
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဖြုတ်ချပေးရန်ဆန္ဒထုတ်ဖော်"
==
မန္တလေး အောက်တိုဘာ ၁၁
မန္တလေးအမရပူရမြို့နယ် ဝဲကြီးဆင်ရွာဓါးမဦးချစိုက်ပျိုးလုပ်ကိုင်ခဲ့သော
မြေပေါ်တွင် စိုက်ပျိုးနေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများရှိသော်လည်း
ယနေ့ခေတ် အစိုးရလက်ထက်ရောက်မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ
မှုကော်မတီက ဒေသခံ ရွာသားတစ်ချို့ကို တရားစွဲထားသဖြင့် ကျေနပ်
မှုမရှိလို့ မြို့ပေါ်တက်၍ဒေသခံ လူအင်အား ၁၀၀ ခန့် ဖြင့် လမ်းလျောက်
ဆန္ဒဖော်ထုတ်ကြကြောင်းသိရသည်။
"ကျွန်တော် တလင်းကြီးကျေးရွာ အုပ်စု ဝဲကြီးဆင်ရာကနေ လာပြီ
အမရပူရမြို့နယ် လယ်ယာမြေစီမံခန်မှုကော်မတီ ကို ဆန္ဒပြရတာက
ကွင်းအမှတ် (၅၈၄/၅၈၅ )မိုးထိအောင်စည်တောရကျောင်း ရိပ်သာ၏
တောင်ဘက်ရှိ မြေယာများပေါ်တွင် မူလပိုင်ရှင်တောင်သူများမှ ဘိုးဘွားအစဉ်အဆက်မှစ၍ ယနေ့အချိန်ထ နှစ်ပေါင်းများစွာအချေချ
လုပ်ကိုင်စားသောက်နေထိုင်ခဲတာ အိမ်ချေ ၁၀၀ ကျော်ရှိတယ် အရင်
အစိုးရလက်ထက်အဆက်ဆက်ကနေထိုင်လာခဲ့ကြတာ အခုမှနေ
တာမဟုတ်ဘူး ကျွန်တော်တို့ငယ်စဉ်က အဲဒီမြေနေရာတွေက ဇီပင်များ
စိုက်ပျိုးအဖိုးအဘွားမျာက်လက်ထက်ထဲ့က လုပ်ကိုင်စားလာသော
ယာမြေတွေပါ ကျွန်တော်တို့ရွာက နှစ်စဉ် ဒုဋ္ဌဝတီမြစ်ရေကြီးသည့်
ရေဝင်မြေတွေပါ အိမ်ခြေထပ်မံတိုးချဲ့လိုလဲမရပါဘူး ကျွန်းရွာလေးပါ
အနာဂတ်ကလေးတွေ ကျောင်းသားတွေအတွက် အဆင်ပြေသည့်
နေရာကို နှစ်ပေါင် ၃၀ ကျော် တိုးချဲနေလာကြတာကို ရွာသား ၃ ဦးထဲ့
ကပ်၍တရားစွဲခံ ရလို့  တစ်ရွာလုံးထွက် ဆန္ဒဖော်ထုတ်ကြကြောင်း
ဦးဆောင်ဆန္ဒပြသူကိုမြင့်ခိုင်ကပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်သူများက အမရပူရမြို့နယ် တောင်သမန်အင်း
အနောက်မြောက်ဒေါင့်ရှိ ပုထိုးတော်ကြီးဘုရားအနီး ကွင်းအတွင်း
ကနေ နံနက် ၁၀ နာရီအချိန်ကစတင်၍ ကွမ်းသီးတန်း လမ်းအတိုင်
အနောက် စစ်ကိုင်း မန္တလေး လမ်းမကြီး အတိုင်း တောင်ဘက်
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးးရုံ မြောက်ဘက်ကနေ ပိန်တန်းလမ်း
ကွေ့ကာ လာရာလမ်းအတိုင် စုရပ်နေရာကိုလှည့်ကာ ဝဲကြီးဆင်ရွာမြေ
ဘယ်သူ့မြေလဲ ငါတို့မြေ ငါတ်ု့မြေ အမရပူရလယ်စီကော်မတီဘက်လို
က်နေမှု ဖြေရှင်းပေး ဖြေရှင်းပေး တရားဥပဒေကို မျာက်ကွယ်ပြုတဲ
အမရပူရ လယ်စီ အရေးယူပေး အရေးယူပေး အမရပူရလယ်ယာမြေ
စီမံခန်ခွဲမှုကော်မတီးဖြုတ်ချရေး ဒို့အရေး ဒို့အရေး တရားဥပဒေစိုးမိုးရေး
ဒို့အရေးဒို့အရေး ဟုဟစ်ကြွေးသံများနဲ့အတူ ဆန္ဒဖော်ထုတ်နေသည်ကို
တွေ့ရသည်။
"ဒီရွာလေးက အမရပူရမြို့နယ်အစွန့် ဒုဋ္ဌဝတီမြစ်ဘေးက ရေဝင်တဲ့ရွား
လေးဗျာ ယာမြေအတွင်း စိုက်ပျိုးရင် နေထိုင်လာကြတာ နှစ်ပေါင်းများ
စွာရှိပြီး ကျေးရွာက လူဦးရေတိုးလာတော့ တိုးချဲရွာမြေ မရှိဘူး ယနေ့
ခေတ် လမ်းပန်းဆက်သွယ်ရေးကောင်းလာမှ အဲဒီရွာတွေအထိ ယာမြေများအပေါ် ကုမ္ပံဏီတွေ ခရိုနီတွေအခြားမြေသုံးစွဲလာတော့
မြို့နယ်လယ်စီမံကော်မတီက ပိုက်ဆံတွေရတယ် အဲဒါနဲ့ ဘိုးဘွားအစဉ်
အဆက်နေထိုင်နေသူတွေ ကို အိမ်တွေဖျက်ပေးပါ အကြိမ်ကြိမ်လာ
ပြောတယ် ဒေသခံတွေအနေနဲ့က အဲဒီနေရာမှ မနေရင်နေစရာမြေမရှိ
သူ အိမ်ခြေ ၁၀၀ ကျော်ရှိတယ် ရွာကသြဇာရှိသူ ၃ ဦးကို တရားစွဲလို့
တစ်ရွာလုံးထွက်ပြီ ယနေ့ဆန္ဒပြကြတာဟု အထက်မြန်မာပြည်အလုပ်
သမားလယ်သမားကူညီချတ်ဆက်ပေးရေး မန္တလေး(FNIFL)ကဗဟို
ကော်မတီဝင် ဦးအေးသိန်းကပြောသည်။
အမရပူရမြို့နယ် လယ်စီရုံရှိရာသို့ သတင်းသမားများသွားရောက်မေး
မြန်ခဲ့ရာ တာဝန်ရှိသူမရှိသဖြင့် ဖြေကြားခွင့်မရှိကြောင်း ဝဲကြီးဆင်ရွာ
ဒေသခံ ၃ ဦးဖြစ်သော ဦးမြင့်ခိုင် ဒေါ်သိန်းဝင်း ဦးအုန်းငွေ တို့ကို့
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဝါရိလ ၂၆ ရက်နေ့ ၂၀၁၅ ခုနှစ်က ရုံးအမိန့် အမှတ် ၁၇/၂၀၁၅ ၁၉/၂၀၁၅ တို့ဖြင့်အရ တရားစွဲဆိုကြောင်း
ကြားသဖြင့် မြို့နယ်တရားရုံး ၂၀၁၅ ခုနှစ် ရာဇသတ်ကြီးပုဒ်မ ၁၅၈/
၂၀၁၅ ၁၆၁/၂၀၁၅တို့ဖြင့် မွေးမြူရေးနှင့်ကုသရေးဌာန ဦးစီးအရာရှိ
ဒေါ်သူဇာမြင့်က တရားလိုပြုလုပ်၍ လယ်ယာမြေ ဥပဒေပုဒ်မ(၃၅)
အရတရားစွဲဆိုခံရသဖြင့် အစိုးရသစ်လက်ထက် အမှုပိတ်သိမ်းပေး
ရန်အသနားခံစာများအကြိမ်ကြိမ်တင်ခဲ့သော်လည်းဆောင်ရွက်ပေး
ခြင်ူမရှိလို အခုလိုဆန္ဒဖော်ထုတ်ကြကြောင်းဒေသခံတွေထံကသိရသည်။

posted from Bloggeroid
No comments:
Post a Comment