Thursday, October 13, 2016

မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့တစ်ကိုယ်တော်ဆန္ဒပြ



"သပိတ်ကျင်းမြို့နယ်မှ အကျင့်ပျက်ဝန်ထမ်းများနှင့်တရားမဝင်လုပ်ငန်း
ရှင်းများကိုဥပဒေအရ အရေးယူခြင်းမရှိဘဲသတင်းမီဒီယာအပေါ်ခြမ်း
ခြောက်လာသည်ကိစ္စများတိုင်းဒေသကြီးအစိုးခြေရှင်းပေးရန် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်"
============================================
မန္တလေး အောက်တိုဘာ ၁၃
မန္တလေး အောင်မြေသာဇံမြို့နယ် မဟာဇေယျာဘုံရပ်ကွက် ၆၄လမ်း
၂၄လမ်း၂၅လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးအစိုးရရုံရှေတွင်
သပိတ်ကျင်းမြို့နယ်အတွင်းအကျင့်ပျက်ဝန်ထမ်းများနှင့်တရားမဝင်လုပ်
ငန်းရှင်းများကိုဥပဒေအရအရေးယူခြင်းမရှိဘဲသတင်းရေးသားသူနယ်
မြေခံသတင်းထောက်ကိုအသက်အန္တရာယ်ခြိမ်းခြောက်မှုများအရေးယူ
ဆောင်ရွကပေးရန် အောက်တိုဘာလ ၁၃ နေ့  နေခင်း ၂ နာရီအချိန်က
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည်ကိုတွေ့ရသည်။

"ကျွန်တော်အခုတစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရတာဟာ သပိတ်ကျင်း
မြို့နယ်အတွင်း အကျင့်ပျာက်ဝန်ထမ်းတွေနဲ့ တရားမဝင် သစ်လုပ်ငန်း
များ နွားမှောင်ခိုများ မူးယစ်ဆေးဝါးများနှင့်အလောင်းကစားများကို
သတင်းရေးသားသူ နယ်မြေခံသတင်းထောက် ကိုမိသားစုလိုက်
အသက်အန္တရာယ် ခြိမ်းခြောက်နေခြင်းတွေကို အရေးယူပေးရန်
အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးရှေ့ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့်ကို
ချမ်းအေးသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းခံတာ
မပေးသဖြင့် တိုင်းဒေသကြီးအစိုးရသိရှိစေရန်အတွက်လာရောက်ဆန္ဒ
ပြတာဟု တစ်ကိုယ်သတင်းသမားဖြစ်သူကိုနန္ဒကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်နေချိန်တွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များရောက်ရှိ
လာကာ တိုင်းဒေသကြီးရုံးရှေ့ဆန္ဒဖော်ထုတ်တာ ဥပဒေနဲ့ညီသဖြင့်
ရဲစခန်းသို့လိုက်ပါရန်ခေါ်ခဲ့သော်လည်း ဥပဒေအရ ငြိမ်စုစည်ဖြစ်တစ်
ကိုယ်ပြရခြင်းဟာ ဥပဒေနဲ့အညီ ချမပေးလို့ တိုင်းဒေသကြီးအစိုးရသိ
ရှိစေရန် လာရောက်ဆန္ဒပြရကြောင်း ဆန္ဒဖော်ထုတ်သူကပြန်ပြောကာ
၎င်းနေရာကနေထွက်ခွာသွားခဲ့သည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment