Tuesday, March 8, 2016

ရွှေဥဒေါင်းသမဝါယမအသင်းပိုင်မြေအတွက်ဆန္ဒပြမည်

ရွှေဥဒေါင်းစားသုံးသူသမဝါယမအသင်းပိုင်မြေနေရာနှင့်အဆောက်ဦးကို
ပုဂ္ဂလိကပိုင်အဖြစ်အလွဲသုံးစားပြုလုပ်ပြီး ယခင်အဆောက်အဦးကိုဖျက်
မည်ကိစ္စဒေသခံများလက်မခံဘဲ ဆက်လုပ်ပါကကန့်ကွက်ဆန္ဒပြမည်ဟုဆို
=================================================
မန္တလေး မတ် ၉
မန္တလေး ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် အကွက်အမှတ် (၇၀၈)
ဦးပိုင်အမှတ် (၇၉-က)ပေါ်ရှိ အဆောက်အဦးကို ဦးအောင်ဝင်းဆိုသူက
ဖျက်မိန့်လျှောက်ထားသည့်ကိုအကွက်အမှတ်(၇၀၃)ကနေ(၇၀၈)အထိ
နေထိုင်သူအားလုံးလက်မှတ်ထိုး၍ကန့်ကွက်ဆန္ဒဖော်ထုတ်သွားမည်ဟု
ဒေသခံတွေကပြောသည်။

"ကျွန်တော်တို့ ရွှေဥဒေါင်းစားသုံးသူသမဝါယမအသင်းက၁၉၇၄ခုနစ်
ဆိုရှယ်လစ်စီးပွားရေး တည်ဆောင်မှုစီမံကိန်းများအရနိုင်ငံတော်၏အမိန့်
ညွန်ကြားချက်များအရ ရပ်ကွက်နေ ပြည်သူများ၏မတည်ငွေဖြင့် အခြေခံ
စားသုံးသူအသင်းအဖွဲ့စည်း၍ အဆိုပါနေရာတွင် ငှားရမ်းဖွင့်လှစ်ခဲကြတာ
၁၉၈၅ ခုနစ်တွင် အသက်းပိုင်ငွေဖြစ် အသင်းမှ မန္တလေးမြို့စာချုပ်စာတမ်း
မှတ်ပုံတင် ၈၂၁/၁၉၈၅အရဝယ်ယူခဲ့ကြတာ ၁၉၈၈ အရေးအခင်းကြောင့်
အသင်းရပ်ဆိုင်းခဲသော်လည်း အသင်းပိုင်မြေနှင့်အဆောက်အဦးကို
ရပ်ကွက်နေပြည်သူများအားလုံးပွင့်လင်းမြင်သာမှုအတွက် ယနေ့ထိရှိ
နေတာကို ဦးအောင်ဝင်းဆိုသူက သူဝယ်သည်ဆိုကာ ဖျက်မိန်လျှောက်
ထားခြင်း အဆောက်အဦးအသစ်တည်ဆောက်ခြင်းများမန်စည်ပင်ကို
လျှောက်ထားကြောင်း သတင်းစာကြော်ငြာပါလို ကြည်လိုက်တော့ သမဝါ
ယမထံကသူဝယ်ထားတယ်လိုပြောလို့ မောရဂီဝါ ၆ ရပ်ကွက်လုံးကဒေသ
ခံရပ်ကွက်နေပြည်သူများကန့်ကွက်ကြောင်းလက်မှတ်ထိုးတားထားတယ်
ဟုရွှေဥဒေါင်းသမဝါယမအသင်းတွဲဘက်အတွင်းရေးမှူးဦးစိုးမြင့်ကပြော
သည်။

"ကျွန်တော်တို့ ရပ်ကွက် ရွှေဥဒေါင်းစားသုံးသူသမဝါယမအသင်းနေရာနဲ့
အဆောက်ဦးက ဒီရပ်ကွက်ပြည်သူတွေအားလုံးအသင်းသားတွေစုပြီး
ကျွန်တော်တို့ အသင်းပိုင်ငွေ ၂ သိန်းနဲ့ဝယ်ထားသည့်မြေနေရာကို တစ်ဦး
တစ်ယောက်က ဖျက်မိန်အဆောက်အဦးအသစ်တည်ဆောက်မိန့်လာ
လျှောက်တော့မှာသိရတယ် ဒါကြောင့် ကျွန်တော်တို့အသင်းသားဟောင်း
တွေစုပြီး ဒေသခံ ပြည်သူလူထုအားလုံးလက်မှတ်ထိုးပြီး မန်စည်ပင်ကိုကန့်
ကွက်ထားပါတယ် ကန့်ကွက်ထားပါလျှာက် ဆက်တည်ဆောက်မယ်ယနေ့
လာဖျက်မယ်ဆိုလူ အင်အား၄၀၀ ကျော်နဲ့ဆန္ဒပြသွားမည်ဟု အသင်းသား
တစ်ဦးဖြစ်သူ ဦးသက်ဦးကပြောသည်။

"ကျွန်တော်ထံကို အဆောက်အဦးဟောင်းဖျက်ဖို့ လတ်မှတ်လာထိုးခိုင်တောမှာ ဒါကျွန်တော်ရပ်ကွက် ရွှေဥဒေါင်းစားသုံးသူ
သမဝါယမအများပိုင်မြေနေရာဆိုတာ သိရတာ ဒါနဲ့ ကျွန်တော်လက်မှတ်
မထိုးပေးဘူး သူတို့ကသတင်းစာမှာကြော်ညာထားပြီးသားကန့်ကွက်မယ်
မရှိဘူးလိုပြောတယ် ဒါနဲ့သတင်းစာကြော်ညာကြည်တော့ အကွက်အမှတ်
ကတလွဲ ရွှေဥဒေါင်းမဟုတ်ဘူး ဒေါင်းညီနောင်ဆိုပြီးကြော်ညာထားတာ
အဆောက်အဦးဟောင်ဖျက်ခွင့်ကြမှာ ဒီအကွက်ဒီနေရာဆိုတာ ဖြစ်နေလို
လက်မှတ်မထိုးပေးလိုက်တာကို မန်စည်ပင်က အောက်ခြေရပ်ကွက်လက်
မှတ်မပါဘဲ လက်ခံထားသောအရာတွေ့ရတယ် ကျွန်တော်ကို ရပ်ကွက်နေ
ပြည်သူတွေက အားကိုးလို အုပ်ချုပ်ရေးမှူးတင်ထားတာရပ်ကွက်နေပြည်
သူတွေကန့်ကွက်သလို ကျွန်တော်လဲကန့်ကွက်ပါတယ်ဟုအုပ်ချုပ်ရေးမှူး
ဦးအောင်ကျော်စိုးကပြောသည်။

အဆိုမြေနေရာဟာ ရွှေဥဒေါင်းစားသုံးသူသမဝါယမအသင်းပိုင်ကို၁၉၈၅
ခုနစ်က ငွေ ၂ သိန်းဖြင့်ဝယ်ယူထားသည့်နေရာဟာ ယနေ့ခေတ်ကာလ
ပေါက်ဈေး သိန်း ၂ သောင်းခန့်တန်းသည့်နေရာကို မြို့နယ်သမဝါယမ
ကတစ်ဆင့် ပုဂ္ဂလိကကိုယ် ရောင်းစားထားသဖြင့် မူလပိုင်ရှင် အသင်း
သားအသင်းဝင် ရပ်ကွက်နေပြည်သူတစ်ဦးတစ်ယောက်၏သဘေားတူ
လက်မှတ်ထိုးထားခြင်းမရှိခြင်း အများပိုင်နေရာကို အလွဲသုံးစားပြုခြင်း
ယခုအခါ အဆောက်အဦးဆောက်လုပ်ရန်စီစဉ်နေမှု့များ ကိုမန်စည်ပင်
အားကန်ကွက်ခဲ့သော်လည် တရားရုံးအမိန့်ဖြစ် ရက်ပေါင်း ၃၀ အတွင်း
လာတားပါဆိုလို တားမရလို အများပြည်သူသိရှိစေရန် ယနေ့ သတင်း
စာရှင်ပွဲပြုလုပ်ရတာဟု ဒေသခံရပ်ကွက်သူရပ်ကွက်သားများကပြောသည်။

posted from Bloggeroid

No comments:

Post a Comment