Monday, October 31, 2016

တောင်သူကျေနပ်မှုမရှိဟုဆို

"ဘိုးဘွားပိုင်မြေတွေကို တပ်မတော်ကသိမ်းဆည်းခဲ့သည့်အပေါ်
မြေယာအငြင်းပွားပြသာနာကို ခရိုင်မှူး တပ်ပိုင်မြေဆုံဖြက်ပြောဆို
တာကို မူလတောင်သူများကျေနပ်မှု့ဟုဆို"
===========================================
မန္တလေး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ်ကိုင်မြို့နယ် ခံလူး
ကျေးရွာ ဒေသခံတောင်သူများ၏ဘိုးဘွားပိုင် မြေယာမြေများကို
တပ်မတော် စစ်ဖက်ဆိုင်ရာလုံခြုံတပ်(လေ)တောင်သူများစိုက်ပျိုး
ထားသည့်စိုက်ခင်းများအတွင်း ခြံစည်းရိုးများလာကာခြင်း အိမ် ၃
လုံးအထိဖျက်စီးခဲ့များကို ဇွန်လိုင်လအတွင်းက မြေယာအငြင်းမှု
များကို တိုင်းဒေသကြီးအစိုးရပါ သက်ဆိုင်ရာဌာနဆိုင်ရာအသီသီ
ကိုတင်ခဲရာ အောက်တိုဘာလ ၃၀ နေ ကခရိုင်မြို့နယ်က ဒေသခံ
တောင်သူများကို ၎င်းခန်မတွင်ခေါ်ယူကာ တက်မတော်ပိုင်မြေဟု
ပြောခဲ့သဖြင့်ဒေသခံများကျေနပ်မှုမရှိကြောင်းပြောသည်။

"ကျွန်တော် ခံလူးကျေးရွာဒေသခံတောင်သူများလုပ်ကိုင်စားလျှက်
ရှိသော မြေယာတွေကို အမျိုးသားထောက်လှမ်းရေးတပ်ကနေ
၂၀၀၀/၂၀၀၁ခုနှစ်ကဧကပေါင်း ၆၈.၈ကကိုသိမ်းဆည်းသွားခဲ့
ပါတယ် နစ်နာကြေးလျော်ကြေးလုံးဝမပေးခဲ့ပါဘူး နောက် ၂၀၀၄/
၂၀၀၅ခုနှစ်မှ တပ်မတော် စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်
(လေ)ကလွဲယူပြီး ဧက ၂၀ လောက်ဘဲအသုံးပြုထားသဖြင့်ဒေသခံ
တောင်သူတွေပို့လျှံမြေဧက ၅၀ ခန့်တွင် သိမ်းဆည်းစဉ်ကနေယနေ
အချိန်ထိ ကိုယ်မြေယာများအပေါ်စိုက်ပျိုးလုပ်ကိုင်စားသောက်လျှက်
ရှိတာကို ၂၀၁၆ ခုနှစ် စရဖ လေတပ်က ခြံဝင်များလာခတ်သဖြင့်
ဒေသခံတောင်သူတွေနဲ့ မြေယာအငြင်းပွာမှုဖြစ်ပွားခဲ့ပြီးဒေသခံ
တောင်သူများကိုတရားစွဲတာတွေကို အထက်အဆင့်ဆင့်တိုင်းကြား
ထားခဲ့တာကိုယနေ့  ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေး
မှူးက တပ်မတော်ကသိမ်းထားသောမြေဖြစ်သဖြင့် ကျွန်တော်တို့
တောင်သူတွေမပိုင်ဘူးဟုပြောလိုက်ပါတယ် ဒါဥပဒေမဲ့မတရားမှု့
ဖြစ်နေပါတယ် တောင်သူတွေ လက်တွေ့စိုက်ပျိုးလုပ်ကိုင်နေတာ
ကိုမတရားအနိုင်ကျင့်ခံနေရကြောင်း ဒေသခံဦးစိုးဆွေကပြောသည်။

အဆိုပါဒေသခံတောင်သူတွေထံကသိမ်းဆည်းထားသည့် မြေဧက
၆၈.၈ အပေါ်တွင် ဧက ၂၀ ခန့်အသုံးပြုထားသောလည်း ဒေသခံ
တောင်သူမျာက အဆောက်ဦးတည်ဆောက်ပြီး နိုင်ငံတော်အတွက်
အကျိုးရှိစွာအသုံးပြုထားသညါ့မြေများကို ဘာတစ်ခုမှမကန့်ကွက်
လိုကြောင်း ပို့လျှံမြေများအပေါ်ထိ တိုးချဲကာ ယူလာသဖြင့် စိုက်
ခင်းများအဖျက်အစီးခံရသဖြင့် သိမ်းဆည်းခံမူလတောင်သူ ၃၀ခန့်
က ဇူလိုင်လ ၂၇ နေ့ က သွားရောက်တားဆီးခဲ့သဖြင့် တောင်သူ
ပုဒ်မ ၄၄၇ /၄၂၇ တို့ဖြင့်တရားစွဲခံနေရသဖြင့် မြေယာအငြင်းပွား
မှုများကို တိုင်ကြားစာများပို့ကာ တိုင်ကြားခဲ့သဖြင့် တိုင်းဒေသကြီး
အစိုးရက စီစစ်ပေးမည်ဟု သိထားရပြီး အောက်တိုဘာလ ၃၀
နေ့က ဒေသခံတောင်သူများကိုခေါ်ယူ၍ တပ်မတော်ကသိမ်းယူ
ထားသဖြင့်ဒေသခံတောင်သူများပြန်မရှိပါက ၎င်းမြေအားမှီခိုလုပ်
စားနေကြသူများအလုပ်လက်မဲ သားသမီးများပညာရေးစားဝတ်နေ
ရေးများစွာအခတ်အခဲရှိကြောင်း တောင်သူများကပြောပြ၍သိရ
သည်။

"မြေမှန်သမျှ အစိုးရပိုင်တယ်ဆိုတာ ကျွန်တော်လည်းသိပါတယ်
အစိုးရအတွက်အကျိုးရှိမယ်ဆိုသိမ်းတာလက်ခံတယ် တပ်မတော်
ကရော မြေပိုင်လား ဥပဒေမဲတော့မလုပ်သင့်ဘူး ဒီမြေတွေကို
လက်တွေမှီခိုစားသောက်နေကြရတဲ့ ကျွန်တော်တို့မိသားစုတွေ
တောင်သူအလုပ်ဘဲလုပ်တပ်တာ ဘာလုပ်စားရမှာလည်းဗျာ
ယနေ့ တောင်သူတွေကိုခေါ်တွေ့တယ်ဆိုလိုသွားတယ်ကျောက်ဆည်
ခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးဦးမြင်နိုင်က ပြောတယ်တပ်ပိုင်မြေ
ဖြစ်သွားပြီဟုပြောတော့ လက်ရှိစိုက်ပျိုးနေသူအားလုံးဒုက္ခတွေ့
နေရကြောင်းဒေသခံတောင်သူဦးမျိုးအောင်ကပြောသည်။




posted from Bloggeroid

No comments:

Post a Comment