Thursday, October 27, 2016

အမျိုးတစ်ဦးမြှောင်းထဲကျသေ

"မန္တလေးမြို့တွင်းအမျိုးသားတစ်ဦး အိမ်နောက်ဘေးမြှောင်းအတွင်း
ကျကာ ရေနစ်သေဆုံးမှု ဖြစ်ပွား
===========================================
မန္တလေး အောက်တိုဘာ ၂၇
မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက် ၆၈လမ်း၆၉
လမ်းကြားဒေလီယာလမ်း အမှတ် ဆ-၄/၄၀ နေအိမ်နောက်ဘေး
ရေမြှောင်းအတွင်း အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးမှု့အောက်တို့
ဘာလ ၂၆ နေ့ နေ့ခင်း ၁၂း၄၅ မိနှစ်အချိန်က အိမ်အနီးနားချင်းများ
က အမှတ်(၁၁)နယ်မြေရဲစခန်းကိုဖုန်းဆက်အကြောင်းကြားသဖြင့်
အမျိုးသားတစ်ဦးသေဆုံးသည့်နေရာကိုတာဝန်ရှိသူများသွားရောက်
စစ်ဆေးကာ အလောင်းကိုမန္တလေးပြည်သူဆေးရုံးကြီးသို့ပို့ကာ
စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

"အခုရေမြှောင်းထဲ့ကျသေဆုံးသူက ကိုအောင်ထွန်းလင်းဆိုသူပါ
သူအသက်က ၄၀ ကျော်လောက်ရှိပြီ သူမှအစာအိမ်ရောဂါနှင့်
သွေးတိုးရော်ဂါ ရှိသူတစ်ဦးဖြစ်ပါတယ် အိမ်သာတက်ရန်အသွား
နောက်ဘေးမှာ တစ်ယောက်တည်းလှဲကာ သေးဆုံးနေတယ်လို့
ယူဆရပါတယ် မြေအရောင်းအဝယ်လုပ်သူပါ ရန်သူမရှိဘူး
တစ်ယောက်တည်မှူးလှဲပုံရတယ်ဟု အိမ်အနီးရှိသူများထံကသိရ
သည်။

အဆိုပါ လူသေဆုံးမှု့ကို အမှတ်(၁၁)နယ်မြေ ရဲစခန်းမှ ဒဒုရဲအုပ်
ဇော်မင်းဦး မြို့သစ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးခင်မောင်ဇော်
အသိသက်သေများဖြင့်အခင်းဖြစ်ပွားရာ ဒေလီယာလမ်း ဆ -၄/၄၀
နေအိမ်နောက်ဘေး မြှောင်းအတွင်းသေဆုံးနေသူ ကိုအောင်ထွန်း
လင်းကို စစ်ဆေးချက်များယူကာ အလောင်းကို မန္တလေူပြည်သူဆေးရုံးကြီးသို့ပို့ဆောင်ကာ သေမှုသေခင်းအမှတ်
၁၄/၂၀၁၆ အမှု့ရေးသွင်းထားကြောင်းရဲကြေးနန်းစာများအရသိရ
သည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment