Monday, October 3, 2016

မန္တလေးဂရက်ဖစ်ပညာရှင်လူငယ်လေးမဟတ္တမဂန္ဓီမွေးနေ့အထိမ်းအမှတ်ရေးဆွဲ

"မန္တလေးမြို့တွင် မဟတ္တမ ဂန္ဓီ မွေးနေ့ အထိမ်းအမှတ် ဂရက်ဖစ်တီ ရေးဆွဲသည်ဟုဆို"
==============================================
မန္တလေး အောက်တိုဘာ ၂
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် နဝရတ် အိမ်ယာ ရှိ အုတ်တံတိုင်းတစ်ခုတွင် မဟတ္တမ ဂန္ဓီ မွေးနေ့ အထိမ်းအမှတ် မဟတ္တမ ဂန္ဓီ ၏ ဂရက်ဖစ်တီပုံတူ ကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် တစ်နာရီခွဲက ရေးဆွဲခဲ့ကြောင်း ရေးဆွဲသော ဂရပ်ဖစ်တီပညာရှင် ကိုလင်းပင်ဇော် က

ပြောသည်။

ထိုသို့ရေးဆွဲရခြင်းမှာ မဟတ္တမ ဂန္ဓီ အကြောင်း ရေးသားထားသော စာအုပ်များကို ဖတ်ရှု့ခဲ့ပြီး လေးစားအားကျခြင်း လူငယ်များ အတုယူစေလိုခြင်း သည်းခံစိတ်များထားရှိကြစေလိုခြင်းများကြောင့် ဖြစ်ကြောင်း မဟတ္တမ ဂန္ဓီသည် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အကြမ်းမဖက်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်များဖြင့် ကြိုးစားဆောင်ရွက်ခဲ့သော လူထုခေါင်းဆောင်ကြီး တစ်ဦးအဖြစ်ကမ္ဘာ
ငြိမ်းချမ်းရေး နိုဘလ်ဆုရှင် လေ့လာဖက်ရှုံ့ခွင့်ရလို့ သူရဲ့မွေးနေ့ကိုအမှတ်
တရ ရေးဆွဲဖြစ်တာဟု၎င်းကပြောသည်။

မန္တလေးမြို့တွင် ကိုလင်းပင်ဇော် က ပြည်သူများ လေးစားကြည်ညိုသော နိုင်ငံခေါင်းဆောင်ကြီးများ နှင့် ငြိမ်းချမ်းရေးအတွက် ဂရပ်ဖစ်တီပုံများ ရေးဆွဲခြင်း 3Dများရေးဆွဲခြင်း မြန်မာနိုင်ငံသားများအတွက် ထိုင်နိုင်ငံ
လိပ်ကျွန်း လူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးအတွက်ဆုတောင်းခြင်း
လွတ်မြောက်စေရန်အတွက် ရေးဆွဲခြင်း နိုင်ငံအတိုင်မြင်ခံပုဂ္ဂိုလ်ဒေါ်
အောင်ဆန်စုကြည်၏မွေးနေ့ အမှတ်တရပုံများ အာဇာနည်ခေါင်ဆောင်
များ၏ပုံများကို၎င်းနေရာတွင် လူငယ်ဂရက်ဖစ်ပညာရှင်းတစ်ယောက်
အနေဖြင့် ရေးဆွဲခဲ့သလို ယခင်အစိုးရလက်ထက် အကြပ်အတည်းကာ
လာများမှာလည်း ၎င်းပညာဖြင့် အဖမ်းအစီးများကြားကရေးဆွဲခဲသူတစ်
ဦးဖြစ်ကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment