
မန္တလေး ညအချိန်အရက်အတူသောက်ရာကစကားများလူသတ်မှု့ဖြစ်ပွား
=================================================
မန္တလေး အောက်တိုဘာ ၂၂
မန္တလေးမြို့ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာ အောင်နိုင်သူစားသောက်
ဆိုင်ရှေ့ အောက်တိုဘာလ ၂၀ ရက်နေ့ည ၁၁ နာရီအချိန် အရက်အတူ
သောက်သူ နှစ်ယောက် စကားများရန်ဖြစ်ရာက ဓါးထိုးမှု့ဖြစ်ကာ လည်ပင်
ပြက်ရှာဒဏ်ရာဖြစ် ၎င်း ဆိုင်ရှေ့ ၆၆ လမ်မပေါ်သေဆုံးလျှက်ရှိကြောင်းရဲ
ကြေးနန်းစာများအရသိရသည်။
"မန္တလေးမြို့စွယ်တော်ကားကြီးကွင်းအနီး ၆၆ လမ်မပေါ် လူတွေ ဝိုင်းကြည့်
နေလို့ ကျွန်တော်လည်း ဆိုင်ကယ်ရပ်ပြီး ကြည့်ခဲ့ပါတယ် လူတစ်ယောက်
မှောက်နဲ့သေဆုံးနေတာတွေရတယ် ဘေးလူတွေမေးကြည့်တော့ ဓါးထိုးခံ
တာလိုသိရတယ် လည်ပင်ကသွေးတွေထွက်ပြီး မှောက်လျှက်သေဆုံးနေ
တာ ဘယ်သူဘယ်ဝါ ဘယ်လိုဖြစ်တယ်ဆိုတာ မသိရဘူး ဒေသခံတစ်ဦးရဲ့
ဖုန်းဖြင့် ပြောပြချက်အရသိရသည်။
လူတစ်ဦးသွေးထွက် ဒဏ်ရာများဖြင့်လဲကျသေဆုံးမေကြောင်း သတင်းပေး
တိုင်းကြားချက်အရခေတ္တ မြစ်ငယ် နယ်မြေရဲစခန်း အမရပူရမြို့နယ် စခန်းမှူ
းနှင့်အဖွဲ့သည် သက်သေမျာပါခေါ်ဆောင်၍ စစ်ဆေးရာ သေဆုံးသူ၏
အိမ်အတွင်းပါရှိသော မှတ်ပုံတင်အရ သေဆုံးသူမှ ကိုချစ်(ခ)မောင်ချစ်ဖြစ်
ကြောင်း သေဆုံးနေသူ၏အလောင်းကို မန္တလေးဆေးရုံးကြီးသို့ပို့ကာ
သေမှုသေခင်း (ပ)၄၄၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှု့ဖွင်ပြီး
တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှု့ကျူးလွန်သူမှာ
သန်းစိုး ဖြစ်ကြောင်း မျက်မြင်သက်သေများ၏ထွက်ဆိုချက်များအရဆုံစမ်း
သိရှိဖြင့် တရားခံသန်းစိုးအား ဖမ်းဆီးရမိနိုင်ရေးလိုက်လံရှာဖွေခဲ့ရာ ၆၆x
၆၇လမ်းကြား နတ်ရေကန်အုပ်စု ကျူး လမ်းကြားတွင် ပြစ်မှုကျူးလွန်ရာ၌
အသုံးပြုခဲ့သော ဓါးဦးချွန် ဓါးမြောင်း ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိကာ
မြစ်ငယ်နယ်မြေရဲစခန်းအချုပ်ထားကာ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment