"အစိုးရနဲ့တောင်သူလယ်သမားအလုပ်သမားပြသာနာ"
===========================================
ဆောင်းပါး စိုင်းထူးခန့် 
"တောင်သူတွေကို စစ်အစိုးရလက်ထက်ကတောင် အရေးမယူတဲ့
ပုဒ်မတွေ တပ်ကာ ထောင်ချနေတော့ ကိုမဲပေးထားတဲ့လက်သန်း
ကိုဖြက်ပြစ်ရတောမယ်ဗျာ "
၁၃၀၀ ပြည်အရေးတော်ပုံလို့ ၁၉၁၆-ခုနှစ် ကတည်းက စခဲ့သည့် သပိတ်တိုက်ပွဲများသည် ယနေ့အချိန်အထိ မပြောင်းလဲသေးပါ မပြီးဆုံးသေးပါ။ နှစ်ပေါင်း(၁၀၀)ကြာမြှင့်ပြီ ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် မပြောင်းလဲသေးသလဲ မပြီးဆုံးသေးသလဲ ဆိုလျှင်ဖြင့် အဖြေက ရှင်းရှင်းလေးပါ။ ယနေ့အချိန်အထိ အလုပ်သမားထုရဲ့ အခွင့်အရေးများ ဆုံးရှုံးနေဆဲ၊ အလုပ်သမားထုသည် ဖိနှိပ်ချုပ်ချယ် ခံနေရဆဲ၊ အနိုင်ကျင့် ဗိုလ်ကျခံနေရဆဲ ဆိုသည့် အကြောင်းတရားများကြောင့်သာ ဖြစ်ပါသည်။
၁၃၀၀-ပြည့် အရေးတော်ပုံကြီး၏ အဓိက တောင်းဆိုချက်များဟာဆိုလျှင် လုပ်ခလစာတိုးမြှင့်ပေးရေး၊ အလုပ်ချိန်လျှော့ပေါ့ရေး နှင့် အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ကိုင် ကြရလျှင် လုပ်ခ(၂)ဆ ပေးရေး စသည့် အချက်များ ဖြစ်ပါသည်။ ၁၃၀၀-ပြည့် ရေနံမြေအရေးတော်ပုံကြီးသည် နှစ်ပေါင်း(၇၈)နှစ် ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ ရေနံမြေ အလုပ်သမားများသည် ယနေ့အချိန်အထိ ၁၃၀၀-ပြည့် အရေးတော်ပုံကြီး၏ တောင်းဆိုချက်များနည်းတူ တောင်းဆိုနေကြရဆဲ ဖြစ်ပါသည်။ "သပိတ်,သပိတ် မှောက်,မှောက်"၊ "မီးတုတ်,မီးတုတ် ရှို့,ရှို့" ဟူ၍ ယမ်းပုံမီးကျဒေါသပုန်းထပြီး အလုပ်သမားသပိတ်ပွဲကြီး ဖြစ်မလာသေးသည်ကလွဲလို့ ၁၃၀၀-ပြည့် အရေးတော်ပုံကာလတွင် ရင်ဆိုင်ကြုံတွေ့ ခံစားခဲ့ရသည့် ရေနံမြေအလုပ်သမားကြီးများနည်းတူ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးနစ်နာနေဆဲ၊ ဖိနှိပ်ချုပ်ချယ်ခံနေရဆဲ၊ အနိုင်ကျင့်ဗိုလ်ကျခံနေရဆဲ ဖြစ်ပါသည်။ ယနေ့အချိန်ထိ ၁၃၀၀-ပြည့် အရေးတော်ပုံကြီးနည်းတူ ခံစားနေကြရခြင်း၊ တောင်းဆိုနေကြရခြင်းများသည် အာဏာရှင်အစိုးရအဆက်ဆက်၏ "ငါ့မင်းငါ့ချင်း" လမ်းစဉ်အတိုင်း ထင်သလို လုပ်ကိုင်ခဲ့ခြင်းများကြောင့် ဖြစ်ပါသည်။
ယနေ့ခေတ် မြန်မာပြည် အလုပ်သမားထုများထဲတွင် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ အလုပ်သမားများ လမ်းပေါ်ထွက်၍ အလုပ်သမား အခွင့်အရေးများ တောင်းဆိုနေကြသည်များကိုဖြင့် မြင်နေ တွေ့နေ ကြားနေရပါသည်။ သို့ပေသည့် ကျွန်တော်တို့ ရေနံမြေအလုပ်သမားများသည် အငြိမ်းချမ်းဆုံးနည်းများဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ ထံသို့ လူကိုယ်တိုင်သွားရောက်တွေ့ဆုံ၍လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း ကျွန်တော်တို့ အလုပ်သမားများ၏ အခက်အခဲများအား တင်ပြတောင်းဆိုနေကြပါသည်။ ၎င်းတောင်းဆိုချက်များမှာဆိုလျှင် ၁၃၀၀-ပြည့် ရေနံမြေ အရေးတော်ပုံကြီး၏ တောင်းဆိုချက်များအတိုင်းသာ ဖြစ်ပါသည်။ တောင်းဆိုမှုပုံသဏ္ဌာန်ချင်းသာ ကွဲပြားမူရှိသော်လည်း တောင်းဆိုချက်များမှာဖြင့် ၁၃၀၀-ပြည့် ရေနံမြေအရေးတော်ပုံကြီး၏ တောင်းဆိုချက်များအတိုင်းသာ တောင်းဆိုနေကြရဆဲ ဖြစ်ပါသည်။
တောင်သူလယ်သမားအရေတော်ပုံလည်းအလားတူ ဘယ်တော့
ပြီးဆုံးမယ်ဆိုတာ မရှိဘူး ယခုဆို ဒေသအလိုက် မြေယာပြသာနာ
ဘယ်အစိုးရဘဲဖြစ်ဖြစ် တက်အုံးမယ် ဘာကြောင့်လည်းဆိုရင်
မြေယာသိမ်းဆည်းခံတောင်သူတွေ ရိုးသားစွာအသိမ်းခံရတာတွေ
ရှိသလို နစ်နာကြေးလျော်ကြေးယူထာူကာ ကာလပေါက်ဈေးမြေ
ဈေးကွက်ကြောင့် လယ်ယာမြေတွေအခြားသုံးစွဲကာ ဝယ်ယူသူ
တွေနဲ့သက်ဆိုင်ရာဌာဆိုင်ရာတွေ ကြောင့် ဒီလိုပြသာနာတွေဖြစ်
နေတာကိုလေ့လာတွေရှိပါသည်။

posted from Bloggeroid
No comments:
Post a Comment