Thursday, March 3, 2016

စက်ယန္တရားကြီးများဖားကန့်

ဖားကန့်ဒေသသို့ စက်ယန္တရားကြီးများ တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့ကို ရာထူးမှ အနားပေး

===================
===================

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးအတွက်
မြေသယ်ယာဉ်နှင့် စက်ယန္တရားကြီးများ တရားမဝင် ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရှိရသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေသယ်ယာဉ်နှင့် စက်ယန္တရားကြီးများ တရားမဝင် ဝင်ရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်း၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးညွှန်ချုပ် ဦးညွှန့်အောင်နှင့် ကချင်ပြည်နယ် အစိုးရအရာရှိ အချို့ကို ရာထူးမှ အနားပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ ညွန်ကြားရေးမှူးတစ်ဦးထံမှ သိရသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအဆင့်က
မေးရင်ပိုသိမှာပါ။ ကျွန်တော် တို့ကတော့ ပြောလို့မရဘူး”ဟု ကချင်ပြည်နယ် ဝန်ကြီးချူပ် လဂျွန်ငန်ဆိုင်းက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့် ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး ဒေသသို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံမှ မြေသယ်ယာဉ်နှင့် စက်ယန္တရားများ ဝင်ရောက် လာခြင်းကို စုံစမ်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့ကြောင်း၊ ထိုကိစ္စကို စစ်ဆေးရာမှ အကောက်ခွန်၊ စီးပွားကူးသန်း၊ ကချင်ပြည်နယ်အစိုးရ အရာရှိအချို့ကို ရာထူးမှ အနားပေးလိုက်ခြင်းဖြစ်ကြောင်း သမ္မတရုံးမှ ညွန်ကြားရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်၏ နေရာတွင်
ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် ဗိုလ်ကြီးဟောင်း ဦးအောင်စိုးကို ယာယီ
တာဝန်ပေးထားကာ အကောက်ခွန်ညွှန်ချုပ် ဦးထွန်းသိန်း၏ နေရာတွင်
မြန်မာ့အာမခံ လုပ်ငန်းမှ ညွှန်ချုပ်တစ်ဦးကို ယာယီတာဝန်ပေးထားကြောင်း သိရသည်။

============

သတင်း - MMK
Photo - MOI
The Ladies News

The Ladies News Journal

posted from Bloggeroid

No comments:

Post a Comment