Monday, October 17, 2016

ဒုတိယကမ္ဘာစစ်လေယာဉ်နုတ်ဆက်ပျံသန်း

C-47 လေယာဉ်သည် မန္တလေးမြို့ကောင်းကင်ယံတွင် နုတ်ဆက်ပျံသန်းမည်
---- ------ ------ ------ ----

ဒုတိယကမ္ဘာစစ်အတွင်းမှ C-47 လေယာဉ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အောက်တိုဘာ ၁၄-ရက်၊ မွန်းလွဲ ၃-နာရီက ဆင်းသက်ရောက်ရှိခဲ့ပြီး ၁၅-ရက်နေ့နံနက်တွင် မန္တလေးမြို့ ကောင်းကင်ယံတွင် ၀ဲပျံပြီးနောက် တရုတ်နိုင်ငံသို့

ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

သြစတေးလျနိုင်ငံမှ ထွက်ခွာလာကာ စကာင်္ပူ၊အင်ဒိုနီးရှား(ဘာလီ)၊ထိုင်းနိုင်ငံ(ချင်းမိုင်)မှ တဆင့် ရောက်ရှိခဲ့၍ တစ်ညတာရပ်နားကာ ၁၅-ရက်နံနက်ပိုင်းတွင် မန္တလေးမြို့ ကောင်းကင်ယံ ပျံသန်းပြီး တရုတ်နိုင်ငံ၊ဟန့်တောင် တန်းသို့ ပျံသန်းထွက်ခွာမည်ဖြစ်သည်။

" လေယဉ်ရဲ့သက်တမ်းက ၇၂နှစ်ရှိပါပြီတရုတ်ပြည်ကွေလင်ပြတိုက်မှာထားရှိမှာဖြစ်ပါတယ်။ လေယဉ်အင်ဂျင် အဆင်မပြေလို့ ကြားထဲမှာတစ်လခွဲလောက်ရပ်နားခဲ့ရတယ်။ လေယာဉ်မှူးလေးဦးနဲ့ အကူတစ်ဦး ပါဝင်တယ် ။မြန်မာပြည်သူတွေကို နုတ်ဆက်တဲ့အနေနဲ့မန္တလေးမြို့ ကောင်းကင်ယံမှာ တစ်ပတ်ပျံသန်းမယ်။” လေယာဉ် မှူး-Tom Claytorပြောသည်။

မန္တလေးမြို့တွင် တညအိပ်ရပ်နား၍ ဟမ့်တောင်ကုန်းတစ်လျှောက်ပေါ်ဖြတ်သန်းမောင်းနင်ကာတရုတ်နိုင်ငံ၊ ကွေ့လင်မြို့ (Guilin) ရှိ ကျားပျံအမွေအနှစ်ပြတိုက် (Flying Tiger Heritage Museum)တွင် ထားရှိပြသသွား မည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံနှင့် အမေရိကန်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

No comments:

Post a Comment