မန္တလေးမြို့မှ ဓမ္မာရုံတစ်ခုအတွင်း ဝတ်ရွတ်ပူဇော်နေစဉ် အသံချဲ့စက်ကြိုး ဝင်ဖြုတ်ခဲ့သော နယ်သားလန် နိုင်ငံသားအား ထောင်ဒဏ် သုံးလ နှင့် ငွေဒဏ် ကျပ်တစ်သိန်း ပြစ်ဒဏ်ချမှတ်
စက်တင်ဘာလ ၂၃ ရက်နေ့ ည ၉နာရီကျော်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂လမ်းနှင့်၈၃လမ်းကြား ရှိ Four Raiver View Hotel တွင် တည်းခိုနေထိုင်နေသော နယ်သာလန် နိုင်ငံသား Mr Kalass Haijtema သည်

ဟိုတယ်ရှေ့ရှိ သုစာရိတ ဓမ္မာရုံတွင် ပရိတ်ရွတ်နေစဉ် အသံကျယ်လောင် ဆူညံသည် ဟု ဆိုကာ ဓမ္မာရုံအတွင်း ဖိနပ်စီးဝင်ပြီး အသံချဲ့စက်ဆောင်းဘောက် နှစ်ခု မှ ဝါယာကြိုးများကို သွားရောက် ဖြုတ်ယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ၄င်းအား မဟာအောင်မြေမြို့နယ်ရဲစခန်းတွင် လဝကဥပဒေပုဒ်မ ၄(၂) /၁၃ (၁) နှင့် သာသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅ တို့ဖြင့် အမှုဖွင့် ထားပြီး အောက်တိုဘာလ ၄ရက်နေ့က စတင်ကာ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆွဲချက်တင် စစ်ဆေးခဲ့ ဖြစ်သည်။
အဆိုပါအမှုအား အောက်တိုဘာလ ၆ရက်နေ့ မွန်းလွှဲ နှစ်နာရီက မဟာအောင်မြေမြို့နယ်တရားရုံးတွင် စစ်ဆေးခဲ့ပြီး မြို့နယ်တရားသူကြီးက ထောင်ဒဏ်သုံးလ နှင့် ငွေဒဏ် ကျပ်တစ်သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နယ်သာလန်နိုင်ငံသားကို ဓမ္မာရုံအတွင်း ဖိနပ်စီးဝင်ခြင်း နှင့် အသံချဲ့စက် ကြိုးများ ဖြုတ်ခြင်းကြောင့် ဘာသာသာသနာတစ်ခု၏ အထွဋ်အမြတ်နေရာများတွင် ယုတ်ညံစွာပြုမူခြင်း နှင့် အကျိုးတစ်စုံတစ်ရာ ဆုံးရှုံးမှု ဖြစ်စေခြင်း နှင့်ဆိုင်သော သာသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ ဖြင့် တရားစွဲခြင်းဆို ခံရခြင်းခံခဲ့ရသည်။
ဖိနပ်စီးခြင်းမှာ ဆန္ဒစောလျှင်စွာ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ယုတ်ညံစွာပြုမူသည်ဟု ယူဆရန်ခဲယဉ်းပြီး အကျိုးစီးပွားဆုံးရှုံးမှုမရှိခြင်းတို့ကြောင့်
အထမမြောက်သော်လည်း အသံချဲ့စက် ကြိုးများကို ဖြုတ်ခြင်းကြောင့် ပူဇော်ရွတ်ဖတ်ပွဲအား အနှောက်အယှက်ဖြစ်စေသောကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၆ အရ ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ နယ်သာလန် နိုင်ငံသားသည် အွန်လိုင်းဗီဇာဖြင့် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခြင်း ဖြစ်ပြီးြုမန်မာနိုင်ငံ ၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်ခြင်း မပြုလုပ်ရဟူသော ဗီဇာစည်းကမ်းများကို မလိုက်နာသောကြောင့် လဝကဥပဒေပုဒ်မ ၄(၂) /၁၃ (၁) ဖြင့်
တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရပြီး
အထက်ပါ ပြစ်မှုတွင် ပြစ်ဒဏ်ချမှတ်ခြင်းခံရသောကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာ တွင် တရားဥပဒေချိုးဖောက်ကျူးလွန်မှု ထင်ရှားသောကြောင့် ငွေဒဏ် ကျပ်တစ်သိန်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပြီး ငွေဒဏ်မပေးဆောင်နိုင်ပါက အလုပ်နှင့်ထောင်ဒဏ် ၆လ ကျခံရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
ဝင်းနိုင်ဦး

posted from Bloggeroid
No comments:
Post a Comment