိုးရိုးတန်းခုံ လက်မှတ် ၄၆၅၀ ကျပ်၊ အထက်တန်းခုံလက်မှတ် ၉၃၀၀ ကျပ်ဖြင့် ယခင်နှုန်းထားအတိုင်း ရက်ကြိုစနစ်ဖြင့်ရောင်းချပေးနေကြောင်း

posted from Bloggeroid

No comments:

Post a Comment