"မန္တလေးတွင် မြေကွက်အလွတ်အတွင်းအမည်မသိအမျိုးသမီးတစ်ဦး
ဒဏ်ရာ ၉ ချက်ဖြင့်သေဆုံး"
မန္တလေး မြို့ (၁၇.၁၀.၂၀၁၆) ၀၈၃၀အချိန့်ခန့်တွင်
ချမ်းအေးသာစံမြိုနယ် ၃၄လမ်း ၅၃_၅၄ကြား ကန်ကောက်ရပ်ကွက်
မြေကွက်အလွတ်တစ်ခုတွင်အမည်မသိ အမျိုးသမီးအလောင်းတစ်လောင်းတွေရှိ၍၎င်းအမျိုးသမီးတွင်ဘယ်ညာလက်နှစ်ဘက်စလုံးတွင် တက်တူးများပါရှိုပြီး ထိုးသွင်းဒဏ်ရာ ၉ ချက် ဖြစ်သေဆုံးနေလျှာက်ရှိကြောင်းသိရသည်။
"ကန်ကောက်သစ်ရပ် ကန်ကောက်ရပ်ကွက်အတွင်းB-22 ပေ ၂၀၀ခန့်
ပတ်လည်ရှိ ပိုင်ရှင်ဦးလှမြင့်ပိုင်ရှင်းပိုင်မြေကွက်အလွတ်ပေါ်တွင်
အောက်တိုဘာလ ၁၇ ရက်နေ့က အမည်မသိအမျိုးသမီးတစ်ဦး ဒဏ်ရာ
များဖြင့် သေဆုံနေကြောင်းသတင်းအရ အမှတ်(၃)နယ်မြေရဲစခန်းမှ
ဒုရဲအုပ် ထိုက်လင်းစိုးနှင့်အဖွဲ့သွားရောက်စစ်ဆေးခဲရာ အသက် ၂၅နှစ်
အရွယ်ခန့်အမည်မသိရအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ဝဲဘက်နားရွက်
အောက်ထိုးသွင်းဒဏ်(၁)ချက် ဝဲဘက်ခါး ထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဘက်ကျိုင်းအောက်ထိုး
သွင်းဒဏ်ရာ(၁)ချက် ချက်ထိုးသွင်းဒဏ်ရာ(၁)ချက်စုစုပေါင်းထိုးသွင်း
ဒဏ်ရာ ၉ ချက်နှင် ယာဘက်ဖမိုးနှင့်လက်ဖျံတွင် မူယစ်ဆေးဝါးသုံးစွဲ
ထားသည်ဟုယူဆရသော ဆေးထိုးအပ်ရာများဖြင့်သေဆုံးလျှက်ရှိပြီ
၎င်း၏အိပ်အတွင် အင်္ကျီတစ်ထည့် ဘောင်ဘီအတိုတစ်ထည်နှင့်ကွန်ဒုံး
၂ ခု New Land KTV ၅၅လမ်း ၄၁လမ်း ၄၂ လမ်းဟုရေးသားထားသည့် စာတမ်းပါ စာရွက်အပိုင်းတစ်ခု အင်္ဂလိပ်
သောက်ဆေး ရောစပ်ထားသည့်တစ်ထုတ် ငွေ ၅၀၀၀ ကျော်ပါရှိပြီး
၎င်းနေရာတွင်သေဆုံးလျှက်ရှိကြောင်း ရဲကြေးနံစာများအရသိရသည်။
အဆိုပါအမည်မသိအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ မန္တလေးခရိုင်
ရဲတပ်ဖွဲ့နှင့်နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အမှုအမှန်ပေါ်ပေါက်
ရေး ဆောင်ရွာကာ သေမှုသေခင်းဖြင့် အမှတ်(၃)နယ်မြေရဲစခန်းတွင်
အမှုဖွင့်ထားလျှာက်ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment