"လွိုင်လွင်ခရိုင်အတွင်းမြို့နယ်များပူးပေါင်း၍မူလမြေပိုင်ရှင်များဆန္ဒဖော်
ထုတ်သွားမည်ဟုဆို"
=============================================
ရှမ်းပြည်နယ်တောင်းပိုင်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ပေါ်တွင် ဘိုးဘွား
ပိုင်မှုလတောင်သူများထံကသိမ်းဆည်းထားသည့်မြေယာများပြန်ရရှိ
ရေး တောင်သူအင်အား ၁၀၀ ဖြင့် အောက်တိုဘာလအတွင်းဆန္ဒဖော်
ထုတ်သွားမည်ဟုဒေသတောင်သူများကပြောသည်။
"ကျွန်တော် တောင်ယာမြေတွေကို ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်းကာ
၁၉၉၀ ခုနှစ်အထိ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော မြေတွေကို ၁၉၉၅
ခုက တပ်မတော် သိမ်းယူပြီး တပ်တည်ဆောက်မည်ဟု အမည်ပြကာ
သိမ်းဆည်းသွားပြီး ယနေ့အချိန်ထိ တပ်လည်းမတည်ဆောက်ဖြစ်ပါ
မူလပိုင်များကိုလည်းပြန်မပေးဘဲ မြို့နယ် မြေစာရင်းဌာန အထွေထွေ
အုပ်ရေးတို့က အကွက်ရိုက်ရောင်းစားမှုများရှိသဖြင့်ဒေသခံ တောင်သူ
တွေစုပြီး ဒီလအတွင်းဆန္ဒဖော်ထုတ်သွားမည်ဟု ဦးစိုင်းမွန်းကပြော
သည်။
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ ပင်လုံမြို့ နမ်းစန်မြို့
နယ်များအတွင်းဒေသခံတောင်သူ ၁၀၀၀ ကျော်ထံကမြေ တပ်မတော်
စစ်ဆေးကွတ်ကဲရေးဌနချုပ် က တပ်မတော်စိုက်ခင်းအတွက်မြေသိမ်း
ခြင်း တပ်တည်ဆောက်ရန်အတွက်မြေသိမ်းယူခြင်းများနှင့် ဘိုးဘွားပိုင်
မူလပိုင်ရှင်းရှိသော မြေများအပေါ် မြို့နယ်ရှိမြေစာရင်းဌာနများနှင့်
အထွေထွေအုပ်ချုပ်ရေးဌာနတို့က အစိုးရသစ်လက်ထက်တွင်အကွက်
ရိုက်ရောင်းစားခြင်းများရှိသဖြင့် ဒေသခံတောင်သူတွေ အောက်တိုဘာ
လအတွင်းဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကျွန်မတို့အဖိုးလက်ထက်ကနေ ယနေအချိန်ထိ လုပ်ကိုင်စားနေသော
မြေဧကပေါင်း ၃၀ ကျော်ပေါ်တွင် ပင်လုံမြို့နယ်မြေစာရင်းဌာနက
အကွက်ရောင်းစားတဲ့အထိ ကျွန်မတို့မသိရဘူး ကျွန်မတို့မြေထဲ့ကိုဝယ်
ယူထားသူတွေက အထောက်အထားမြေပိုင်ဆိုင်ခွင်တွေနဲ့ လာရောက်
ဝင်ခတ်တော့မှသိရတာ ရှေ့မျက်နာသာ အားလုံးကို ပင်လုံမြို့နယ် မြေ
စာရင်းဌာနက ရောင်းထာတာကို အထက်အဆင့်ဆင့်တိုင်ကြားခဲ့တာ
ဘယ်သူမှအရေးဆောင်ပေးခြင်းမရှိဘူး ကျွန်မလို့ခံရသူတွေအများကြီး
ရှိတယ်ဒါကြောင့် လွိုင်လင်မြို့ရယ် နမ့်စန်ရယ် ကျွန်မတို့ပင်လုံမြို့ ၃ မြ်ု့
ကမြေသိမ်းခံတောင်သူတွေ စုပြီး လွိုင်လင် မြို့ပေါ်ဆန္ဒဖော်ထုတ်သွား
မည်ဟုမနန်းဥမ္မာမြင့်ကပြောသည်။
ကျွန်မတို နမ့်စန်မြို့ ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုကာ မြေကွက်တွေချ
ပေးတယ် အဲဒီမြေကွက်မြေပြင်အကွက်မရိုက်ခင် တပ်မတော်ကသိမ်း
တယ် စိုက်ပျိုးခြင်းမရှိဘူး အဲဒီတပ်ပြောင်းသွားတယ် မူလပိုင်ရှင်အဖြစ်
ကျွန်မတို့ကို ပြန်မပေးဘဲ မြို့နယ်မြေစညဌာနက တစ်ခြားသူတွေရောင်း
စားထားတယ် လက်ရှိအစိုးလက်ထက်ကျွန်မကိုယ်တိုင်မဲပေးထားသူတွေကရောင်းစာ
တယ် မြို့နယ်စည်ပင်လည်းပါတယ် ဒါတွေမကျေနပ်လို့ လွိုင်လင်မြို့ပေါ်
ဆန္ဒဖော်ထုတ်ပွဲပါဝင်သွားမည်ဟု နမ့်စန်မြို့က ဒေါ်ခင်စုကပြောသည်။
အဆိုရှမ်းပြည်နယ်တောင်ပိုင်းဒေသ မြေယာမတရားမှုများကို အောက်
တိုဘာလ မကုန်ခင်တရားဝင်ခွင့်ပြုချက်ယူကာ ဒေသခံတောင်သုများ
မြေယာကိစ္စဖြစ်လွိုင်လင်မြို့ပေါ်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း
ဒေသခံများထံကသိရသည်။

posted from Bloggeroid
No comments:
Post a Comment