Wednesday, March 2, 2016

မီးလောင်မူ

မြိတ်ခရိုင်တွင်း တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
၂.၃.၂၀၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ်
ကျေးရွာအုပ်စု တောင်ပြိုကျေးရွာတွင် မတ်လ (၁) ရက်နေ့ည
(၁၀) နာရီခွဲခန့်အချိန်တွင် မီးစက် အိတ်ဇောအတွင်းမှ
မီးပွားများလွှင့်စင်ရာမှ ဒီဇယ်ပုံးသို့မီးကူးစက်လောင်ကျွမ်းခဲ့ရာ
နေအိမ် (၄၀)နီးပါးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ၊
{{အိမ်ထောင်စု(၅၉)စု ၊လူဦးရေ(၂၂၁)ဦး}}
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့စည်းများထံမှ သိရပါတယ်။

အလာတူ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အရှေ့ကမ်း
ညောင်ပင်ကွင်းကျေးရွာတွင် နေအိမ်အတွင်း ထမင်းအိုး
တည်ရာမှ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် နေအိမ် ၇ လုံး
ပါသွားခဲ့တယ်လို့ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ
သိရပါတယ်။

အထက်ပါ မီးလောင်ကျွမ်းခဲ့တဲ့ ဒေသများသို့ သက်ဆိုင်ရာ
အဖွဲ့စည်းများမှ ကယ်ဆယ်ရေးပစ္စည်းများကို မတ်လ(၂)
ရက်နေ့နံနက်ပိုင်းတွင်သွားရောက်ပို့ဆောင်နေပြီလို့ သိရ
ပါတယ်။

်ဓါတ်ပုံ-ကျွန်းစုမြို့နယ် တောင်ပြိုကျေးရွာ မီးလောင်မှုမြင်ကွင်း

posted from Bloggeroid

No comments:

Post a Comment