Sunday, October 16, 2016

လျွိုင်လင်မြို့ သတင်းကျွတ်ပွဲတော်


"ရှမ်းပြည်နယ်တောင်ပိုင်းလျွိင်လင်မြို့တွင် သတင်းကျတ်လပြည်နေ့
ပန်းခင်းလမ်းဆွမ်းလောင်းပွဲတော်နှင့်ရိုးရာမီး ဗုံးပျံလွှတ်ပွဲကျင်းပ"
============================================
လျွိုင်လင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း လျွိုင်လင်ခရိုင် လျွိုင်လင်မြို့တွင် သတင်းကျွတ်
လပြည့်နေ့ ည ပန်းခင်းလမ်း မီးပူဇော်ပွဲနှင့် ရိုးရာ မီးဗုံးပျံစေလွှတ်ခြင်း
နှင့် လပြည်ကျော်တစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကျင်းပ
တာဖြစ်ကြောင်းဒေသခံတွေကပြောသည်။

"ကျွန်တော် လျွိုင်လင်ဒေသက ပွဲဆိုတာ သတင်းကျွတ်လပြည့်နေ့ပွဲဘဲ
ရှိတာ မြို့ကလည်းကျင်းတယ် ရပ်ကွက် ၄ ခုဘဲရှိတာ ရပ်ကွက် ၁၂၃၄
လိုဘဲခေါ်ကြတာ ဒီနေ့ညမို့လို့ အခုလိုည လူတွေမြင်ရတာ ကျန်ညတွေ
ဆို ည ၇ နာရီလောက်ဆို လမ်းပေါ်သိပ်မထွက်ကြတော့ဘူး ယနေ့
ကျင်းပတဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲက ၈၉ ကြိမ်မြောက် ပွဲဖြစ်ပါတယ်
နှစ်ရက်ကျင်းပတာ အခုည သန်းခေါင်ယံအချိန်ထိ လူငယ်တွေ မီးဗုံး
ပျံလွတ်မယ်မနက်ဖြန်လဲ ထက်လွတ်မယ် နေခင်းဘက် ရဲလောင်းအတွင်း ဆွမ်းဆန်စိမ်းဆလာင်းမယ်ဟုဒေသခံ ကိုမျိုးကပြော
သည်။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့ မီးဗုံးပျံလွတ်တာအလွန်ပျော်တယ်
တောင်ကြီး တန်ဆောင်တိုင်လည် ဒီကလူငယ်တွေ သွားရောက်လွတ်
ပါတယ် ဒီနှစ်တော့ ပြိုင်ပွဲဝင်အဖွဲ့နဲ့ တောင်ကြီးမြို့တန်ဆောင်တိုင်ကို
ဝင်ပြိုင်မယ် နှစ်တိုင်တော မပြိုင်ဖြစ်ဘူး ပိုက်ဆံအရမ်းကုန်တာ တစ်နှစ်
ယှဉ်ပြိုင်ဆိုတာ မလွယ်ဘူးဘု ဒေသခံလူငယ်တစ်ဦးကပြောသည်။

အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း လျွိုင်လင်ခရိုင် လျွိုင်လင်မြို့ဟာ
တောင်ပေါ်ဒေသ တိုင်းရင်းသားများနေထိုင်ကြကာ လမ်းပန်းဆက်
သွယ်ရေး အခတ်အခဲများရှိပြီ ယခင် နယ်မြေ အေးချမ်းမှုမရှိခြင်းတွေ
ကြောင့် အခတ်အခဲတွေရှိခဲ့သောကြောင့် တစ်ခြားမြို့များကဲသို့ ပွဲတော်
ကိုစည်းကားစွာ မကျင်းပနိုင်ခဲတာတွေရှိကြောင်း တိုင်းရင်းသားလက်
နတ်ကိုင်းများအနေဖြစ် ငြိမ်းချမ်းရေးယူထားပြီးကာလမို့ ယနေ့ခေတ်
အရောက်မှ လွတ်လပ်စွာ နေထိုင်သွားလာခွင့်ရှိသောနယ်မြေအဖြစ်
ပန်းခင်းလမ်းမီးထွန်းပွဲ မီးဗုံးပျံလွတ်တင်ခြင်း ဆွမ်းဆန်စိမ်းလောင်းလှူ
ပွဲကျင်းပနိုင်ကြောင်းဒေသခံများ၏ပြောချက်အရသိရသည်။
စိုင်းထူးခန့် 


posted from Bloggeroid

No comments:

Post a Comment