Friday, October 7, 2016

ပြင်ဦးလွင် မြေသိမ်းတိုက်ပွဲ

"ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာဒေသခံများဓါးမဦးချမြေ
များပြန်ရရှိရေးမြေသိမ်းတိုက်ပွဲလုပ်၍ပြန်ယူဟုဆို"
===================================
ပြင်ဦးလွင် အောက်တိုဘာ ၈
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာဒေသခံ
တောင်သူများ ဓါမဦးချ ဘိုးဘွားပိုင်မြေများကို ကော်ဖီ
စိုက်ခင်းဘန်ပြန်ပြီး ၁၉၉၈ /၁၉၉၉ ခုနှစ်ကသိမ်းယူပြီ
စီမံကိန်အကောင်အထည်မဖော်သည့် မြေနေရာများ
ပြန်ရရှိရေး အောက်တိုဘာလ ၈ နေ့ နံနက် ၁၀ နာရီ
အချိန်ကစတင်၍ ပြင်စာရွာအရှေ့ပိုင်ကနေ မြောက်ကု
န်းအထိ လမ်းလျှောက်လာကာ ထွန်စက် ၁၂ စီးဖြင့်
ထွန်ယက်ကာ မြေသိမ်းတိုက်ပွဲပြုလုပ်တာဟု ဒေခံတွေကပြောသည်။

"ကျွန်တော်ဒေသခံတွေ ဓါးမဦးချ လုပ်ကိုင်စားနေသော မြေများကို ကော်ဖီစိုက်ခင်း စီမံ
ကိန်းမြေဟုဆိုကာ စီမံကိန်မြေမပါဘဲသိမ်းယူသွားပြီ
ကော်ဖီစီမံကိန်မရှိပါဘူးလို ကော်ဖီစီမံကိန်ဥက္ကဌထံ
ကလည်းသီထားရပါတယ် စီမံကိန်လည်းအကောင်
အထည်မဖော် မူလတောင်သူများကိုလည်းပြန်မပေး
တာကြောင့် ဒေသခံ တောင်သူအင်အား ၅၀၀ဖြင့်
ကိုယ်မြေကိုပြန်ရရေး ဧက ၁၀၀ကျော်ပေါ် ထွန်ယက်
ကာ မြေသိမ်းတိုက်ပွဲလုပ်ရကြောင်း ဒေသခံတောင်သူ
ဦးသန်းထွန်းကပြောသည်။

ကော်ဖီစိုက်ခင်းဘန်းပြကာ ဒေသခံတွေရဲ့မြေဧကပေါင်း ၄၀၀ ကျော်ကိုသိမ်းယူပြီး
လူမျိုးခြားဖြစ်သူတရုတ်များ ခရိုနီများနှင့် အာရော်ဂျာ
ဆေးရုံပိုင်ရှင်ကအပိုင်စီးထားပြီ ခြံဝင်များခတ်ထားပြီး
ရောင်းစားထားခြင်းများရှိသဖြင့် ဒေသခံတောင်သူများ
အင်အား ၅၀၀ ခန့်ဖြင့် မိမိတို့တောင်ယာမြေများပြန်ရ
ရှိစေရေး အတွက်ထွန်တုံးတိုက်ပွဲလုပ်ယူကြောင်းသိရ
သည်။
အဆိုပါ ပြင်စာကျေးရွာ တောင်ယာမြေများကိုကော်ဖီ
စိုက်ခင်းအမည်တပ် အကြောင်းပြ၍သိမ်းဆည်းခံခဲရ
သောဒေသခံတောင်သူတွေက အစိုးရဌာနဆိုင်ရာ
အဆင့်ဆင့်ကို မူလတောင်သူများပိုလျှံမြေများပြန်ပေး
ရန်တောင်းခံခဲ့သော်လည်းမရှိသဖြင့် ကွင်းအမှတ် ၈
ကွင်းအမည် ဘီလူးမကုန် သရက်တောကျောင်း ဆွမ်း
ခံကုန်း နေပူခံကွင်း ဦးပိုင်အမှတ် (N-၄၄) မြေဧရိယာ
၄၀၀ကျော်အသိမ်းခံရပြီး ယနေ့ ပိုလျှံမြေ ၁၆၁ဧက
အပေါ်ဝင်ရောက်ထွန်ယက်စိုက်ရေးအတွက် ထွန်တုံး
တိုက် မြေရပြန်ရရှိရေး မြေသိမ်းတိုက်ပွဲလုပ်ကြတာဟု
ဒေသခံတောင်သူများ၏ပြောပြချက်အရသိသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment