Monday, October 24, 2016

တောင်သူအရေးဆောင်ရွက်ပေးသူနှစ်ဦးအဖမ်းခံရ

"တောင်သူလယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူနှစ်ဦး ညအချိန်
ဝင်ရောက်ဖမ်းဆီးခံရဟုဆို"
=================================================
မန္တလေး အောက်တိုဘာ ၂၅
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တောင်သူလယ်သမားအလုပ်သမားကူညီ
ချတ်ဆက်ဆောင်ရွက်ပေးနေသောအဖွဲ့ အထက်မြန်မာပြည် (FNIFL)
ဗဟိုကော်မတီအဖွဲ့ဝင် ၂ ဦးဖြစ်သူ ကိုမျိုးဝင်းနှင့်ကိုတိုးကြီးတို့ကို ပြင်ဦးလွင်
မြို့ပြင်စာကျေးရွာ တောင်သူများဘိုးဘွားပိုင်မြေယာများပြန်ရရှိရေး
စက်တင်ဘာလ ၂၅ရက်နေ့က ဆန္ဒဖော်ထုတ်ထွန်ယက်ခဲ့သဖြင့်ဦး
ဆောင်ပါဝင် ၂ ဦးကို အောကိုဘာလ ၂၃ ရက်နေ့ည မန္တလေးမြို့တွင် ဝင်
ရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ (FINFL)ရုံမှ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူ
လယ်သမားညီလာခံအပြီး ည ၈ နာရီအချိန်လောက်မှကျွန်တော်တို့အဖွဲ့က
ကိုမျိုးဝင်းက ပြင်ဦးလွင် ပြင်စာကျေးရွာကတောင်သူတွေကို လိုက်အပို့
ပြင်ဦးလွင်အတက်လမ်း ၁၆ မိုင်ဂိတ်တွင် တားစီးကာ ဖမ်းတယ်လိုသိရ
တယ် ကိုတို့ကြီးကြတော့ မန္တလေး ချမ်းအေးသာဇံမြို့နယ် ပိုက်ကျူံးသူနေ
အိမ်အထိ အောက်တိုဘာလ ၂၃ ည ၁၀ ခန့်လောက်ဖမ်းသွားတာ
ဘာကြောင့်ဖမ်းတယ်သလည်းဆိုရင် စက်တင်ဘာလ ၂၅ ရက်နေက
တောင်သူတွေ ဓါးမဦးချ လုပ်ကိုင်စားနေသောမြေတွေကို ကုမ္ပံဏီတွေက
သိမ်းထားတာကို ဒေသခံတောင်သူတွေနဲ့အတူ ထွန်တုံးတိုက်ပွဲဝင်လုပ်လို့
အဲဒီနေမှဘဲ မြင်ဦးလွင်မြို့ ပြင်စာရဲစခန်းကနေ ဦးကိုကိုမောင်
ကနှေ ပုဒ်မ ၄၄၀/၄၄၇/၃၆၈တို့ဖြင့်အမှုဖွင့်
ထားတာ အောက်တိုဘာလ ၂၄ ရက်နေ့ က တရားရုံစွဲချက်အမှုမတည်
ဆောက်သေသဖြင့် အာမခံပေးလိုမရသည့် အမှုများပါနေ၍မန္တလေးအိုး
ဘိုထောင်ပို့ထားကြောင်းသိရပါတယ် တရားရုံးတင်၍စစ်ဆေးမှု့ပြု
လုပ်လျှက်ရှိဟု (FNIFL)ဗဟိုကော်မတီဝင် ကိုလင်းလင်းကပြောသည်။

အဆိုပါနည်တူ ပြင်ဦးလွင်မြို့ သပြေရေကျေးရွာ တွင် ထွန်တုံတိုက်ပွဲကို
အောက်တိုဘာလ ၁၀ ရက်နေကပြုလုပ်ခဲ့သဖြင့် အခုအဖမ်းခံရသူ ကိုမျိုး
ဝင်းနှင့်ကိုတိုးကြီးအပါဝင် တောင်သူ များ အယောက်၃၀ ကို ပုဒ်မ ၁၁၄/
၄၄၀ /၄၂၇/၄၄၇တို့ဖြင့် အမှုဖွင့်ထားတာတွေ ရှိကြောင်း ပြင်ဦးလွင်မြို့နယ်
အတွင်းမြေယာသိမ်းဆည်ခံမြေယာဧကပေါင်း ၂ သိန်ကျော်ရှိပြီ ပိုလျှံမြေ
များကိုမူလတောင်သူထံပြန်မပေးသဖြင့် တောင်သူအင်အားဖြင့် ထွန်တုံး
တိုက်ပွဲလုပ်ကာ ဒေသခံတောင်သူတွေ မြို့နယ်တရားရုံး အမှုဖွင့်တရားစွဲ
ချက်တင်ခံရသူများ ၁၀၀ကျော်အထိရှိနေတာကြောင့်အထက်မြန်မာပြည်
မန္တလေး တောင်သူလယ်သမားကူညီဆောင်ရွက်ပေးရေးအဖွဲ့ (FNIFL)
အနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်များ ကိုတောင်သူများ၏ကိုယ်စားတိုင်ကြာ
းစာတွေတင်ပေးခဲသော်လည်း လက်ရှိအစိုးရသစ်အနေဖြင့် လာရောက်
ဖြေရှင်းပေးမှု့အားငယ်လို့ အခုလို မူလတောင်သူများနဲ့အတူ ထွန်တုံးတိုက်
ပွဲပြုလုပ်ကာ ဝင်ရောက်စိုက်ပျိုးခဲ့သဖြင့် ဖမ်းစီးခံရကြောင်း၎င်း တို့၏ပြောပြ
ချက်များအရသိရသည်။


posted from Bloggeroid

No comments:

Post a Comment