Thursday, October 13, 2016

မြေယာအနိုင်ကျင့်ခံရ

"လက်ရှိနေထိုင်လျှက်ရှိသောမြေပေါ်တွင် ဥပဒေမဲ့အကြမ်းဖက်ခံရသ
ဖြင့်နှစ်ပေါင်းများစွာနေထိုင်လျှက်ရှိသူမိသားစုမှဆန္ဒဖော်ထုတ်မည်ဟုဆို
"
==============================================
နေပြည်တော် အောက်တိုဘာ ၁
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျန်စစ်သား
လမ်းတောင်ဘက် ရန်ကုန် မန္တလေးလမ်းကြီးဘေးရှိ လမင်းသာစား
သောက်ဆိုင်တွင် နေပြည်တော် တပ်ကုန်းမြို့ ဒဏ္ခိဏသီရိအမှတ်(၈)
နယ်မြေ မြဝတီရပ်ကွက်အတွင်းရှိ မြေကွက်ပေါ် ၂၀၀၈ခုနှစ်ထဲက
မူလမြေပိုင်ရှင်ထံကနေ တရားဝင်ဝယ်ယူနေထိုင်သူမိသားစု ဘုရားဖူး
သွားနေစဉ် ခြံအတွင်း ခြံစည်းရိုးများဖျက်ကာ ယာယီအိမ်တည်ဆောင်
ထားသဖြင့် တပ်ကုန်မြို့မ ရဲစန်းကို တိုင်ကြားခဲသော်လည်း အမှုမဖွင့်ပေး
ဘဲ ကျူးကျော်လာသူက အမှု့ဖွင့်တိုင်ကြားတာကိုလာဘ်ယူပြီး အိမ်ရှင်ကို
တရားစွဲခဲ့သဖြင့် ကျေနပ်မှု့မရှိသဖြင့် ရဲတပ်ဖွဲ့နှင့်တရားရုံကိုဆန္ဒဖော်သွာ
းမည်ဟုအောက်တိုဘာလ ၁ ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြောသည်။

"ကျွန်မတို့ မိသားစု နေပြည်တော် ဒဏ္ခိဏသီရီမြို့နယ် နယ်မြေ(၈)မြဝတီ
ရပ်ကွက် ၂၀၀၈ ခုနှစ်ထဲ့က ကျွန်မတို့မိသားစုက တရားဝင်မူလပိုင်ရှင်
ထံကနေ အရောင်အဝယ်ခွန် တံဆိပ်ခေါင်ခွန်တွေ ဆောင်ထားပြီးဝယ်
ယူနေထိုင်နေသော မြေနေရာအား တပ်ကုန်မြို့ နေ ဒေါ်မူမူဆိုသူက
၂၀၁၁ခုနှစ်ကျွန်မတို့မိသားစု ဘုရားဖူးသွားနေစဉ် ခြံစည်းရိုးများဖျက်ကာ
ကျွန်မတို့ခြံအတွင်း ယာယီ အိမ်တည်ဆောက်ကာ တရားမဝင် ကျူးကျော်
ခဲ့သဖြင့် တပ်ကုန်မြို့မ ရဲစခန်းကို သွားရောက်တိုင်းတန်းခဲ့သော်လည်း
အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး ကျွန်မတို့မြေထဲလည်းကျူးကျော်
သေတယ် ဒေါ်မူမူဆိုသူက သူမြေပါဆိုပြီး အကြမ်းဖက်သူ အထောက်
အထားမရှိသူကို ရဲစခန်းက ကျွန်မတို့မိသားစုကို ပြန်အမှု့ဖွင့်ပေးပြီး
ဒေါ်မူမူကို မြေယာ ယာယီမှတ်ပုံတင်ပေးရန်လုပ်ဆောင်ပေးကာ
ရဲတပ်ဖွဲ့ကကူညီပေးပြီး မမှန်မကန် လုပ်ဆောင်ပေးကာ ၂၀၁၅ခုနှစ်
ဒုတိယအကြိမ် အကြမ်းဖက်ထက်မံကျူးကျော်တယ် ၂၀၁၆ခုနှစ်ဇွန်လ
၂၆ ရက်နေ့က လူအင်အား ၁၅ ရောက်ဖြင့် တတိယအကြိမ် ထပ်မံ
ဥပဒေမဲ အကြမ်းဖက်ကျူးကျော်တာမှုများလုပ်တာကို ရဲအုပ် ခင်လိုင်နှင့်
မြို့နယ်တရားသူကြီးတွေ၏ အထောက်အထားမရှိသူ ကျူးကျော်သူ
ဘက်ကလိုက်ကာ ကျွန်မတို့မိသားစုကို ပုဒ်မ ၄၄၇ ဖြင့်တရားစွဲထား
သဖြင့် ကျေနပ်မှုမရှိလို မန္တလေးကိုလာရောက်သတင်းစာရှင်းပွဲလုပ်
ုပြီး တပ်ကုန်မြို့မရဲစန်းနှင့် တရားရေးကို ဆန္ဒဖော်ထုတ်သွားမည်ဟု
လက်ရှိနေထိုင်သူဦးမောင်စိုးသမီးကြီးဖြစ်သူဒေါ်ခင်မျိုးသက်ကပြော
သည်။

"ကျွန်မတို့က ရဲစခန်းသို့ အကြိမ်ကြိမ်သွားရောက်ပြီး ခိုင်လုံသောအထောက်အထား များဖြင့် အမူဖွင့်သော်လည်း ဥပဒေ
အကြံပေးထံတင်ထားပါတယ် မကျသေလိုပါလုပ်တယ် ခိုင်လုံသော
အထောက်အထား မရှိသူ ကျွန်မတို့ မိသားစု တရားဝင်ဝယ်ယူနေလာ
သူတွေကျတော့ ပုဒ်မတွေတပ်ပြီး အမူဖွင့်ပေးတယ် မမှန်မကတ်လုပ်
ဆောင်ရွက်ချက်တွေရှိနေတာပါ ကျွန်မတို့အဖေ မူလမြေပိုင်ရှင် ထံက
တရားဝင်ဝယ်ယူထားတယ်ဆိုတာလည်း တစ်မြို့လုံးအသိပါ အဲဒါကို
မြို့နယ် ရဲတပ်ဖွဲ့နဲ့ တရားရုံးတို့က မတရားအကြမ်းဖက်သူကိုအားပေး
အားမြောက်လုပ်တယ် လာဘ်စားတယ် ဥပဒေဘောင်းအတွင်းက
လူတွေပါဝင်ပြီး မိသားစု အေးချမ်းစွာနေထိုင်နေတာကို လာရောက်
အကြမ်းဖက်တာခံနေရလို ဆန္ဒဖော်ထုတ်သွားဖို့အတွက် မန္တလေးက
သတင်းမီဒီယာတွေ လာဖိတ်ရင် သတင်းစာရှင်ပွဲပြုလုပ်၍ပြောတာဟု
ဒေါ်မြင့်မြင့်မွန်ကပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ ဒုရဲမှူးကြီး ခင်လိုင်ကိုဆက်သွယ်မေးမြန်ခဲ့
ရာ ကျူးကျော်သူက ပုဒ်မ ၄၄၇ နဲ့ပြန်တရားစွဲတာကို ကျွန်တော်တို့အနေ
ဖြင့် အမှု့ဖွင့်ပေးတာမဟုတ်ပါဘူး သူကမူလမြေပိုင်ရှင်ပါလို ပြောလို့
အမှုဖွင့်ပေးခဲ့တာပါ ဒေါ်မူမူက သူမှအထောက်အထားရှိတယ်ဆိုလို့
ဦးမောင်စိုးတို့ မိသားစုက ဖွင့်တလည်းလက်ခံ ဖွင့်ပေးထားပါတယ်
ဥပဒေအရာသူတို့ တရားရုံမှဖြေရှင်ရမယ်ကိစ္စဖြစ်ပါတယ် ဟုဒုရဲမှူး
ခင်လိုင်ကဖြေးကြားခဲ့သည်။



posted from Bloggeroid

No comments:

Post a Comment