"စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန သစ်တောဌာနက
သစ်တောပိုင်မြေဟုဆိုကာ ကုမ္ပံဏီဂုဏ်သိက္ခာညှိးနွမ်းအောင် သစ်တောဥပဒေပုဒ်မ၄၀(ဂ)ဖြင့်တရားစွဲနေခြင်းအားတွေ့ဆုံညှိနိုင်း
=============================================
စစ်ကိုင် အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံကျေးရွာအုပ်စု ကွင်းအမှတ် ၇၆၀ ဦးပိုင်
(N-၆၄)ရှိ မြေဧရိယာ(၁၀.၃၁) ဧက ကွင်းအမှတ်(၇၆၀) ဦးပိုင်(N-၆၉)
ပိုင်(၂၃)ရှိမြေဧရိယာ(၁၄.၁၂)ဧက စုစုပေါင်း(၂၄.၄၃)ဧကတို့ကိုမူလမြေ
ပိုင်ရှင်များထံက ကာလပေါက်ဈေးများဖြင့် အပြီးအပိုင်လွဲပြောင်းယူပြီး
၂၀၁၅ခုနှစ်တွင် မင်းကွန်းတောင်ရိုးတိပိဋက ဓမ္မနာဒ ပရိယတ္တိစာသင်တိုက်ကို ကုမ္ပံဏီက မြေ ဧရိယာ ၁၀ ဧကလှူဒါန်းထား
သောနေရာများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်သစ်တော
ဌာနတို့က ကုမ္ပံဏီဂုဏ်သိက္ခာညှိးနွမ်းအောင် သစ်တောဥပဒေပုဒ်များ
တပ်ကာတရားစွဲခဲ့သဖြင့် ကုမ္ပံဏီ ပိုင်ရှင်၏ တိုင်းကြားချက်များအရ
အောက်တိုဘာလ ၃ ရက်နေ့က စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
"ကျွန်တော်ဟာ ရပ်ရွာဖွံဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တက်စွမ်း
သလောက် လှူဒါန်းခဲ့သည့် မြေများကို ကျေးရွာဥက္ကဌအဖွဲ့များနှင့် လက်ပံ
ရွာသူရွာသားများမှ ဝိုင်းဝန်းကူညီမြေညှိနေချိန် ကိုအောင်နိုင်ဝင်းဦးဌေး
ဦးပြုံးမောင် ဦးအောင်သန်း ဒေါ်လှလှ ဦးသိန်လွင်တို့ ၆ ဦးမှ ၎င်းတို့
ရောင်းပြီးသားမြေကွက်များကို လူရမ်းကားဆန်ဆန်ငွေ ၁၅ သိန်းပေးရန်
တောင်းဆိုရာ ကျွန်တော်တပည်များက မပေးနိုင်ကြောင်းပြောသဖြင့်
၎င်းတို့ထဲမှ ၄ ဦးက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ရာ စစ်ကိုင်းတိုင်းဒေသ
ကြီး တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦးက ပြသာနာအသေစိတ်မသိရှိဘဲ ၎င်း တစ်ဦးတည်းသဘေားဖြင့်
ဒီမြေဟာ ဘယ်သူမှမပိုင်ဘူး ငါတို့အားလုံးပိုင်တယ် အရောင်းအဝယ်လုပ်လို့ မရဘူး မြေညှိနေတာရပ်ပေးပါ မပြေလည်ရင်
ရွာသားတွေ ဆန္ဒပြမယ်ဟု ဥပဒေမဲ့ ခြိမ်းခြောက်ပိတ်ပင်ခဲ့ပါတယ်
ကျွန်တော်လုပ်ဆောင်နေခြင်းဟာ ပိုင်ဆိုင်မှုအထောက်အထားပုံစံ(၇)
မြေစာရင်းမှ ရရှိခဲ့ခြင်းကြောင့် တိုင်တန်းခြင်းကို စစ်ကိုင်း မြေစာရင်း
ခရိုင်ရုံက ယနေ ခေါ်ယူတွေ့ဆုံတာပါ ကျွန်တော် ရွာသာူများထံက
တရားဝင်ဝယ်ယူပြီး မင်းကွန်းတောင်ရိုးတိပိဋက ဓမ္ဗနာဒပရိယတိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္ဓမာလာ
လင်္ကာရအရှင်သူမြတ်အား ကျောင်းတိုးချဲတည်ဆောက်ရန် ၁၀ ဧက
ကျေးရွာတိုက်နယ်ဆေးရုံအတွက် မြေလှူဒါန်းပေးပြီး အဆိုပါမြေနေရာ
ကို မြေညှိပေးတာကို ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက ကုမ္ပံဏီအတွင်းဝင်
ရောက်လာပြီး အာဏာအလွဲသုံးစားပြုကာ လုပ်ဆောင်ခဲသဖြင့်သိက္ခာ
ကျတယ် မလိုအပ်ပြသာနာတွေ လိုက်ရှင်းနေရကြောင်း ကမ္ဘာမြေအောင် ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်ကပြောသည်။
အဆိုပါမြေနေရာများကို ကုမ္ပံဏီက လက်ပံကျေးရွာ ရပ်မိရပ်ဖများရှေ့
တွင် ၁၂.၁၂.၂၀၁၅ အပြီးလွဲပြောင်းလှူဒါန်းခဲသည့်အချိန်တွင် ယခင်
မြေရောင်းချထားသူ ၆ ဦးပေါင်း၍ ငွေ ၁၅ သိန်းကို လူမိုက်ဆံဆံ မိုက်
ကြေးခွဲတောင်းခံတာမပေးလို့  ၎င်းတို့ပြသာနာရှာခြင်းလည်းခံရ
ဝန်ကြီးဦးစိုးဦးက ဘာမသိညာမသိ စုံစမ်းမေးခြင်းမရှိ သစ်တောမြေလည်းမဟုတ် နေရာကိုသစ်တောါဥပဒေပုဒ်မ ၄၀(ဂ)
အရ အရေးယူသဖြင့် ကုမ္ပဏီက အထောက်အထားပြည့်စုံမှု့များရှိသ
ဖြင့် အထက်အဆင့်ဆင့်ကိုတင်ပြခဲရာ တိုင်တန်းစာများအရ စစ်ကိုင်း
မြေစာရင်းခရိုင်ရုံတွင် ပါဝင်ပတ်သက်သူများကိုတွေ့ဆုံစစ်ဆေးခဲကြောင်းသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid
No comments:
Post a Comment