Wednesday, March 30, 2016

အငြိမ့်မင်းသမီး ထိပ်သီးသန်းသန်း အငြိပ့်ပြန်က

ဒီမိုကရေစီမရရင် အငြိမ့်မကတော့ဘူးဟုပြောခဲ့သည့် ထိပ်သီးအငြိမ့်မင်းသမီး သန်းသန်း အငြိမ့်ပြန်ကပြီ
---- ------ ------ ------ ----
တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ၈၈ အရေးအခင်းကာလက ဒီမိုကရေစီမရမချင်း အငြိမ့်ပြန်မကတော့ဟု ကတိပြုခဲ့သူ မန္တလေး ထိပ်သီးအငြိမ့်မှ ပင်တိုင်မင်းသးမီးတဦးဖြစ်သူ ထိပ်သီး (ဒေါ်)သန်းသန်းက ဇာတ်သဘင်လောကသို့ ပြန်လည်ခြေချတော့မည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်း မတရားမှုတွေကို မကြိုက်လို့ ၁၉၈၈ အရေးခင်းတုန်းက မန္တလေး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ အဲဒီတုန်းက ဒီမိုကရေစီမရရင် ကျွန်မ အငြိမ့်မကတော့ဘူး၊ မင်းသမီးအဝတ်စားလည်း မဝတ်တော့ဘူးလို့ အများရှေ့မှာ ကတိပေးထားခဲ့တာ အခု ကျွန်မ မင်းသမီးအဝတ်တွေပြန်ဝတ်ပြီး လိုက်ကနေပါပြီဟု ၎င်းက News Watch သို့ ပြောသည်။

“မင်းသမီးဆိုတာလည်း ဣထိရနွယ်ဝင်ပါပဲ။ အခုခေတ် အငြိမ့်မင်းသမီးတွေကိုပြောချင်ပါတယ် အတိုအပြတ်နဲ့ ယစ်မှူးအောင်လုပ်ပြီး စင်ပေါ်မတက်စေလိုပါဘူး။ အမေ ပြောရဲတယ် အနုပညာဟာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ရုပ်လှတာမလှတာနဲ့လည်း မဆိုင်ဘူး။ အမေအသတ် ၆၄ နှစ်ရှိပြီ။ အခု
ဒီမိုကရေစီရလို့ အမေ အငြိမ့်ပြန်ကတာ။ ဘယ်လိုပွဲဖြစ်ဖြစ် ထိပ်သီးသန်းသန်း မင်းသမီးအဝတ်ပြန်ပါပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိပ်သီးအငြိမ့်နှင့် မင်းသမီး ထိပ်သီး သန်းသန်းသည် မန္တလေး အငြိမ့်လောကတွင် ၁၉၈၈ ၀န်းကျင်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိတွင် သူမသည် မန္တလေး မဟာအောင်မြေမြို့နယ် သံလျှက်မော်အရှေ့ အေးချမ်းသာယာလမ်း၊ အကွက် (၄၁၆) ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

မန္တလေး ထိပ်သီးအငြိမ့်နှင့် ထိပ်သီးသန်းသန်းအား ဌားရမ်းလိုပါက ဖုန်း-၀၉၃၃၈၆၉၁၈၅ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment