Wednesday, October 12, 2016

သတင်းထောက်တစ်ဦးအသက်အန္တရာယ်ခြိမ်းခြောက်ခံရ

"သစ်မှောင်ခိုလုပ်သူများသတင်းရေးသားခဲ့သောသတင်းထောက်
အသက်အန္တရယ် ခြိမ်းခြောက်ခံမှု့များကြုံတွေ့နေရဟုဆို"
============================================
မန္တလေး အောက်တိုဘာ ၁၃
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အတွင်း သစ်မှောင်ခို
လုပ်ငန်းနှင့် လာဘ်ပေးလာဘ်ယူခဲ့သူများသတင်းကိုရေးသားခဲ့သော
နယ်သတင်းထောက်တစ်ဦးကို အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု့
တွေ ကြုံတွေ့နေရပါသဖြင့် ချမ်အေးသာဇံမြို့နယ် မီဒီယာစင်တာ မန္တလေ
းတွင် အောက်တိုဘာလ ၁၃ နေ့ က သတင်းစာရှင်းလင်းပွဲလုပ်၍ပြော
သည်။

"ကျွန်တော်ဟာ The Voice Daily သတင်းစာတွင် သပိတ်ကျင်းမြို့နယ်
တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိတာကိုဖော်ထုတ်
ရေးသားခဲ့သဖြင့် တရားမဝင်မှောင်ခိုလုပ်ငန်းများလုပ်ကိုင်နေသူများက
လူမိုက်များစေလွတ်ကာ အသက်အန္တရယ် ခြိမ်းခြောက်သကဲသို့ 
ကျွန်တော် သွားရာနောက် လူစိမ်းများလိုက်လာခြင်း ကျွန်တော်အိမ်
အနီးတစ်ဝှိက်တွင် ချောင်းမြောင်းလျှက်ရှိကာ အန္တရာယ်ပေးမယ်သူများ
ရှိနေပါသဖြင့် လုပ်တူကိုင်ဖက် သတင်းဆရာ ဆရာမများသိစေရန်
မီဒီစင်တာ မန္တလေးကို လာရောက် ရှင်းပြတာဖြစ်ပါတယ်။

"ဝါသနာအရ နယ်သတင်းထောက်အဖြစ်လုပ်ကိုင်ကာ သပိတ်ကျင်း
နယ်တစ်ဝှိက် မတရားမှုများဖော်ထုတ်သင်းရေးသားကာ အများပြည်
သူသိရှိစေလို၍ လည်းကောင်း သပ်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူ
သိစေလို၍လည်းကောင်း အောက်ခြေ ဝန်ထိမ်းများနှင့်တရားမဝင်သစ်
အပါဝင် မှောင်ခိုလုပ်ငန်းများ အလောင်းကစားကြောင့် သပိတ်ကျင်းမြို့
နယ် အေးချမ်းသာယာ ဖွံဖြိုးတိုးတက်ရေးအတွက် လာဘ်ပေလာဘ်ယူ
မှုများမရှိစေရန် သတင်းသမားတစ်ယောက်အနေဖြစ်ရေးသားခဲ့တာကို
မလိုမုန်းတီးသူများက လူမိုက်များစေလွှတ်ကာ အသက်အန္တရယ်လုပ်
ကြုံမည် လက္ခဏာ ပေါ်ပေါက်နေသဖြင့် နယ်သတင်းသမားတစ်ယောက် တွေ့ကြုံမှုများကို ရှင်းပြတာဟုကိုတင်
ဇော်ဦးကပြောသည်။

The Voice Daily သတင်းစာ နယ်သတင်းထောက် ကိုတင်ဇော်ဦးကို
မိမိ ရဲ့ ကိုယ်ပိုင် Face Book တွင် လွန်ခဲ့သော ၃ လခန့်က အိမ်ရှေ့အိမ်
က ၂ လုံးရောင်းလို့ ထိုးမိတာပါလို့ ရေးသားခဲ့မှု့ဖြင့် အီလက်ထနစ်
ဥပဒဖြစ် သပိတ်ကျင်းမြို့နယ် မြို့နယ်တရားရုံတွင် ရဲတပ်ဖွဲ့ဝင်များလိုင်
ကြေးယူထားပြီး ကာကွယ်ပေးထားသော အလောင်ကစားအိမ်ဖြစ်၍
နယ်သတင်းထောက် ကိုတင်ဇော်ဦးကို တရားစွဲထားဖြင့် လက်ရှိတရား
ရုံတွင် အမှုရင်နေရသဖြင့် တစ်ခြားတစ်နေရာသို့ သွားမရသည့်က
တစ်ကြောင်း သစ်မှောင်ခိုးသမားများ၏ လူမိုက်များ လုပ်ကြံမှု့များရှိ
နေခြင်းတွေ အခုဆို ကျွန်တော်မိသားစုလိုက် မန္တလေးမှာလာရှောင်
နေရပါတယ် ဘာကြောင့်လာရှောင်နေရတယ်ဆို ကျွန်တော်အိမ်အထိ
လူ ၆ ယောက်လာတယ် တင်ဇော်ဦးဆိုတာ မင်းလား နံမည်ကြီးနေလို့
ငါတို့က တောထဲ့ကနေလာကြည့်တာ စကားပြောရအောင် သူတို့ခေါ်
တယ် ကျွန်တောင် သတင်းရေးနေလိုမအားဘူးလိုပြောပြီး သက်ဆိုင်
ရာကိုအကြောင်းကြားခဲသောလည်းဘယ်သူမှရောက်မလာပါဘူး
ကံကောင်ချင်တော့ အသိ ရဲဝန်ထမ်းတစ်ဦးကျွန်တော်ထံ လာတာနဲ
အဲဒီလူတွေပြန်သွားပါတယ် ကျွန်တော်ရေးလိုက်တော သစ်တွေကို
ပိုင်ရှင်းမဲ အဖြစ်ဖမ်းသွားတယ် သူတို့လာတာ ကျွန်တော်အသက်အန္တရာယ်ပေးဖို့ပါ သူတို့က သစ်လုပ်ငန်းပိုင်ရှင်းများ
ရှိသဖြင့် သတင်းသမားအချင်းချင်း သက်ဆိုင်ရာတာရှိသူ
များသိရှိစေရန် ရေးသားဖော်ပြစေလိုကြောင်းရှင်းပြခဲသည်။


posted from Bloggeroid

No comments:

Post a Comment