Thursday, March 31, 2016

နွားပြိုင်ပွဲ

နွား မြင်းပြိုင်ပွဲများဖြင့် ပုထိုးတော်ကြီးဘုရားပွဲအားကျင်းပမည်
မန္တလေးမြို့ အာမရပူရမြို့နယ်ရှိ သမိုင်းဝင်ကြီးလေးကြီး ဘုရားဖြစ်သော ပုထိုးတော်ကြီးဘုရားတွင် ယခုနှစ်ဘုရားပွဲတော်အဖြစ် ရိုးရာ နွားပြိုင်ပွဲ မြင်းပြိုင်ပွဲများကို ၃ ကြိမ်မြောက်အဖြစ်ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဌ ဦးသန်းလွင် ကပြောသည်။
ဗုဒ္ဓပူစနိယပွဲတော်အား ဧပြီလ ၁ ရက်နေ့မှစတင်ကာ ၁၀ ရက်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နွား မြင်းပြိုင်ပွဲများအား တောင်သမန်အင်းအတွင်းကျင်းပြုလုပ်သွားမည်ဖြစ်သည်။
ဒီနှစ်မှာ တေဇာတန်းဆိုပြီးတော့ သွားမပေါက်သေးတဲ့နွားလေးတွေပေါ့ အဲဒါတွေကိုလည်း ထည့်သွင်းကျင်းပပေးပါဆိုလို့ နွားပေါက်စပြိုင်ပွဲလေးပါထည့်သွင်းကျင်းပပါမယ်။ ဧပြီတစ်ရက်နေ့ဆိုပေမဲ့ မတ်လ ၃၀ ရက်နေ့ကို ဆွမ်းတော်ကြီးတင်ပွဲလုပ်ပြီး တစ်ရက်နေ့မှာ သံဃာအပါး ၅၀၀ ကိုဆွမ်းလောင်းလှူပွဲကျင်းပပြုလုပ်သွားမှာပါ ဟု၎င်းကဆက်လက်ပြောသည်။
ဧပြီလ ၁ရက်နေ့မှ ၃ ရက်နေ့အထိနွားပြိုင်ပွဲအား ဒုန်းအကြီးတန်း အငယ်တန်း ခြေအကြီးတန်း ခြေအငယ်တန်း တေဇာတန်းဟု ၍ ၅ တန်း ယှဉ်ပြိုင်မည်ဖြစ်ပြီး ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြင်းပြိုင်ပွဲအား ဒုန်းအကြီးတန်း အငယ်တန်း ခြေအကြီးတန်း အငယ်တန်းဟု၍ ၄ တန်းယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုပွဲဆုကြေးများအနေဖြင့် နွားပြိုင်ပွဲအတန်းတစ်ခုခြင်းစီအား ပထမဆု ၃ သိန်း ဒုတိယဆု ၂ သိန်း နှင့် တတိယဆု ၁ သိန်း ချီမြင့်ကာ မြင်းပြိုင်ပွဲ အတန်းတစ်ခုခြင်းစီတွင် ပထမဆု ၂ သိန်း ဒုတိယဆု ၁ သိန်း တတိယဆု ၅ သောင်းတို့ဖြင့် ဆုချီးမြင့်သွားမည်ဖြစ်ပြီး ပွဲတော်ကာလတွင်လည်း ဇာတ်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများ ပါဝင်အုံးမည်ဖြစ်ကြောင်းသိရသည်။
ပုထိုးတော်ကြီးဘုရားမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြေငလျှင်ကြောင့် ထီးတော်နှင့် စိန်ဖူးတော် မြေခပြက်စီးရာတွင် ၂၀၁၄ ခုနှစ် မတ်လက ပြန်လှယ်တင်လှူခဲ့ပြီး ၂၀၁၅ ခုနှစ် မေလတွင် လေပြင်မုန်းတိုင်းကြောင်း စိန်ဖူးတော် ထီးတော်နှင့် ငှက်မျက်နားတော်တို့ပါ ထပ်မံပြတ်စီးခဲ့ရာတွင် ယခုလက်ရှိအချိန်ထိ ပြန်လှယ်တင်လှူနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

posted from Bloggeroid

နွားပြိုင်ပွဲ

အမရပူရမြို့နယ် မဟာဝိဇရံသိပုထိုးတော်ကြီး ဘုရားပွဲတော် နွားပြိုင်ပွဲမြင်း
ပြိုင်ပွဲများ ကျင်ပမည်

မန္တလေး ဧပြီ ၁
မန္တလေး အမရပူရမြို့နယ် အကြီးဆုံးစေတီတော် မဟာဝိဇရံသိပုထိုးကြီး
ဘုရားပွဲတော်ကို ဧပြီလ ၁ ရက်နေ့ကနေ ၁၀ ရက်နေထိနွားပြိုင်ပွဲမြင်း
ပြိုင်ပွဲ မြန်မာရိုးရာ လက်ဝှေ့ပွဲနှင့်  ဇာတ်ပွဲတို့ဖြင့်ကျင်ပသွားမည်ဟုသိရ
သည်။

အမရပူရမြို့နယ်အတွင်းက
အကြီးဆုံး စေတီတော်ကြီးကို အမရပူရခေတ် ကတည်ထားခြင်း
ဒေသခံတွေအနေနဲ့ ရှေးယခင် နှစ်ပေါင်းများစွာက ဘုရားပွဲကြီးများကျင်ပ
လာခဲ့တာ စစ်အစိုးရလက်ထက် ၁၉၈၈ နောက်ပိုင် ဘုရားပွဲတော်ကြီးအဖြစ် အကြောင်းအမျိုးကြောင့် မကျင်ပဖြစ်ခဲ့ပါဘူး
၂၀၁၃ နှစ်ကစတင်၍ ဘုရားပွဲတော်ကြီး ကို စတင်ကျင်ပဖြစ်ခဲ့ပါတယ်
နှစ်စဉ် ကဆုန် လ တစ်လုံး ပွဲပါ ၂၀၁၅ ခုနှစ် မေလ ၈ နေ့က ထီတော်
မြေခခဲ့တာ ယနေ့အချိန်ထိ မတင်လှူနိုင်သေကြောင်းသိရသည်။

ဘုရားပွဲတော်ကို ပျော်ပွဲရွင်ပွဲများဖြင့် ဧပြီ လ ၁ နံနက်စတင်ကာ ပြိုင်ပွဲများ
ကျင်ပကာ ဇာတ်သဘင်များက စတင်ဖျော်ဖြေသွားမည်ဟုသိရသည်။

posted from Bloggeroid

Wednesday, March 30, 2016

နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်စု

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် သမ္မတ ဦးထင်ကျော် လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းမည်
**
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် ဥပဒေကြမ်းကို သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်သွင်းရန်ရှိကြောင်း သိရှိရပါသည်။


အဆိုပါ ဥပဒေကြမ်းတွင် အခန်းငါးခန်း ပါဝင်ပြီး အခန်း(၃) တွင် "၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည်"ဟု
ဖော်ပြခဲ့ပါသည်။

အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် အခန်းတွင် (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များ ပေးရမည်၊ (ခ) အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်၊ (ဂ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည် (ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက် ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်၊ (င) အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိရမည်ဟု ဖော်ပြထားသည်။

ထို့အတူ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊ ယခု ဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော် သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်ဟုလည်း ဖော်ပြပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သမ္မတရုံး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့ကို ပြည်ထောင်စု ၀န်ကြီးအဖြစ် ကိုင်တွယ်မည် ဖြစ်ပြီး ယခု ဥပဒေကြမ်းအရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ယူမည် ဖြစ်ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ကာ မတ် ၃၁ ရက် လွှတ်တော်တွင် တင်သွင်း ဆွေးနွေးရန်ရှိကြောင်း သိရပါသည်။
.
Credit : EMG
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Martin Swe
30-03-2016

posted from Bloggeroid

မန္တလေး မီး

၇ ရက်အတွင်း မီးလောင်ကျွမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့သည့် မန္တလေးတွင် မီးကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်မီး အသုံးပြုမှု အာမခံချက်ရှိမရှိ လိုက်လံစစ်ဆေး
---- ------ ------ ------ ----
မန္တလေး မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာဈေးအတွင်း မီးဘေး
ကြိုတင်ကာကွယ်နိုင်ရန် ဈေးသူဈေးသားများအား ပညာပေးမီးငြိမ်းသတ်နည်းများ စနစ်တကျပြုလုပ်ခဲ့သည်။

"မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မနှစ်ကလည်း လုပ်တယ်။ ဒီနှစ် ၂
လပိုင်းကလဲ သရုပ်ပြလုပ်ခဲ့တယ်။ ဒီနေ့လုပ်ရတာကတော့ ဈေးကော်မတီ
နဲ့ညှိတယ်၊ စည်ပင်သာယာအဖွဲ့ပါတယ်၊ ဆိုင်တိုင်း မီးသတ်ဆေးဗူးထားရှိဖို့နဲ့ လျှပ်စစ်ဝါယာကြိုးတွေကို စစ်ဆေးတာတွေ ဆောင်ရွက်ပါတယ်။ မီးကို စနစ်တကျ ငြိမ်းသတ်တတ်ဖို့အတွက် လုပ်တာပါ”ဟု မဟာအောင်မြေမြို့နယ်
မီးသတ်တပ်ဖွဲဦးစီးမှူး ဦးထက်အောင်က ပြောသည်။

"ကြိုတင်ကာကွယ်မှုတွေ လိုအပ်ပါတယ်။ ဈေးတွေမီးလောင်တာများနေလို့
ဈေးကော်မတီနဲ့ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာန၊ စည်ပင်သာယာအဖွဲ့
အားလုံးစုပေါင်းပြီး ဆောင်ရွက်တာပါ။ ပညာပေးလုပ်ငန်း၊ ပြီးရင် မလိုက်နာတဲ့ ဈေးသည်တွေကို အရေးယူသွားဖို့အတွက်ပေါ့”ဟု မဟာအောင်မြေ ကျောက်မျက်ရတနာဈေး မပြောင်းရွေ့ရေးအဖွဲ့ဝင် ဦးတူးက ပြောသည်။

မတ် ၂၂ ရက်နေ့က မန္တလေးမင်္ဂလာဈေး မီးလောင်းခဲ့ပြီး မတ်လ ၂၆ ရက်တွင် ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၃၄ လမ်းတွင် အိမ်ခြေ ၈ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ ယနေ့ မတ် ၂၉ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် မီးလောင်ကျွမ်းခဲ့ပြန်ရာ မန္တလေးတွင် ၇ ရက်အတွင်း သုံးကြိမ် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။

စိုင်းထူးခန့်

posted from Bloggeroid

အငြိမ့်မင်းသမီး ထိပ်သီးသန်းသန်း အငြိပ့်ပြန်က

ဒီမိုကရေစီမရရင် အငြိမ့်မကတော့ဘူးဟုပြောခဲ့သည့် ထိပ်သီးအငြိမ့်မင်းသမီး သန်းသန်း အငြိမ့်ပြန်ကပြီ
---- ------ ------ ------ ----
တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ၈၈ အရေးအခင်းကာလက ဒီမိုကရေစီမရမချင်း အငြိမ့်ပြန်မကတော့ဟု ကတိပြုခဲ့သူ မန္တလေး ထိပ်သီးအငြိမ့်မှ ပင်တိုင်မင်းသးမီးတဦးဖြစ်သူ ထိပ်သီး (ဒေါ်)သန်းသန်းက ဇာတ်သဘင်လောကသို့ ပြန်လည်ခြေချတော့မည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်း မတရားမှုတွေကို မကြိုက်လို့ ၁၉၈၈ အရေးခင်းတုန်းက မန္တလေး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါခဲ့တယ်။ အဲဒီတုန်းက ဒီမိုကရေစီမရရင် ကျွန်မ အငြိမ့်မကတော့ဘူး၊ မင်းသမီးအဝတ်စားလည်း မဝတ်တော့ဘူးလို့ အများရှေ့မှာ ကတိပေးထားခဲ့တာ အခု ကျွန်မ မင်းသမီးအဝတ်တွေပြန်ဝတ်ပြီး လိုက်ကနေပါပြီဟု ၎င်းက News Watch သို့ ပြောသည်။

“မင်းသမီးဆိုတာလည်း ဣထိရနွယ်ဝင်ပါပဲ။ အခုခေတ် အငြိမ့်မင်းသမီးတွေကိုပြောချင်ပါတယ် အတိုအပြတ်နဲ့ ယစ်မှူးအောင်လုပ်ပြီး စင်ပေါ်မတက်စေလိုပါဘူး။ အမေ ပြောရဲတယ် အနုပညာဟာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ရုပ်လှတာမလှတာနဲ့လည်း မဆိုင်ဘူး။ အမေအသတ် ၆၄ နှစ်ရှိပြီ။ အခု
ဒီမိုကရေစီရလို့ အမေ အငြိမ့်ပြန်ကတာ။ ဘယ်လိုပွဲဖြစ်ဖြစ် ထိပ်သီးသန်းသန်း မင်းသမီးအဝတ်ပြန်ပါပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိပ်သီးအငြိမ့်နှင့် မင်းသမီး ထိပ်သီး သန်းသန်းသည် မန္တလေး အငြိမ့်လောကတွင် ၁၉၈၈ ၀န်းကျင်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး လက်ရှိတွင် သူမသည် မန္တလေး မဟာအောင်မြေမြို့နယ် သံလျှက်မော်အရှေ့ အေးချမ်းသာယာလမ်း၊ အကွက် (၄၁၆) ၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

မန္တလေး ထိပ်သီးအငြိမ့်နှင့် ထိပ်သီးသန်းသန်းအား ဌားရမ်းလိုပါက ဖုန်း-၀၉၃၃၈၆၉၁၈၅ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

Tuesday, March 29, 2016

ဇော်မင်းဦး

Myanmar Idod သီချင်းအဆိုပြိုင်ပွဲ Top 6 မှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ မန္တလေးသား ဇော်မင်းဦး၏ အိမ်အပြန်ခရီးအား မန္တလေးမြို့သူ၊ မြို့သားများက ပျော်ရွှင်စွာဖြင့် ကြိုဆိုခဲ့ကြမှုနှင့်အတူ ယနေ့ခေတ် မန္တလေးသင်္ကြန်မှာ အောင်မြင်မှုများစွာ ဖြင့် အစည်ကားဆုံးမဏ္ဍပ်တစ်ခုဖြစ်သော Alpine မဏ္ဍပ်တွင် ရှိနေမည်ဟု အွန်လိုင်းစာမျက်နှာထက်တွင် ပျံနှံနေလျက်ရှိရာ လာမည့် သင်္ကြန်ကာလတွင် Alpine မဏ္ဍပ်၌ ဇော်မင်းဦး ပါဝင်မည်မဟုတ်ဟု မန္တလေး Alpine မဏ္ဍပ်တာဝန်ခံ ကိုသောင်း ထိုက်ဆွေက ပြောကြားသည်။
“ကျွန်တော်တို့ မဏ္ဍပ်မှာ Myanmar Idod က ဇော်မင်းဦး ပါဝင်မယ်ဆိုပြီး အွန်လိုင်းမှာ ပျံနှံနေတာ အမှန်ပါပဲ၊ ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီဆိုဖျော်ဖြေပေးဖို့ ရုံးချုပ်ကနေ ဆက်သွယ်တယ်လို့တော့ သိရပါတယ်၊ အဲဒီလိုဆက်သွယ်ရာ မှာ Myanmar Idod မှာ ရွေးချယ်ခံရစဉ်ကတည်းက အရွေးချယ်ခံရသူတွေဟာ Sky Net မဏ္ဍပ်မှာ ဖျော်ဖြေပေးရမယ်ဆို ပြီး စာချုပ်ချုပ်ဆိုခံထားရတယ်လို့ ကိုဇော်မင်းဦးကပြောတယ်လို့တော့ သိရပါတယ်၊ ကိုဇော်မင်းဦးကို ခေါ်ယူနိုင်ဖို့အတွက် ညှိနှိုင်းနေတယ်လို့တော့ သိရပါတယ်၊ လက်ရှိအချိန်အထိတော့ ကိုဇော်မင်းဦး ကျွန်တော်တို့မဏ္ဍပ်မှာ ပါဝင်မယ်ဆိုတာ မသေချာ သေးပါဘူး”ဟု မန္တလေး Alpine မဏ္ဍပ်တာဝန်ခံ ကိုသောင်းထိုက်ဆွေက ပြောကြားသည်။
“ကျွန်တော်တို့ကို အပိုတွေလုပ်တယ်လို့ပဲ ပြောပြော၊ ရူးတယ်လို့ပဲဆိုဆို၊ ပြောချင်ရာပြောဗျာ၊ ဒီနေ့ကတော့ မန်းသူ၊ မန်း သားတွေရဲ့ စည်းလုံးခြင်းနဲ့ ချစ်မြတ်နိုးစရာကောင်းတဲ့ စိတ်ဓာတ်ကို တစ်နိုင်ငံလုံး မြင်တွေ့ခွင့်ရသွားတယ်လို့ပဲ ပြောချင် ပါတယ်၊ မန်းသူ၊ မန်းသားတွေက ဂီတကိုလဲရူးသွပ်တယ်၊ မတရားဘူးထင်ရင် လက်ပိုက်ကြည့်မနေပဲ အိတ်စိုက်ပြီး ကူညီတတ်ကြပါတယ်၊ မန်းသူမန်းသားတွေရဲ့စည်းလုံးခြင်းကို ပြသလိုက်တဲ့ ပုံရိပ်များအဖြစ် သမိုင်းဝင်သွားပါပြီ၊ အဲ့ဒါ မန္တလေးလို့ခေါ်ပါတယ်”ဟု ကိုဇော်မင်းဦးအား ကြိုဆိုခဲ့သည့် မန္တလေးမြို့ခံ ကိုမှိုင်းမောင်က ပြောသည်။
Myanmar Idod သီချင်းအဆိုပြိုင်ပွဲ Top 6 မှ နှုတ်ဆက်ထွက်ခွာခဲ့ရသူ မန္တလေးသား ဇော်မင်းဦး၏ အိမ်အပြန်ခရီးစဉ်တွင် ချမ်းမြသု ခ နာမှုကူညီရေးအသင်း ဖျော်ဖြေရေးကားဖြင့် မန္တလေးမြို့တွင်းသို့ လှည့်၍ ဇော်မင်းဦးကိုယ်တိုင် သီချင်းများဖြင့် ဖျော်ဖြေ ပေးခဲ့သည်။
“ကျွန်တော့်ကို အခုလို မန္တလေးကပရိသတ်တွေ အားလုံးက ၀မ်းသားအားရ ကြိုဆိုကြတဲ့အတွက် ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး၊ ပြိုင်ပွဲကနေ အရှုံးနဲ့ ထွက်ခွာခဲ့ရပေမယ့် အခုလို ပရိသတ် ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာ သိရတဲ့ အတွက်လည်း ကျွန်တော် ဂီတအလုပ်တွေကို ဆက်လုပ်ဖို့ အင်အားအပြည့်ဖြစ်သွားပါပြီ၊ သင်္ကြန်ပြီးတာနဲ့ ကျွန်တော် သီချင်းခွေ ထွက်ရှိနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဖျော်ဖြေရေးစင်မြင့်ကားအထက်မှ ကိုဇော်မင်းဦးက ပြောကြားခဲ့ သည်။
ယခုနှစ် မန္တလေးသင်္ကြန် Alpine မဏ္ဍပ်တွင် ကိုဇော်မင်းဦး ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မသိရသေးသော်လည်း The Tree Music Band နှင့်အတူ လင်းလင်း၊ ဟန်ထွန်း၊ ဖိုးကာ၊ ဟဲလေး၊ ခန့်စည်သူ၊ အစိုင်း၊ နန္ဒစိုင်း၊ ဆန်းထွဋ်၊ ဖြူဖြူ ကျော်သိန်း၊ နီနီခင်ဇော်၊ ချမ်းချမ်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်၊ စိုင်းဆမ်၊ သက်မွန်မြင့်၊ နန်းခင်ဇေယျာ၊ မြင့်မြတ် တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၁၇၃

posted from Bloggeroid

Myanmar Idolyကထွက်ခွာလာသည့်ဇော်မင်းဦး

Myanmar Idolyပြိုင်ပွဲကြီးကအိမ်ပြန်ခဲ့ရသောလဲ မန္တလေးပရိတ်သက်
အားပေးမှု့အများဆုံးရခဲ့သူ ဇော်မင်းဦးနဲ့တွေ့ဆုံ
==================================================
မေး။ ညီလေးအနေနဲ့ Myanmar Idoly နေရာတစ်ခုကနေထွက်ရခဲ့ရသည်အပေါ်ခံစားချက်လေး

ဖြေ= ကျွန်တော် ရည်မှန်ထားတာ မရခဲလို ခံစားချက်တော့ရှိပါတယ်
အနုပညာသမားတစ်အနေနဲ့ သိချင်းတွေဆိုနေရရင်အရမ်းပျော်တယ်
ကိုယ်ကြိုးစားမှု့အပြည်နဲ့ လုပ်ခဲတာ Myanmar Idolyကထွက်ခွာလာခဲ့
ရပေမဲ့ မန္တလေးက ကျွန်တော်ကိုပေးတဲ့ Idolyကိုရခဲ့ပါတယ်ကျွန်တော်
ထင်မထားပါဘူး

မေး= အနုပညာ အဆိုဝါသနာကိုဘယ်အချိန်ကစိတ်ဝင်စားခဲ့တာလဲ
အနုပညာ အသိုင်းအဝိုင်းရှိခဲ့သလား

အဖြေ= ကလေးအရွယ်ငယ်စဉ်က သိချင်းတွေလိုက်ဆိုတယ်ကျွန်တော်
ရပ်ကွက်ထဲ့မှာသိချင်းတွေဆိုရင် သူငယ်ချင်းတွေက Myanmar Idoly
ကိုဝင်ပြိုင်ဖို့ပြောလို ဝင်ပြိုင်ဖြစ်တာ အနုပညာအသိုင်းအဝိုင်းမရှိပါဘူး
ဝါသနာအရ အခုလို အားပေးမှု့ခံရတာဒါပထမဆုံးမို့ဘယ်လိုပြောရမယ်
ဆိုတာမသိဘူး

မေး=ညီလေး အဆိုတော်တွေထဲက အားအကျဆုံး အဆိုတော်ရှိလား ...?

ဖြေ=ကျွန်တော်အားကျပြီးအကြိုက်ဆုံးအဆိုတော်ကတော့ ကိုလေးဖြူပါ
ကျွန်တော်အကြိုက်ဆုံးသိချင်းတွေက သူသီချင်တွေဖြစ်ပါတယ်
ကျန်တဲ့အဆိုတော်တွေရဲ သိချင်းတွေ နာမထောင်ဖြစ်ဘူး သူဟာသူတော
ကောင်းကျပါတယ်

မေး=သင်္ကြန်းမှာ မန္တလေးမှာ ငါညီ ဘယ်မဏ္ဍပ်ဖျော်ဖြေဖြစ်မယ်ဆိုတာ
ပရိတ်သတ်သိအောင်ပြောပေးပါလား...?

ဖြေ= ကျွန်တော်ကိုအားပေးကျသည့် ပရိတ်သတ်တွေကို အကောင်းဆုံး
သီဆိုဖျော်ဖြေပေးခြင်ပါတယ် ဘယ်မဏ္ဍပ် ဘယ်နေရာဆိုတာ စီစဉ်ထား
တာမရှိပေးပါဘူး ကျွန်တော်တို့သူငယ်ချင်းတွေ စုပြီး

ခွေ ထုတ်ဖို့စီစဉ်ထား
ပါတယ် ဘယ်သူတွေပါဝင်မယ်ဆိုတာမသိရသေပါဘူး

မေး= ညီလေးအနေနဲပရိတ်သတ်ကိုဘာပြောချင်လဲ

ဖြေ=ကျွန်တော် အဆိုတော်တစ်ယောက်အနေနဲ့ ဆက်၍သီချင်းတွေဆို
ဖို့ရှိပါတယ် အချိန်မှာ MyanmarIdolyက ထွက်လာရလို့ နည်းနည်းတော့
စိတ်ဒက်ကျခဲတာအမှန်ပါ ပညာတွေတော့အများကြီးရခဲ့ပါတယ်
အနုပညာအဆိုတော်ကို ကျွန်တော်ညဏ်စွမ်းရှိသလောက်ကြိုးစားပ်မယ်
ဆက်၍အားပေးကြပါအုံးလိုပြောချင်ပါတယ်ဟုကိုဇော်မင်းဦးကဖြေကြားခဲ့
သည်။

စိုင်းထူးခန့် 

posted from Bloggeroid

မီးသတင်း

မင်္ဂလာဈေး မီးလောင်မှု အကြောင်းအရင်းမသိရသေး

မန္တလေးမြို့ရှိ မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သတ်၍ မီးလောင်ရသည့်အကြောင်းအရင်း မသိရသေးကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဋ္ဌာန က သိရသည် ။

ယင်းမီးလောင်မှုသည် မတ်လ ၂၂ ရက်နေ့ ညနေ ၅နာရီခွဲ မှ ည ၁၁ နာရီထိ မီးလောင်ခဲ့ရာ မီးလောင်မှုကြောင့် အဆောက်အအုံဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး နှင့် ပစ္စည်းဆုံးရှုံးမှုခန့်မှန်းတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း (၁၀၅၄၆) ဆုံးရှုံးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်ထားသည် ။

``လက်ရှိအများပြည်သူကလည်း မီးလောင်ရတဲ့အကြောင်း အရင်းကို စိတ်ဝင်စားနေကြတယ် ။ မီးလောင်ရတဲ့ အကြောင်းအရင်းက ခုထိတော့ မသိရသေးဘူး ။ လူအများကတော့ အမျိုးမျိုးထင်ကြေးပေးနေကြတယ် ။ ကျွန်တော်တို့တွေ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတုန်း ပါ ။´´ ဟု မန္တလေး ခရိုင်မီးသတ်တပ်ဖွဲ့ မှ ဦးစီးမှူး ဦးသန်းနိုင် က ပြောသည် ။

မင်္ဂလာဈေးတွင် အခန်းပေါင်း ၅၅၀ ရှိသည့်အနက် အရောင်းပြခန်း ၄ ခန်း အတည်ဆိုင်ခန်း ၂၉၈ ခန်း စုစုပေါင်း ၁၃၂ ခန်း နှင့် ပျံကျဆိုင် ၄၃ ဆိုင် ပျက်စီးဆုံးရှုံးခဲ့ရသည် ။

``မီးနဲ့ ပတ်သတ်ရင် မန္တလေးမြို့က ဈေးတွေမှာ လုံခြုံရေး အားနည်းတာတွေတွေ့ရတယ် ။ ကြိုတင်ကာကွယ်မှု နည်းနေတာလည်းတွေ့ရတယ် ။ ဒါတွေက အားနည်းချက်တွေ ဖြစ်နေတယ် ။ ´´ ဟု ဦးသန်းနိုင် က ဆက်လက်ပြောသည် ။

ယင်းမင်္ဂလာဈေးနှင့် ပတ်သတ်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ က လူနေထိုင်ရန်မသင့်သည့် အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ထားသည် ။

posted from Bloggeroid

Monday, March 28, 2016

မြန်မာ Idolyကထွက်လာသောဇော်မင်းဦး

Myanmar Idol ပြိုင်ပွဲမှထွက်ခဲရသည်ဇော်မင်းဦး ၏းဇနီးသည်ဆလိုင်းချိတ်ရ။
စိုင်းထူးခန့်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်။ ကြေးသွန်းရပ်ကွက်နေ ထိုင်သည့် Myanmar Idol ၏ Top 5 မှထွက်ခွာခဲ့ရသူ ကိုဇော်မင်းဦးအား မန္တလေးသားတို့က ညအချိန်ထိ အားပေးမှု့ကြောင့် ၄င်း၏ ဇနီးသည်ကို ဆေးခန်းပို့၍ ဆလိုင်းချိတ်ခဲ့ရကြောင်း ကိုဇော်မင်းဦးက

Newswatch သို့ ပြောသည်။

ပြိုင်ပွဲမှ ထွက်ခွာလာခဲရသဖြင့် မန္တလေး ပရိတ်သတ် အားပေးမှု့အများဆုံးရှိခဲ့ပြီး နေအိမ်သို့ ညအချိန်ထိ အားပေးသူများ လာရောက်ကြရာ ၄င်း၏အမျိုးသမီးမှာ ဝမ်းသာလွန်းသဖြင့် ဆေးခန်းပို့ခဲ့ရသည်ဟုဆိုသည်။

''ဆုရလာရင်တောင် ခုလိုအားပေး ကြမယ် မထင်ဘူး။ အိမ်ထိလာရောက်အားပေးကြတာအထူးကျေးဇူး တင် ပါတယ်။ကျွန်တော်အမျိုးသမီးလဲ ဝမ်းသာပြီး တနေ ကုန်ပင်ပမ်းလို့ ညနေပိုင်းမှာ မှူးလဲသွားတယ်။အခု ဆေးခန်းမှာ ဆလိုင်းချိတ်ထားတယ်။ ''ဟု၎င်းက ပြော သည်။

၎င်းအနေနဲ့ ည ၇ နာရီ ကျော်အထိ မနားရသေးဘဲ ဆေးခန်းသို့ထွက်ခွာသွားခဲ့သည်။

posted from Bloggeroid

Myanmar Idoly ကထွက်လာသည့်မန္တလေးသား

Myanmar Idolyပြိုင်ပွဲမှထွက်ခဲရသည်ဇော်မင်းဦး ကိုညအချိန်ထိ မန္တလေး ပရိတ်သက်လာရောက်အားပေးကြသဖြင့် ဇော်မင်းဦးရဲ့ဇနီ
ဆလိုင်ချိတ်ရသည်ဟုဆို
=================================================
မန္တလေး မတ် ၂၈
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယမ ကြေးသွန်းရပ်ကွက်က Myanmar Idoly သိချင်းဆိုပြိုင်ပွဲကြီးကနေ ဖို့တင်အားပေးမှု့ကြောင်းကောင်းသော်
လည် ထွက်ခွာလာခဲရသဖြင့် မန္တလေး ပရိတ်သက်အားပေးမှု့အများဆုံး
ညအချိန်ထိ လာရောက်သဖြင့်ကိုဇော်မင်းဦး၏အမျိုးသမီး ဆေးခန်းတွင်
ဝမ်းသာလုံးအားကြီးလိုမှူးလဲကာဆလိုင်ချတ်ထားရကြောင်း ကိုဇော်မင်းဦး
ကပြောသည်။

Myanmar Idoly ကကျွန်တော်ဆုရလာရင်တောင် ကျွန်တော်ကို အခုလို
အားပေးကြမယ်မထင်ဘူး အခု ကျွန်တော်ကိုလာရောက်အားပေးကြတာ

အထူးကျေးဇူးတင်ပါတယ် ကျွန်တော်အမျိုးသမီးလဲ ဝမ်းသာပြီး တနေ့ကုန်
ပင်ပန်းကား ညနေပိုင်က မှူးလဲသွားလို အခု ဆေးခန်းမှာ ဆလိုင်ချိတ်ထား
ရပါတယ် ခဏဆတော့ ဓါက်ပုံရိုက်ပါ သတင်းသမားတွေကိုလည် တောင်ပန်ပါတယ် နံနက် ကြမှာလာပါဟု ကိုဇော်မင်းဦးက ပရိတ်သတ်များ
ကိုပြောသည်။

၎င်းအနေနဲ့ ည ၇ နာရီ ကျော်အထိ မနားရသေးကြောင်း ၎င်းအမျိုးသမီး
ဖြစ်သူ မှူးလဲသွားသဖြင့် ဆေးခန်းလိုက်သွားရမှာမို့  တောင်းပန်ကာ မိမိ
အိမ်ကနေ ထွက်သွားခဲသည်ကိုတွေ့ရသည်။

posted from Bloggeroid

ဇီးကုန်မီးလောင်

. ` မီးလောင် ´
. ••••••••••••••••

နေ့ ၁၂ နာရီ ၁၀ မိနစ် စတင်လောင်ကျွမ်း ။

၁၂ နာရီ ၃၅ မိနစ် အချိန်

ငြိမ်းသတ်ထိန်းသိမ်းနိုင် ။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ၊ ဇီး
ကုန်းကျေးရွာ ချမ်းအေးသာယာရပ်ကွက် -

ဦးကံအေး - ဆီစက် အဆောက်အဦး

ဦးချစ်ဆွေ လူနေအိမ် တို့ မီးလောင်မှု ဖြစ်ပွါးခဲ့
ပါတယ် ။

မီးလောင်ကျွမ်းရာ ဇီးကုန်းနယ်မြေ ဒေသအရံ
တပ်ဖွဲ့ စေတနာ ဝန်ထမ်းများ ပြည်သူများ ဝိုင်း
ဝန်း ငြိမ်းသတ်၍ အခြေနေ ထိမ်းသိမ်းနိုင်ပါပြီ ။

မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကို တာဝန်ရှိသူတို့ စစ်
ဆေးလျှက် ရှိပါတယ် ။

ဇီးကုန်းနယ်မြေ ဒေသအရံ မီးသတ် တပ်ဖွဲ့ နှင့်
စေတနာဝန်ထမ်း တာဝန်သိ ပြည်သူများအား
ကျေးဇူးပါ ခင်ဗျာ . . .

28 . 3 . 2016

posted from Bloggeroid

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်အား အဆိုပြုတင်သွင်း
---- ------ ------ ------ ----- ----
မတ် ၂၈ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး(ဆဌမ)နေ့ တွင် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးအနက် ၇၃ ဦးတက်ရောက်ခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်အား မန္တလေးတိုင်း ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ရွေးချယ်၍ တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့ကြောင်းသိရသည်။

“သမ္မတဖြစ်လာမယ့်သူက တင်သွင်းတာကို ငြင်းပယ်ပိုင်ခွင့်မရှိဘူး။လွှတ်တော်က အတည်ပြုမယ်။ ပြီးမှ သမ္မတရုံးအမိန့်နဲ့ ၀န်ကြီးချုပ်ဖြစ်ကြောင်းကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ထွက်လာမယ်။အဲဒီကျမှ ကျမ်းသစ္စာကျိန်ဆိုတာတွေ လုပ်ရမှာ။”ဟု ၀န်ကြီးချုပ်အဖြစ်အဆိုပြုခံရသူ အမရပူရမဲဆန္ဒနယ် အမှတ် ၁ မှ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဝန်ကြီးချုပ်အဖြစ်အဆိုပြုခံရသူအား လွှတ်တော်ကိုယ်စားလှယ်များမှ ယနေ့ ညနေ ၄ နာရီထိ ခိုင်မာသော အချက်အလက်များဖြင့် ကန့်ကွက်နိုင်ကြောင်း၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အခြားဝန်ကြီးနေရာများကို ကြေငြာရန်မှာ အချိန်နောက်ကျနိုင်ဖွယ်ရှိပြီး ခန့်မှန်းခြေ ဧပြီလဆန်းပိုင်းတွင် ဖြစ်နိုင်ကြောင်း သိရသည်။

ယနေ့ကျင်းပခဲ့သည့် လွှတ်တော်တွင် ရေးရာကော်မတီ ၁၂-ခုမှ ကျန်ရှိနေသော ကော်မတီ ၅-ခုကိုဖွဲ့စည်းခဲ့ရာ လုံခြုံရေး၊ စီမံခန့်ခွဲရေနှင့် စည်ပင်သာယာရေးကော်မတီ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီ၊ သာ သနာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုကော်မတီ၊စက်မှုစွမ်းအင်နှင့် လျပ်စစ်ရေးရာကော်မတီ၊ ပို့ဆောင်ရေး၊ ဆက် သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ တို့ ဖွဲ့စည်းပြီး စည်းမျဉ်းစည်းကမ်းများ တင်ပြရှင်းလင်းခဲ့သည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

မုံရွာ ဆန္ဒပြ

ရပ်ကွက်ပိုင်ချောင်းရိုးမြေပေါ် အိမ်ဆောက်ခွင့်ပေးတယ်ဟုဆိုကာ မုံရွာမြို့ မြဝတီရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ ဆန္ဒထုတ်ဖော်

-------------------------------------------------------------
မုံရွာမြို့ မြဝတီရပ်ကွက်တွင် ရပ်ကွက်ပိုင်ချောင်းရိုးမြေပေါ်အား အိမ်ဆောက်ခွင့်ပေးတယ်ဟုဆိုကာ မကြေနပ်တဲ့အတွက် မတ်လ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်မှာ ရပ်ကွက်နေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါအိမ်ဆောက်ခွင့်ကို မြို့နယ်စည်ပင်ရေးကော်မတီကပေးခဲ့တာဖြစ်ပြီး ထိုနေရာကို ရပ်ကွက်သူရပ်ကွက်သားများက ရပ်ကွက်ပိုင်မြေအဖြစ် သတ်မှတ်ထားတဲ့အတွက် ယခုလို မြဝတီရပ်ကွက်က ချောင်းရိုးထိပ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာလဲ ဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ရပ်ကွက်ပိုင်ချောင်းရိုးမြေကို ရောင်းစားမှုကို လက်မခံနိုင်ကြောင်း ။ဂရံချတဲ့ပေးတဲ့ မြေစာရင်းဌာနကို ရှုံ့ချကြောင်းနဲ့ အိမ်ဆောက်ခွင့်ပေးတဲ့ စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်ကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ထိုမြေဟာ မြို့နယ်မြေစာရင်းမှ ဂရံချပေးထားပြီး စည်ပင်သာယာရေးကော်မတီက အိမ်ဆောက်ခွင့်ပေးခဲ့သလို မြေစာရင်းမြေပုံအရ ချောင်းရိုးမြေမဟုတ်ဘူးလို့ အိမ်ဆောက်လုပ်မယ့် ပိုင်ရှင် ကိုကံမင်းအောင်က ပြောဆိုပါတယ်။

ထိုနေရာဟာ ရပ်ကွက်မဖြစ်ခင် ရှေးယခင်ကျေးရွာကတည်း ကျေးရွာရှိချောင်းရိုးမြေဖြစ်ပြီး
ယခုအိမ်နေရာအဖြစ် ဂရံချ အိမ်ဆောက်ခွင့်ပေးသည်မှာ အဓိပ္ပယ်မရှိကြောင်း နှင့် သက်ဆိုင်ရာ ဌာနများသို့ ကန့်ကွက်စာပို့ထားကြောင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှုးအဖြစ်ရွေးချယ်ခံထားရတဲ့ ဦးရဲဝင်းမှ ပြောကြားပါတယ်။

ယခုအချိန်မှာတော့ မြို့နယ်စည်ပင်သာယာရေးကော်မတီက အိမ်ဆောက်လုပ်ခွင့်ကို ခတ္တရပ်ဆိုင်းထားရန် အဆောက်ဦးပိုင်ရှင်ကို ပြောဆိုထားပြီး ရပ်ကွက်နေပြည်သူနှင့် အဆောက်ဦးပိုင်ရှင်ကြား ညှိနှိုင်းနေတယ်လို့လဲ သိရပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ရာတွင် ရပ်ကွက်သူရပ်ကွက်သားများ ၁၀၀ နီးပါးပါဝင်ပြီး ဆန္ဒထုတ်ဖော်မှုကိုလဲ မြို့နယ်ရဲစခန်းမှ ခွင့်ပြုမိန့် ရယူပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်နိုင်စိုး
phone-09400466087

posted from Bloggeroid

Thursday, March 24, 2016

BOao Forum မြန်မာဒုသမ္မတတက်ရောက်

Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်

24.03.2016 22:14


Boao Forum မြန်မာ ဒုသမ္မတ တက်ရောက်။ သတင်းဓာတ်ပုံ- MOI

မျှဝေပါ

မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေအတွက် ချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံ ကမ်းလှမ်းဖို့ စီစဉ်ထားတဲ့ အကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာလုပ်တဲ့ Boao ဆွေးနွေးပွဲ အတွင်း အဲဒီငါးနိုင်ငံကခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီးတဲ့ နောက် တရုတ်ဝန်ကြီးချုပ်က ကြေညာတာပါ။

တရုတ်ဝန်ကြီးချုပ် မြန်မာဒုတိယသမ္မတ စိုင်းမောက်ခမ်း၊ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ်၊ Thongsing Thammavong, ဗီယက်နမ်ဒုတိယ၀န်ကြီးချုပ် Pham Binh Minh တို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အရှေ့တောင်အာရှငါးနိုင်ငံအတွက် ဒီချေးငွေနဲ့ အကြွေးယူနိုင်တဲ့ငွေပမာဏ သတ်မှတ်ချက် ဒေါ်လာ ၁၁.၅ ဘီလီယံကို အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနဲ့ တခြားစီမံကိန်းတွေမှာ အသုံးပြုမယ်လို့ ၀န်ကြီးချုပ်လီ ကပြောတာကို ကိုးကားပြီး တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာန က ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးပွဲ အတွင်းမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေအတွက် ချေးငွေ ဒေါ်လာ ဘီလီယံ ၂၀ ကို ၀န်ကြီးချုပ်လီက ကမ်းလှမ်းခဲ့ပါသေး တယ်။

မိတ်ဆွေဆက်ဆံရေးနဲ့ ငွေကြေးဆိုင်ရာ ကမ်းလှမ်းတာတွေ ရှိနေတဲ့ကြား မှာပဲ မြန်မာနဲ့ဗီယက်နမ်နိုင်ငံတွေနဲ့ တရုတ် အကြားဆက်ဆံရေးဟာ သိပ်ကြီး အဆင်ပြေ လှတာမဟုတ်ပါဘူး။ ဗီယက်နမ်နဲ့ တရုတ်အကြား ဆက်ဆံရေး က တောင်တရုတ် ပင်လယ် နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ ပြင်းထန်တဲ့ အငြင်းပွားမှုတွေကြောင့် အဆင်မပြေဖြစ်တာပါ။

မြန်မာနိုင်ငံနဲ့ကတော့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တဲ့ကိစ္စက အဓိကဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံမှာ စိုးရိမ်ချက်တွေ ရှိနေပါတယ်။

posted from Bloggeroid

NCA ချင်းမိုင်

NCA ဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်

25.03.2016 07:14



NCA အပစ်ရပ်လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့။



NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဒုတိယ အကြိမ် ထိပ်သီးအစည်းအဝေးကို မနေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စတင် ကျင်းပနေပြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ ထားပါတယ်။

NCA အပစ်ရပ်လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ရဲ့ ပထမရက် အစည်းအဝေးမှာ ဆုံးဖြတ်ချက်တွေ မချနိုင်သေးပေမဲ့ ရှေ့လုပ်ငန်းစဉ် တွေကိုဆွေးနွေးခဲ့တယ်လို့ ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLOရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုပြောပါတယ်။

" အဓိက ဦးတည်တာကတော့ အစိုးရသစ်နဲ့ ကျနော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ နောက်ပြီးတော့ ဖိတ်ကြားခြင်း ခံရသော်လည်းပဲ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ညီညွတ်ရေး မပြတ်ပဲနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ဖွဲ့စည်းထားတဲ့ ကျနော်တို့ရဲ့ ကော်မတီတွေနဲ့ ကော်မတီတွေက အများကြီးရှိတာ ဆိုတော့ အဲ့ဒီ့ကော်မတီတွေရဲ့ ရှေ့လုပ်ငန်းစဉ်တွေပေါ့ဗျာ။ အဲ့တာတွေကို ဆွေးနွေး သွားမှာပေါ့ဗျာ။"

ဒီအစည်းအဝေးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စ၊ အစိုးရသစ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရေး ကိစ္စ၊ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJCအဖွဲ့တွေ ရဲ့ ရှေ့လုပ်ငန်းစဉ်ကိစ္စတွေကို အဓိကဆွေးနွေး ဆုံးဖြတ်သွားမယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

အစည်းအဝေးရဲ့ ဖွင့်ပွဲမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSAရဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ကနေ NCAဟာ တိုင်းရင်းသားတွေ လိုလားတဲ့ ပန်းတိုင် ကိုရောက်ဖို့ လမ်းတလမ်းဖြစ်သလို အစိုးရရဲ့လှည့်ကွက်ထဲရောက် မသွားဖို့ လိုတယ်လို့ရှမ်းဘာသာနဲ့အခုလိုပြောဆိုခဲ့ပါတယ်။

" NCA ဟာဆိုရင် ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ကို သွားဖို့အတွက် လမ်းတလမ်း လမ်းတခုဖြစ်ပါတယ်။ ကျနော်တို့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် ဒီကြားထဲမှာ ကျနော်တို့ တိုက်ပွဲဝင်ဖို့ ကျနော်တို့ ရင်ဆိုင်ဖို့ တွေအတွက် ကျနော်တို့တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။ "

လက်ရှိ NCA အပစ်ရပ် လက်မှတ်ရေးထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NCA လုပ်ငန်းစဉ် အတိုင်း ဆက် လက်အကောင်အထည်ဖေါ်နိုင်ဖို့ အစိုးရ အလွှဲအပြောင်း ကာလအတွင်း စောင့်ဆိုင်းနေရတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာ က အခုလိုပြောပါတယ်။

" အခုထိတော့ လုပ်ငန်းတွေက ဆက်သွားနေရတာပါပဲ။ Ongoing process ဖြစ်နေတော့ ဒီ Process ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လာမယ်။ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလာမယ်။ သို့သော် အစိုးရဘက်ကတော့ အစိုးရသစ် အစိုးရဟောင်း လက်လွှဲလက်ပြောင်း ရှိမယ်ဆိုတော့ အဲ့ဒီ့တချိန် အဲ့ဒီ့တကဏ္ဍကိုတော့ ကျနော်တို့က စောင့်ကြည့်ရဦးမှာပေါ့ဗျာ။"

ဒါ့အပြင် NCA လက်မှတ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လဲ တွေ့ဆုံဆွေးနွေးသွား မှာဖြစ်ပြီး တွေ့ဆုံမယ့်နေ့ရက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ သူကဆိုပါတယ်။

လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွင်းမှာတော့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့နဲ့ လက်မှတ်မရေးထိုး နိုင်သေးတဲ့ အဖွဲ့တွေ အကြားမှာ သဘောထားကွဲလွဲမှုတွေလဲရှိနေပါတယ်။ ဒီလိုအမြင်မတူကွဲပြားမှုတွေရှိနေပေမဲ့ ဆက်စပ်မှုရှိရှိ နားလည်မှုရယူပြီး တိုင်းရင်းသားအရေးကိစ္စတွေကို လုပ်ဆောင်သွားရမယ်လို့ UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ကအခုလိုပြောပါတယ်။

" နားလည်မှုရှိရှိ နဲ့ ဆက်စပ်မှုရှိရှိနဲ့ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ နှစ်ဘက် စလုံးလည်း ဒါကို လက်ခံပါတယ်။ ဆက်လုပ်သွားကြမှာပါ။"

လက်ရှိအစိုးရ အကူးပြောင်းကြားကာလမှာ မြန်မာ့တပ်မတော်ကနေ ရှမ်းပြည်နယ် ဘက်မှာ စစ်အင်အားတွေ တိုးချဲ့ ချထား လာသလို အပစ်မရပ်နိုင်သေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်မှုတွေ ပြုလုပ် လာနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရသစ်အနေနဲ့ အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းစဉ် တွေ အလျှင်အမြန် လုပ်ဆောင်သင့်တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

" အချိန်နဲ့တပြေးညီ မဟုတ်ဘူးဆိုရင် တပ်မတော်ကို အခွင့်အရေးပေးရာကျပြီး တပ်မတော်က သူ့ရဲ့ လုံခြုံရေးအမြင် ဘာညာ အကြောင်းပြပြီးတော့ စစ်ရေးဇောင်းပေး လုပ်သွားမှာကိုလည်း ကျနော်တို့က စိုးရိမ်တယ်။ လာမယ့် အစိုးရသစ်ကလည်း အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို မြန်မြန်ဆန်ဆန် ဖိတ်ခေါ်ခြင်း မလုပ်ပဲနဲ့ အချိန်ဆွဲမယ်ဆိုရင် ပိုပြီးတော့ အန္တရာယ်ကြီးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်တယ်ခင်ဗျ။"

NCA အပစ်ရပ်လက်မှတ်ရေးထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ကို ဒီလ ၂၄ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင် ၆၀ နီးပါး တက်ရောက်ခဲ့ကြပေမဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်DKBAအဖွဲ့ကခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိခဲ့ ပါဘူး။

မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KNUကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မ တော် DKBA၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO ၊ရခိုင်ပြည် လွတ်မြောက်ရေးတပ်ဦး ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့ အဖွဲ့(၈)ဖွဲ့တို့ဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

posted from Bloggeroid

တောငိသမန်အင်း

တောင်သမန်အင်းအတွင်းအမှိုက်ပြစ်ရသည်မှာ စည်ပင်အမှိုက်သိမ်းကား
မလာလိုဟုဆို
==================================================
မန္တလေး မတ် ၂၃
မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်းအတွင်း အမှိုက်ပြစ်ရသည့်က
စည်ပင်သာယာအမှိုက်သိမ်းကားမလာလို အင်းအတွင်းပြစ်ရသည်ဟုဒေ
သခံတွေကပြောသည်။

"ကျွန်တော်တို့ ဒီနားနေကြသူတွေပါ အမှိုက်ပြစ်စရာနေရာမရှိဘူး အဲဒီတော့ အမှိုက်တွေ အိမ်ထဲ့ များလာတော့ အင်းထဲ့ဘဲပြစ်ရတာ
အရင်က စည်ပင်အဖွဲ့က အင်းအတွင်း အမှိုက်မပြစ်ရ ဒဏ်ငွေ ၅၀၀၀၀ဟု
ဆိုင်ဘုတ် တစ်လပိုင်က လာထောင်တယ် ဒီနားက လူတွေက ဖြုတ်ပြစ်
လို့ အခုမရှိတော့ဘူး စည်ပင်သာယာအမှိုက်သိမ်းကားသာ ဒီဘက်လာရင်
ဒေသခံတွေအားလုံး ဘယ်သူမှ အင်းအတွင်းအမှိုက်မပြစ်ပါဘူးဟု ဒေသခံ
ဦးအောင်အောင်ကပြော"သည်။

တောင်သမန်အင်းကန်ပက်လမ်း သန့်ရှင်းသာယာလှပရေးဆိုကာ အမှိုက်
များမရှိစေရေး အရပ်ဘက်လူအဖွဲ့အစည်းတွေက လိုက်လံအမှိုက်ကောက်
ခြင်း သစ်ပင်များစိုက်ခြင်း ယခုအခါဆို တံတားကြီး ရေရှည်တည်တံစေရန်
ပြုပြင်ထိမ်းသိမ်းမှုတွေ လုပ်နေသော်လည် အမှိုက်များဒေသခံတွေ အမှိုက်
အင်းအတွင်းမပြစ်ရန် ပညာပေးလုပ်ငန်းတွေ လုပ်ဖို့ လိုအပ်သလို အင်း
ကြီးအတွင်း သုံးရောင်ချယ်အလှ ဖေါ်ဆောင်ရန် လိုပ်တယ်ဟု မြို့ခံ ရပ်မိ
ရပ်ဘများ၏ပြောပြချက်များအရသိရသည်။

အဆိုပါ တောင်သမန်အင်းအတွင်းဒေသခံတွေ အမှိုက်များမပြစ်ရန် အမှိုက်
ပုံများချပေးဖို့ ရယ် အမှိုက်သိမ်းကား နေ့စဉ် ပက်ပေးဖို့ လိုအပ်ခြင်း
ကန်ပက်လမ်းရှိ စားသောက်ဆိုင်များ တံတားရှေ့ရှိ ဈေးဆိုင်များနှင့် နိုင်ငံခြား ခရီသွားဧည်သည်များ အတွက် စိတ်ချမ်းမှု့ရှိစေရန် အစိုးသစ်လက်ထက် လုပ်ဆောင်သွားစရာတွေအများကြီးရှိကြောင်း
အရပ်ဘက် အဖွဲ့များ၏ပြောပြချက်များကိုသိရသည်။

"တောင်သမန်အင်းကန်ပတ်လမ်းက ကျူးနေအိမ်များ အများဆုံးနေလို
အမှိုက်ကား က အိမ်နံမှတ်မရှိသည်နေရာ အမှိုက်ခွန် ကောက်လိုမရလို
မသွားတာလို ပြောပါတယ် ဒါတွေကို စီမံချက်အရ လုပ်သွားဖို့ ကျွန်တော်
တို့ အမြန် စီစဉ်သွားပါမယ် ယနေအချိန်ဟာ အစိုးရအပြောင်အလွဲကြောင့်
ရယ် ဝန်ထမ်းအင်အားမလုံလောက်မှု့တွေရှိနေလိုပါ အမြန်ဆုံးဆောင်ရွက်
သွားမည်ဟု မန္တလေးစည်ပင်သာရေအဖွဲ့ကော်မတီဝင် ၅ ဦးရဲမွန်က ဖြေ
ကြားခဲ့သည်။


posted from Bloggeroid

ဖုန်းများအခွန်ကောက်မည်

မန္တလေး ဆီဒိုးနားဟိုတယ်တွင် SamsungGalaxy S 7စတင်ရောင်ချခဲ့ရာ
ဝယ်ယူအားပေးသူများထံ အခွန်ကောက်ခံရာ လာသဖြင့် Samsung
မှတာဝန်ရှိသူများက အရှုံးခံကာ မြန်မာနိုင်ငံက အားပေးများအတွက်ဆောင်
သွားမည်ဟုဆို
=================================================
မန္တလေး မတ် ၂၀
မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း ၆၆ လမ်းဒေါင့်ရှိ ဆီဒိုးနားဟိုတယ်
အမရပူရ ခန်မဆောင်တွင် Samsung Galaxy S7 မြန်မာငွေကျပ် ၉၀၀၀၀၀ ဖြင့် စတင်မိတ်ဆက်ရောင်ချခဲ ရာ လာရောက်ဝယ်ယူအားပေး
သူ များဖြင့် မြို့နယ်ဒအခွန်ဦးဌာနက ဝယ်ယူအားပေးသူများထံ ကနေအခွန်
ကော်ခံရန် ပြောသဖြင့် Samsungကတာရှိသူများက အရှုံးခံကာအခွန်
ဆောင်ပေးသွားမည်ဟုသိရသည်။

"မန္တလေး Samsung Galaxy S7 ကို လာရောက်ဝယ်ယူသူတွေ
ထင်ထားတာထက် ပို့များနေတာတွေ့ရပါတယ်
ကျပ် ၉၀၀,၀၀၀ နဲ့ ရောင်းချပေးနေပြီး ဝယ်ယူသူတိုင်း အတွက် Samsung Gear S2 Classic အလုံး (၂၀၀) lucky draw နဲ့ အခြား မေတ္တာလက်ဆောင် များပေးသွားဒါပါ ပြင်ပမှာ Samsung အတုတွေထွက်
နေတာတွေ ရှိနေတာတွေ ဆင်တူရိုးမား ထုတ်တာတွေရှိပါတယ်
ဒါပေမဲ့မတူပါဘူး တံဆိပ်အတုတွေကိုတော့ အစိုးရသစ်ပြောင်းတာနဲ့အရေး
ယူသွားဖို့ရှိပါတယ် လက်ရှိအနေအထားအရ လုပ်လိုမရသေလိုပါဟု

မန္တလေး မြို့ခံ ဦးမျိုးသိန်းက ဝင်ရောက်ဖြေရှင်လျှက်ရှိပါတယ်
ဒေသခဲတွေဒီလိုအားပေးနေတာ အခွန် ကောက်ခံပါက ပဋိပက္ခဖြစ်ပွားနိုင်သဖြင့် အေးအေးဆေးဆေး ဖြေရှင်ရန် မိမိတို့အနေနဲ့ မြန်မာနိုင်ငံအခွန်ကိုထမ်းဆောင်လျှက်ရှိကြောင်း ပါဝင်ဖြေရှင်ပေးသည်ကိုတွေ့ရသည်။



Samsung Galaxy S7 edge ကို ရန်ကုန်မြို့ Myanmar Plaza နဲ့ မန္တလေးမြို့ Sedona Hotel မှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ကျပ် ၉၀၀,၀၀၀ နဲ့ ရောင်းချပေးနေပြီး ဝယ်ယူသူတိုင်း အတွက် Samsung Gear S2 Classic အလုံး (၂၀၀) lucky draw နဲ့ အခြား မေတ္တာလက်ဆောင် များပေးသွားမှာမို့ အခုပဲ အရောက်လှမ်းခဲ့ကြပါလို့ ဖိတ်ခေါ်ရင်း သတင်းကောင်းပါးလိုက်ပါတယ်။

အဆိုပါ ပွဲအား လာရောက်ဝယ်ယူအားပေးသူများထံ အခွန် ၅၀%ကောက်ခံရန် ကြိုးစားသူ ချမ်းအေးသာစံ
အခွန်ဦးစီမှူးနှင် Samsung Galaxy S7 တာဝန်
ရှိသူ များက မြန်မာနိုင်ငံအတွက် ကျသင့်ခွန်ဆောင် သွားပါမယ် တခြား ဖုန်းတွေ
ပြီခဲသည် လက အဆိုပါအခန်းမှာဘဲ ပြပွဲရောင်ပွဲ
လုပ်သွားတာ ကောက်ခံမှု လုံးဝမရှိဘူး အခွန်တရားမျှတမှု မရှိကြောင် တင်ပြလိုက်ရပါသည်။

posted from Bloggeroid

Monday, March 21, 2016

စီးပွားရေး



နိုင်ငံပိုင် စက်သုံးဆီများ လေလံစနစ်ဖြင့် ရောင်းချမည်

By ဒီလှိုင်းဝင်း | March 21, 2016 | Hits:1,348



ရန်ကုန်မြို့တွင်းရှိ ပုဂ္ဂလိက MAX စက်သုံးဆီအရောင်းဆိုင် ကို တွေ့ရစဉ် (ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ သို့ နိုင်ငံပိုင် စက်သုံးဆီများ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးမှု ကို မတ်လကုန်ပိုင်း မှ စတင် ရပ်ဆိုင်း၍ လေလံစနစ်ဖြင့် ပြောင်းလဲ ရောင်းချတော့မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။


“အရောင်းဆိုင်တွေ များလာတဲ့အတွက် ခွဲဝေရောင်းချ ပေးနိုင်မှု လျော့နည်းလာတဲ့ အတွက် သူမရဘူး ငါမရဘူးဆိုတဲ့ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်မှု မရှိစေဖို့ အတွက် နောက်ပိုင်း ကာလတွေမှာ နိုင်ငံပိုင် ကဏ္ဍသုံးစွဲမှုက ပိုလျှံလာတဲ့ စက်သုံးဆီတွေကို လေလံစနစ်နဲ့ပဲ ရောင်းချ ပေးသွားတော့မှာ ဖြစ်ပါတယ်”ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး က ပြောသည်။

ယခင်က စွမ်းအင်ဝန်ကြီးဌာန၊ ပြည်တွင်းရေနံချက်စက်ရုံမှ ထုတ်လုပ်သည့် စက်သုံးဆီများ ကို နိုင်ငံပိုင်ကဏ္ဍ လုပ်ငန်းများ အတွက် ဦးစားပေး ဖြန့်ဖြူးခဲ့ကြောင်း၊ နိုင်ငံပိုင်ကဏ္ဍမှ ပိုလျှံသည့် ပြည်တွင်းထုတ် စက်သုံးဆီများ ကို ပြည်တွင်းသုံးစွဲမှု အနေဖြင့် မြို့ကြီးများရှိ အရောင်းဆိုင်များ အတွက် တစ်လလျှင် ဂါလံ ၄၀၀၀ နှုန်း နှင့် နယ်မြို့ရှိ ဆိုင်များကို ဂါလံ ၃၂၀၀ နှုန်းဖြင့် ခွဲဝေရောင်းချ ပေးနိုင်ခဲ့သော်လည်း စက်သုံးဆီဆိုင်များ များပြားလာသည့် အတွက် ခွဲတမ်းစနစ် ကို ရပ်ဆိုင်းပြီး လေလံစနစ်ဖြင့် ပြောင်းလဲ ရောင်းချရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အချိန်အတိအကျ ကို အစိုးရ က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

“အချိုးကျ ခွဲဝေပေးမှု စနစ် မှာတောင် ဆိုင်အသစ် တိုးလာရင် တိုးလာတဲ့ အလျောက် မူလ ရရှိနေတဲ့ ခွဲတမ်းကို လျှော့ပေးနေတယ်။ ဓာတ်ဆီဖြူ ရချင်လို့မှ လျှောက်လွှာတင်ပြီး ပေးတဲ့ ခွဲတမ်းလေးကို ယူနေကြရတာပါ၊ ဖြစ်နိုင်မယ်ဆိုရင် ပြည်တွင်း ဓာတ်ဆီ ပိုလျှံတယ်ဆိုရင် ပိုပြီးတိုးပေးစေချင်ပါတယ် ။ ပိုတိုးပေးမယ် ဆိုရင်လည်း ဆိုင်တွေက ယူကြမှာပါ။ အခုလို အချိုးကျ ခွဲဝေပေးမှု အနေအထားလေးက ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ကျွန်တော့်အမြင်ကတော့ ခွဲတမ်းစနစ်ကို ပိုပြီး ကြိုက်ပါတယ်။ လေလံစနစ်နဲ့ သွားမယ် ဆိုတာကို ဆိုင်တွေကိုတော့ အကြောင်းကြားစာ ပေးပို့လာခြင်း မရှိသေးပါဘူး” ဟု မန္တလေးမြို့ရှိ ပုဂ္ဂလိက စက်သုံးဆီ ဆိုင် တဆိုင်၏ အရောင်းဆိုင် ပိုင်ရှင် ဦးဇော်မင်းက ပြောသည်။

လက်ရှိတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင် များကလည်း ခွဲတမ်းစနစ်ဖြင့် သွားနေသော်လည်း ခွဲတမ်း အပြည့်အဝ မရရှိကြောင်း၊ လေလံစနစ်ဖြင့် ပြောင်းလဲလိုက်မည် ဆိုပါက ငွေကြေး ပြည့်စုံသူများက လက်ဦးမှု ယူပြီး စက်သုံးဆီ ဈေးကွက် ကို လက်ဦးမှု ရယူခြင်းများ ရှိလာနိုင်ကြောင်း စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင် အသိုင်းအဝိုင်း က သုံးသပ်ပြောဆိုနေကြသည်။

ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည်တွင်း စက်သုံးဆီ သုံးစွဲမှု လိုအပ်ချက် အတွက် တစ်လလျှင် ဒီဇယ်တန်ချိန် တစ်သိန်းရှစ်သောင်းမှ နှစ်သိန်းခွဲခန့် နှင့် အောက်တိန်းဓာတ်ဆီ တန်ချိန် ၆သောင်း ၇ထောင် မှ ၉သောင်းခန့် အထိ ပြည်ပက မှာယူ တင်သွင်း ရောင်းချ ပေးနေရကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ပလိက စက်သုံးဆီဆိုင်များ အဖြစ် တရားဝင်လွှဲပြောင်းခြင်းမပြုမီက တစ်နိုင်ငံလုံးတွင် အရောင်းဆိုင်ပေါင်း ၂၁၆ ဆိုင် ရှိခဲ့သော်လည်း လက်ရှိတွင် အရောင်းဆိုင်ပေါင်း ၁၅၀၀ ကျော် ရှိပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ သိရသည်။

ထို့ပြင် ပြည်တွင်း စက်သုံးဆီသုံးစွဲမှု များပြားလာခြင်းကြောင့် နေ့စဉ် ရေနံစိမ်း စည် ၆ သောင်းခန့် သုံးစွဲမှုရှိပြီး ပြည်တွင်း ရေနံချက်စက်ရုံများ၏ စက်သုံးဆီ ထုတ်လုပ်နိုင်မှုမှာ နှစ်သောင်းခန့်သာ ရှိရာ လိုအပ်ချက်၏ သုံးပုံတစ်ပုံ ကို သာ ဖြည့်ဆည်း ပေးနိုင်မှုရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ” လက်ရှိအချိန်မှာ ပြည်တွင်း စက်သုံးဆီ သုံးစွဲမှုက သိသိသာသာ မြင့်တက်လာတယ်။ ပြည်တွင်း ရေနံထွက်ရှိမှုနှုန်းနဲ့ ချက်လုပ်ပေးနိုင်မှုက သုံးစွဲမှုရဲ့ သုံးပုံတစ်ပုံကိုသာ ဖြည့်ဆည်းပေး နိုင်သေးတာကြောင့် ပြည်ပ တင်သွင်းမှုကိုတော့ လျှော့ချလို့ မရနိုင်သေးပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို အစိုးရ က တိုက်ရိုက် လုပ်ဆောင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိက သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

posted from Bloggeroid

သူတို့သတင်း



သင်္ကြန်အခါရက်များမတိုင်မီ မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လူစီးတွဲဆိုင်း(၂)ဆိုင်း တိုးချဲ့ ပြေးဆွဲမည် 

4 days ago FNews, Transportation 58 Views

မင်းခန့်(မြစ်မခ)

၂၀၁၆ခုနှစ် သင်္ကြန်အခါရက်များမတိုင်ခင် ခရီးသွားလာရေး အဆင်ပြေစေရန် မန္တလေး-ရန်ကုန် ရထားခရီးစဉ်များတွင် လူစီးတွဲဆိုင်း(၂)ဆိုင်းထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၃)မန္တလေးတိုင်းမှ သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီနှစ်သင်္ကြန်ကာလ မတိုင်ခင် အတွင်းမှာ မန္တလေး-ရန်ကုန် ရထားခရီးစဉ်တွေကို ထပ်မံတိုးချဲ့ပြေးဆွဲသွားဖို့ အစီအစဉ်ရှိပါတယ်။ စာမေးပွဲဖြေပြီးလို့ နယ်ပြန်မယ့် သူတွေ၊ ရုံးဝန်ထမ်းမိသားစုတွေ အတွက် အဆင်ပြေအောင် အခုလိုဆောင် ရွက်ထားတာပါ။”ဟု မြန်မာ့မီးရထား အမှတ်(၃) မန္တလေးတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံမှန်ကာလများတွင် မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား ရထား တွဲဆိုင်း ရှစ်ဆိုင်းဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်ပြီး ယခုအခါ တွဲဆိုင်းနှစ်ဆိုင်းထပ်တိုးကာ စုစုပေါင်း တွဲဆိုင်း ဆယ်ဆိုင်းဖြင့် ဧပြီ ၆ ရက်မှ သင်္ကြန်မကျခင်အချိန်အထိ ပြေးဆွဲသွားမည် ဖြစ်သည်။

ခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦးလျှင် ရိုးရိုးတန်းခုံ လက်မှတ် ၄၆၅၀ ကျပ်၊ အထက်တန်းခုံလက်မှတ် ၉၃၀၀ ကျပ်ဖြင့် ယခင်နှုန်းထားအတိုင်း ရက်ကြိုစနစ်ဖြင့်ရောင်းချပေးနေကြောင်း

posted from Bloggeroid

အကယ်ဒမီပွဲ မေစုမတက်နိုင်ဟုဆို

"စိတ်မကောင်းပါဘူး ကိုလူမင်း အမေ့ကိုနားလည်ပေးပါ"
=========================================
ဒီနေ့..
အမေနဲ့တွေ့ခွင့်ရပါတယ်..
အားလုံးသိတဲ့အတိုင်းအကယ်ဒမီပွဲတက်ရောက်ပေးဘို့သွားပူဆာတာပါ..
But..
တွေ့တာနဲ့အမေကဘာစပြောတယ်မှတ်လဲ..
"သားရေ.. bad news

ကဘဲစပြောရတော့မှာဘဲ.အဲဒီပွဲကိုအမေတက်နိုင်မှာမဟုတ်ဘူး..ဘာလို့လဲဆိုတော့ နေပြည်တော်ကနေ ရန်ကုန်ကိုလာပြီးပွဲတက်မယ်ဆိုရင်ဘာဘဲပြောပြောတစ်ရက်လုံးအချိန်ပေးရမယ်..အဲဒီရက်ပိုင်းတွေကသိပ်ကိုအရေးကြီးတဲ့အချိန်ဆိုတော့နေပြည်တော်မှာအမေမရှိလို့မဖြစ်ဘူး သား".တဲ့..
ကဲ..ခြွင်းချက်မရှိမှန်ကန်သောစကားဖြစ်နေတော့ကျွန်တော်စောဒကတက်စရာအကြောင်းမရှိပါ..
But..
NLD နာယကကြီးဘဘဦးတင်ဦးကိုတက်ရောက်ဖွင့်လှစ်စေကာသက်ဆိုင်ရာဝန်ကြီးတွေဖြစ်တဲ့ ပြန်ကြားရေးနဲ့ယဉ်ကျေးမှု(ယခု-သာသနာရေးနဲ့ယဉ်ကျေးမှု) ဝန်ကြီးနှစ်ပါးကိုတက်ရောက်ပြီးအမေ့ရဲ့သဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီးအားဖတ်ကြားပေးရန်စီစဉ်ပေးမည်ဆိုသောအခါ..
ကဲ..ပရိသတ်ကြီးရေ..
အခြေအနေနဲ့အချိန်အခါအရဒီထက် ပြီးပြည့်စုံတဲ့အစီအစဉ်ဘာများရှိဦးမှာလဲခင်ဗျာ...

Credit. Maung Tun Wai

သတင်း-ဓါတ်ပုံ ကိုလူမင်း

posted from Bloggeroid

အခြားမြေသုံးဆွဲထားအရေးယူပေးပါ


းမြေ သုံးဆွဲခွင့် ကို ယနေ့လျောက်ထား ယနေ
ချပေးထားသော စီမံကိန် လုပ်ငန်းတွေနဲ့ လက်ရှိလယ်ယာမြေတွေအပေါ်
မြေဖို့ နေခြင်းတွေ အားလုံး အစိုးရသစ် လက်ထက် ဖေါ်ထုတ်အရေးယူ
ပေးစေဟုဆို
==================================================

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေများအပေါ် အခြားမြေသုံးဆွဲ
ခွင့် ယနေ့လျောက်ထား ယနေ့ချထားပေးတာတွေ လက်ရှိစိုက်ပျိုးနေသော
ယာမြေများအတွင် မြေများဖို့၍ အခြားမြေ မလျောက်ထားဘဲအိမ်များဆောက်နေတာတွေ အားလုံးဖေါ်ထုတ်အရေး
ယူရန် လိုအပ်လျှက်ရှိသည်ဟု ဒေသခံတွေကပြောသည်။

"အခုတက်လာမည် အစိုးသစ်လက်ထက်ကို အများကြီးအားကိုးပါတယ်
ကျွန်တော်တို့ တောင်သမန်အင်းကြီး အတွင်း လယ်ယာမြေကိုအခြားမြေ
သုံးဆွဲခွင့် ကို တိုင်းဒေသကြီး အစိုးရနဲ့ပေါင်းကာ ယနေ့တင် ယနေ့ချပေး
ထားသည့် တောင်သမန်သစ္စာဟိုတယ်စီမံကိန်းကြီးဟာ အခြားမြေသုံးဆွဲ
ခွင့် ချလို့မရသည့်နေရာဖြစ်သလို ယနေ့ ထုံးဖိုးလမ်း ပြင်ဦလွင်တက်လမ်း
ဘေးတစ်လျောက် ယာမြေအတွင်း လက်ရှိ စိုက်ပျိုးတွေကို ငွေဖြူလုပ်လို
သော သူဋ္ဌေးအမည်ခံ တရုတ်နိုင်ငံသားတွေက ဝယ်ယူကာ အခြားမြေ
သုံးဆွဲခွင့်မလျောက်ထားလို့မရသည့်နေရာတွေကိုဝယ်ယူကာ သက်ဆိုင်
ရာဝန်ထမ်းများနဲ့ပေါင်းပြီး လုပ်စားနေတာတွေအားလုံးအစိုးသစ်လက်
ထက် ဖေါ်ထုတ် အရေးယူပေးစေလိုပါတယ်ဟု လက်ရှိတောင်သမန်အင်း
ဒိုင်ဖြစ်သူ ဦးချစ်ခိုင်ကပြောသည်။

posted from Bloggeroid

Saturday, March 19, 2016

အောင်မြင်မှုဆိုသည်မှ

SRICONမှ အောင်မြင်မှုဆိုသည်မှာ အစီအစဉ်ဖြင့်မန္တလေးတွင်ဟောပြော
ပွဲကျင်းပ
==================================================
မန္တလေး မဟာအောင်မြေမြို့နယ် ၇၈လမ်း ၃၇ လမ်း ၃၈ လမ်းရှိဟိုတယ်
မန္တလေးတွင် Special Resr Whiskyက ဦးစီး၍ "အောင်မြင့်မှုဆိုသည်မှာ"
ဟောပြောပွဲကို ဆရာအတ္တကျော်(ဆူဒိုနာ နှင့် ဆရာ ပြေခိုင် (MEI Singapore) တို့က အောင်မြင်လိုစိတ်ပြင်းပြသောမြန်မာလူမျိုးတို့အတွက်
မတ်လ ၁၉ ရက်နေ့ နေခင်း ၂း၀၀ တွင် အောင်မြင်မှုနည်စနှစ်များကိုဟော
ပြောခဲ့ကြသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခုဆိုရင် တိုးတက်ပြောင်းလဲလို့လာပါပြီ
ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာနဲ့အမျှ တောက်ပတဲ့
အနာဂါတ် အခွင့်အလမ်းတွေဟာ အောင်မြင်ကြီးပွားလိုတဲ့ မြန်မာလူမျိုး
တွေကို လက်ယပ်ခေါ်လို့နေပါတယ်။ ပိုမိုရရှိလာတဲ့ အခွင့်အလမ်းတွေကို
အကျိုးရှိရှိနဲ့ ကောင်းမွန်မှန်ကန်စွာအသုံးချနိုင်ဖို့အတွက် GrandRoyal
မိသားစုမှ CSR program အနေနဲ့စီစဉ်တင်ဆက်ရခြင်းဖြစ်ပါတယ်။
မြန်မာလူမျိုးနဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးကို တက်နိုင်တဲ့ဘက်ကနေ တစ်
တပ်တစ်အားပံ့ပိုးကူညီပေးရခြင်းဖြစ်ပါတယ်ဟု IBC Group၏ဥက္ကဌဖြစ်
သူ ဦးအောင်မိုးကျော်ကပြောသည်။

"ယနေ့ခေတ် အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေကြသော
မြန်မာလူမျိုးများအတွက် တိုးတက်အောင်မြင်စေလိုသောစေတနာဖြင့်
မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် နယ်ပယ်အသီးသီးတွင် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေနှင့်ပြီသော ပုဂ္ဂိုလ်များထံမှ
အောင်မြင်မှုနည်းလမ်းများကို ဝေမျှပေးရန်အတွက် Grand Royal Special Reserve Whiskyမှ SR Icon အစီအစဉ်အား အောင်မြင်မှုဆို
သည်မှာ့ ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကျင်းပခဲ့တာဟု ၎င်းကပြောသည်။

အဆိုပါ "အောင်မြင်မှုဆိုသည်မှ ခေါင်စဉ်ဖြင့် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး
ကိုလည် SR Icom အစီအစဉ်အနေနဲ့ တင်ဆက်မယ့် စာပေဟောပြောပွဲ
တွေကို ဆက်လက် ပြုလုပ်သွားဖို့ ရှိကြောင်း Grand Royal Specil Reserve Whisky မှ SR Icon အစီအစဉ်ဖြင်ြ အလားတူ CSR program
များကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ ဆက်လက်ပြုလုပ်သွားးမည် ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

Friday, March 18, 2016

မြောက်ကိုရီးယာ ပဲ့ထိန်းဒုံးကျည်

မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ထပ်မံ စမ်းသပ် ပစ်လွှတ်

18.03.2016 20:06




မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ထပ်မံစမ်းသပ် ပစ်လွှတ်တာကို တောင်ကိုရီးယားဘက်က ရုပ်မြင်သံကြားတွင်ကြည့်ရှု့နေကြစဉ်။ (မတ်လ ၁၈၊ ၂၀၁၆)




မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီကနေ့ ထပ်ပြီး ပစ်လွှတ်လိုက်တာဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ပြောပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

“မြောက်ကိုရီးယားရဲ့ မကြာသေးခင်က နျူကလီးယားဒုံးကျည် ထုတ်လုပ်ရေးဆိုင်ရာ တိုးတက်မှုအခြေအနေကို ကျနော် တို့စစ်ဘက်က သတိပြုမိပါတယ်။ အခုတကြိမ် ဒုံးကျည်ပစ်လွှတ်တာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တိုက်ရိုက် တိုက်ခိုက်လိုက်တာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ဘေးကင်းလုံခြုံရေးကို အပြင်းအထန် ခြိမ်းခြောက် လိုက်တာပါ။

ကိုရီးယားသမ္မတနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လို ရန်စမှုမျိုးကိုမဆို ကာကွယ်ဖို့ ကျနော်တို့စစ်ဘက်ဟာ အသင့်အနေအထား အပြည့်အ၀ရှိနေပါတယ်။” လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရ Moon Sang-gyun ကပြောပါတယ်။

မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စုက နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်အပြီး ရက်ပိုင်းအတွင်းမှာ ပဲ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်တာပါ။

ဇန်န၀ါရီလ ၆ ရက်နေ့မှာ မြောက်ကိုရီးယားက လေးကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုလုပ်ခဲ့သလို နောက်တလအကြာမှာ တာဝေးပစ်ဒုံးပျံတစင်းကို ပစ်လွှတ်ခဲ့တာကြောင့် နှစ်ပိုင်းကွဲနေတဲ့ ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု မြင့်နေတာပါ။ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်တာဟာ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်တာကို ဖုံးကွယ် လုပ်ဆောင်တာလို့ အများက မြင်ကြပါတယ်။

posted from Bloggeroid

စီမံကိန်

တရုတ် မဲခေါင် တာတမံ ကောင်းကျိုး ဆိုးပြစ်

19.03.2016 06:15

VOA (မြန်မာပိုင်း)

မဲခေါင်မြစ်ပေါ်မှာရှိတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာ။



တရုတ်နိုင်ငံထဲက မဲခေါင်မြစ်ပေါ်မှာ ရှိတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ရေကာတာကနေ တရုတ်နိုင်ငံ က ရေတွေ လွှတ်ပေးတဲ့အတွက် လယ်သမားတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေ က ကြိုဆိုလိုက်ကြပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တာကိုလည်း သတိပေးခဲ့ကြပါတယ်။

မဲခေါင်မြစ်အောက်ပိုင်းက တိုင်းပြည်တွေမှာ မိုးခေါင်ရေရှားတဲ့ဒဏ်နဲ့ ဆည်ရေရအောင် ကူညီတဲ့အနေနဲ့ တရုတ်နိုင်ငံက ယူနန်ပြည်နယ်မှာရှိတဲ့ ဂျင်ဟောင် ဆည်ကနေ ကုဗမီတာ သန်းပေါင်း ၂ ထောင့် ၃ ရာ ပမာဏရှိတဲ့ ရေတွေကို ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ လတွေအတွင်း လွှတ်ပေးခဲ့တာပါ။


မြစ်ကြောင်းတလျှောက်က နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ မဲခေါင်မြစ်ဝှမ်းကော်မရှင် ကတော့ ဗီယက်နမ်နိုင်ငံမှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံအပြီးမှာပဲ၊ တရုတ်နိုင်ငံက ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့လုပ်ရပ်အဖြစ် ရေလွှတ်ပေးခဲ့တဲ့ အစီအစဉ်ကို ချီးကျုးခဲ့ကြပါတယ်။ မဲခေါင်မြစ်ဝှမ်းကော်မရှင်ရဲ့ ပူးတွဲကော်မတီဥက္ကဋ္ဌ လီ ဒတ် ထရမ် ကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အပိုရရှိကြမယ့် ရေတွေကို သင့်တော်တဲ့ နေရာတွေမှာ သုံးစွဲကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

တရုတ်နိုင်ငံက ရေတွေလွှတ်ပေးတဲ့အတွက် လယ်သမားတွေအတွက် အထောက်အကူ ဖြစ်စေရုံ သာမက ကမ္ဘောဒီးယား ငါးဖမ်းသမားတွေ အတွက်လည်း အကူအညီ ရကြပါလိမ့်မယ်။ ရေတွေရတဲ့အတွက် ကောက်ပဲသီးနှံတွေအတွက် အကျိုးရှိသလို၊ ငါးဖမ်းလှေတွေ မြစ်ထဲမှာ သွားလာဖို့လည်း ပိုမိုလွယ်ကူ လာမှာ ဖြစ်တာကြောင့် မိသားစုစားဝတ်နေရေး အထောက်အကူ ဖြစ်လိမ့်မယ် လို့လည်း ကမ္ဘောဒီးယား ငါးဖမ်းသမား တယောက်က ပြောပါတယ်။

posted from Bloggeroid

လူအခွင့်အရေး



မြန်မာ လူ့အခွင့်အရေး အခြေအနေ ကုလ အတည်ပြု

18.03.2016 07:13



ဂျနီဗာက ကုလသမဂ္ဂ။



မြန်မာနိုင်ငံအတွက် လူ့အခွင့်ရေး ကောင်စီရဲ့ လူ့အခွင့်ရေး အခြေအနေ ဆိုင်ရာ UPR ပုံမှန် သုံးသပ်ချက်ရလဒ်တွေကို ဂျနီဗာမှာ ကြာသပတေးနေ့က အတည်ပြုပေးခဲ့ ပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံအတွက် အကြံပေးချက်တွေထဲက ထက်ဝက်ကျော်ကို မြန်မာနိုင်ငံက လက်ခံခဲ့ပေမယ့် လူနည်းစု လူ့အခွင့်အရေး ဆိုင်ရာ အကြံပေးချက် အတော်များများကို ပယ်ချခဲ့တဲ့ အပေါ် လူ့အခွင့်ရေး အဖွဲ့တွေက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က ပြောပြမှာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ ၃၁ကြိမ်မြောက် UPR လုပ်ငန်းစဉ် ပုံမှန်ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး UPR ပုံမှန်သုံးသပ်ချက်ရလဒ်တွေကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ကြာသပတေးနေ့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ၂၀၁၅ နှစ်ကုန်က တင်သွင်းခဲ့တဲ့ အကြံပြုချက်တွေထဲက ထက်ဝက်ကျော်ကို လက်ခံခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်ဝေက ပြောကြားခဲ့ပါတယ်။

"ဒုတိယပါတ် UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ လက်ခံရရှိခဲ့တဲ့ အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို မြန်မာက လက်ခံခဲ့ပါတယ်။ အခွင့်သင့်တုန်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို ကောင်စီကို တင်ပြချင်ပါတယ်။ လက်ရှိအစိုးရဟာ အစိုးရသစ်ကို မကြာခင်မှာ အာဏာလွှဲပြောင်း ပေးဖို့ လုပ်နေပါတယ်။ သမ္မတ အသစ်ကို လည်း ရွေးချယ်ပြီးပါပြီ။ လက်ရှိ အစိုးရက မြန်မာလူထုအတွက် လူ့အခွင့်အရေး မြှင့်တင်ဖို့ နဲ့ အကာကွယ်ပေးဖို့ အခြေခံ အုတ်မြစ်ကောင်းတွေ ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နောက်ပြန်လှည့်ဖို့ အကြောင်း မရှိပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေပေမဲ့ လိုအပ်ချက်တွေ ရှိနေသလို စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့အပြင် အရပ်ဖက်လူမှု လူ့အဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ကြဖို့လည်း ဖိတ်ခေါ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာက မျှမျှတတ ကြည့်ကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။

"အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံရဲ့ အကြံပြုချက်တွေကို မြန်မာနိုင်ငံက လက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူ့အခွင့်ရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက မျှမျှတတ ကြည့်ဖို့ လိုအပ်ကြောင်းနဲ့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးမှာ ဆက်လက် တိုးတက်အောင် လုပ်ဖို့ တရုတ်နိုင်ငံက အားပေးနေပါတယ်။”

ရုရှားကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ နေပြည်တော်အစိုးရက အတိမ်းအစောင်းမခံတဲ့ အရေးကိစ္စ တချို့ကို လက်ခံဆွေးနွေးလာတာအတွက် ကြိုဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံကတော့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အထူးအလေးပေးဖို့ တောင်းဆိုခဲ့တာပါ။

"မြန်မာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ UPR လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်မှုနဲ့ လူ့အခွင့်ရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ သန္နိဋ္ဌာန် ချမှုတွေ အတွက် ဂျပန်နိုင်ငံက ကြိုဆိုပါတယ်။ မြန်မာနိုင်ငံက အကြံပေးချက် ၂၈၁ ခုထဲက ၁၆၆ ခုကို လက်ခံတာအတွက်ရော မြန်မာနိုင်ငံ တွင်း ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပေးတာနဲ့ သိသိသာသာ တိုးတက်မှုတွေ အတွက် ဝမ်းမြောက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုနဲ့ အတူ လူနည်းစုတွေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဘာသာရေး မတူတဲ့ လူနည်းစုတွေ အရေးကို အထူးအလေးထား ဖို့ တောင်းဆိုပါတယ်။"

ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူမှု လူ့အဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး ဆိုင်ရာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ထောက်ပြပြောဆိုခဲ့ကြတာပါ။ အထူးသဖြင့် မူဆလင်လူနည်းစုတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အကြံပေးတင်ပြချက်တွေကို လက်မခံခဲ့တဲ့အပေါ်မှာ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့ကြတာပါ။

ဒီအထဲမှာ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကြီးလည်းပါပါတယ်။

"Human Rights Watch အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ UPR သုံးသပ်မှု ကာလကနေ အခု အချိန်အတွင်း သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုတွေ အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် အဓိက စိန်ခေါ်မှုတွေ ကျန်နေဆဲ ဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာမှာ တကယ်စစ်မှန်တဲ့ တိုးတက်မှုတွေ တွေ့ချင်ပါတယ်။ ဒေသ ရဲတပ်ဖွဲ့တွေဟာ ဗဟို အစိုးရရဲ့ ကြီးကြပ်မှု အောက်မှာ ရှိမနေတာ မျိုးပါ။ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပြည်ထဲရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာနတွေကနေ ကိုင်တွယ်နေတာမျိုး ဖြစ်ပါတယ်။ တရားရေးဌာနကလည်း အခုထိ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေတာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၀ လောက် ရာဇဝတ်ပြစ်မှုတွေနဲ့ တရားရင်ဆိုင်နေရတာ၊ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ပေမယ့် အခုထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ တိုက်ပွဲဖြစ်ပွါးတဲ့ ဒေသတွေမှာ ဒေသခံတွေ လူ့အခွင့်ရေး အချိုးဖေါက်ခံနေရတာတွေကိုပါ ထောက်ပြဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

posted from Bloggeroid

ဆေးပြား ၈၀ ရောင်ဝယ်သူထံကမိ

မန္တလေး
စိတ်ကြွရူးသွပ်ဆေးပြား ရောင်ဝယ်နေသူကိုသတင်းအရနေအိပ်တွင်
ဖမ်းမိ
=================================================
မန္တလေး မတ် ၁၈
မန္တလေးချမ်းမြသာစည်မြို့နယ် ကန်သာယာ ရပ်ကွက် ၅၉လမ်း အောင်ဆန်း
လမ်းနှင့် အောင်ဇေယျာလမ်းကြားအကွက်အမှတ် (ဆဆ-၁/၄၀)နေအိပ်
အတွင်း မူးယစ်တပ်ဖွဲ့စု (၁၈)အဖွဲ့ကသက်သေများနှင့်အတူ သတင်းအရ
88-1စာတမ်းပါ ပန်းရောင်စိတ်ကြွပြာ (၈၀)ကို မတ်လ ၁၈ ရက်နေ့  နံနက်
၁၁ နာရီကလက်ဝယ်ဖမ်းခဲကြောင်းသိရသည်။

"သင်္ကြန်နီလာတာနဲ့ မူးယစ်ဆေးဝါးတွေ နည်ပေါင်းစုံနဲ့ ဝင်ရောက်လာလို့
သုံးစွဲသူတွေကို အခြေခံပြီး ရောင်ဝယ်ဖေါက်ကာသူတွေကို ဖော်ထုတ်
အရေးယူရတာတွေ ရှိသလို ပြည်သူလူထုရဲ့  ကိုယ်ရပ်ကွက် ကိုယ်ပတ်
ဝန်ကျင်က လူတွေ မူးယစ်ဆေးတွေ သုံးစွဲတာဖြစ်ဖြစ် ရောင်ဝယ်နေတာ
ဖြစ်ဖြစ် မြန်မာနိုင်ငံရဲတပ်သော်လည်းကောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ
သို့ဆက်သွယ်အကြောင်းကြားဖို့လိုတယ် အခု ဖမ်းမိတာက နည်းတယ်
နောက်ဆက်တွဲ တစ်ဦး ထွက်ပြေးသွားတယ် ဖော်ထုတ်အရေးရဖို့လုပ်
နေတယ်ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

အထူးမူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး တောင်ပိုင်းမှ ရဲအုပ် ထန်နိန် ဦးစီကာ
ရဲအုပ်အောင်ဇော်မြင့်နှင့် အဖွဲ့က သက်သေများနှင့်အတူ မူးယစ်ဆေးဝါ
ရောင်ဝယ်သည်ဟုသတင်းအရ ရှာဖွေခွင့်ဝရမ်းအမှတ် (၁၇/၂၀၁၆)ဝင်
ရောက်ရှာဖွေခဲ့ရာ ခန္ဓကိုယ်တွင် ဝတ်ဆင်ထားသော အစိမ်းရောင်နှင့်
ခရမ်းရောင်လက်ရည် ဘယ်ဘက်အိပ်ကပ်အတွင်းမှ အအေးစုတ်ပိုက်ငယ်
ဖြင့်ထည်လျှက် 88-1စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ပိုက်တစ်
ခုလျှင် (၄) ပြားစီပါ ပိုက်(၂)ခု ဆေးပြား ၈ ပြား အလေးချိန် ၀.၈ ဂရမ်ခန့်
၎င်းအိက်ယာကုတင်ဘေး စားပွဲအောက်ရှိ ပါးလပ်စတစ်ပေါ်မှeclipse
စာတမ်းပါ (၃)လက်မခန့်ရှိ အစိမ်းရောင်သံဗူးငယ်အတွင်းက 88-1
ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၂ ပြား စုစုပေါင်း ဆေးပြား ၈၀ ကာ
လတန်ဖိုးငွေ ၄ သိန်းခန့် ကို ၂ သိန်းကျပ်ဖြင့် ဝယ်ယူခဲကာပြန်လည်ရောင်
ချသုံးစွဲရာက ကျန်ပစ္စည်များဖြစ်ကြောင်း မူးယစ်ဆေးပြားနှင့် အတူရှိသူ
ကိုကျော်နိုင်ဦး(ခ) ရဲမင်းပိုင် ကို အောင်ပင်လယ် ရဲစခန်းမှ လ-၁၈၇၄၅၅
ရဲအုပ် ခင်ဇော် (စခန်းမှူး) မယ(ပ)၉/၂၀၁၆ မှုး/စိတ် ပုဒ်မ (၁၅/၁၉)ဖြင့်
အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက် တရားခံဖြစ်သူ ကို ဖမ်းဆီးရမိ
အတွက် ဆောင်ရွက်လျှက်ရှိကြောင်း ရဲ ကြေးနန်းအရသိရသည်။

posted from Bloggeroid

ဆက်ဆံရေ မြန်မာနှင်မြောက်ကိုရီးယာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol တွေ့ဆုံဆွေးနွေး။ (သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)



မြန်မာနိုင်ငံမှာ မကြာခင် တက်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရသစ် လက်ထက်ကျရင် မြန်မာနိုင် ငံနဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား ဆက်ဆံရေးဟာ အရင်လို စစ်ဘက်ဆက်ဆံရေး ဆက်လက် ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်လိုက်ကြ ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒီလထဲ အသစ်ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှု စာရင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ရဲ့ နေရာမှာ ဗုဒ္ဓဟူးနေ့က အသစ်အစားထိုး ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီးတဲ့နောက် အခုလို သုံးသပ်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြောက်ကိုရီးယားနိုင်ငံကနေ နျူကလီးယားစမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကနေ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ မတ်လထဲမှာ ချမှတ်ခဲ့တာပါ။ အဲ့ဒီ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ထဲမှာ - မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kim Sok Chol လည်း ပါဝင်ခဲ့ပြီး၊ သူ့ကို - မြောက်ကိုရီးယားရဲ့ လက်နက်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခဲ့မှုအတွက် အရေးယူခဲ့တာဖြစ်တယ်လို့ - မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းတွေကို အဓိကထား ရေးသားတဲ့ NK News မှာ ဖော်ပြထားတာပါ။

သံအမတ်ကြီး Kim Sok Chol ဟာ ဆိုရင် အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် - မြောက်ကိုရီးယားနဲ့မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်စတင်ချိန် ၂၀၀၇ ခုနှစ်ကစလို့ - မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး မြောက်ကိုရီးယား သံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ ရသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ သံအမတ်ကြီးတဦးအနေနဲ့ ၉ နှစ်နီးပါးကြာ အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က -

“၂၀၀၇ ခုနှစ်လောက်ကစပြီးတော့မှ မြောက်ကိုရီးယားနဲ့ ဗမာနဲ့ သံတမန် ဆက်သွယ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့အဖွဲ့ မြောက်ကိုရီးယားကို သွားပြီးတော့မှ လည်တာပတ်တာရှိခဲ့တယ်။ သဘောတူညီချက်စာချုပ်တွေလည်း အများအပြား ချုပ်ဆိုခဲ့တာရှိပါ တယ်။ အဲဒီအချိန် အဲဒီအခါကတည်းက မြောက်ကိုရီးယားသံအမတ်ကြီးသည် မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးမှာရော၊ စစ်လက်နက် ပစ္စည်း ရောင်းဝယ်ရေးမှာရော ထဲထဲဝင်ဝင် ပါခဲ့တဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။ ဒီ့အပြင် ပုံမှန်သံတမန်ထုံးစံအရ မှန်ပါတယ်။

၃ နှစ်ကနေ ၅ နှစ်အတွင်းလောက်တော့ သံအမတ်တွေကို ထားလေ့ထားထ ရှိပေမဲ့ သူ့ကို တောက်လျှောက် ကနေ့အထိပေါ့လေ ထားခဲ့တဲ့ကိစ္စက သံတမန်အရေ ခြုံပြီးတော့ပေါ့လေ မြောက်ကိုရီးယားနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်းလုပ်နေတဲ့ လက်နက်ဆိုင်ရာကိစ္စတွေ ရှိသလို၊ ငွေပေးငွေယူကိစ္စတွေမှာလည်း သံတမန်အရေခြုံပြီးတော့မှ လွှဲတာပြောင်းတာ၊ လုပ်တာကိုင်တာတွေ ဒီအတိုင်းပဲ လွှဲနေကြနည်းလမ်းတွေ ရှိပါတယ်။

အခုအချိန်ခါမှာတော့ မြောက်ကိုရီးယား သံအမတ်ကြီးကို လဲပြီဆိုတဲ့ ဥစ္စာဟာ အခုလက်ရှိ သမ္မတကြီး ဦးထင်ကျော် တက်လာတဲ့အချိန်ကျရင် ဘာပဲဖြစ်ဖြစ် သမ္မတဖြစ်တဲ့ အတွက်ကြောင့်မို့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေး အခြေအနေတွေကို အရင် အစိုးရက လွှဲပြီးတော့မှ မပေးသွားပေမဲ့ တပ်မတော်က ဆက်စပ်နေတဲ့အတွက်ကြောင့်မို့ ရှင်းပြရမယ့် အနေအထားမျိုးရှိပါတယ်။

သူတို့ ရှင်းမပြချင်တဲ့အခါကျတော့လည်း အခုရှုပ်မှ နောင်ရှင်းပေါ့လေ အဆက်ဖြတ်တဲ့အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးကို နေရာလဲတယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျ။”

မကြာသေးခင်က ပြဌာန်းလိုက်တဲ့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း - အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားရဲ့ လက်နက်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဖယ်ရှားဖို့ တိုက်တွန်းထားတာပါ။ ၀ါရှင်တန်ဒီစီမှာရှိတဲ့ Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg ကတော့ -

“မြောက်ကိုရီးယားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက် တာကြောင့် မြန်မာနိုင်ငံက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သဘောပါပဲ။ မြောက်ကိုရီးယားသံအမတ်ကြီးသစ် အစားထိုးတာကလည်း ရှင်းပါတယ်။ မကြာခင် မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတော့မှာမို့ - မြောက်ကိုရီးယား အစိုးရက သူတို့ရဲ့ သံအမတ်ကြီးကို - မြန်မာစစ်တပ်နဲ့တင် မကဘဲ - အစိုးရသစ်နဲ့ပါ ဆက်ဆံရေးကို ပိုကောင်းအောင် လုပ်ဆောင်မှုဆိုတာ ရှင်းပါတယ်။

အရင်အစိုးရလက်ထက်တွေတုန်းကလို မြောက်ကိုရီးယားက မြန်မာကို စစ်လက်နက်ရောင်းချနေတာတွေ၊ မြန်မာနိုင်ငံမှာ ဥမင်လှိုဏ်ခေါင်း တူးတာမျိုး တွေလို အဲ့လို ဆက်ဆံရေးကတော့ ဆက်ရှိတော့မှာ မဟုတ်ပါဘူး။”

မြောက်ကိုရီးယားသံအမတ်ကြီး ကင် စွခ် ချို (Kim Sok Chol) ရဲ့နေရာမှာ Jong Ho Bom ကို အစားထိုးခန့်အပ်ဖို့ အဆိုပြုလွှာကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက လက်ခံ သဘောတူကြောင်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အရင် စစ်အစိုးရလက်ထက်နဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာလိုတော့ - ဧပြီလ ၁ ရက်နေ့မှာ အသစ်တက်လာတော့မယ့် NLD ဦးဆောင်တဲ့ အစိုးရသစ်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးဟာ - အရင်ပုံစံမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဆက် သုံးသပ်ခဲ့ပါတယ်။

“ကျနော့်အမြင် ပြောရရင်တော့ နောက်တက်လာတဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှုအပေါ်မှာ မူတည်ပါလိမ့်မယ်။ မြောက်ကိုရီးယားနဲ့ မြန်မာပြည် တခြားနိုင်ငံတွေပေါ့လေ ထိုင်းတို့ ဘာတို့လို သံတမန်ဆက်သွယ်ရေးမျိုးပဲ ရှိကောင်းရှိမယ်။ ကျန်တဲ့ စစ်လက်နက်ပစ္စည်းကိစ္စတွေကိုတော့ သူတို့ ရှင်းရှင်းလင်းလင်း ဖြစ်တယ်ဆိုတဲ့

ဥစ္စာကိုတော့ ကမ္ဘာကို သိအောင် ပြောရလိမ့်မယ်ထင်ပါတယ်။ အရင်ပုံစံမျိုးတို့တော့ မရှိနိုင်တော့ဘူးလို့ ကျနော် ထင်ပါတယ်။”

၁၉၈၃ ခုနှစ် ဦးနေ၀င်းအစိုးရလက်ထက် ရန်ကုန်မြို့ အာဇာနည်ဗိမာန် မှာ တောင်ကိုရီးယားသမ္မတ ချွမ်ဒူးဝမ် ကို ရည်ရွယ်၍ မြောက်ကိုရီးယားက ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့အချိန်ကစလို့ မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းပစ်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်ကျမှ ပြန်လည် စတင်ခဲ့တာဖြစ်ပါတယ်။

posted from Bloggeroid

ကြော်ငြာသတင်း

Colgate ၏ သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ်အရ ပြည်သူ ၆၀,၀၀၀ ကို

သွားနှင့်ခံတွင်းစစ်ဆေးမှု အခမဲ့ပေးအပ်နိုင်ခဲ့

 

ရန်ကုန်၊ မြန်မာ (၁၆ မတ် ၊ ၂၀၁၆) - Colgate – Palmolive သည် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါ သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို Colgate-Palmolive နှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းတို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ ၆၀,၀၀၀ ကျော်ကို သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးခြင်းပြုလုပ်ပေးနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်ထက် ပြည်သူ ၅,၀၀၀ ကိုပိုမို ၍ သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးခြင်း ပြုလုပ်ပေးနိုင်ခဲ့သည်။

Colgate – Palmolive ၏ စတုတ္ထအကြိမ်မြောက် သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို မန္တလေးမြို့တွင် အခမ်းအနားဖြင့်စတင်ခဲ့ပြီး မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ အမှုဆောင်များနှင့် အကယ်ဒမီရုပ်ရှင်မင်းသမီး ချောရတနာတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် သွားနှင့်ခံတွင်းဆိုင်ရာအသိပညာပေးမှုမြှင့်တင်ရန်နှင့် သွားနှင့်ခံတွင်းကျန်းမာရေးအခမဲ့စစ်ဆေးပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်သည့် အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် ဆေးရုံနှင့်ဆေးခန်း ၁၁၃ ခု၊ မန္တလေးမြို့တွင် ဆေးရုံနှင့်ဆေးခန်း ၁၀၅ ခု၊ ရန်ကုန်မြို့တွင် ဆေးရုံနှင့်ဆေးခန်း ၁၆၈ ခု အပါအဝင် ဆေးရုံနှင့်ဆေးခန်း စုစုပေါင်း ၄၁၄ ခုမှပါဝင်ခဲ့ကြသည်။

မြန်မာပြည်သူများ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ပိုမိုမြှင့်တင်ပေးရေး လုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် သွားနှင့်ခံတွင်း အခမဲ့စစ်ဆေးနိုင်ရန် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ ဆေးရုံနှင့် ဆေးခန်းများ ပထမဆုံးအကြိမ်အဖြစ်ပါဝင် နိုင်အောင်လုပ်ဆောင်ခဲ့သည်။ ကချင်ပြည်နယ်တစ်ခုထဲတွင် Colgate မှ ပူးပေါင်းပါဝင်မည့်ဆေးခန်းအရေအတွက်ကို ၂၀၁၅ ခုနှစ်တွင် ၁၈ ခုမှ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ၂၆ ခုအထိတိုးမြှင့်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ယခင်နှစ်က (၂၀၁၅) ဆေးခန်း ၁ ခုသာပါဝင်ခဲ့ရာမှ ယခုနှစ်(၂၀၁၆)တွင် ၃ အထိထပ်မံပါဝင်လာခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးနိုင်မည့် ဆေးခန်း ၁၂ ခုအထိရှိလာစေရန်လုပ်ဆောင်ခဲ့သည်။

Colgate – Palmolive ၏ Senior Professional Relation Manager Dr.Sompong က “ ပြည်သူပေါင်း ၆၀,၀၀၀ ကို အကူအညီပေးနိုင် ခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်သလို Colgate အနေနဲ့ သင့်တင့်လျှောက်ပတ်တဲ့ သွားနှင့်ခံတွင်းဆိုင်ရာစောင့်ရှောက်မှုတွေအတွက် အရေးပါတဲ့အသိပညာတွေကို မြန်မာ ပြည်သူလူထုကိုပေးနိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာပါတယ်။ အခုလို သွားနဲ့ခံတွင်း အသိပညာပေး အထောက်အကူပြုပစ္စည်းတွေထောက်ပံ့ပေးခြင်းနဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် သွားနဲ့ခံတွင်းအခမဲ့စစ်ဆေးပေးခြင်းတွေကြောင့် မကြာခင်ကာလမှာပဲ သွားပိုးစားရောဂါဖြစ်ပွားမှုနှုန်းလျော့ပါးသွားဖို့၊ သွားပိုးစားရောဂါကိုဘယ်လိုကာကွယ်မယ်ဆိုတာ သွားနဲ့သွားဖုံးရောဂါဖြစ်ပွားမှုနှုန်းတွေလျော့ကျသွာမယ်လို့ ကျွန်တော်တို့ Colgate နဲ့ မြန်မာနိုင်ငံသွာနှင့်ခံတွင်း ဆရာဝန်များအသင်း နှစ်ခုလုံးကမျှော်လင့်ပါတယ်” ဟုပြောသည်။

အထက်ပါအစီအစဉ်များ၏ တိုက်ရိုက်အကျိုးရလဒ်တစ်ခုအနေဖြင့် ကောင်းမွန်သည့်သွားနှင့်ခံတွင်းစောင့်ရှောက်မှု၏ အရေးပါခြင်းအသိ ပညာများသည် ၂၀၁၆ ခုနှစ်တွင်ပိုမိုတိုးတက်လာခဲ့ပြီး ကျေးလက်နေမြန်မာပြည်သူများသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သွားနှင့်ခံတွင်း ဆိုင်ရာအသိပညာများ ၅၀% ခန့်တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်များအသင်း၊ ဒုတိယဥက္ကဌ ဒေါက်တာ အောင်သန်းကပြောသည်။

Colgate-Palmolive Company အကြောင်း

Colgate Palmolive သည် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျှက်ရှိသည့် ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ မိသားစုကျန်းမာရေး နှင့် အိမ်မွေးတိရစ္ဆာန်အာဟာရဖွံ့ ဖြိုးရေးတို့တွင် အဓိကထားလုပ်ဆောက်လျှက်ရှိသည်။ Colgate Palmolive၏ ထုတ်ကုန်များကိုကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း၂၀၀ ကျော်တွင် နိုင်ငံတကာအသိမှတ်ပြု အမှတ်တံဆိပ်များဖြစ်သည့်Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom's of Maine, Sanex, Ajax, Axion, Soupline, Suavitel, Hill's Science Diet and Hill's Prescription Diet တို့ကိုရောင်းချလျှက်ရှိသည်။ Colgate-Palmolive၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများထပ်မံသိရှိလိုပါက ကုမ္ပဏီ၏ Website www.colgatepalmolive.com . Colgate Bright Smiles, Bright Futures®နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်းကျန်းမာရေးအစီအစဉ်များအကြောင်းထပ်မံသိရှိလိုပါက www.colgatebsbf.comတွင်လေ့လာနိုင်ပါသည်။

 

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း အကြောင်း

 

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းကို ၁၉၇၉ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အမှုဆောင်ကော်မတီအဖွဲ့ဝင် ၂၅ ဦးဖြင့်ဖွဲ့စည်း ထားက အဖွဲ့ဝင်ပေါင်း ၂,၅၀၀ ရှိသည်။ အသင်းဝင်များသည်အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုအဓိကအကူအညီပေး လျှက်ရှိပြီး အထူးသဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကာကွယ်ခြင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများကို အကူအညီပေးလျှက်ရှိသည့် အသင်းတစ်ခုဖြစ်သည်။

စိုင်းထူးခန့် 

 

posted from Bloggeroid

ကြော်ငြာသတင်း

မီဒီယာညီအကိုမောင်နှမများခင်ဗျာ


Colgate ၏ သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ်အရ ပြည်သူ ၆၀,၀၀၀ ကို သွားနှင့်ခံတွင်းစစ်ဆေးမှု အခမဲ့ပြုလုပ်ပေးနိုင်ခဲ့ ကြောင်း  သတင်းထုတ်ပြန်ချက်ကို မီဒီယာညီအကိုမောင်နှမများ၏ သတင်းမီဒီယာများတွင် ရေးသားဖော်ပြနိုင်ပါရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပေးပို့အပ်ပါသည်။ အသေးစိတ်ထုတ်ပြန်ချက်ကို ပူးတွဲပါဖိုင်တွင်ကြည့်ရှုနိုင်ပြီး ထပ်မံသိရှိလိုသည်များကို ကျွန်တော် ကိုကျော်ဇင်ထွန်း ဖုန်း ၀၉ ၉၇၀ ၂၇၈ ၆၇၃ (သို့)kyaw@zagarcommunications.comသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။


ခင်မင်ရင်းနှီးစွာဖြင့်

ကိုကျော်ဇင်ထွန်း

Zagar Communications



Colgate ၏ သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ်အရ ပြည်သူ ၆၀,၀၀၀ ကို

သွားနှင့်ခံတွင်းစစ်ဆေးမှု အခမဲ့ပေးအပ်နိုင်ခဲ့

 

ရန်ကုန်၊ မြန်မာ (၁၆ မတ် ၊ ၂၀၁၆) - Colgate – Palmolive သည် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါ သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို Colgate-Palmolive နှင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းတို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ ၆၀,၀၀၀ ကျော်ကို သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးခြင်းပြုလုပ်ပေးနိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်ထက် ပြည်သူ ၅,၀၀၀ ကိုပိုမို ၍ သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးခြင်း ပြုလုပ်ပေးနိုင်ခဲ့သည်။

Colgate – Palmolive ၏ စတုတ္ထအကြိမ်မြောက် သွားနှင့်ခံတွင်းကျန်းမာရေးလ အစီအစဉ်ကို မန္တလေးမြို့တွင် အခမ်းအနားဖြင့်စတင်ခဲ့ပြီး မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ အမှုဆောင်များနှင့် အကယ်ဒမီရုပ်ရှင်မင်းသမီး ချောရတနာတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် သွားနှင့်ခံတွင်းဆိုင်ရာအသိပညာပေးမှုမြှင့်တင်ရန်နှင့် သွားနှင့်ခံတွင်းကျန်းမာရေးအခမဲ့စစ်ဆေးပေးနိုင်ရန် ရည်ရွယ်လုပ်ဆောင်သည့် အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံအထက်ပိုင်းတွင် ဆေးရုံနှင့်ဆေးခန်း ၁၁၃ ခု၊ မန္တလေးမြို့တွင် ဆေးရုံနှင့်ဆေးခန်း ၁၀၅ ခု၊ ရန်ကုန်မြို့တွင် ဆေးရုံနှင့်ဆေးခန်း ၁၆၈ ခု အပါအဝင် ဆေးရုံနှင့်ဆေးခန်း စုစုပေါင်း ၄၁၄ ခုမှပါဝင်ခဲ့ကြသည်။

မြန်မာပြည်သူများ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ပိုမိုမြှင့်တင်ပေးရေး လုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် သွားနှင့်ခံတွင်း အခမဲ့စစ်ဆေးနိုင်ရန် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ ဆေးရုံနှင့် ဆေးခန်းများ ပထမဆုံးအကြိမ်အဖြစ်ပါဝင် နိုင်အောင်လုပ်ဆောင်ခဲ့သည်။ ကချင်ပြည်နယ်တစ်ခုထဲတွင် Colgate မှ ပူးပေါင်းပါဝင်မည့်ဆေးခန်းအရေအတွက်ကို ၂၀၁၅ ခုနှစ်တွင် ၁၈ ခုမှ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ၂၆ ခုအထိတိုးမြှင့်နိုင်ခဲ့ပြီး ရှမ်းပြည်နယ်တွင် ယခင်နှစ်က (၂၀၁၅) ဆေးခန်း ၁ ခုသာပါဝင်ခဲ့ရာမှ ယခုနှစ်(၂၀၁၆)တွင် ၃ အထိထပ်မံပါဝင်လာခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးနိုင်မည့် ဆေးခန်း ၁၂ ခုအထိရှိလာစေရန်လုပ်ဆောင်ခဲ့သည်။

Colgate – Palmolive ၏ Senior Professional Relation Manager Dr.Sompong က “ ပြည်သူပေါင်း ၆၀,၀၀၀ ကို အကူအညီပေးနိုင် ခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်သလို Colgate အနေနဲ့ သင့်တင့်လျှောက်ပတ်တဲ့ သွားနှင့်ခံတွင်းဆိုင်ရာစောင့်ရှောက်မှုတွေအတွက် အရေးပါတဲ့အသိပညာတွေကို မြန်မာ ပြည်သူလူထုကိုပေးနိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာပါတယ်။ အခုလို သွားနဲ့ခံတွင်း အသိပညာပေး အထောက်အကူပြုပစ္စည်းတွေထောက်ပံ့ပေးခြင်းနဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် သွားနဲ့ခံတွင်းအခမဲ့စစ်ဆေးပေးခြင်းတွေကြောင့် မကြာခင်ကာလမှာပဲ သွားပိုးစားရောဂါဖြစ်ပွားမှုနှုန်းလျော့ပါးသွားဖို့၊ သွားပိုးစားရောဂါကိုဘယ်လိုကာကွယ်မယ်ဆိုတာ သွားနဲ့သွားဖုံးရောဂါဖြစ်ပွားမှုနှုန်းတွေလျော့ကျသွာမယ်လို့ ကျွန်တော်တို့ Colgate နဲ့ မြန်မာနိုင်ငံသွာနှင့်ခံတွင်း ဆရာဝန်များအသင်း နှစ်ခုလုံးကမျှော်လင့်ပါတယ်” ဟုပြောသည်။

အထက်ပါအစီအစဉ်များ၏ တိုက်ရိုက်အကျိုးရလဒ်တစ်ခုအနေဖြင့် ကောင်းမွန်သည့်သွားနှင့်ခံတွင်းစောင့်ရှောက်မှု၏ အရေးပါခြင်းအသိ ပညာများသည် ၂၀၁၆ ခုနှစ်တွင်ပိုမိုတိုးတက်လာခဲ့ပြီး ကျေးလက်နေမြန်မာပြည်သူများသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း သွားနှင့်ခံတွင်း ဆိုင်ရာအသိပညာများ ၅၀% ခန့်တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်များအသင်း၊ ဒုတိယဥက္ကဌ ဒေါက်တာ အောင်သန်းကပြောသည်။

Colgate-Palmolive Company အကြောင်း

Colgate Palmolive သည် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျှက်ရှိသည့် ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ မိသားစုကျန်းမာရေး နှင့် အိမ်မွေးတိရစ္ဆာန်အာဟာရဖွံ့ ဖြိုးရေးတို့တွင် အဓိကထားလုပ်ဆောက်လျှက်ရှိသည်။ Colgate Palmolive၏ ထုတ်ကုန်များကိုကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း၂၀၀ ကျော်တွင် နိုင်ငံတကာအသိမှတ်ပြု အမှတ်တံဆိပ်များဖြစ်သည့်Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom's of Maine, Sanex, Ajax, Axion, Soupline, Suavitel, Hill's Science Diet and Hill's Prescription Diet တို့ကိုရောင်းချလျှက်ရှိသည်။ Colgate-Palmolive၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများထပ်မံသိရှိလိုပါက ကုမ္ပဏီ၏ Website www.colgatepalmolive.com . Colgate Bright Smiles, Bright Futures®နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်းကျန်းမာရေးအစီအစဉ်များအကြောင်းထပ်မံသိရှိလိုပါက www.colgatebsbf.comတွင်လေ့လာနိုင်ပါသည်။

 

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း အကြောင်း

 

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းကို ၁၉၇၉ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အမှုဆောင်ကော်မတီအဖွဲ့ဝင် ၂၅ ဦးဖြင့်ဖွဲ့စည်း ထားက အဖွဲ့ဝင်ပေါင်း ၂,၅၀၀ ရှိသည်။ အသင်းဝင်များသည်အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုအဓိကအကူအညီပေး လျှက်ရှိပြီး အထူးသဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကာကွယ်ခြင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာကုသမှုများကို အကူအညီပေးလျှက်ရှိသည့် အသင်းတစ်ခုဖြစ်သည်။

 

မီဒီယာများဆက်သွယ်လိုပါက

ကျော်ဇင်ထွန်း

Zagar Communications (Colgate-Palmolive ကိုယ်စား)

E-mail kyaw@zagarcommuniications.com

ဖုန်း ၀၉ ၉၇၀ ၂၇၈ ၆၇၃

 

 


 

သတင်းဓါတ်ပုံများ

 

ပုံ (၁)

 

 

သွားနှင့်ခံတွင်းဆရာဝန်မှ သွားတိုက်နည်းစနစ်များအား ရှင်းပြနေစဉ်

 


 

ပုံ (၂)

 

 

Colgate၏ သွားနှင့်ခံတွင်းအခမဲ့ စစ်ဆေးပေးခြင်းအစီအစဉ်ဖြင့် သွားနှင့်ခံတွင်းစစ်ဆေးမှုခံယူနေစဉ်

 


 

ပုံ (၃)

 



သွားနှင့်ခံတွင်းစစ်ဆေးမှုခံယူပြီးသူများ ကို Colgate ထုတ်ကုန်များနှင့်အတူတွေ့ရစဉ်







Kyaw Zin Htun  

Account Manager
Zagar Communications

+95 (0)9 970 278 673

+95 (0)9 792 677 463

7/A, Classic Strand Condo

Strand Road (between Konzedan Street & 27th Street)

Pabedan Township, Yangon, Myanmar

www.zagarcommunications.com


posted from Bloggeroid

ကြော်ငြာသတင်း

Samsung Galaxy S7 edge စတင်ရောင်းချခြင်းအထူးအစီအစဉ်အနေနဲ့ မတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Myanmar Plaza နဲ့ မန္တလေးမြို့ရှိ Sedona Hotel မှာ ကျပ် ၉၀၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဝယ်ယူသူများအတွက် Samsung Gear S2 Classic အလုံး (၂၀၀) lucky draw နဲ့ အခြား မေတ္တာလက်ဆောင် များပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

posted from Bloggeroid

Thursday, March 17, 2016

နွားမှောင်ခို

11-2-2016

တရားမဝင်နွားမှောင်ခိုသမားများ
ညသန်ခေါင်ယံ ခက်ခဲစွာ ဖမ်းဆီးခဲ့
=======================

၁။ ( ၁၁-၂-၂၀၁၆ )နံနက်( ၁ )နာရီအချိန် ခန့်မှန်း
မပည( JE-987968 ) စဥံ်ကူးမြို့နယ် ! လက်ပန်လှ
ရဲစခန်းရှေ့တွင် စဥံ်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်
ကျော်သန်း ! ဒုမနဥ ဦဆန်းမင်းတို့ဦးဆောင်သော ထွေအုပ်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်းနေစဉ် မန္တလေးဘက်မှ မိုးကုတ် ဘက်( တောင်မှမြောက်)သို့ မောင်းနှင်လာသည့် ယာဉ်များ
အား ပိတ်ဆို့ရှာဖွေခဲ့ရာ MDY-5B 3179 UD CUDOR အမျိုးအစား စိမ်းဖြူကြား ! ယာဉ်မောင်း ညီညီ
အောင်( ၃၁)နှစ်(ဘ)ဦးမြင့်ဆွေ ! ယာဉ်ပေါ်တွင် ညီညီ
အောင်( ၂၁)ဦးကြည်လင်း ! ဈေးကုန်းရွာ ! သက်
နိုင်ဦး(၁၆)နှစ် ! (ဘ)ဦးရေဝိုင်း !မြေနုရွာ ! နိုင်ဝင်းအောင်
(၂၄) နှစ်(ဘ)ဦးသန်းဌေး ! မြေနုရွာ ! မင်းအောင်(၂၉)နှစ် (ဘ)ဦးချစ်မန်း ! မြေနုရွာ ! ဟန်ဝင်းအောင်(၂၁)နှစ်!
(ဘ)ဦးချစ်မန်း ! မြေနုရွာတို့ လိုက်ပါပြီး ယာဉ်ပေါ်တွင်
တရားမဝင် သယ်ဆောင်လာသည့် နွား(၁၄)ကောင် ! MDY-8G5295 NISSAN DIESEL အမျိုးအစား
စိမ်းပြာရောင် ! ယာဉ်မောင်းကိုရှိုင်း(ခ)ဖိုးရှိုင်း(၂၃)နှစ်
(ဘ)ဦးဝင်းဦး!ရွှေပြည်ကျေးရွာနေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် နိုင်လင်းအောင်(၂၃)နှစ်(ဘ)ဦးအောင်ကြည်
ရွှေပြည်ကျေးရွာ ! မျိုထွန်း(၂၁နှစ်)(ဘ)ဦးအောင်ဝင်း ! ငါး
ဘတ်ချောင်းကျေးရွာတို့ လိုက်ပါလာပြီး ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့်နွား(၁၄)ကောင် !
MDY-8I5103 UD CUDOR အမျိုးအစား ခဲဖြူကြား
ယာဉ်မောင်း ဇာနည်အောင် (ဘ)ဦးတင့်ငွေ ! ရွှေပြည်ရွာနေ
သူမောင်းနင်ပြီး ယာဉ်ပေါ်တွင် အောင်သူမျိုး(၁၆)နှစ် (ဘ)
ဦးမောင်ထူး! ကျွန်းစည်းရွာ ! ထွန်းထွန်းဇော်(၁၉)နှစ်(ဘ)
ဦးဇော်ဦး ! ငါးဘတ်ချောင်းကျေးရွာနေသူတို့ လိုက်ပါပြီး
ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် နွား(၁၃)ကောင် ! MDY-6B 8445 NISSAN DIESEL အမျိုးအစားအပြာရောင် ယာဉ်မောင်း အောင်မျိုး
(၂၃ )နှစ်(ဘ)ဦးညိုဆောင် ! ရွှေပြည်ကျေးရွာနေသူ မောင်း
နှင်ပြီး ! ယာဉ်ပေါ်တွင် ကျော်စိုးဦး(၂၄)နှစ်(ဘ)ဦးမောင်ရင်
ကျွန်းစည်ကျေးရွာ! မိုးဝေ(၂၃)နှစ်( ဘ)ဦးစိုးနိုင် ! ငါးဘတ် ချောင်းကျေးရွာ ! ထွန်းဝင်း(၂၄ )နှစ်( ဘ)ဦးခင်မောင်မြင့်!
ငါးဘတ်ချောင်းရွာ ! တိုးမောင်( ၃၆) နှစ် ( ဘ) ဦးမြဝင်း !
ငါးဘတ်ချောင်းကျေးရွာနေသူတို့ လိုက်ပါသည့်ယာဉ်ပေါ်
တွင် တရားမဝင် သယ်ဆောင်လာသည့် နွား(၁၅ )ကောင်
တို့အား စစ်ဆေးတွေ့ရှိပြီး ! နွား( ၅၆)ကောင် ! မော်တော်
ယာဉ်(၄)စီးနှင့် တရားဝင် သဟ်ယူခွင့် ပြသပြောဆိုနိုင်ခြင်း
မရှိ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ ပါသည်။

၂။ တရားခံ(၁၇)ဦးတို့အား ဥပဒေအရ အရေးယူပေးပါ
ရန် ဒုရဲအုပ်ဇော်မျိုးထက်မှ တိုင်စာနှင့်တရားလို ပြုလုပ်တိုင်
တန်း၍ ၂၀၁၆ဖေ၁၁၀၃၄၅အချိန်! လက်ပန်လှရဲစခန်းတွင်
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ ရေးဖွင့်ပြီး !ဒုရဲအုပ်အေးကျော်မှ တရားခံ(၁၇)ဦးတို့အား
အမှုဖွင့်ဖမ်းဆီးထားရှိပြီး ဖြစ်ပါတယ်။

Source
Police Midea

posted from Bloggeroid

ကိုးဂိတ် နှင့်ကျန်းမာရေး

Colgate ၏ မြန်မာကျေးလက်နေပြည်သူများအား ရည်ရွယ်လုပ်ဆောင်သည့် အသိပညာပေး အစီအစဉ် အောင်မြင်မှုရရှိ
ရန်ကုန်၊ မြန်မာ၊ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) – Colgate ၏ ထပ်မံအောင်မြင်မှုရရှိသည့်အစီအစဉ်တစ်ခု၏ ရလဒ် အနေဖြင့် ကောင်းမွန်သည့်သွားနှင့်ခံတွင်း ကျန်းမာရေး၏ အရေးပါမှု အသိပညာသည် ၂၀၁၆ ခုနှစ်တွင်ပိုမိုမြင့်တက် လာပြီး ကျေးလက်နေပြည်သူများ၏ သွားနှင့်ခံတွင်းအသိပညာသည် လွန်ခဲ့သည့် ၅ နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ၏ ဒုဥက္ကဌ ဒေါက်တာ အောင်သန်းကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာအောင်သန်း ၏ ၂၀၀၈ ခုနှစ်မှစတင်ခဲ့သည် သူ၏ ပထမဦးဆုံး နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမားရေးကုသမှုခရီးစဉ် မှ ယနေ့အထိ အတွေ့အကြုံများအရ ကျေး လက်ဒေသများတွင်နေထိုင်သည့် ပြည်သူများသည် အနည်းဆုံးတစ်နေ့လျှင်နှစ်ကြိမ်သွားတိုက်ခြင်းကြောင့် ရရှိနိုင်မည့် သွားနှင့်ခံတွင်းကျန်းမာရေး ရလဒ်များကို ယခုအခါပိုမိုနားလည်သိရှိလာပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဒေါက်တာအောင်သန်းက သူ၏ ခရီးစဉ်များနှင့်ပတ်သက်၍ “ ၂၀၁၀ မတိုင်ခင်လောက်တုန်းကဆိုရင် ကျေးလက်ဒေသ မှာနေတဲ့ ပြည်သူတွေဟာ မီးသွေး၊ ဝါးတံ၊ နဲ့ သဲဆပ်ပြာတွေနဲ့ သွားတိုက်တာ ဒါမှဟုတ် ပွဲလမ်းသဘင်ရှိမှ သွားတိုက် လေ့ရှိပါတယ်။ လက်ရှိဆရာတို့ရဲ့ နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမားရေးကုသမှုခရီးစဉ် တွေမှာ သွားနဲ့ခံတွင်း စစ် ဆေးတာအပြင် ကုသမှုတွေလည်းပြုလုပ်ပေးပါတယ်။ နောက်ပြီး သုတေသနလုပ်ဖို့အတွက် စစ်တမ်းကောက်တာတွေ လည်းလုပ်ပါတယ်။ ဒီနှစ်မှာဆိုရင် လူဆယ်ယောက်မှာ ငါးယောက်က သင့်တင့်လျှောက်ပတ်တဲ့သွားနဲ့ခံတွင်းကျန်းမာ ရေးဗဟုသုတနဲ့ အဲ့ဒါရဲ့အကျိုးကျေးဇူးတွေကိုသိရှိနားလည်နေတာကိုတွေ့ရပါတယ်။ Colgate က ဆရာတို့ခရီးစဉ်တွေ မှာထောက်ပံ့ကူညီပေးသလို သွားနဲ့ခံတွင်းအခမဲ့စစ်ဆေးပေးတာတွေ၊ သွားနဲ့ခံတွင်းကျန်းမာရေးပညာပေးသင် ထောက်ကူပြုပစ္စည်းတွေ ထောက်ပံ့ပေးတာတွေလုပ်ဆောင်ပေးပါတယ်။ အခုလိုတိုးတက်လာတာဟာ ဆရာတို့ နှစ်ဖက်လုံးရဲ့ အားထုတ်ကြိုးပမ်းမှုရဲ့ရလဒ်လို့ယုံကြည်ပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းသည် ကျေးလက်ဒေသများသို့ နယ်လှည့်သွားနှင့်ခံတွင်း ကျန်းမာရေး ကုသမှုခရီးစဉ် များကို အလှူရှင်များ၏အကူအညီဖြင့် စီစဉ်လေ့ရှိသည်။ အဆိုပါခရီးစဉ်များတွင် သွားနှင့်ခံတွင်းကျန်း မာရေး စစ်ဆေးပေးခြင်းနှင့် ကုသပေးခြင်းများကို အခမဲ့ပြုလုပ်ပေးပြီး အများဆုံး သွားနှင့်ခံတွင်းဆရာဝန် ၃၀ ခန့်ဖြင့် သွားရောက်လေ့ရှိသည်။ ဒေါက်တာအောင်သန်း ၏ အတွေ့အကြုံ များအရ သွားနှင့်ခံတွင်းနှင့်ပတ်သက်သည့် ပြဿနာများမှာ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဗဟုသုတနှင့် အလေ့အကျင့်များပေါ်တွင်သာမူတည်ပြီး ၎င်းတို့နေထိုင်ရာ အရပ်ဒေသပေါ်တွင်မူတည်မှုမရှိကြောင်းပြောကြားသည်။ သို့သော်လည်းအချို့သောနေရာများတွင် သွားနှင့်ခံတွင်း ဆိုင်ရာ ဗဟုသုတများရရှိရန် ခက်ခဲနေဆဲဖြစ်ပြီး အချို့မှာ ရောဂါအခြေအနေမဆိုးရွားသည့်အချိန်အထိ ဆေးခန်းသို့ သွာရောက် စစ်ဆေးပြသရန် ဝန်လေးနေကြဆဲဖြစ်သည်။

Colgate ၏ Senior Professional Relation Manager ဖြစ်သူ Dr.Sompong က အဆိုပါ ရလဒ်နှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်းကို “ကောင်းမွန်တဲ့သွားနှင့်ခံတွင်းကျန်းမာရေးဟာ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ် သလို ပုံမှန်သွားနှင့်ခံတွင်းစစ်ဆေးခြင်းနှင့် တစ်နေ့နှစ်ကြိမ်သွားတိုက်ခြင်းသည် ရေရှည်အကျိုးရှိစေပြီး ကုန်ကျစရိတ်များ ပြားသည့်ကုသမှုများ၊ သွားနာခြင်းသွားကိုက်ခြင်းများ နှင့် သွားဖုံးရောဂါများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကျွန်တော်တို့ Colgate အနေနဲ့ ကျေးလက်နေပြည်သူတွေအတွက် အရေးပါတဲ့ ကျွန်တော်တို့ရဲ့ အသိပညာပေး အစီအစဉ်တွေကို မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းနဲ့ပူးပေါင်းပြီးဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Colgate ၏ စတုတ္ထအကြိမ်မြောက် သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ်ကို မန္တလေးမြို့တွင်အခမ်းအနားနှင့်တကွ စတင်ခဲ့သည်။ ယခုနှစ်အတွက် သွားနှင့်ခံတွင်းကျန်းမာရေးလအစီအစဉ် ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တစ်လလုံးတွင် ပြုလုပ်လျက်ရှိပြီး အဆိုပါအစီအစဉ်သည် တိုးတက်များပြားလာသည့် မြန်မာနိုင်ငံရှိစားသုံးသူများ၊ ကလေး ငယ်များနှင့် မိသားစုများကို အခမဲ့ သွားနှင့်ခံတွင်းကျန်းမာရေး ပညာပေးစာစောင်များအခမဲ့ဝေငှခြင်း နှင့် သွားနှင့်ခံတွင်း ကျန်းမာရေး အခမဲ့စစ်ဆေးခြင်းများကို ရန်ကုန်မြို့ရှိ ဆေးရုံနှင့် ဆေးခန်း ၁၆၈ ခု၊ မန္တလေးမြို့ရှိ ဆေးရုံနှင့် ဆေးခန်း ၁၀၅ ခုနှင့် အထက်မြန်မာပြည်ရှိ ဆေးရုံနှင့် ဆေးခန်း ၁၁၃ ခုအပါအဝင် တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးခန်း ၄၁၄ ခုတို့တွင် ပြုလုပ်ပေးခြင်းဖြင့် သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးပါမှုကို အများပြည်သူများ ပိုမိုနား လည်သိရှိလာစေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

Colgate ၏ သွားနှင့် ခံတွင်းကျန်းမာရေးပညာပေးလသည် နှစ်စဉ်ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ပြီး Colgate-Palmolive မှကမ္ဘာတစ်ဝန်းရှိ ဒေသတွင်း သွားနှင့်ခံတွင်းဆိုင်ရာအရာရှိများနှင့် ပူးပေါင်းကာ သွားနှင့်ခံတွင်းကျန်း မာရေး၏ အရေးပါမှုကို အများပြည်သူအားပညာပေးရန် အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းဖြစ်သည်။ Colgate ၏ သွားနှင့် ခံတွင်းကျန်းမာရေးလအကြောင်းနှင့် သွားနှင့်ခံတွင်းစစ်ဆေးခြင်းများကို ထပ်မံသိရှိလိုပါက တယ်လီဖုန်းနံပါတ် ၀၁ ၃၇၃၁၂၃ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Colgate-Palmolive Company အကြောင်း

Colgate Palmolive သည် လူသုံးကုန်ပစ္စည်းများထုတ်လုပ်လျှက်ရှိသည့် ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ မိသားစုကျန်းမာရေး နှင့် အိမ်မွေးတိရစ္ဆာန်အာဟာရဖွံ့ ဖြိုးရေးတို့တွင် အဓိကထားလုပ်ဆောက်လျှက်ရှိသည်။ Colgate Palmolive ၏ထုတ်ကုန်များကိုကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့်နယ်မြေပေါင်း၂၀၀ ကျော်တွင် နိုင်ငံတကာအသိမှတ်ပြု အမှတ်တံဆိပ်များဖြစ်သည့် Colgate, Palmolive, Mennen, Softsoap, Irish Spring, Protex, Sorriso, Kolynos, elmex, Tom's of Maine, Sanex, Ajax, Axion, Soupline, Suavitel, Hill's Science Diet and Hill's Prescription Diet တို့ကိုရောင်းချလျှက်ရှိသည်။ Colgate-Palmolive ၏ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများထပ်မံသိရှိလိုပါက ကုမ္ပဏီ၏ Website www.colgatepalmolive.com . Colgate Bright Smiles, Bright Futures®နှင့် Colgate ၏ ကမ္ဘာလုံးဆိုင်ရာ သွားနှင့်ခံတွင်းကျန်းမာရေးအစီအစဉ်များအကြောင်းထပ်မံသိရှိလိုပါက www.colgatebsbf.com တွင်လေ့လာနိုင်ပါသည်။

မီဒီယာများဆက်သွယ်လိုပါက
ကျော်ဇင်ထွန်း
Zagar Communications (Colgate-Palmolive ကိုယ်စား)
E-mail kyaw@zagarcommuniications.com
ဖုန်း ၀၉ ၉၇၀ ၂၇၈ ၆၇၃

posted from Bloggeroid