Thursday, October 27, 2016

ကားကွင်းတွင် တက္ကစီသမားများမဝင်ရ

" မန္တလေးကားကွင်းများအတွင်းဆိုင်ကယ်တက္ကစီများ
ဝင်ခွင့်မပြုတော့သဖြင့်ဆိုင်ကယ်တက္ကစီသမားအခတ်အခဲရှိဟုဆို"
================================================
မန္တလေး အောက်တိုဘာ ၂၆
မန္တလေးတိုင်းအတွင်း ကားရပ်နားကွင်းအတွင်းဆိုင်ကယ်တက္ကစီသမားများ
ခရီသည်တင်အဝေးပြေကားကြီးများ၏တိုင်ကြားချက်များအရတိုင်းဒေသကြီးအစိုးရက နိုဝင်ဘာလ ၁ရက်နေ့ကစတင်၍ကားကွင်းများအတွင်းဆိုင်ကယ်တက္ကစီသမားများဝင်ရောက်ခွင့်မပြုတော့သဖြင့် ကားကွင်းများအားမှီ
ခိုလုပ်ကိုင်စားသောက်နေသော ကားတက္ကစီနှင့် ဆိုင်ကယ်တက္ကစီးသမား
များဘဝအခတ်အခဲတွေစားဝတ်နေရေးများရှိတာကြောင့်စည်းကမ်းတကျခွင့်ပြုပေးစေလိုကြောင်းကားကွင်းများအတွင်းတက္ကစီပြေးဆွဲ
သူများကပြောသည်။

တက္ကစီသမား များဝင်ခွင့်မပြုခြင်းနှင့်ပတ်သက်၍ ကျွဲဆည်ကန် ယာဉ်ရပ်နားစခန်းတွင် ဆိုင်ကယ် TAXI လိုက်နေသူ ဦးကိုကိုကြီက "အခုလိုကန့်သတ်တာက အဖြေမဟုတ်ပါဘူး။ကျွန်တော် ဆိုင်ကယ်သမားတွေကို တရားဝင်ခွင့်ပြုပြီး နေရာလေးသတ်မှတ်ပေးထားရင်အားလုံးအဆင်ပြေပါတယ်။ခရီးသည် လုခြင်းမလုခြင်းကတော့ စည်းကမ်းနဲ့လုပ်လိုက်ရင် အားလုံးအဆင်ပြေမှာပါ။အခုလိုမဝင်ရဘူးဆိုတော့လည်း ဆိုင်ကယ်အပြင်ထားပြီး လူဝင်ကြိုလည့်းဖြစ်နေတာပဲ။အဲလိုကျတော့ ခရီသည်လုတာကတော့ ပျောက်မယ်မထင်ဘူးဟု ပြောသည်။

"မန္တလေးမြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းများတွင် ဆိုင်းကယ်တက္ကစီနှင့်တရားမဝင်ပြေးဆွဲနေသည့် ကား တက္ကစီ များကိုဝင်ခွင့်မပြုတော့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ ဒုတိယညွန်ကြားရေးမှူးဦးတင်စိုးကပြောသည်။
"အဓိကကတော့ ခရီးသွားပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့်လုပ်တာပါ။အဝေးပြေးကားတစ်စီးရပ်လိုက်တာနဲ့ TAXI သမားတွေက အလုအယက်ဆွဲကြတော့ ခရီးသည်တွေအနေနဲ့စိတ်အနှောက်အယှက်ဖြစ်ရတယ်။ဒါကြောင့်
ထိုသို့ ဆိုင်ကယ် TAXI သမားများနှင့်တရားမဝင်ပြေးဆွဲနေသည့် ကားTAXI သမားများအား ဝင်ခွင့်မပြုခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့ကစတင်နေခြင်းဖြစ်ပြီး ယာဉ်ရပ်နားစခန်းဂိတ်များတွင် စစ်ဆေးမှုများဆောင်ရွက်နေပြီဖြစ်သည်။
ဦးတင်စိုး မန္တလေးစည်ပင်သာယာရေးကော်မတီ အခွန်ဌာန
ဒုတိယညွန်ကြားရေးမှူးကပြောသည်။


posted from Bloggeroid

No comments:

Post a Comment