"တောင်သူတွေရဲ့ယာမြေအတွင်းထူးခြားသောသစ်ပင်ကဗုဒ္ဓရုပ်ပွား
တော်ပုံဖြစ်ပေါ်လျှာက်ရှိဟုဆို"
===========================================
နမ့်စန် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်စွယ်ကျေးရွာ တောင်သူတွေ
၏တောင်ယာမြေအတွင်း ဧကရဇ်ပန်းပင်ကနေ ထူခြားသော လာဘ်ဘ
မုနိရုပ်ပွားတော် ပုံဖြစ်ပေါ်လျှာက်ရှိသည်ကို အောက်တိုဘာလ ၁၇ ရက်
နေ့က ထူခြားသောသစ်ပင်ကိုတွေ့မြင့်ခဲရသည်။
"ကျွန်တော်တို့ နမ့်စန်မြို့နဲ ၇ မိုင်အကွာ နမ့်စွယ်ကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ တောင်သူတစ်ဦးရဲ့ တောင်ယာမြေအတွင်းရှိ ဧကရစ်ပန်း
ပင်ကြီးက လာဘ်ဘမုနိဗုဒ္ဓရုပ်ပွားတော်ပုံအဝေးကနေမြင်ရသဖြင့်
ဒေသခံတွေ ပြောပြချက်ကြောင့် ကျွန်တော် အဲဒီဗုဒ္ဓမြတ်စွာဘုရားပုံဖြစ်
ပေါ်နေသော သစ်ပင်ရှိရာသွားရောက်ဗူးမျော်ခဲ့ပါတယ် အနီးရောက်မှ
ဧကရဇ်ပန်းပင်ဆိုတာသိရတာ အပင်က အလွန်ကြီးတယ်တစ်ပင်တည်
းယာကွင်းထဲမှ ဗုဒ္ဓပုံဖြစ်နေတာတွေ့ရတယ် စတင်သိတာက ဒေသခံ
တောင်သူတွေ တောင်ယာသိမ်းအပြန် လွင်ပြင်ထီးထီးကြီးမှ အဝေက
လှမ်းကြည့်တော့ လာဘာမုနိမြတ်စွာဘုရားရုပ်ပွားတော်ပုံမြင်ရလို့
အဲဒီနေရာကိုသွားရောက်ဖူးမျော်ရာကနေလူသိများလာတာပါ အနား
ရောက်တော့မှဧကရဇ်ပန်းပင်ဖြစ်နေတာ တွေ့ရကြောင်းဒေသခံကိုပိမွန်
းကပြောသည်။
သစ်ပင်ကနေ ဗုဒ္ဓရုပ်ပွားတော်ပုံပေါ်နေတယ်လို သြဂုတ်လအတွင်းက
စတင်သိရတာ ဒီနယ်ကလူတွေ ယနေ့အချိန်ထိ သွားရောက်ဖူးမျော်ခဲ
ကြတာများတာ နမ့်စွယ်ကျေးရွာအတွင်းမှရှိတာကြောင့် အဲဒီရွာက
လူကြီးတွေက ဘုရားဖူးလာရောက်သူတွေကိုမည်သူမဆို သားသတ်
လွတ်ထမင်းဟင်းတွေကျွေးပြီး သစ်ပင်ကိုထိမ်းသိမ်းကာ ဘုရားဖူးများ
အတွက် ဇရပ်တည်ဆောက်ပေးကာ ဧည့်ခံလျှက်ရှိပါတယ် အဲဒီအပင်
နားကို ရောက်လာသော အရက်သမားမှန်သမျှ အားလုံး အမှူးပြေသွာ
တယ် တောင်သူတွေရဲ့  သီးနှံအထွက်တိုးအောင်ဆုတောင်းရင်ပြည်
တယ် ထူးခြားတာက ယုံကြည်မှု့အပြည့်နဲ့ လိုရာဆုတောင်းပြည်တယ်
ဆိုလို့ ဘုရားဖူးလာသူတွေ တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း
ဒေသခံ မနန်းဥမ္မာမြင့်ကပြောသည်။
ထူးခြားသော လယ်ယာမြေအတွင်းက သစ်ပင်တစ်ပင်က ဗုဒ္ဓရုပ်ပွား
တော်ဖြစ်ပေါ်လျှက်ရှိသောသတင်းကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီးမြို့ လျွိင်လင်မြို့နယ် မိုင်းပွန်းမြို့ ဟိုးပုံမြို့နယ် ပင်လုံမြို့နယ်
လျိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများကလူများ
နေစဉ်လိုလိုလာရောက်ဖူးမျော်ခြင်းကြောင့် သစ်ပင်ဘုရားဟု၍နံမည်
စတင်ထွက်ပေါ်လာခဲ့သည်မှာ ၂၀၁၆ခုနှစ် ၈ လပိုင်းကလူသိများလာ
ပြီး နမ့်စန်မြို့နဲ့ ၉ မိုင်ခန့်အကွာ နမ့်စွယ်ကျေးရွာ၏တောင်ဘက်တွင်တည်ရှိပြီး ဗုဒ္ဒဘာသာဝင်များလာ
ရောက်ဆုတောင်းခြင်းဖူးမျော်ခြင်းများကြောင့် အဆိုပါသစ်ပင်အား
ကျေးရွာကတာဝန်ရှိသူများက ဆောင့်လျှောက်ထားကာ ဘုရားဖူးလာ
သူများကို့ နေစဉ်သားသတ်လွတ်ထမင်းဖြင့်ဧည်ခံကျွေးမွေးလျှက်ရှိသ
ည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment