Friday, October 7, 2016

မန္တလေးအလင်းသတင်းထောက်များသတင်းစာရှင်း

"အများသူငှာရဲ့အခတ်အခဲများကိုစာမျက်နာပေါ်တင်
ပေးခဲ့သော ကျွန်မတို့သတင်းထောက်တွေ ကျွန်မတို့
သတင်းထောက်အခတ်အခဲရင်ဖွင့်ရှင်းပရစေဟုဆို"
====================================
မန္တလေး အောက်တိုဘာ ၇
မန္တလေး ချမ်းအေးသာဇံမြို့နယ် သရဖီလမ်းသွယ်
၇၂လမ်း ၇၃ လမ်ကြား ၃၃လမ်း ၃၄လမ်းကြား ရန်မျိုး
လုံရပ်ကွက် လှည့်တန်းရပ်ကွက်ရှိ မီဒီယာစင်တာ
မန္တလေး တွင် အောက်တိုဘာလ ၇ ရက်နေ့ နံနက်က
မန္တလေးအလင်း နေ့စဉ်သတင်းစာတွင်တာဝန်ထမ်း
ဆောင်ခဲကြသော သတင်းထောက်များ ဝန်ထမ်းများ
သတင်းစာရပ်နားသွားသည့်တိုင် လုပ်အားခ နစ်နာ
ကြေး စာမူခ များရှင်းလင်းပေးခြင်းမရှိသဖြင့် သတင်း
စာရှင်ပွဲလုပ်၍ပြောသည်။

"ကျွန်မတို့က သတင်းသမားတွေပါ ကျွန်မတို့အခတ်
အခဲကို စာမျက်နာပေါ်မတင်ပြခဲပါဘူး သူများအကြောင်းတွေ အများသူငှာရဲ့အခတ်အခဲကို
ရေးသားဖော်ပြကကူညီခဲကြတာ အခု ကျွန်မတို့
အခတ်အခဲ ကို ညီအကိုမောင်မတွေသိအောင် ရှင်းခွင့်
ပြုပါဟု မန္တလေးအလင်းသတင်းစာ အယ်ဒိတာမန္တလေး ဒုတိယတာဝန်ခံဒေါ်သက်စုအောင်ကပြောသည်။

The Messenger Media ကထုတ်ဝေခဲ့သောမန္တလေးအလင်းသတင်းစာကို
၂၀၁၅ခုနှစ် ဇေန်နဝါရီလ ၁၇
ရက်တွင် စတင်ထုတ်ဝေခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ
၁၄ ရက်တွင် ရပ်နားခဲ့ပါသည် ယင်းသို့ ရပ်နားခဲ့ရာ
တွင် မန္တလေး အလင်းသတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်နေသော သတင်းထောက်များ
အယ်ဒီတာများနှင့် ရုံဝန်ထမ်းများစုစုပေါင်း ၂၃ ဦးကို
ပေးခေရမည့်နစ်နာကြေး လုပ်သက်နစ်နာကြေး
တစ်လကြိုတင်အကြောင်းမကြားသည့်အတွက် နစ်နာ
ကြေး ကျပ် ၁၅၅၃၅၀၀၀ ရှိခဲ့ပြီး နစ်နာကြေးများမပေး
သဖြင့်သတင်းရှင်းပွဲ မီဒီယာစင်တာ မန္တလေးပြုလုပ်၍
ပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

No comments:

Post a Comment