"အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှု့ အလောင်း ၇၀ ထိရှာတွေ
သေဟုဆို"
စစ်ကိုင်း အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာကမ်းပါး အမြန်ရေယာဉ်တိမ်းမှောက်တွင် အောက်တိုဘာလ ၂၀ ရက်နေ့ နေ့ခင်းပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၇၀ လောင်း ရှာဖွေတွေ့ရှိထားကြောင်း ကနီလွှတ်တော်အမတ်ထံမှ သိရသည်။
" အခု မနက်ပိုင်းအထိ စာရင်းအရ စုစုပေါင်း အလောင်း ၇၀ လောင်း တွေ့ရှိရတယ်။ ဒီနေ့မနက်ခင်းမှာ ရေယာဉ်တွင်းမှာ ၈ လောင်း ထပ်ရတယ်။ ရေစကြိုမြို့နယ်ဘက်မှာ ၅ လောင်းထပ်ပေါ်တယ်။ ရေယာဉ်အောက်ထဲမှာလည်း ကျန်ပါသေးတယ် ။ နောက်ထပ် အလောင်းစာရင်း ထပ်တိုးဖွယ်ရှိပါတယ်။ ဆက်ပြီး ရှာဖွေနေဆဲပါ" ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းမှ ပြောသည်။
တမ်းမှောက်ခဲ့သည့် အဆိုပါ ရေယာဉ်ကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်က ရေပေါ်အထိ ပြန်လည် ဖော်ယူနိုင်ခဲ့ပြီး အမြန်ရေယာဉ်အထူးခန်း ၂ ခန်းတွင်းမှ အလောင်း ၉လောင်း တွေ့ရှိခဲ့သည်။
" ကျမက လွတ်လာတာ ။ လိုက်တာတော့ ရေယာဉ် အထူးခန်းက လိုက်လာတာပဲ ။ရေယာဉ်မှောက်တော့ ၆ ပတ်လောက် လိမ့်ထွက်သွားတာ ။ အစက ကလေးကို လက်ဆွဲထားတာ နောက်ပိုင်း လက်ပြုတ်ထွတ်သွားတယ်။ အခုချိန်ထိ မတွေ့ရသေးဘူး" ဟု ရေယာဉ်တိမ်းမှောက်ရာတွင် ပါဝင် ကြုံတွေ့ခဲ့သူ ကျောင်းဆရာမ တစ်ဦးဖြစ်သည့် ဒေါ်မြခက်မှ ပြောသည်။
ရေယာဉ်တွင် အထူးခန်း ၁၁ ခန်းပါရှိပြီး လတ်တလောတွင် အထူးခန်း ၃ ခန်းအား ရှာဖွေပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ရေယာဉ်ဟာ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ အောက်တိုဘာလ ၁၅ ရက်နေ့က ဆန်တက်လာသည့် အောင်စိုးမိုးကျော် ၂ အမည်ရှိ ရေယာဉ်ဖြစ်ပြီး တိမ်းမှောက်မှုကြောင့် သေဆုံးတွေ့ရှိရသည့် ရုပ်အလောင်းတချို့ကို အလောင်းနံပါတ်နှင့်အတူ ဓါတ်ပုံ မှတ်တမ်းတင်ထားရှိကာ တွေ့ရှိရသည့် လက်ဝတ်လက်စားများနှင့် ပစ္စည်းများကို ကနီမြို့မရဲစခန်းမှ ထိမ်းသိမ်းထားရှိကြောင်း သိရသည်။
စိုင်းထူးခန့် 
ဓါက်ပုံ ရန်နိုင်စိုး

posted from Bloggeroid
No comments:
Post a Comment