Monday, October 10, 2016

vider ငြိမ်းချမ်းပါစေ စတစ်ကာ


မြန်မာနိုင်ငံတစ်ဝန်း ငြိမ်းချမ်းခြင်းနှင့်စည်းလုံးခြင်းအား ထောက်ခံအားပေးရန် Viber က“ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာများဖြန့်ဝေ


ရန်ကုန်၊ ၆ အောက်တိုဘာ၊ ၂၀၁၆ - မြန်မာနိုင်ငံ၏ ဦးဆောင် လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပလီကေးရှင်း Viber က “ငြိမ်းချမ်းသောမြန်မာပြည်” စတေကာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ Viber အားစာရင်းသွင်းအသုံးပြုနေ သူ ၂၆ သန်းအတွက် မကြာသေးခင်က အခမဲ့ဖြန်ဝေခဲ့သည်။ “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာတွင် စတစ်ကာ ၁၇ ခုပါဝင်ပြီး မြန်မာနိုင်ငံတွင် လက်လုပ်ဆောင်လျှက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံအားပေးနိုင်မည်ဖြစ် သည်။

Viber အသုံးပြုသူများသည် ဆန်းသစ်သည့် ပျော်ရွှင်ဖွယ် “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာများဖြင့် လက်ရှိမြန်မာနိုင်ငံတွင်ပြုလုပ်လျှက်ရှိသော ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကနဦးလုပ်ဆောင်မှုများကို ကြိုဆိုထောက် ခံမှုကိုပြသနိုင်မည်ဖြစ်သည်။ အဆိုပါ စတစ်ကာ ၁၇ အနက် တစ်ခု သည် “စည်းလုံးခြင်းသည် အင်အား”ဆောင်ပုဒ်အား တိုင်းရင်သားပေါင်းစုံက၎င်းတို့၏ရိုးရာဝတ်စုံများဝတ်ဆင် ထားသည့်ပုံဖြင့် ပုံဖော်ထား သည့် အပြင် စည်းလုံးညီညွတ်ခြင်း၏ပြယုဂ် ဖြစ်သည့် ပင်လုံကျောက်တိုင် ပုံစတစ်ကာ လည်းပါဝင်သည်။ မြန်မာနိုင်ငံ၏ ညီညွတ်မှုကိုသရုပ်ဖော်ရန် ချစ်စဖွယ်တိုင်းရင်းသား ဇတ်ကောင်လေးများက ၎င်းတို့နေ့စဉ်စကားပြောဆိုနေသည့်အမူအရာလေးများအတိုင်းပုံဖော်ထားပြီး ငြိမ်းချမ်းရေး၏ သင်္ကေတ တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေး ခိုဖြူစတစ်ကာကို လည်းစတစ်ကာများအားပိုမိုပြည့်စုံမှုရှိစေရန် ထည့်သွင်းပေး ထားသည်။

Viber ၏ အရှေ့တောင်အာရှဆိုင်ရာ ဌာနေ မန်နေဂျာ Crystal Lee က “မြန်မာနိုင်ငံရဲ့ဦးဆောင် လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုအနေနဲ့ ကျွန်မတို့ Viber အသုံးပြုသူတွေ ဆန်းသစ်ပြီး အပြုသဘော ဆောင်တဲ့စတစ်ကာတွေကိုအခြင်းခြင်းဖလှယ်ရင်း သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့ ပြုလုပ်ပေးနိုင်တဲ့အတွက် ဂုဏ် ယူပါတယ်။ “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာတွေကမိသားစုနဲ့ သူငယ်ချင်းတွေ အချင်းချင်း မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးအပေါ်ထောက်ခံအားပေးမှုကိုပြသနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Viber ကို မြန်မာပြည်သူတွေဘဝကို ပိုမိုတိုးတက်အောင်ထောက်ပံ့ပေးနိုင်တဲ့ အလွယ်ကူအကောင်းမွန်ဆုံးဆက်သွယ်ရေး အက်ပလီကေးရှင်း တစ်ခုဖြစ်လာစေဖို့လည်း သန္နိဌာန်ချလုပ်ဆောင်နေပါတယ်”ဟုပြောကြားသည်။

posted from Bloggeroid

No comments:

Post a Comment